ဒီမိုကရေစီရမှာလား
သရ၀ဏ်(ပြည်)
ခုတလောကျွန်တော်စာပေဟောပြောပွဲများဆက်တိုက်လိုက်ဟောဖြစ်သည် ။ ထားဝယ် ၊မော်ကျွန်း၊ သိမ်ဆိပ် ၊မန္တလေး ၊ သုံးဆယ် ၊ တာမွေ ၊ရန်ကင်း ၊ မြောက်ဥက္ကလာ စသည်ဖြင်.ဖြစ်သည် ။ ရောက်လေရာရာ တွင် စာဖတ်ပရိသတ်ကကျွန်တော်.ကိုမေးကြသောမေးခွန်းတခု၇ှိသည် ။ ၎င်းမေးခွန်းမှာ မြန်မာနိုင်ငံတွင်ဒီမိုကရေစီရမှာလား ။ ဒီမိုကရေစီပေးမှာလား ဟူ၍ဖြစ်သည် ။ ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုကရွေးချယ်တင်မြှောက်သောစနစ်ဖြစ်သည် ။ တစုံတယောက်ကရော.အင်.ဆိုပြီး ပေးလို.ယူလို.ရကောင်းသောအရာမဟုတ် ။ သို.သော် ပြည်သူလူထုစိုးရိမ်ကြောင်.ကြနေသောအရာကိုကျွန်တော်သိပါသည် ။ သူတို.ကနိုင်ငံရေးသဘောတရားတွေဘာတွေကိုသိ၍ မေးနေပြောနေကြခြင်းမဟုတ် ၊ လက်ရှိအုပ်ချုပ်နေသော အုပ်ချုပ်သူလူတန်းစား၏အကျင်.စရိုက် (၀ါ) မွေးရာပါဗီဇကိုသိနေသူများဖြစ်သဖြင်.စိတ်ပူပြီးမေးနေကြခြင်းဖြစ်သည် ။ ရှင်းရှင်းပြောရလျင် ယခုလက်ရှိအစိုးရသည် ဒီမိုကရေစီကိုတကယ်သွားချင်တာမှဟုတ်ရဲ.လား ။ ရွေးကောက်ပွဲတွင် နိုင်သူကိုအာဏာလွှဲပြောင်းပေးချင်စိတ် ရှိပါ.မလားဟု ပြည်သူလူထုက အကြောင်းသိသူများပြီပြီ၊သံသယဖြစ်နေကြခြင်းဖြစ်သည် ။ ပြည်သူလူထု၏သံသယသည်မဖြစ်နိုင်သည်ကိုတောရမ်းတောင်ဖွဲ. လက်လွတ်စပယ်စိုးရိမ်နေကြခြင်းမဟုတ် ။ ယခင်၊ ယခု ဖြစ်ပေါ်ခဲ. ၊ ဖြစ်ပေါ်နေဆဲ နိုင်ငံရေးအခြေအနေများကို စောင်.ကြည်.သုံးသပ်ရာမှထွက်ပေါ်လာသော မိုးလေ၀သခန်.မှန်းချက်များဖြစ်သည် ။
ထိုအခါကျွန်တော်လည်း မည်သည်.အရာကိုမှ ကံသေကံမမပြောနိုင် ။ ဖြစ်နေခဲ. ၊ ဖြစ်နေဆဲ ၊ ဖြစ်နေလတံ.သော နိုင်ငံရေး အခင်းအကျင်းများကိုပြန်ကြည်.လိုက်ကာအစိုးရ၏သဘောထားကိုခန်.မှန်းကြည်.မိပါသည် ။ထိုအခါ အောက်ပါအတိုင်းတွေ.ရှိရပါသည် ။
ရွေးကောင်ပွဲကော်မရှင်ဥက္ကဌရာထူးနေရာချထားမှု
မြန်မာနိုင်ငံတွင် အများပြည်သူကလေးစားသော ၊ မည်သည်.ပါတီဝင်မှမဟုတ်သော ၊ သြဇာတိက္ကမကြီးမားသော ၊ သိက္ခာသမာဓိနှင်.ပြည်.စုံသော ၊ ကြားနေစစ်စစ်ဖြစ်သော ပုဂ္ဂိုလ်များ များစွာရှိပါသည် ။ ဥပမာ အသက် ၆၀ နှင်.အထက် နိုင်ငံကျော်စာရေးဆရာများ ၊ တက္ကသိုလ်ပါမောက္ခဟောင်းများ ၊ တိုင်းရင်းသားခေါင်းဆောင်များ ၊ အသိပညာရှင် အတတ်ပညာရှင်များ ။ ဘယ်လိုပဲရှာရှာလူတော်တဦးတော.