Thursday, March 12, 2015

၁၀-ရက် ၁၀-နာရီ ၁၀-မိနစ် ပြေး.....ပြေး....

၁၀-ရက် ၁၀-နာရီ ၁၀-မိနစ် ပြေး.....ပြေး....
################################
ပြည်-မတ်-၁၁
ကင်မရာတစ်ဘက် ကတ္တရာလမ်းပေါ်မှာ...မီဒီယာဆိုတာကို သေတပန်သက်တဆုံး
ဂုဏ်ယူမိထားတဲ့ စတ္ထုတမဏ္ဍိုင်
မြန်မာနိုင်ငံရဲ့ စီးပွားရေး/လူမှုရေး/နိုင်ငံရေး/ကျန်းမာရေး/သုတ/ရသ
ပေါင်းများစွာသောအရေးအပေါင်းကို ကလောင်လက်နက်ကိုင်ဆွဲကာ
တိုက်ပွဲဝင်နေသည့် မြန်မာ့
မီဒီယာလောကကို အားကျအထင်ကြီးခဲ့ချင်းများစွာနဲ့
နယ်သတင်းထောက်တွေကို(တိုက်ပိုင်)တွေမှ အနှိမ်ခံနေရတာတွေကို လူးလဲခံရင်း
တင်းထားတဲ့အားတွေစုဆောင်းကာ
ပြည်မြို့နှင့် ( )မိုင်ကွာဝေးသော လက်ပံတန်းမြို့သို့
ရောက်ရှိခဲ့ပါတယ်..အချိန်က (၁၀)ရက်နေ့ မနက်(၅း၄၀)ရှိနေပါပြီ။
နာရီလက်တံမောင်းပြန်သံတွေနားထဲကြားနေရတယ်
တရွေ့ရွေ့နှင့် လက်ပံတန်းမြို့အတွင်းသို့(၂)မိုင်ဆိုသော
တာဆုံလေးတစ်နေရာမှ မြို့တွင်းသို့ ညွှန်ပြနေသော လမ်းညွှန်ဆိုင်းဘုတ်လေးမှ
အားတင်းထားရောက်တော့မယ်
ဟုဆိုလေသလားမတွေးတတ်ခဲ့ပါ။....ဘာ့ကြောင့်မသိ
မနက်ပိုင်းခြေလှမ်းများကလေးလံနေသည်။
ကတ္တရာလမ်းမအဟောင်းလေးအတိုင်းနင်းလျှောက်ကာ လေးလံသော
ခြေလှမ်းများက မျက်ကွင်းရှေ့ ညာဘက်ခြမ်းတွင်ရှိနေသော
မီးသတ်ကားလိုမျိုး(အနီရောင် မဟုတ် အပြာရောင်)ရေဘောက်ဆာကားတချို့ ကို
ဦးစွာတွေ့ရှိနေရပြီ ထို့နောက်
မျက်နှာသစ်ကြ သွားတိုက်ကြလုပ်ငန်းများ ပြုလုပ်နေကြသော ရဲယူနီဘောင်းဝတ်
တချို့ နှင့် ယူနီဘောင်းမ၀တ်သူတို့သည် မြင်ကွင်းထဲမှ
တဖြေးဖြေးပျောက်ကွယ်ကာ ရှေ့
ကိုက်(၁၀၀)ခန့်လောက်မှ တံတားအကျဉ်းလေးကို
ဖြတ်ကျော်လာမိသည်။တံတားကျဉ်းလေး၏ ဘယ်ညာ အ၀င်ထိပ် အထွက်ထိပ်များတွင်
ရဲယူနီဘောင်းဝတ် နှစ်ဖွဲ့ တစ်ဖွဲ့
လျှင် ၄-ဦးခန့် စောင့်ကြည့်သဘောမျိုးရှိနေသည်။ ထို့တံတားလေးလွန်လာတော့
