အရက်မတိုက်သဖြင့် ပြည်မြို့လယ်ကောင် ဓားခုတ်မှုဖြစ်
ပြည်မြို့လယ်ကောင် ရွှေဆံတော်စေတီတော်မြတ် ခြေတော် ရင်းရှိ နာရီစင်ကြီးအနီးတွင် ရန်စအရက်တိုက်ခိုင်းရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိ သည်။
စက်တင်ဘာ ၁၂ ည ၁၁ နာရီခန့်တွင် ပြည်မြို့ န၀င်းရပ် ကွက်နေ ကျွဲပေါက်(၂၄) နှစ်သည်နာရီစင်အနီး ကွမ်းယာဆိုင်၌ ကွမ်းယာဝယ်နေသော ကျော်ခိုင်(၂၇)နှစ်ထံမှ အရက်တောင်း သောက်ကာရန်စခဲ့သည်။ ကျော်ခိုင်က အရက်မတိုက်ဘဲပြန်လည် စိန်ခေါ်ခဲ့ရာ ကျွဲပေါက်က အသင့်ပါလာသော ဓားရှည်ဖြင့် ခုတ်ခဲ့ သည်ဟု ပြည်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘ကွမ်းယာဆိုင်မှာ ကွမ်း ၀ယ်နေတဲ့လူဆီမှာ အရက်ပုလင်း ရှိတယ်။ အဲဒါကို ကျွဲပေါက်က အ ရက်တောင်းသောက်တယ်။ ပြီး တော့ ရန်စတယ်။ တစ်ဖက်လူ က အရက်မတိုက်ဘဲ ပြန်စိန်ခေါ် တယ်။ အဲဒီမှာ အသင့်ပါလာတဲ့ ဓားနဲ့ ခုတ်တယ်။ အခုဓားနဲ့ ခုတ် တဲ့သူကို ဖမ်းဆီးစစ်ဆေးနေပါ တယ်’’ဟု ပြည်မြို့မရဲစခန်းမှ အမှုစစ် ဒုရဲအုပ်ဇော်မင်းက ပြောသည်။
ဓားခုတ်မှုကြောင့် ကျော်ခိုင် ၏ ၀ဲဘက်လက်ကောက်ဝတ်တွင် အရိုးအကြောပြတ်ရှဒဏ်ရာ ရရှိ ခဲ့ပြီး ပြည်ဆေးရုံကြီး၌ အတွင်း လူနာအဖြစ် တက်ရောက်ကုသ နေရကြောင်း၊ ဓားဖြင့် ခုတ်သူ ကျွဲပေါက်ကို ပြင်းထန်စွာနာကျင် စေမှု ဥပဒေပုဒ်မ ၃၂၆ အရ ပြည် မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
‘‘ရန်ဖြစ်တဲ့သူ နှစ်ယောက်က လွန်ခဲ့တဲ့ ငါးရက်လောက်တုန်း က ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ကလေး ကစားကွင်းတစ်ခုမှာ ရန်ဖြစ်ခဲ့ တယ်။ အဲဒီချိတ်နဲ့ အခုဓားနဲ့ ခုတ် တဲ့အထိ ဖြစ်လာတာ။ ဖြစ်တာ ကလည်း ပြည်မြို့လယ်ကောင် မြို့မရဲစခန်းနားမှာ ဖြစ်တာ။ ဆိုး သွမ်းမှုတွေ အတင့်ရဲလာတယ်’’ ဟု ရန်ဖြစ်သူနှစ်ဦးနှင့် သိကျွမ်း သူပြည်မြို့ဒေသခံတစ်ဦးက ပြော သည်။ By ဇော်မင်းထိုက် 7Day Daily
No comments:
Post a Comment