Thursday, March 19, 2015

သိမ်းဆည်းခံ လယ်မြေ ၅၂၉၁-ဧကအတွက်ဆုတောင်ပွဲများအပါဝင် တောင်းဆိုချက်များကျင်းပပြုလုပ်.........k3(pyay)

သိမ်းဆည်းခံ လယ်မြေ ၅၂၉၁-ဧကအတွက်ဆုတောင်ပွဲများအပါဝင် တောင်းဆိုချက်များကျင်းပပြုလုပ်
ပြည် မတ် ၁၈
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်းရှိ ရှမ်းကုန်းကျေးရွာအနီး ကြံတိုင်းအောင်ဆုတောင်းပြည့်ဘုရားကြီးတွင် သိမ်းဆည်းခံ လယ်မြေ ၅၂၉၁-ဧကအတွက်ဆု
တောင်းပွဲများအပါဝင် တောင်းဆိုချက်(၄)ချက်များကို မတ်လ ၁၈ရက်နေ့ နံနက် ၉-နာရီခန့်တွင်ကျင်းပပြုလုပ်သွားတာဖြစ်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲ သမ္မတသစ်လက်ထက်
ကြံဌာနမှ သိမ်းယူထားသော ဓါးမဦးချတောင်သူများသို့ ပြန်ပေးနိုင်သော အစိုးရဖြစ်ပါစေဆိုသောရည်ရွယ်ချက်များပါဝင်တဲ့ ဆုတောင်း နှင့် သစ္စာပြုပွဲများကိုကျင်း ၁၉၉၆-ခုနှစ်
၁၉၉၇-ခုနှစ်မှာ မြန်မာ့ကြံဌာနမှ လယ်မြေ- ၅၂၉၁- ဧကကို ဦးစွာပထမသိမ်းယူသွားတာဖြစ်ပြီး စုတက်ကုမဏီမှ ထိုင်းနိုင်ငံသား အမွန်လဒ် ဆီသို့မြန်မာ့ကြံဌာနမှ တဆင့်ရောင်း
လိုက်ခြင်းဖြစ်ကြောင်း လယ်ယာမြေရေးရာ ဥပဒေအထောက်ကူပြုအဖွဲ့ ဦးကျော်ဆွေက ဒီမိုကရေစီတူဒေးသို့ပြောသည်။
" ထမ္မကောက်ပိုင်ကွင်း ၅-ကွင်းမှာ လယ်/ယာမြေ ၅၂၉၁-ဧကသိမ်းဆည်းထားတယ်။ ဒါတွေနဲ့ပက်သတ်ပြီး နိုင်ငံတော်အကြီးအကဲတွေအထိတိုင်စာတွေများစွာတင်ပြခဲ့တယ်
တိုင်စာတွေနဲ့ပက်သတ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ သူရဦးရွှေမန်းအထိ တင်ပြမှုတွေရောက်တယ် သူရဦးရွှေမန်းကတဆင့် နိုင်ငံတော်သမ္မတကြီးအထိတင်ပြပေးခဲ့တယ်
နိုင်ငံတော်သမ္မတကိုယ်တိုင် တောင်သူတွေဆီကို လယ်မြေတွေပြန်ပေးခိုင်းပြီးသားပါ ဒါပေမယ့်ဒီနေ့အထိဘာလယ်ယာမှပြန်မရဘူး " ဟုယင်းကဆက်လက်ပြောသည်။
အဆိုပါသိမ်းဆည်းခံလယ်မြေများနှင့်ပက်သတ်ပြီး ၂၀၁၃-ခုနှစ် ဧပြီလ မှာဆန္ဒဖော်ထုတ်ပွဲ တစ်ကြိမ်နှင့် ထွန်တုံးတိုက်ပွဲတစ်ကြိမ်ပြုလုပ်ခဲ့ရာ ယနေ့ထိထူးခြားမှုတစ်စုံ
တစ်ရာမရှိခဲ့ကြောင်း ၂၀၁၄-ခုနှစ်မှာ မြန်မာ့ကြံဌာန(နေပြည်တော်)နှင့်တွေ့စုံပြီးနောက်ပိုင်း ၂၀၁၄ မတ်လပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်များက နစ်နာတဲ့တောင်သူ