ဦးစွာတွေ့ရတာက လမ်း၏ ညာဘက်ခြမ်းတစ်စီးချင်းစီတန်းထားသော ရဲကား(မော်ဒယ်)
မျိုးစုံ ၁၀-စီးမကရပ်တန့်ထားသည်။
ဖုန်တွေတော်တော်လေးတက်နေတဲ့ရဲကားများကြည့်ခြင်းအားဖြင့်
ဘယ်နှစ်ရက်ကြာဤနေရာမှာ ရပ်တန့်ထားပြီးဖြစ်သည်ကိုတော့ ခန့်မှန်း
မရခဲ့ပါ။ အစီအရီ တန်းစီပိတ်နေသော ရဲတပ်ဖွဲ့လုံခြုံရေးများယူထားပြီး
ဝိုင်းရံထားသော ရဲသားများ၏ ပိတ်ပင်တားစီးမှု့မှာလည်း
ဘယ်လောက်သေချာသလည်းဆိုရင်
အသံတွေကြားနေရသော ကျောင်းသားတွေကိုပင် မမြင်ရ
လေနွေးနွေးလေးတိုက်လိုက်တိုင်း တလူလူလွင့်နေတဲ့ ကျောင်းသားတွေရဲ့
ဒေါင်းအလံက ယနေ့ဒီနေရာမှာ
ဆက်မနေလိုတော့ပေ လိုရာခရီးကို
ပျံသန်းလိုနေသည့်သဘောကိုဆောင်နေသည်။မိုးလည်းစင်စင်လင်းနေပြီမို့
ဝမ်းဗိုက်ထဲတွင်လည်း ကျောင်းသားနှင့် ရဲတပ်ဖွဲ့တို့လို
စစ်ဖြစ်နေသလားထင်မှားရအောင် ၀ုန်းဒိုင်းဆန်နေလေပြီ ထို့ကြောင့် အနီးရှိ
ဈေးဆိုင်လေးအတွင်းဝင်ရောက် ငြိမ်းချမ်းရေးကြိုးဖြူငှက်လေးကို
ဝမ်းဗိုက်အတွင်းစေလွတ်ခဲ့ရလေပြီ။
အချိန်က ၁၀နာရီထိုးလေပြီ
တစ်ဘက်နှင့်တစ်ဘက်အပြန်အလှန်တောင်းဆိုသံများကြားနေရသည်
အထဲကိုလည်းကျွန်တော်ဝင်ခွင့်မရပေ မီဒီယာဖြစ်ကြောင်း ထောက်ခံချက်ဘာ
မှမရှိ ၀ါသနာဂုဏ်ကိုလိုချင်လို့သာ ဒီမိုကရေစီတူဒေး
မှာသတင်း(၃)ပုဒ်ရေးသားတင်ပို့ခဲ့ရာ မတ်လ ၁၀-ရက်နေ့ထုတ်တဲ့
ဒီမိုကရေစီတူဒေး ၀ယ်ဖတ်တော့ ကျွန်တော့သတင်း
တစ်ပုဒ်ပါရှိလာတာကြောင့် ၀မ်းသာ ကြေနပ်စွာ အရဲစွန့်ရဲမှု့တွေ
ပြည့်စုံလာပေတော့သည်။ ရန်ကုန်/မန္တလေး နှင့်အခြားမြို့နယ်များမှ
သတင်းထောက်အားလုံးနီးပါးက ကျောင်း
သားတွေဆီသာ ဦးတည်သတင်းယူနေကြသည်။ ရောက်မှတော့မထူးတော့ပါဘူး
အတွင်းဝင်ခွင့်မရရင် အပြင်ကနေမှတ်တမ်းတင်မယ် အပြင်မှာလောလောဆယ် ကျွန်တော်
တစ်ယောက်ထဲ...ကျောင်းသားနဲ့ပြည်သူ စည်းများခြားထားသော်လည်း
ပူးပေါင်းလိုက်ကြပြီ အပြန်အလှန်တောင်းဆိုမှု့များပြင်းထန်နေ၏။ အချိန်က
၁၀ရက် ၁၀နာရီ ၁၀မိနစ်....