အသာလေးရှာတွေ.မည်ဖြစ်သည် ။ ၁၉၉၀ ရွေးကောက်ပွဲကာလတွင် ဗိုလ်ချုပ်မှူးကြီးစောမောင်သည် အဘက်ဘက်ကသမာသမတ်ကျမည်ဟုအားလုံးလက်ခံနိုင်သော ဆရာခြယ်ဆိုသည်.လူတစ်ယောက်ကို ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ဥက္ကဌအဖြစ်ရွေးချယ်ခဲ.ရာ ဆရာခြယ်ကလည်း အများယုံကြည်လက်ခံသည်.အတိုင်းရွေးကောက်ပွဲကိုသမာသမတ်ကျကျကျင်းပပေးခဲ.ပါသည် ။ ထိုသို. လူတော် လူကောင်းများစွာမြန်မာနိုင်ငံတွင်ရှိသည်.အနက်မှ သမ္မတကြီးဦးသိန်းစိန်သည် ဦးတင်အေးဆိုသူကို ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ဥက္ကဌအဖြစ်ခန်.အပ်ခဲ.ပါသည် ။ မပြေးသော်ကံရာရှိ ၊ ဦးတင်အေးတွင် ပြည်သူလူထုမယုံကြည်နိုင်စရာအချက်သုံးချက်ရှိနေပါသည် ။ နံပါတ် ၁ အချက်မှာ ဦးတင်အေးသည်တပ်မတော်သားဟောင်း ဗိုလ်ချုပ်တဦးဖြစ်နေခြင်းဖြစ်သည် ။ ရွေးကောက်ပွဲတွင်ပါဝင်အရွေးခံယှဉ်ပြိုင်မည်.လူအများစုမှာ စစ်ဗိုလ်လူထွက်များဖြစ်နေကြရာ စစ်ဗိုလ်ဝင်ပြိုင်သည်ကို စစ်ဗိုလ်ကဒိုင်လူကြီးလုပ်ခြင်းသည် သမာသမတ်မကျနိုင်ကြောင်းပြည်သူလူထုကတွက်ဆကြပါသည် ။ နံပါတ် ၂ အချက်မှာ ဦးတင်အေးသည်လက်ရှိအာဏာရပါတီကြီး၏ ထိပ်တန်းပါတီခေါင်းဆောင်တဦးဖြစ်နေခြင်းဖြစ်သည် ။ ယခုအခါပါတီဝင်အဖြစ်မှနုတ်ထွက်လိုက်ပြီလားမနုတ်ထွက်သေးဘူးလားလည်းသေသေချာချာမသိရပါ ။ ထွက်လိုက်ပြီဆိုဦးတော. ယခင်က ထိပ်တန်းအဆင်.ခေါင်းဆောင်တဦးဖြစ်သဖြင်. ထိုပါတီနှင်. အဆက်အသွယ်ပြတ်မည်မထင်ပါ ။ ထို.ကြောင်.ဘက်လိုက်မှုများဖြစ်လာနိုင်သည်ဟု ပြည်သူလူထုကစိုးရိမ်ကြခြင်းဖြစ်သည် ။တတိယအချက်မှာ လက်ရှိသမ္မတကြီးဦးသိန်းစိန်နှင်.ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေးတို.ရင်းနှီးလွန်းနေခြင်းဖြစ်သည် ။ စစ်တက္ကသိုလ်အပါတ်စဉ် ( ၉ ) တခုတည်း အတူဆင်းလာခဲ.သူများဖြစ်၍လောမသိ ၊ သမ္မတကြီးခရီးစဉ်များတွင် ဦးတင်အေးမကြာခနလိုက်ပါတာတွေ.ရပေသည် ။ ၁၉၉၀ ရွေးကောက်ပွဲတွင် နိုင်ငံ.ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးစောမောင်နှင်. ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဆ၇ာခြယ်တို. ထိုသို. တခါမှတပူးတွဲတွဲရှိမနေခဲ.ပါ ။ ဒိုင်လုပ်မည်.သူနှင်.