ပြည်မြို့နယ်အတွင်း မြစ်ရေငါးပေခန့်ကျရာ ရေဘေးသင့်ပြည်သူတချို့နေအိမ်သို့ပြန
ပြည် သြဂုတ်
၁၀
ပဲခူးတိုင်းဒေသကြီး
ပြည်ခရိုင် ကယ်ဆယ်ရေးစခန်းပေါင်း(၅၀)ကျော် ရှိရာ ပြည်မြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းပေါင်း(၁၂)ခုမှ
ရေဘေးသင့်ပြည်သူများအား ရေကျသွားသည့် နေအိမ်များသို့ ပြန်လည်ပို့သွားကြောင်းသိရသည်။
ဇူလိုင်လ ၂၈-ရက်မှစတင်ကာ အဆက်မပျက်ရွာသွန်းမိုးနှင့်ဧရာ ၀တီမြစ်ရေတိုးလာမှုများကြောင့်
ပြည်မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်တစ်ချို့နှင့်ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်မှုများကြုံတွေ့ခဲ့ ရသည်။
“ရေတွေကပြန်ကျသွားပြီ။ကယ်ဆယ်ရေး စခန်းတွေမှာနေရတာအားလုံးအဆင်ြေ ပပါတယ်။အိမ်ပြန်တဲ့အခါ
တစ်ရပ်ကွက်လုံးမှာရှိတဲ့ ရေတွင်း ရေကန် ရေတုံကင် တွေအဲဒိအထဲ ရေပုတ်ရေစိုးတွေဝင်တော့
သုံးစွဲမရဘူး။မြစ်ရေကလည်းသောက် လို့မရဘူး။သောက်သုံးရေတွေလိုေ နပါတယ်။အိမ်တွေကတော့ ပျက်စီးတာရှိတယ်။ဝက်တွေသေတာလည်း ရှိတယ်။အနာတွေလည်းဖြစ်နေကြတယ်။ ဆင်းရဲတဲ့သူတွေအများစုနေတဲ့ရပ် ကွက်ဖြစ်လို့
ပြန်လည်ပြုပြင်နေချိန်တွေမှာ အကူအညိအထောက်ပံ့တွေပေးစေချင်တယ် ။ ”ဟု န၀င်းဝါရုံ အေးမြသာယာရပ်ကွက် နေထိုင်သူ မစုစုလိုင်
ကပြောသည်။
ပြည်ခရိုင်အတွင်းရှိ
ပြည်၊ပန်းတောင်း၊ပေါင်းတည်၊ရွှေေ တာင်၊ပေါက်ခေါင်း၊ပေါင်းတလည်၊ အစရှိသည့်မြို့နယ်များအတွင်း
ရေဘေးသင့် ပြည်သူပေါင်း နှစ်သောင်းခြောက်ထောင်ကျော်ရေေ ဘးဒုက္ခခံစားခဲ့ကြရပြီး ကယ်ဆယ်ရေးစခန်းပေါင်း(၅၀)ကျော် ဖွင့်လှစ်ထားခဲ့ရာ
ပန်းတောင်းမြို့နယ်အတွင်းရေကြီး နစ်မြုပ်မှုပိုမိုဆိုးရွားလျှက် ရှိနေသည်။
“ပြည်လည်ထူထောင်ရေးအတွက် ပြည်ခရိုင်ထွေအုပ်နဲ့ဌာနဆိုင်ရာ ကျန်းမာရေးဌာနတွေ
ကျန်ရှိနေတဲ့နေရာတွေ၊လိုအပ်နေတဲ့ ကူညီပံ့ပိုးမှုတွေကို ကျွန်တော်ဆောင်ရွက်ပေးသွားမှာပါ ။ရေကြီးနစ်မြုပ်ခဲ့တဲ့
ရပ်ကွက်နဲ့ကျေးရွာအတွင်း အဓိက ၀မ်းရောဂါမဖြစ်ရေးအတွက်ကျန်းမာေ ရးကိစ္စတွေအလေးထားဆောင်ရွက်သွား မှာပါ။
”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးကျော်ကျော်လင်းကပြောသည်။
ပြည်မြို့
ဧရာဝတီမြစ်ရေပြင်သည် စိုးရိမ်အမှတ် ၂၉၀၀-စင်တီမီတာအောက်သို့ ၅-ပေခန့်ကျဆင်းလျှက်ရှိပြီး
လာမည့်အောက်တိုဘာလနှင့် နိုဝင်ဘာလတွေမှာရေကြီးနိုင်သည် ဟုလည်း မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနများမှကြေငြာချက်ထုတ်ပြန်ထားသည်။
မောင်ပန်ကာ(ပြည်)
သမဂ္ဂဂျာနယ်သို့ ပေးပို့ထားသည့်သတင်း..
No comments:
Post a Comment