ဦးစွာကြားရလိုက်သည်က လက်ပံတန်းမြို့မှ ပိတ်ဆို့ / တားစီး ခံနေရတဲ့
ဒီမိုကရေစီပညာရေးပင်မစစ်ကြောင်း
ပဲခူးတိုင်းဒေသကြီးနယ်/လုံဝန်ကြီးနှင့်ဆွေးနွေး၍ ရန်ကုန်သို့စ
တင်ချီတက်ခွင့်ရကြောင်းသတင်းကြားလိုက်ရ၏။ သို့သော်
မထွက်ခွာသေးသောသပိတ်စစ်ကြောင်းအား
ဘာ့ကြောင့်များမထွက်ရသေးသလည်းစုံစမ်းလိုက်တော့....ဒီမိုကရေစီ
ပညာရေးပင်မသပိတ်စစ်ကြောင်း ရန်ကုန်မြို့သို့ ချီတက်မည့်ပုံကို
ကျောင်းသားဘက်မှ
ကိုယ်စားလှယ်တွေနှင့်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများနှင့်ညှိနိုင်းနေကြသည်။
ရဲတပ်ဖွဲ့မှ တာဝန်
ရှိသူများက လက်ပံတန်းတာဆုံသို့ ၅-ယောက်တစ်ဖွဲ့စီသာ သွားရောက်ရမှာဖြစ်ပြီး
ကားဖြင့်ရန်ကုန်မြို့သို့ချီတက်ရာတွင်
စစ်ကြောင်းပုံစံဖြင့်ချီတက်ခွင့်မပြု ကားတစ်စီးနှင့်တစ်စီး
ကွာခြားကာဖြင့်သာချီတက်ခွင့်ပြုလေသည်။ ကားဖြင့်သွားရာမျာလည်း
နဖူးစီးများ/ကြွေးကြော်သံများနှင့် ကျောင်းသားတွေရဲ့
ကျောင်းသားသမဂ္ဂအလံထောင်ခွင့်မပြုခဲ့ ရဲတပ်ဖွဲ၏
သတ်မှတ်ချက်များကို ကျောင်းသားတွေဘက်မှ လက်ခံခြင်းမရှိ
ဆက်လက်ဆွေးနွေးညှိနိုင်းမှုများပြုလုပ်နေသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊လက်ပံတန်းမြို့နေပြည်သူများ၊
ဒီရေအလားတအိအိများလာသည် ကျောင်းသားတွေရန်ကုန်သို့ချီတက်ရန်
ရဲတပ်ဖွဲ့နှင့်ညှိနိုင်းနေဆဲ နာရီတစ်ချက်လေးကြည့်မိသည် အချိန်က ၁၁း၁၅
မိနစ်ရှိနေပြီ။.....
မြင်ကွင်းရဲ့ထိပ်ဆုံးမှာ လုံခြုံရေးစီတန်းကာ တားစီးထားသောရဲတပ်ဖွဲ့များ
ကိုယ်လုံးများယိမ်းနွဲ့လာ၏ အချိန်က ၁၁း၅၅ မိနစ်သို့ရောက်ရှိလေပြီ
ကျောင်းသားများဘက်မှ ရန်ကုန်
သို့ချီတက်ရန် ရဲတပ်ဖွဲ့၏ ကန့်သတ်ချက်များအား ပယ်ဖျက်ပေးပါရန်
တောင်းဆိုရင်း ရဲတပ်ဖွဲ့၏အတားအဆီးများရှိရာသို့ စတင်တိုးဝင်နေကြလေပြီ
အသံတွေအပြန်အလှန်ဆူညံ
နေ၏ အနီးရှိ လာရောက်ကြည့်သူများ လူပ်လူပ်ရွရွဖြစ်လာကြ၏ မြင်ကွင်းမှာလည်း
သားကောင်များမှ ကျော့ကွင်းကလွတ်ရန် ရုန်းကန်နေသည့်အလားဖြစ်နေသည်။
ပထမဦးဆုံး
မှာတော့ ဒီမိုကရေစီပညာရေးပင်မ သပိတ်စစ်ကြောင်းအား
ရန်ကုန်သို့ချီတက်ရန်အတွက်ပဲခူးတိုင်းဒေသကြီး နယ်/လုံဝန်ကြီးက