၀င်ပြိုင်မည်.ပါတီ မှ တက်လာသောသမ္မတတို. ဆက်ဆံရေးမရှင်းမလင်းရှိနေခြင်းသည်ပြည်သူလူထုသံသယ ရှိစေသော အဓိကအချက်ဖြစ်ပါသည် ။ ဤစံနှုန်းကိုထောက်ထား၍ပြောရလျှင် ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ဥက္ကဌရာထူး ပေးထားခြင်းသည် ဒီမိုကရေစီကိုသွားဖို.ထက် မိမိပါတီ မဲအနိုင်ရဖို.အတွက်ပိုမို၍ခြေလှမ်းပြင်နေခြင်းဖြစ်ကြောင်း သိမြင်နိုင်ပါသည် ။
နောက်ထပ်သတိထား၍ကြည်.မိသောအချက်မှာ အရေးအခင်းများ ၊ အဓိကရုန်းများ ၊ ပြသနာများကို ယခုအစိုးရ၏ကိုင်တွယ်ဖြေရှင်းပုံဖြစ်သည် ။ ဧရာဝတီမြစ်ဆုံဆည်ရပ်တန်.ရေးကိစ္စတခုကိုသာ ဒီမိုကရေစီအစိုးရဆန်ဆန် ညှိနှိုင်းဆုံးဖြတ်ခဲ.ပြီး ထိုကိစ္စပြီးနောက်ပေါ်ပေါက်လာသမျှသော ကိစ္စတိုင်းတွင် စစ်အစိုးရဆန်ဆန် အာဏာနှင်.အင်အားသုံး၍ဆောင်ရွက်ခဲ.တာကိုတွေ.ရပေမည် ။ အင်အားသုံးဖြေရှင်းမှုသည်မလွဲသာ၍နောက်ဆုံးအဆင်.မှထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရမည်ဖြစ်သော်လည်း ဖြစ်ခဲ.သမျှကိစ္စတိုင်းတွင် ရှောင်လွှဲညှိနှိုင်းနိုင်သောအခြေအနေရှိခဲ.ပါလျက် သက်ဆိုင်ရာကဆတ်ဆတ်ထိမခံ အနိုင်ယူအင်အားသုံးခဲ.ခြင်းများကိုသာတွေ.၇လေသည် ။ ဥပမာ လက်ပန်းတောင်းတောင်သပိတ်စခန်းတွင်ငြိမ်းချမ်းစွာလက်နက်မဲ.ဆန္ဒပြနေသောသံဃာတော်များကို ညအချိန် မီးလောင်ဗုံးများဖြင်.ပစ်ခတ်နှိမ်နှင်းခြင်း ။ မဟာသန္တိသုခကျောင်းတော်သို. ညအချိန်ဝင်ရောက်စီးနင်း၍ သံဃာတော်များကိုဖမ်းဆီးခေါ်ဆောင်အဓမ္မလူဝတ်လဲဖမ်းဆီးခြင်း၊ သမီးကလေးကျေးရွာတွင်ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ဘူဒိုဇာဖြင်.၀င်ထိုးခြင်း၊ အိုးအိမ်များကိုဖျက်ဆီးခြင်း ၊ ငြိမ်းချမ်းစွာဆန္ဒပြနေသူများကိုဧရာဝတီတိုင်းတွင် ရဲတပ်ဖွဲ.မှအင်အားသုံးနှိမ်နှင်းခြင်း ၊ ထွန်တုံးတိုက်ပွဆြင်နွှဲသောဆန္ဒပြ လယ်သမားများကို အင်အားသုံးဖြိုခွင်းခြင်း ၊ လယ်ယာမြေပြန်လယ်ရရှိရေးဆန္ဒပြနေသောလယ်သမားများကိုဖမ်းဆီးခြင်း စသည်တို.ဖြစ်ပွားခဲ.ပေသည် ။ ဤလက်စလက်နများကိုကြည်.၍ သုံးသပ်ရလျှင်မူကား အစိုးရသည် ယခုအချိန်အထိ ဒီမိုကရေစီစော်မနံသေးဟုဆိုရမည်ဖြစ်သည် ။ ယခင်ကစစ်အစိုးရလက်ထက်ကအတိုင်းပြုကျင်.နေသည်ကိုသာတွေ.ရပေသည် ။
