Friday, March 20, 2015

ပန်းတောင်းမြို့တွင် တောင်ပျိုကျသည့်မြေကြီးများထိမှန်ပြီး အမျိုးသမီးတစ်ဦးသေဆုံး ပြည့်သဲမောင်(ပြည်)




ပန်းတောင်းမြို့တွင် တောင်ပျိုကျသည့်မြေကြီးများထိမှန်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့တွင် မတ်လ ၁၈ ရက်က တောင်ပျိုကျသည့် မြေကြီးများထိမှန်ပြီး အသက်(၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်
တစ်ဦး ကပြောသည်။

မကွေးတိုင်း ကံမမြို့နယ် ဥသျှစ်ချိုကျေးရွာနေ အသက်(၂၄)နှစ်အရွယ် မစန်းစန်းအေး သည် ပန်းတောင်မြို့နယ် ရွှေဘုံသာကျေးရွာအုပ်စု ရွှေဘုံသာကျေးရွာအနီး မြေနီတောင်ပျိုကျရာ
မြေကြီးများထိမှန်သေဆုံးခဲ့ရခြင်းဖြစ်သည်။

ထိုနေ့နေ့လည် ၁၁နာရီအချိန်က မစန်းစန်းအေးသည် ခင်ပွန်းဖြစ်သူဦးသက်လွင်ဦး ၊ 
တစ်ရွာတည်းနေ ဦးညီထွန်း၊ မမိုးမိုးခိုင် တို့နှင့်အတူပန်းတောင်မြို့နယ် ရွှေဘုံသာကျေးရွာအုပ်စု
ရွှေဘုံသာကျေးရွာအနီး မြေနီတောင်မှ လမ်းခင်းကျောက်များကို ယာဉ်မောင်းအငယ်လေး
မောင်းနှင်သော ၁က/၁၅၇၁ တီအီးခေါင်းစိမ်း မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်ရန်အတွက်
ဆောင်ရွက်ခဲ့ကြသည်။

မစန်းစန်းအေးသည် ကျောက်များမတင်မှီ အနီးရှိမြေနီကမ်းပါးခြေသို့ အပေါ့သွားခဲ့ရာ
 မြေနီတောင်မှ မြေကြီးများ ပြိုကျပဲ့ထွက်ပြီး ၄င်းအားထိမှန်ခဲ့သည်။ မစန်းစန်းအေး
မှာ နှာခေါင်းသွေးထွက်ဒဏ်ရာ ၀ဲ/ယာ  ခြေသလုံးပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ပြည်မြို့
 ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ်လမ်းခရီး၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်
တမ်းအရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ပန်းတောင်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်(၁/၂၀၁၅)
ရေးဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်စစ်ဆေးဆောင်ရွက်နေသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

No comments:

Post a Comment