Thursday, March 19, 2015

ပင်မကျောင်းသားသပိတ်မှ (၅)ဦးအား ပြည်ခရိုင်(၃)မြို့မှပုဒ်မ(၁၈)ဖြင့် တစ်ရက်တည်းတွင် အရေးယူထား..............k3(pyay)

ပင်မကျောင်းသားသပိတ်မှ
(၅)ဦးအား ပြည်ခရိုင်(၃)မြို့မှပုဒ်မ(၁၈)ဖြင့် တစ်ရက်တည်းတွင် အရေးယူထား
ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကျောင်းမှ ဆန္ဒပြကျောင်းသားများက ယင်းကဲ့သို့ ခွင့်ပြုချက်မရှိပဲ စီတန်းလှည့်လည်ခြင်း၊စုဝေးဟောပြောခြင်းများ ကြောင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်ဦးကတရားလိုပြုလုပ်ပြီးတိုင်တန်းသဖြင့် ပြည်မြို့မရဲစခန်းမှ(ပ)၁၉၆/၂၀၁၅ စီ/တန်းဥပဒေပုဒ်မ(၁၈)ဖြင့် ကိုကျော်ကိုကို၊ကိုမင်းသွေးသစ်၊ ကိုနန္ဒစစ်အောင်၊မဖြိုးဖြိုးအောင်နှင့်မအူပင်ဗကသ ကိုမင်းဇော်တို့(၅)ဦး တို့အားအမှုဖွင့်အရေးယူထားကြောင်း၊ ရွှေတောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းမှတရားလိုပြုလုပ်၍ ရွှေတောင်မြို့မရဲစခန်းတွင် ကိုကျော်ကိုကို၊ မင်းသွေးသစ်၊မဖြိုးဖြိုးအောင်၊ကိုနန္ဒစစ်အောင်တို့ (၄)ဦးတို့အား (ပ)၆၂/၂၀၁၅ စီ/တန်းဥပဒေပုဒ်မ(၁၈)ဖြင့်၎င်း ပေါင်းတည်မြို့နယ် ယာယီရဲတပ်ဖွဲ့မှူးရဲမှူးဝင်းမျိုး ကတရားလိုပြုလုပ်၍ ပေါင်းတည်မြို့မရဲစခန်းတွင် ကိုကျော်ကိုကို၊ကိုမင်းသွေးသစ်၊မဖြိုးဖြိုးအောင်၊ကိုနန္ဒစစ်အောင်တို့(၄)ဦးအား (ပ)၈၈/၂၀၁၅ စီ/တန်းဥပဒေ ပုဒ်မ(၁၈)ဖြင့်၎င်း မတ်လ(၁၆)ရက်နေ့တစ်ရက်တည်းတွင် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဒီမိုကရေစီ ပညာရေးပင်မ ကျောင်းသားသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီ(၉)ရက်နေ့ညနေ
ပိုင်းတွင် ပြည်မြို့သို့ရောက်ရှိ ပြီး၊ဖေဖော်ဝါရီ
(၁၀)ရက်နေ့တွင် ပြည်မြို့ရှိ ပြည်နည်းပညာတက္ကသိုလ်၊ပြည်တက္ကသိုလ် တို့နှင့် ပြည်မြို့တွင်းသို့ လှည့်လည်ခဲ့သည်။
ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့တွင် ပြည်မှထွက်ကာ ရွှေတောင်မြို့သို့ရောက်ရှိခဲ့သည်။ ရွှေတောင်မြို့၊တွင်းနှင့်အာဇာနည်ကျောက်တိုင်ကွင်းနေရာတွင် လှည့်လည်ဟောပြောခြင်း၊ထိုမှ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ရွှေတောင်မြို့မှထွက်ကာ ပြည်ခရိုင်ဆုံးသည့် ပေါင်းတည်မြို့သို့ရောက်ရှိခဲ့ပြီး ပေါင်းတည်မြို့မှ အာဇာနည်ကျောက်တိုင်အပါအ၀င် မြို့တွင်းနေရာများတွင် ဟောပြောခြင်းစီတန်းလှည့်လည် ခြင်းများပြုလုပ်ပြီး (၁၄)ရက်နေ့တွင် နတ္တလင်းမြို့သို့ထွက်ခွာသွားကြောင်းသိရသည်။
အဆိုပါအကြောင်းအရာနှင့်ပါတ်သက်၍ ယခုကဲ့သို့ တစ်ရက်တည်းမှာပင် တိုက်တိုက်ဆိုင်ဆိုင် အရေးယူခြင်းမှာ ညွှန်ကြားချက်တစ်ခုတည်းအောက်တွင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
အသိုင်းအ၀ိုင်းထဲများမှာလည်း ဝေဖန်ပြောဆိုမှုများရှိနေသည်။
ဒီမိုကရေစီပညာရေးအတွက် ဆန္ဒပြတောင်းဆိုသော ပင်မသပိတ်စစ်ကြောင်းအား ပြည်ခရိုင်အတွင်း ဖြတ်သန်းသွားသည့် မြို့(၃)မြို့ဖြစ်
သည့် ပြည်၊ရွှေတောင်၊ပေါင်းတည်မြို့တို့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးများက တရားလိုပြုလုပ်၍ ဦးဆောင်ကျောင်းသား(၅)ဦးအား ပုဒ်မ(၁၈)ဖြင့် မတ်လ ၁၆ ရက်နေ့တွင် တပြိုင်နက်တည်း အမှုဖွင့် အရေးယူထားကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
k3(pyay)
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

No comments:

Post a Comment