နောက်တချက်သတိထားကြည်.မိသည်မှာ ပြည်သူလူထုကို ဖမ်းဆီးချုပ်နှောင်ခြင်းဖြစ်သည် ။ ဒီမိုကရေစီနိုင်ငံများတွင် တရားရုံးဝရမ်းမပါပဲမည်သူ.ကိုမျှ ဖမ်းဆီးချုပ်နှောင်ခွင်.မရှိပေ ။ ပြည်ထောင်စုမြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏မူလအခွင်.အရေးနှင်.တာဝန်များ ကဏ္ဍ ပုဒ်မ ( ၃၇၆) တွင် နိုင်ငံတော်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊အများပြည်သူအေးချမ်းသာယာရေးနှင်.အများပြည်သူအကျိုးငှာဥပဒေနှင်.အညီကြိုတင်ကာကွယ်ထားရှိရန်လိုအပ်သောကိစ္စ (သို.မဟုတ်)တည်ဆဲဥပဒေတရပ်ရပ်အရခွင်.ပြုသည်.ကိစ္စမှတပါး စီရင်ပိုင်ခွင်.ရှိသောတရားသူကြီး၏ချုပ်မိန်.မရှိပဲ မည်သူ.ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်းမပြုရ ဟုဖော်ပြပါရှိသည် ။ ထို.ကြောင်.မြန်မာနိုင်ငံတွင်လည်း မည်သူ.ကိုမျှ တရားသူကြီးအမိန်.မပါပဲ ၂၄ နာရီထက်ပို၍ချုပ်နှောင်ခွင်.မရှိဟုယူဆရမည်ဖြစ်သည် ။ သို.သော် အစိုးရသည် ဥပဒေရေးဆွဲစဉ်ကပင် ပြည်သူလူထုကိုကာကွယ်ချင်သည်ထက်သူတို.လုပ်ချင်တာလုပ်ခွင်.ရစေရန် ခြွင်.ချက်များကိုရှေ.မှခံထားပြီးဖြစ်သည် ။ ထို.ကြောင်.ပြည်သူလူထုသည်ဟန်ပြလွတ်လပ်ခွင်.ရှိသော်လည်း အစိုးရသည် အထက်ပါ အကြောင်းပြချက်များ (နိုင်ငံတော်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊အများပြည်သူအေးချမ်းသာယာရေးနှင်.အများပြည်သူအကျိုးငှာဥပ ဒေနှင်.အညီကြိုတင်ကာကွယ်ထားရှိရန်လိုအပ်သောကိစ္စ (သို.မဟုတ်)တည်ဆဲဥပဒေတရပ်ရပ်အရခွင်.ပြုသည်.ကိစ္စ ) များကို အကြောင်းပြချက်ပေး၍ မည်သူ.ကိုမဆိုဝရမ်းမပါပဲ ဖမ်းခွင်.ကို မသိမသာ ဆုပ်ကိုင်ထားခြင်းဖြစ်သည် ။ ပြည်သူလူထုကိုသာကာကွယ်ချင်စိတ်အပြည်.ရှိလျှင် ( မည်သည်.အခြေအနေတွင်မဆို မည်သူ.ကိုမျှ တရားရုံးအမိန်.မပါပဲ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခွင်.မရှိ ) ဟုရေးသင်.ပေ၏ ။ ယခုလိုမရှုပ်မရှင်းရေးထားသောအခါ သတင်းထောက်ကိုပါကြီးကိုဝရမ်းမပါပဲဖမ်းဆီးခြင်း ၊ လန်ဒန်ဆရာတော်ကိုဝရမ်းမပါပဲဖမ်းဆီးခြင်း ၊ တိုင်းရင်းသားကျေးရွာများတွင် သောင်းကျန်းသူများနှင်. အဆက်အသွယ်၇ှိသည်ဟုမသင်္ကာသူများကို ၀ရမ်းမပါပဲဖမ်းဆီးထိမ်းသိမ်းခြင်းများကို တရားဝင်ကဲ.သို.လုပ်လာနိုင်ပေသည် ။ ထို.