တွေ ဟုတ်မှန်ကြောင်း လွှတ်တော်ကိုတင်ပြခဲ့ရာ စာအဆင့်ဆင့်ဖြင့် ပြန်ပေးခဲ့ရာ လက်တွေ့မှာတော့ ယနေ့အထိဘာမှ ပြန်မရသေးကြောင်း သစ်ချေတင်အုပ်စု
ရှမ်းကုန်းကျေးရွာနေထိုင်သူ ဦးစိုးဝင်းမှ ယခုလိုပြောသည်။
" ကွင်း ၅-ကွင်းစုစုပေါင်းလယ်မြ ၅၂၉၁-ဧကအသိမ်းခံနေရလို့ ဆန္ဒပြပွဲလုပ်ခဲ့တယ် လာရောက်တားဆီးဖမ်းခြင်းတွေမရှိဘူး ပြီးတော့ ထွန်တုံးတိုက်ပွဲလုပ်တယ် မြို့နယ်
အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာအတော်များလာတယ် ထွန်တုံးတိုက်ပွဲကိုဆက်မလုပ်ဖို့တားတယ် ဒီလယ်ကိစ္စတွေကိုသူတို့တာဝန်ယူဖြေရှင်းပေးပါ့မယ့်ပြောပြီး ပြန်သွား
ကြတယ် ကိုယ့်လယ်ကိုပြန်ရမယ်မှတ်လို့ထွန်တုံးတိုက်ပွဲကိုရပ်နားလိုက်တယ် အခုထိ ဘာလယ်မှပြန်မရသေးဘူး" ဟုယင်းကဆက်လက်ပြောသည်။
" ကြိမ်နဲ့ရိုက်ရင် အသားနာတယ် စာနဲ့ရိုက်တော့အသည်းနာတော့ပျောက်ဖို့ခက်တယ် မီဒီယာတွေရှိနေပေမယ့် မီဒီယာတွေလည်းအနှိပ်စက်ခံနေရတော့ ဘာထူးမှာလည်း
ဥပဒေဆိုတာကို နားမလည်တဲ့ ပြည်သူ နဲ့ တောင်သူလယ်သမားတွေအပေါ် ခြံစည်းရိုးခက်ပြီးဟိုလူ့အချိုးသွေး ဒီလူ့အချိုသွေး မိုးခါးရေတွေသောက်နေကြတာကို ဂုဏ်
လို့ထင်နေကြတယ် နောက်ဆုံးသူတို့နိဂုံးဟာ နေညိုဝင်ကြတာတွေကိုမေ့နေကြတယ် တစ်ဘ၀စာအတွက်ပဲကြည့်တယ် ပြည်သူနဲ့တောင်သူဟာ သည်းခံမှု့တွေကြောင့်
လမ်းလျှောက်ရင်း လမ်းပျောက်သွားကြတယ် ၂၀၁၅ မှာပေါ်ပေါက်လာမည့် အစိုးရသစ်ဟာ လယ်သမားတွေအတွက် ပြည်သူ့အတွက် အားကိုးရမည့်သူဖြစ်ပါစေလို့
ဆုတောင်းပါတယ် " ဟု အနောက်လက်ခုပ်ပင်ကျောင်းတိုက်ဆရာတော် ဦးပညာဝံသ ကမိန့်ကြားသည်။
အဆိုပါဆုတောင်း သစ္စာပြုပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲမှာတက်လာမည့်အစိုးရက သိမ်းယူထားတဲ့လယ်/ယာမြေများကိုပြန်ပေးနိုင်တဲ့အစိုးရတစ်ရပ်ဖြစ်ရေး၊လယ်ယာမြေ
လုပ်ပိုင်ခွင့် ပုံစံ ၇-အားလျှောက်ထားခွင့်ရရှိရေး၊ရှမ်းကုန်းမျိုးပွားကြံဌာနမှ သိမ်းယူထားတဲ့ လယ်/ယာမြေများပြန်လည်ရရှိရေး၊မြရွာမြစ်ရေတင် လျှပ်စစ်စီမံကိန်းရေသွယ်မြောင်း
ကြီးကြောင့် လယ်/ယာမြေများပျက်စီးဆုံးရှုံးနစ်နာနေမှု့အား နစ်နာကြေးများပြန်လည်ရရှိရေး အချက်(၄)ချက်ကိုပါတစ်ပါတည်းတောင်းဆိုသွားပြီး အခမ်းအနားကို နံနက်
၁၀-နာရီခန့်တွင်ပြီးဆုံးသွားကြောင်းသိရသည်။
k3(pyay)
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

No comments:

Post a Comment