Thursday, March 12, 2015

ပေါက်ခေါင်းမြို့နယ်တွင် ဖုန်းတာဝါတိုင်ဆောက်လုပ်မှု အိမ်နီးချင်းများက ကန့်ကွက်ခဲ့ကြသဖြင့် တာဝါတိုင် ဆောက်လုပ်မှုကို ရပ်ဆိုင်းခဲ့ရဟုဆို ပြည့်သဲမောင်(ပြည်)09 4236 71883


ပေါက်ခေါင်းမြို့နယ်တွင် ဖုန်းတာဝါတိုင်ဆောက်လုပ်မှု အိမ်နီးချင်းများက ကန့်ကွက်ခဲ့ကြသဖြင့် တာဝါတိုင် ဆောက်လုပ်မှုကို ရပ်ဆိုင်းခဲ့ရဟုဆို

ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နုယ် အင်ငါးဂွကျေးရွာအုပ်စုတွင် MTC ကုမ္မဏီက ဆောက်လုပ်လျှက်ရှိသော ဖုန်းတာဝါတိုင်ကို အိမ်နီးချင်းများက ကန့်ကွက်ခဲ့ကြသဖြင့် တာဝါတိုင် ဆောက်လုပ်မှုကို ရပ်ဆိုင်းခဲ့ရကြောင်း အဆိုပါကျေးရွာသားများက ပြောသည်။
၂၀၁၄ ဇူလိုင်လတွင် MTC ကုမ္မဏီက အင်ငါးဂွကျေးရွာအတွင်းရှိ ဦးရဲနိုင်၏ နေအိမ်တွင် MTC ကုမ္မဏီက တာဝါတိုင်ဆောက်လုပ်ခဲ့ရာ အိမ်နီးချင်းများက ကန့်ကွက်ခဲ့ကြသဖြင့် တာဝါတိုင် ဆောက်လုပ်မှုကို ရပ်ဆိုင်းခဲ့ရသည်ဆို၏။
ထို့နောက် မတ်လ ၃ ရက်၌ အင်ငါးဂွကျေးရွာ နှင့် နှစ်မိုင်ခန့်ကွာဝေးသည့် အင်ငါးဂွ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဇော်လင်းအောင် ၏ နေအိမ်တွင် တာဝါတိုင်ပြောင်းရွှေ့ ဆောက်လုပ်သည့်အတွက် မူလမြေပိုင်ရှင်က ထပ်မံကန့်ကွက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတာဝါတိုင်ဆောက်လုပ်နေသည့်မြေနေရာပိုင်ရှင် ကျေးရွာ
အုပ်ချုပ်ရေးမှူးဦးဇော်လင်းအောင်က “ပထမပိုင်ရှင်နဲ့ရွာသားတွေက အဆင်မပြေဘူး။ စကားများထားတော့ အိမ်နီးချင်းတွေက လက်မှတ်မထိုးပေးဘဲနဲ့ တိုင်တယ်” ဟုပြောသည်။
မူလတာဝါတိုင်ဆောက်လုပ်ခဲ့သည့် မြေနေရာပိုင်ရှင် ဦးရဲနိုင်က “ အခုအုပ်ချုပ်ရေးမှူးအိမ်မှာ ဆောက်တဲ့တာဝါတိုင်ကိုလည်း ရွာသားတွေ
က ထပ်ကန့်ကွက်တယ်။ တိုင်စာကို လက်မှတ်ထိုးပြီး ပြည်ထဲရေးဝန်ကြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အထိ တင်တယ်”ဟု ဆိုသည်။
၎င်းမှ ဆက်လက်၍ “အင်ငါးဂွ သကြားစက်ရုံမြေမှာ ဆောက်ဖို့ လုပ်တုန်း
ကကလဲ အုပ်ချုပ်ရေးမှူး လက်မှတ်မထိုးပေးလို့မဆောက်ဖြစ်ခဲ့ဘူး ။ အုပ်ချုပ်ရေးမှူးက ကန့်ကွက်တဲ့လူတွေကို နောက်ကွယ်က ကြိုးကိုင်ထား
တာ။ အခုသူ့ အိမ်နဲ့ ယာထဲမှာ တာဝါတိုင် နှစ်ခုဆောက်ဖို့ ပြင်ဆင်နေပြီ” ဟု ပြောသည်။
သို့သော် အုပ်ချုပ်ရေးမှူးဇော်လင်းအောင်က “ မြို့ရွာဖွံ့ဖြိုးရေးအတွက်
ကျနော်ကိုယ်တိုင် အိမ်နီးနားချင်းတွေကို စည်းရုံးပေးတယ်။ ကိုတင်အုန်း
လဲပါတယ် ကိုရဲနိုင်လဲပါတယ်။ဦးသောင်းအိမ်မှာ ခေါ်ပြောပြီးညှိပေးတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူး လွှတ်တော်ကိုယ်စားလှယ်တွေ အနီးအနားရှိပြည်သူ
တွေအနေနဲ့ ခွင့်ပြုဖို့ မြို့နယ်အုပ်ချုပ်ရေးရုံးမှာ လဲညှိနှိုင်ပေးပါသေးတယ်” ဟုပြောသည်။
MTC တာဝါတိုင် ဆောက်လုပ်ရေးတာဝန်ခံ ဦးစွမ်းက “ကန့်ကွက်တာရှိလို့ တခြားနေရာ (ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်) ကို ပြောင်းဆောက်ရတယ်။ ဦးရဲနိုင်ထပ်ပြီး ကန့်ကွက်တာ တော့မသိသေးဘူး” ဟုပြောသည်။
ကန့်ကွက်မှုများ ရှိပါက တာဝါတိုင်မဆောက်လုပ်ရန် အစိုးရအဖွဲ့က ညွှန်ကြားထားပြီး ပြောင်းရွှေ့ဆောက်လုပ်ရသည့်အတွက် မြေနေရာငှားခ
စပေါ်ငွေကြေး ( တစ်နှစ်စာ ၂၄ သိန်း)နှင့် မြေတူး မြေပြန်ဖို့ခ များ နစ်နာဆုံးရှုံးမည်ဟု ၄င်းက ပြောသည်။

သတင်း ပြည့်သဲမောင်(ပြည်)09 4236 71883


No comments:

Post a Comment