ကြောင်.လွှတ်တော်အမတ်များသည် အခြားထွေလီကာလီ မေးခွန်းနှင်.အဆိုများကိုတင်နေမည်.အစားလွှတ်တော်တွင် နိုင်ငံသားတို.၏အခွင်.အရေး ပုဒ်မ (၃၇၆ ) တွင် မလိုလားအပ်သောစကားများဖြုတ်ပစ်ရေးကိုအဓိကလုပ်ဆောင်သင်.ပေသည် ။ ခြုံ၍သုံးသပ်ရလျင် နိုင်ငံသားတို.၏အခွင်.အရေးကို တစ်ဖက်ကပေးထားသော်လည်း တဖက်က ဖမ်းချင်တိုင်း ဖမ်းလို.ရအောင် ရေးသားထားသောဥပဒေကြောင်. ဒီမိုကရေစီတကယ်လိုလားမှုမရှိဘူးဟုသာယူဆရပေမည် ။ အပြောတခြားအလုပ်တခြားဟုသာပြောရပေတော.မည် ။
အဖြူရောင်ကတ်ပြားများကိစ္စ
White Card ဟုခေါ်သော်အဖြူရောင်ကတ်ပြားများသည် မည်သူမည်ဝါဖြစ်ကြောင်းယာယီသက်သေခ့လက်မှတ်ဖြစ်သည် ။ နိုင်ငံသားဖြစ်ကြောင်းသက်သေခံချက်အလျဉ်းမဖြစ်စေရဟုတရားဝင်ပြဌာန်းထားပြီးဖြစ်သည် ။ ထိုအဖြူရောင်ကတ်ပြားကိုင်ဆောင်ထားသူများကို မဲပေးခွင်.ပြုမည်.အစိုးရနှင်.လွှတ်တော်၏အခင်းအကျင်းသည် နိုင်ငံတော်အရေးအရာထက်မိမိပါတီ အကျိုးရှိစေဖို.အပေးအယူလုပ်ရပ်လေလားဟုပြည်သူလူထုကသံသယရှိပါသည် ။
ဒီမိုကရေစီ၏အနှစ်သာရသည် ပြည်သူ.ဆန္ဒဖြစ်သည် ။ ပြည်သူ.ဆန္ဒကို ဆန္ဒပြပွဲများမှတဆင်.သိနိုင်၏ ။ သို.သော်ဆန္ဒပြပွဲများကို ကောင်းဆုံးထိန်းချုပ်နိုင်စေရန် ပုဒ်မ (၁၈)ဆိုတာနှင်.ထိန်းချုပ်ထား၏ ။ ပုဒ်မ(၁၈) သည်ရဲထံတွင်လျှောက်ထားရ၏ ။ လာဘ်စားသောရဲကိုဆန္ဒပြရန်ရဲထံ၍လျှောက်ထားလျှင်ရဲကခွင်.ပြုမည်လော ။ ရဲခွင်.မပြုကဥပဒေအရ ဘာဆက်လုပ်ခွင်.ပြုမည်နည်း။ရဲသည် ဥပဒေ၏အထက်တွင်ရှိနေသယောင်ဖြစ်ပေ၏ ။ ထို.ကြောင်.ပြည်သူလူထုကိုဒီမိုကရေစီတကယ်ပေးချင်တာဟုတ်ကဲ.လားဟု သံသယဖြစ်စရာရှိပေသည် ။
ဒီမိုကရေစီကျင်.စဉ်တွင် ပွင်.လင်းမြင်သာမှုသည်ပဓာနကျ၏ ။ အစိုးရအရာရှိကြီးအားလုံး ၊ ၀န်ကြီးများအားလုံး ၊ လွှတ်တော်အမတ်များအားလုံးသည် မိမိပိုင်ဆိုင်မှုဥစ္စာဓနကိုဖော်ထုတ်ကြေငြာရ၏ ။ မြန်မာနိုင်ငံတွင်မည်သည်.နိုင်ငံတော်အဆင်.ပုဂ္ဂိုလ်မှ ထိုကိစ္စကိုအားတက်သရောမရှိကြပေ ။ ဒီမိုကရေစီကျင်.စဉ်တွင် တာဝန်ယူခြင်းရှိ၏ ။မိမိတာဝန်ယူထားသောဌာနတခုလစ်ဟာလျင် ထိုဌာန၏အကြီးဆုံးပုဂ္ဂိုလ် (၀န်ကြီး) သည်ရာထူးမှနုတ်ထွက်ရ၏ ။ နိုင်ငံတကာတွင်တာဝန်သိသိရာထူးမှနုတ်ထွက်သွားသောဝန်ကြီးတို.ပေါများလှ၏ ။ မြန်မာနိုင်ငံတွင် မည်သည်.