ခွင့်ပြုခဲ့သော်လည်း ကန့်သတ်ထားသည့်စည်း
ကမ်းများကို ညှိနိုင်းမရတော့လို့တိုးဝင်ရောက်နေကြောင်းသိခဲ့ရသည်။ မတ်လ
၁၀-ရက်နေ့ရဲ့ နေ့လည် ၁၂း၁၀ မိနစ်သို့ရောက်ရှိနေပြီ
လက်ပံတန်းမြို့ပေါ်မှပြည်သူတွေပူးပေါင်း
လေပြီ ရဲတပ်ဖွဲ့မှလည်း ဒေသခံပြည်သူတွေကိုဆက်လက်တားဆီးနေပြန်၏
ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ကြားအခြေအနေက အရမ်းတင်းမာလွန်းနေလေပြီ
ဦးစွာကြားသိလိုက်
ရသည့်သတင်းအသံက ကျောင်းသားကျောင်းသူတချို့မူးလဲကြကြောင်းကြားရသံမဆုံးသေပါဘူး
ကျောင်းသားနှင့်ရဲတပ်ဖွဲ့အကြားတင်းမာမှုများကြောင့် ကျောင်းသား ကျောင်းသူ
၅-ဦး ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တချို့မှာလည်း
ထိခိုက်ဒဏ်ရာတချို့ရခဲ့သည်။ အချိန်က ၁၂း၄၀ မိနစ်ခန့် ရဲတပ်ဖွဲ့နှင့်
ကျောင်းသားများ အပြန်အလှန်တွန်းထိုးဖောက်နေမှု့များ
ခေတ္တခဏငြိမ်သက်သွားသည်။ရဲတပ်ဖွဲ့များဘက်မှ ဒိုင်းများကို
အသုံးပြုရန်ပြင်ဆင်နေလေပြီ......သိပ်မကြာလိုက်ပါ မြင်ကွင်းပြောင်းလိုက်ရ၏
ကျောင်းသားဘက်ကိုကျွန်တော်
လှည့်မကြည့်နိုင်တော့ပဲ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းထိုးနှက်
ရိုက်နှက်မှုများဖြစ်နေပုံမြင်နေရသည် သေချာကြည့်တော့
ကျောင်းသားများရှိရာသို့လာရောက်ပူးပေါင်းရန် ကြိုးစားနေကြ
သော လက်ပံတန်းဒေသခံများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား
ရိုက်နှက်မှုများ၊ဖမ်းဆီးမှု့များပြုလုပ်နေသည် တဘက်မှကျောင်းသားများကလည်း
ပြည်သူတွေကို
အကြမ်းမဖက်ရန် အော်ဟစ်ပြောဆိုနေကြသည်။ ထိုအချိန်တွင်
ဒဏ်ရာရရှိခဲ့သောကျောင်းသား/သူ များကိုတင်ဆောင်ထားတဲ့
အရေးပေါ်လူနာတင်ယာဉ်အား ရဲတပ်ဖွဲ့မှတား
ဆီးလိုက်ပြန်သည်။ တုန်တုန်ချိချိဖြင့်ကျွန်တော်
နာရီကိုအဓိကထားကြည့်နေမိသည် အချိန်ကား ၁း၁၀ မိနစ်ရှိလေပြီ
ကျွန်တော်အတွေးများစွာဝင်လာသည် အခုချိန်တခုခုငါ
ဖြစ်သွားခဲ့ရင် ငါ့ကိုဘယ်သူတွေကူညီကြမည်နည်း ဘာအထောက်အထားမှမပါပဲ
သပိတ်မှောက်ကျောင်းသားအနီးရှိ လမ်းဘေးဈေးဆိုင်လေးမှ ဟိုပြေးရမလို
ဒီသွားရမလို
စိတ်တွေတအားလေးလံနေတဲ့ ကျွန်တော့အဖြစ် ပြောဖွယ်ရာမရှိတော့။.....
