လောက်ကိုင်က ပို့လိုက်တဲ့ကဗျာ
********************************
ညီလေးရေ . .
မင်းတို့ကျောင်းသားတွေ
အစိုးရနဲ့အဆင်ပြေတယ်ကြားတော့
အစ်ကို ဝမ်းသာတယ်
အစ်ကိုက စစ်သားဆိုတော့
စစ်ထွက်ခဲ့ရ
ဖုန်ကြားရှင်က ဖုန်ထလာလို့
ဖုန်သိပ်ပေးရဦးမယ်လေ။
ကျောင်းမှန်မှန်တက်
စာမေးပွဲအောင် အောင် ဖြေကွာ
တို့မိသားစုလည်း မင်းပဲအားကိုးရမှာ
အစ်ကိုကတော့ မင်းလို
မြို့ကြီးမှာမနေနိုင်ဘူး
သေနတ်ကိုပြောင်အောင်တိုက်ချွတ်ပြီး
စုတ်ချာတဲ့ဝတ်စုံနဲ့
မြေကြီးပေါ်ထမင်းထိုင်စားနေရတဲ့ စစ်သားဘဝပါ။
မင်းဖုန်းလိုင်းကြပ်လို့ငြီးငြူနေချိန်မှာ
အစ်ကိုက လူသူမနီးတောထဲမှာ
ဘာမှ ဆက်သွယ်မရလို့
ရိက္ခာရောက်မလာလို့
တပ်ကူရောက်မလာလို့
ငှက်ဖျားထလို့။
အစ်ကိုတို့စစ်သားက
ခံနိုင်ရည်ရှိပါတယ်
ပြည်သူကို ကာကွယ်နေတာလေ
အာဏာရှင်ကို ကာကွယ်နေတာမဟုတ်ဘူး
အမိမြေကို ကာကွယ်နေတာ
ခရိုနီမြေကို ကာကွယ်နေတာမဟုတ်ဘူး
ဒါတော့ မင်းသိစေချင်တယ်။
ညီလေးရေ. .
အစ်ကိုတို့တိုက်နေတဲ့ ဖုန်ကြားရှင်ဆိုတာ
ကိုးကန့်ဒေသ လောက်ကိုင်က ဘိန်းဓားပြပါ
ဓားပြကြီးတော့ သူပုန်ပေါ့ကွာ
အဲဒိသူပုန်ကို အာဏာရှင်တချီု့က
တိုင်းရင်းသားခေါင်းဆောင်ဆိုပြီး
လက်ဆွဲနူတ်ဆက်ခဲ့ကြဘူးတယ်လေ
အစ်ကိုတို့ကတော့
လက်ဆွဲနူတ်ဆက်တုန်းက မပါပါဘူး
အမြတ်အစွန်းတွေ ခွဲဝေတုန်းကမပါပါဘူး
ဖဲကြိုးဖြတ်ကြတုန်းက မပါပါဘူး
စစ်တိုက်မှပါရတယ်လေ။
ကျည်ဆံတွေပလူပျံတယ်ဆိုတာ
ရင်ဘတ်ထိရင် ရင်ဘတ်ပွင့်တယ်
လက်ထိရင်လက်ပြတ်တယ်
ခြေထောက်ထိရင် ခြေထောက်ပြတ်တယ်
အစ်ကိုကတော့ မထူးဆန်းတော့ပါဘူး
ကားလမ်းပိတ်လို့ ဒေါပွနေမယ့်
မင်းကိုပဲ သနားမိတယ်
စာကြိုးစားကွာ
အမေ့ကိုလည်း ဂရုစိုက်ညီလေး။
ညီလေးရေ. .
ရေခဲအမှတ် ရှမ်းတောင်တန်းရဲ့ဆောင်းထဲမှာ
အစ်ကို ကင်းစောင့်နေချိန်
မင်းက စောင်ထူထူခြုံပြီး
တို့တိုင်းပြည်အတွက် ပညာတတ်ကြီးဖြစ်အောင်
စာကြိုးစားပါတော့ ညီလေးကျောင်းသားရေ။
(လောက်ကိုင်မှတပ်မတော်သားများသို့ရည်ရွယ်ဂုဏ်ပြုရေးသားပါသည်)
စုမောင်မောင်
12.2.2015..
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
No comments:
Post a Comment