၀န်ကြီးမှ မိမိဘာသာရာထူးမှနုတ်ထွက်သည်မကြားဖူးပေ ။ Air Bagan လေယာဉ်ပျက်ကျမှုတွင် ပို.ဆောင်ရေးဝန်ကြီးသည်နှုတ်ပိတ်နေ၏ ။ လက်ပန်းတောင်းတောင် သေနတ်ပစ်ခတ်မှုတွင် ပြည်ထဲရေးဝန်ကြီးသည် ၀စီပိတ်ကျင်.နေ၏ ။ အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်မှုတွင် ပညာရေးဝန်ကြီးသည် ခပ်အေးအေးပင်နေ၏ ။ တရုတ် ၁၀၀ ကျော်ခန်. သစ်ခိုးထုတ်မှုကြီးတွင် သစ်တောရေးရာဝန်ကြီးသည် မိမိနှင်.မဆိုင်သလိုနေနေ၏ ။ မန္တလေးတွင် တရုတ်များလိင်ကိစ္စကြော်ငြာများဖြင်.ဆေးခန်းဖွင်.လှစ်ကြော်ငြာရာတွင် ကျန်းမာရေးဝန်ကြီးထံမှမသံကိုမကြားရပေ ။ လျှပ်စစ်ဓါတ်ကြိုးများပြတ်ကျမှုကြောင်. အပြစ်မဲ.ပြည်သူများသေကြေခဲ.ကြမှုတွင် အခြားဒီမိုကရေစီနိုင်ငံဆိုပါက လျှပ်စစ်ဝန်ကြီးရာထူးမှထွက်ပေးမည်ဖြစ်သည် ။ငြိမ်းချမ်းရေးဆွေးနွေးပွဲများမအောင်မြင်လျှင်ကာကွယ်ရေးဝန်ကြီးသည် အခြားနိုင်ငံမှာဆိုလျှင်ရာထူးမှထွက်ပေလိမ်.မည် ။ မြန်မာသည်ဒီမိုကရေစီကိုအဆင်သင်.မဖြစ်သေးပေ ။
ညှိနှိုင်းဆွေးနွေအဖြေရှာသောဓလေ.ရှိမရှိ
ဒီမိုကရေစီ ကိုအစိုးရသည်တကယ်ပေးချင်၏ မပေးချင်၏ နောက်ထပ် စမ်းသပ်မှုမှာ ပဋိပက္ခများကိုငြိမ်းချမ်းသောနည်းလမ်းများဖြင်. ဆွေးနွေးအဖြေရှာသောယဉ်ကျေးမှု ရှိမရှိကိုကြည်.ခြင်းဖြင်.သိနိုင်ပေသည် ။ မြန်မာနိုင်ငံတွင် အရှည်ကြာဆုံးသပိတ်စခန်းဖြစ်သော မိကျောင်းကန် သပိတ်စခန်းသည် ရန်ကုန်မြို.လည်၌ လပေါင်းများစွာ စုဝေးဆန္ဒပြနေသော်လည်းအစိုးရသည် ဆွေးနွေးညှိနှိုင်းခြင်းမရှိပေ ။ ကျောင်းသားများ အမျိုးသားပညာရေးဥပဒေကိုကန်.ကွက်နေသည်.ကြားမှ လွှတ်တော်သည် အတည်ပြုခဲ.၏ ။ ကျောင်းသားတို.ကကန်.ကွက်ဆန္ဒပြပြီး အချိန် (၂ )လပေးခဲ.သော်လည်းရက်ပေါင်း (၆၀)အတွင်း အစိုးရသည် ကျောင်းသားများနှင်.ဘာတခုမှမဆွေးနွေးခဲ.ပေ ။ ကျောင်းသားများ ရန်ကုန်မြို.သို.ချီတက်လာသောအခါမှ ဖုတ်ပူမီးတိုက်ဆွေးနွေးရန်အဆိုပြုလာခြင်းမှာလည်း စစ်မှန်သောစေတနာမဟုတ်နိုင်ချေ ။ တောင်သာမြို.အ၀င်တွင် လုံထိမ်းများ ၊ လက်နက်အပြည်.အစုံဖြင်.စောင်.