အပြန်အလှန်ရိုက်နှက်မှုများဖြစ်ပေါ်နေကြသည် တစ်ဘက်ကျောင်းသားတချို့
ပုဆိုးမပါ ဗလာဖြင့်ထွက်ပြေးနေရသည် တချို့သော ကျောင်းသားများအား
ရဲတပ်ဖွဲ့မှဝိုင်းဝန်း
ချုပ်နှောင်ကာ အသင့်ပါလာသော နံပါတ်တုတ်များဖြင့် အကြမ်းဖက်ဖြိုခွဲ
ဖမ်းဆီးမှု့များမှာ မျက်စိရှေ့မှာ ကမ္ဘာစစ်ကြီးဖြစ်နေသလားမှတ်ရလောက်အောင်
မြင်တွေ့နေရသည်။
ကင်မရာ တဖျက်ဖျက်နှင့် မီးဒီယာတချို့လည်း ပြေးသူပြေး ဓါတ်ပုံရိုက်သူရိုက်
ဗီဒီယိုမှတ်တမ်းတင်သူတင် အနီးရှိ ပြည်သူတချို့မှာလည်း
ဟန်းစက်မျိုးစုံဖြင့် ပုံရိုက်ခြင်း/ဗီဒီယို
မှတ်တမ်းတင်နေခြင်းများ ပြည့်နှက်နေ၏ လက်နက်မဲ့ကျောင်းသားများ၏
အော်ဟစ်သံများမှာလည်း ကျွန်တော့အဖို့
ကြက်သီးထလောက်အောင်နားထဲသို့တိုးဝင်လာသလို
ရဲတပ်ဖွဲ့၏ နှိမ်နှင်းမှုများကလည်း အသည်းယားမတတ်ကြောက်မက်ဖွယ်ဖြစ်လေသည်။
အချိန်က ၁း၄၅- မိနစ်ခန့်ရှိမည်။ ရဲတပ်ဖွဲ့သည် ကျောင်းသား/သူ များကို
လမ်းမပေါ်
တွင် ဖမ်းဆီး ရိုက်နှက်မှု့များကို အားမရသေးသည့်အလား ကျောင်းသား/သူများ၏
အလံတပ်ထားသော ကားကြီးတစ်စီးကို နံပါတ်တုတ်များဖြင့် အားရပါးရ
ရိုက်နှိက်နေကြ
ပုံများမှာလည်း စိစိညက်ညက်ကြေနေသော ကား၏ မှန်ကွဲစများ ကားဘော်ဒီများမှာ
စက္ကူတစ်ခုအားလုံးချေထားသည့်နှယ် မြင်ကွင်းတစ်ဖက်တွင် ကင်မရာကိုင်ဆောင်ကာ
ကဒ်
တစ်ခုအား ပြကာပြကာမရိုက်ရန် တောင်းပန်နေသည့် သတင်းထောက် ၄-ဦးခန့်အား
ရဲတပ်ဖွဲ့ဝင်များမှ ထပ်မံရိုက်နှက်နေကြသည်။ ကင်မရာများ
မြေကြီးပေါ်ကျသွားသည့်
သတင်းထောက်တစ်ဦး ပြန်မကောက်နိုင် အသက်လွတ်ရာသို့ ပြေးရလေ၏
ကျန်သတင်းထောက်များမှာလည်း ကင်မရာအလုခံရသူအလုခံရ ပြန်ဆွဲသူဆွဲ
ကျောင်းသားတွေ
နဲ့တင်မဟုတ်ဘဲ ပြည်သူတချို့ကိုပါ သဲသဲမဲမဲရိုက်နှက်ဖမ်းဆီးနေသော
သူများ၏လက်များမှ သွေးတွေစွန်းနေပုံကအတိုင်းသားထင်ထင်ရှားရှားမြင်နေရသည်။
ယခု မီဒီယာ
ဘက်ကိုပါလှည့်လာ၏ ကျွန်တော်နောက်ဆုံးမြင်ကွင်းတစ်ခုက ကျောင်းသားနှင့်
ရဲတပ်ဖွဲ့အကြားဖြစ်ပွားနေတဲ့နေရာ အနီးရှိ ဒေသခံများ၏ အိမ်အတွင်းသို့
ဝင်ပြေးသူ မီဒီယာနှင့်
ကျောင်းသား/သူ မိဘပြည်သူတချို့ကိုပါ
အိမ်အထဲထိဝင်ရောက်ဖမ်းဆီးနေခဲ့ပုံများပဲဖြစ်သည်။ထို့ကြောင့်
ကျွန်တော်မလုံမလဲဖြစ်လာသောကြောင့် နေရာပြောင်းရွေ့ခဲ့သည်။
သေချင်တဲ့ကျား တောပြောင်းဆိုတာလားမသိ အသားမဲမဲလက်မောင်းမှာ
