ပြည်မြို့တွင် ဗိုလ်ချုပ်ရာပြည့်ပွဲ စည်ကားစွာကျင်းပ
ပြည်၊ ဖေဖော်ဝါရီ ၁၂။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့်
မွေးနေ့ပွဲကို ဖေဖော်ဝါရီ ၁၁ရက်မှစတင်၍ မြို့နယ်အားကစားကွင်းနှင့်
ယဉ်ကျေးမှုဇာတ်ရုံတို့တွင်ကျင်းပလျှက်ရှိကြောင်းသိရသည်။
ဗိုလ်ချုပ်နှစ်(၁၀၀)ပြည်ပွဲတော်တွင် ပန်းချီ၊ကာတွန်း၊ပန်းပု၊ကဗျာ၊ဓါတ်ပုံ ပြခန်းများနှင့် ခြင်းအလှခတ်ပြိုင်ပွဲများ၊အလွတ်တန်း တာဝေးမာရသွန်
ပြိုင်ပွဲများချောတိုင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပွဲနှင့် မြန်မာ့ရိုးရာအားကစားပွဲများ
ကိုလည်း ထည့်သွင်းကျင်းပထားသည်။
ထို့ပြင် စာရေးဆရာ အော်ပီကျယ်၊ဆရာဖျာပုံနီလုံဦးနှင့် ဆရာသန်းစိုးနိုင်တို့၏
စာပေဟောပြောပွဲများနှင့်စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိကြောင်း
သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ ၁၃ရက် မနက်၅နာရီတွင် သံဃာတော်
အပါး(၁၀၀)တို့အား မိုးကုတ်ဝိပသနာဓမ္မာရုံတွင် ဆွမ်းကပ်လှူဒါန်းသွားမည်
ဖြစ်ကြောင်းလည်း သိရသည်။
"ခုဆို ကလေးတော်တော်များများဟာ ဗိုလ်ချုပ်အောင်ဆန်းဆိုတာကို
မသိသလောက် မှေးမှိန်လာနေတာတွေ့ရတယ်၊အဲ့လိုမဖြစ်ဖို့အတွက်
ခုလက်ကျန်လူကြီးတွေကနေပြီး ကလေးတွေထဲကနေ ဗိုလ်ချုပ်လို
သူရဲကောင်းလေးတွေ မွေးဖွားလာစေဖို့ရည်ရွယ်ပါတယ်"ဟု
ဗိုလ်ချုပ်ရာပြည့်ဖြစ်မြောက်ရေးကော်မတီဝင် ဦးကြည်အေးက ပြောသည်။
သူရကျော်
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
No comments:
Post a Comment