နေခြင်းက အစိုးရ၏စေတနာကိုသံသယဖြစ်စရာရှိပေ၏ ။ တကယ်ဆွေးနွေးသောအခါတွင်လည်း စစ်မှန်သောအပြောင်းအလဲ (၁၁)ချက်ထက် သပိတ်စစ်ကြောင်းအဆုံးသတ်ရေး ၊ ကျောင်းသားများအိမ်ပြန်ရေးကိုသာ အဓိကထားပြောကြားနေခြင်းက ပြသနာ၏ဇစ်မြစ်ကဘာဖြစ်သည်ဆိုခြင်းကိုရှာဖွေလိုပုံမရပေ ။ ဒီမိုကရေစီကိုတကယ်လက်ခံယုံကြည်သောအစိုးရဆိုလျှင် ကျောင်းသားများတောင်းဆိုသောအချက်အများစုကိုလက်ခံဆွေးနွေးနိုင်စွမ်းရှိရပေမည် ။ ထိုသို.ဆွေးနွေးနေစဉ် သပိတ်စစ်ကြောင်းမှကျောင်းသားများကို လက်မခံရန် ဘုန်းကြီးကျောင်းများအား ဖိအားပေးခြင်း၊ ဧရာဝတီတိုင်းမှချီတက်လာသောသပိတ်မှောက်ကျောင်းသားများကို မိဘများကိုဖိအားပေး၍လိုက်ခေါ်စေခြင်း၊ ဧရာဝတီတိုင်းကျော်လျှင်လုံခြုံရေးတာဝန်မယူဟု သွယ်ဝိုက်၍ခြိမ်းခြောက်ခြင်း ၊ ပညာရေးကိစ္စကိုအကြောင်းပြပြီးဆူပူမှုများဖြစ်လာစေရန်နောက်ကွယ်မကြိုးကိုင်သူများ၊ နိုင်ငံရေးအဖွဲ.အစည်းအချို.၇ှိနေကြောင်း အစိုးရမှသတင်းထုတ်ပြန်ခြင်းတို.သည် ယခင်စစ်အစိုးရလက်ထက်ကလုပ်ခဲ.သောအကွက်များအတိုင်း ဆီသည်မလက်သုတ်ဖတ်လိုဖန်တရာတေနေသည်.အကွက်များဖြစ်သည် ။ ဒီမိုကရေစီအစိုးရမဟုတ်ပါဟုမိမိကိုယ်ကိုယ်ကြေငြာနေသော အပြောအဆိုများဖြစ်ပေသည် ။
အရှုံးကိုလက်ခံနိုင်မှု
ဒီမိုကရေစီကိုလိုလားသူသည် အရှုံးကိုလက်ခံတတ်သောယဉ်ကျေးမှုရှိသူဖြစ်သည် ။ အရာရာမိမိပဲအမြဲနိုင်နေပါမှ ။ မိမိအဖွဲ.လုပ်သမျှ ဟုတ်ဟုတ်မဟုတ်ဟုတ် လူတွေအားလုံးလက်ခံစေလိုပါက ဒီမိုကရေစီယဉ်ကျေးမှုမဟုတ်ချေ ။ အမေရိကန်ပြည်ထောင်စုတွင် ရွေးကောက်ပွဲရှုံးနိမ်.သွားသော သမ္မတလောင်းသည် အနိုင်ရသူသမ္မတကိုဖုန်းဆက်၍ ဂုဏ်ပြုချီးကျူးတတ်စမြဲဖြစ်သည် ။ အနိုင်ရသူသမ္မတကလည်းရှုံးနိမ်.သွားသူကို ငါကွမင်းဘာတတ်နိုင်သေးလဲဟူသောသဘောမျိုးမပါဝင်စေပဲလေးလေးစားစားတုန်.ပြန်ပြောဆိုစမြဲဖြစ်သည် ။ မြန်မာနိုင်ငံတွင်တော.ထိုယဉ်ကျေးမှုဆိတ်သုဉ်းနေပါသည် ။ ငါနှင်.မတူငါ.ရန်သူဝါဒကသာခေါင်းထောင်ထနေခဲ.ပါသည် ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီအပြတ်အသတ်အနိုင်ရသောအခါ အဓိကပြိုင်ဘက်ပါတီကြီးထံမှလည်းကောင်း ၊အခြားပါတီငယ်များထံမှလည်းကောင်း ချီးကျူးဂုဏ်ပြုဝမ်းမြောက်ကြောင်းစကားသံကိုမကြားခဲ.ရပါ ။ ထိုအစားအပနာမ ကဲ.ရဲ.ရှုံ.ချသံများကိုသာကြားရပါသည် ။ မုဒိတာပျောက်ဆုံးပြီးအရှုံးကိုလက်ခံတတ်သောဓလေ.မထွန်းကားသေးပါ ။ ၂၀၁၅ မှာရော ရှုံးသူသည် နိုင်သူကို ၀မ်းမြောက်ဝမ်းသာ လက်ဆွဲနှုတ်ဆက်နိုင်ပါ.မလား ။ ဘောလုံးပွဲကြည်.သောအခါကျွန်တော်သဘောအကျဆုံးမှာ ရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေ နည်းပြနှစ်ယောက်လေးလေးစားစားလက်ဆွဲနှုတ်ဆက်ကြခြင်းဖြစ်သည် ။