၂-ယစ်တပ်ထားတဲ့ ရဲတပ်ကြပ်တစ်ယောက် ကျွန်တော့ကို
လက်မောင်းအားတင်းကြပ်စွာကိုင်တွယ်ရင်း
တစ်စီးရှိရာသို့ ခေါ်ဆောင်လေပြီ ကျွန်တော် မျက်စိတွေ အရိုက်မခံရသေးဘဲ
ပြာဝေလာသည်။ ကြောက်စိတ်ကလည်းရှိလေသလားမသိ
တစ်ကိုယ်လုံးထူထူပူပူရှိန်တိမ်းဖိန်းတိမ်းဖြင့်
နေမထိ ထိုင်မသာ ကလန့်ကလန့်နှင့် ရဲတပ်ကြပ်တစ်ဦးခေါ်ရာသို့
ခြေအနည်းငယ်လှမ်းပြီးနောက်ပိုင်း ကြံရာမရ လက်ထဲရှိတဲ့ ကင်မရာနဲ့ ထိုလူအား
ပြန်လည်ခုခံပစ်ပေါက်ခဲ့ရာ
အနီးရှိ ဒေသခံတစ်အိမ်အတွင်းသို့
ပြေးဝင်ခဲ့မိလေသည်။.....မှုန်ရီေ၀၀ါးသောမျက်စိများဖြင့်
နာရီကိုကြည့်မိလိုက်သည်....၂-နာရီ နှင့်ဘယ်နှစ်မိနစ်ဆိုတာမမြင်ရတော့
လက်ထဲမှ
လွတ်သွားသောကင်မရာလည်း ကျွန်တော့ကို ဘယ်ထားခဲ့လေသလည်းတွေးမရတော့
မောပန်းခြင်းများစွာနှင့်မှေးစက်နေမိခဲ့သည်။....
တိတ်ဆိတ်ငြိမ်သတ်သွားပြီ အိမ်ရှင်အန်တီကြီး၏ စကားသံကြားလိုက်ရသည်
"ကောင်လေးအပြင်မှာရှင်းသွားပြီ ဘယ်ကိုပြန်မှာလည်း မြန်မြန်ပြန်တော့
အန်တီတို့လည်းကြောက်တယ်"
ဟုပြောလေရာ မလုံခြုံသေးသော လေးလံသော စိတ်များနဲ့ အပြင်သို့ကြည့်မိတော့
လမ်းမပေါ်က ဖိနပ်တွေ ကားမှန်ကွဲစတွေ သွေးစက်တွေ
ကျောင်းသားသမဂ္ဂလက်ပတ်တချို့ နှင့်
အလံအပြဲတစ်ထည်.....ကြောက်စိတ်များကြောင့် ကျန်တာသေချာမကြည့်မိတော့
မိမိနေထိုင်ရာ မြို့သို့ ကြုံရာကားတစ်စီး
တောင်းပန်စီးကာပြန်ရောက်ခဲ့လေသည်။ကားပေါ်ရောက်
မှ ပါလာသည့် အိတ်ထဲကပိုက်ဆံလေး
ဘယ်နေရာကျန်ခဲ့သလည်းစဉ်းစားနေရင်း...ပြည်မြို့သို့ နေညိုဝင်ချိန်
တောင်ကွယ်နေအား မြင်မိကာ..ကဗျာလေးတစ်ပုဒ် ကျွန်တော်ရေးမိခဲ့၏။
တိတ်ဆိတ်ခြင်း ထိတ်လန့်ခြင်း နေပူပူသွေးဆူဆူနှင့်
ကျောင်းသားသပိတ် တအားအနှိပ်ခံခဲ့ရတယ်။
အေးစက်စက် လမ်းမကြီးထက်မှာ သွေးစက်တွေကြောင့်
ပူပြင်းသွားတယ်။
မှန်ကွဲစတွေ သမဂ္ဂလက်ပတ်လေးတွေ
အလံအပြဲတစ်ခု အော်ငိုသံတွေကြားနေရတယ်။
ကင်မရာတွေလည်း ဂရုမစိုက်တဲ့လူတစ်စုကြောင့်
မြေခခဲ့ရတဲ့ ကင်မရာလေးကို လွမ်းမိတယ်။
နွေအလှမှာ ကြွေကျခဲ့ပြီ လက်ပံတန်းရေ
ကျောင်းနံရံမှာ ဒေါင်းအလံတွေစိုက်တာအားနည်းခဲ့တယ်။
ပြေးးးးပြေးးးဒေါင်းအလံနှင့်မဝေးစေနဲ့
ကင်မရာတွေလည်း ဘေးကင်းပါစေ......။
K3(pyay)
ဒီမိုကရေစီတူဒေး
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

No comments:

Post a Comment