၂၀၁၅ တွင်အစိုးရက ပြည်သူ.ဆန္ဒမဲဖြင်.တက်လာသော အဖွဲ.ကိုအာဏာလွှဲပေးပါ.မလားဆိုတာပြည်သူလူထုကစိတ်ပူပန်နေကြပါသည် (၁၉၉၀ နမူနာလဲပူပူနွေနွေးရှိခဲ.သည်ကြောင်. ) ။ ထို.ကြောင်.ဒီမိုကရေစီ ရမှာလား ၊ ဒီမိုကရေစီပေးမှာလားဟူသောမေးခွန်းများကိုမေးလာကြပါသည် ။ အစိုးရအဖွဲ.အကြီးအကဲ သမ္မတကြီး ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ၊ အာဏာရပါတီကြီး၏ လက်ရှိဥက္ကဌ ၊ အမျိုးသားလွှတ်တော်ဥက္ကဌ ၊ ပြည်ထောင်စုလွှတ်တော်နာယကများသည် ထိုကိစ္စကိုပွင်.ပွင်.လင်းလင်း ဖွင်.ဟ ကြေငြာသင်.ပါပြီ ။ ပေးမှာလားမပေးဘူးလားဆိုတာကိုခန်.မှန်းကြည်.ရာတွင်တော. လက်ရှိကျင်.သုံးနေသောအခင်းအကျင်းများအရ ဒီမိုကရေစီကို အာဏာရအသိုင်းအ၀ိုင်းကယုံကြည်ကျင်.သုံးလိုခြင်းမရှိကြောင်းတွေ.ရပေသည် ။ဟန်ပြအပြုံးများ၊ဟန်ပြဆွေဒနွေးပွဲများ၊ဟန်ပြနူးညံ.မှုများ ၊ဟန်ပြသဘောထားကြီးမှုများသာတွေ.၇ပေ၏ ။ ထို.ကြောင်.အာဏာကိုအစွမ်းကုန်ကာကွယ်သောပွဲများဖြစ်ပေါ်လာမည်ကိုခန်.မှန်းရပါ၏ ။ ပြည်သူလူထုသည် ဒီမိုကရေစီပေးမှာလားဟု မေးမြန်းမျှော်လင်.နေခြင်းထက် ၊ ဒီမိုကရေစီရရာရကြောင်းနည်းလမ်းကောင်းများဖြစ်သောလုပ်ရပ်များကိုဥစ္စာရင်လိုဥစ္စာရင်ခဲကျင်.သုံးသင်.ပေသည် ။ ဒီမိုကရေစီနှင်.ထိုက်တန်သောလူမျိုးဆိုသည်မှာ မိမိကြိုက်နှစ်သက်သူကိုမဲပေးရုံဖြင်.တာဝန်ကြေပြီဟုရပ်တန်.မနေပဲ မိမိပေးလိုက်သောမဲရလာဒ်များကိုကပြောင်းကပြန်သွန်လိုသွန်မှောက်လိုမှောက် အဟောသိကံဖြစ်မသွားအောင်တပြည်လုံးတွင် အင်တိုက်အားတိုက်၊မျက်စေ.ဒေါက်ထောက်ကြည်.ကြဖို.လည်းလိုသေးသည်ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည် ။ အာဏာရှင်တို.ထံမှဒီမိုကရေစီဆိုသည်ကား မည်သည်.အခါမျှမိုးပေါ်မှစေတနာကောင်းဖြင်.ကျလာရိုးထုံးစံမရှိချေ ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၁၇.၂.၂၀၁၅
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
No comments:
Post a Comment