ထူးကြီးမူးကြီးဆွေးနွေးခန်း ( လူမြင်မခံဝံ.သူများ )
သရ၀ဏ်(ပြည်)
ထူးကြီးနှင်.မူးကြီးသည် ၀ါကျွတ်သောအခါ သာသနာ.ဘောင်မှ ထွက်လာခဲ.ပြီး စားဝတ်နေရေးအဆင်မပြေသောကြောင်. ရေကြည်ရာမြက်နုရာ အဖြစ် မန္တလေးမြို.သို.ရောက်လာကြလေရာ အခန်.သင်.ပင် ကုန်တင်ကုန်ချ ကူလီအလုပ်ကိုရလေသည် ။နောက်တစ်နေ.တွင်အလုပ်သမားခေါင်းချိန်းဆိုထားရာ မန္တလေး မရမ်းခြံသဘောင်္ဆိပ်သို.ရောက်လျင် မှိုင်တွေချနေသော ကူလီခေါင်းကိုတွေ.၇လေသည် ။
ထူးကြီး- ဘာတွေ ငိုင်နေသလဲ ၊ဘာတွေမှိုင်နေသလဲ ဆရာကြီး ကျွန်တော်ထူးကြီးနဲ. မူးကြီးရောက်လာပြီနော် ၊ ခိုင်းစရာရှိတာခိုင်း ၊ မခိုမကပ်လုပ်မဲ. လူတွေပါဗျ
အလုပ်သမားခေါင်း- မင်းတို.မကြားသေးဘူးနဲ.တူတယ် ။ လူကြီးလမ်းကြောင်း၇ှိလို. ကုန်ထမ်းတာတွေ သုံးလေးရက်နားရမတဲ.ကွာ
မူးကြီး- နေပါဦးဗျ ၊ လူကြီးလာတာနဲ. ကုန်တသ်ကုန်ချအလုပ်ရတာ ဘာဆိုင်လို.လဲ ။သူက ကျွန်တော်တို.လုပ်တဲ.အလုပ်တွေကိုဝင်လုပ်ချင်လို.လား ၊ ဒါဆိုလဲသူ.ပါကုန်ထမ်းခိုင်းဗျာ
အလုပ်သမားခေါင်း- မင်းတို.ကလဲပြောလိုက်ရင် တလွဲချည်းပဲ လူကြီးကတော.ကုန်ထမ်းမလားကွ ။ အခုဟာ က ဘယ်နိုင်ငံဆိုလဲ အဲဒိနိုင်ငံကဘုရင်ကြီးလာမှာမို.တဲ. ငါတို.ဆင်းရဲသားတွေကိုမမြင်အောင်ဖွက်ထားတာတဲ.၊
ထူးကြီး- အော်သိပြီ အဖော်ဝေ နိုင်ငံ ထင်တယ်
အလုပ်သမား- ဟုတ်တယ်ဟုတ်တယ် ၊ အဲဒိနိုင်ငံမျိုးပဲ အဖော်ဝေ ဆိုလား ဘာဝေဆိုလား
မူးကြီး- နော်ဝေလုပ်ပါကွာ
ထူး- အေးအေး မင်းပြောတဲ. အဖော်ဝေကွာ ..အဲလေနော်ဝေကွာ ..ဒါနဲ. ဘုရင်ကြီးကဘာလို.ဆင်းရဲသားတွေကိုမမြင်ချင်တာလဲ
မူး- ဘုရင်ကြီးမှာ ဆင်းရဲသားးမြင်ရင်တက်တတ်တဲ.ရောဂါရှိတယ်တဲ. ။ အဲဒါကို ဒို.မြို.က လူကြီးတွေက သိတယ်တဲ. ၊ ဒို. လူကြီးတွေမှာ အဲဒိရောဂါ က ကုလို.မရအောင် အခြေခိုင်နေပြီဆိုပဲဟ ။
ထူး- ဘုရင်ကြီး မှာတော.ရောဂါရှိပုံမရဘူး ၊ဒို.ဆီကလူတွေ မှာပဲ ဆင်းရဲသားကြောက်ရောဂါရှိတာ မသိတာမှတ်လို.
မူး- ဆင်းရဲသားတွေ မမြင်တော. အရင်က ဒီနေရာမှာ အလုပ်သမားတွေ အလုပ်လုပ်နေကြတာ တစ်ကမ္ဘာလုံးသိနေတာပဲ ဘုရင်ကြီးကမသိတော.ဘူးလား
ထူး- ဒို.လူကြီးတွေက နိုင်ငံသိက္ခာကျမှာစိုးလို. လုပ်တာတဲ.ကွ
မူး- သူခိုးတွေရော မဖယ်ဘူးလား ၊ဒါမှ မြို.သန်.ပြီးသိက္ခာတက်လာမှာ လေ
ထူး- သူခိုးတွေ ဖယ်မယ်ဆိုရင်တဲ. လာကြိုမယ်.လူတို. ၊ဧည်.ခံမယ်.လူတို. ၊ လက်ဆွဲနှုတ်ဆက်မယ်.လူတို.၊လိုက်ပြမယ်.လူတွေ မကျန်တော.မှာစိုးလို.မဖယ်တော.ဘူးတဲ.
မူး- မင်းဘယ်သူပြောလဲ
ထူး- မဟုတ်လို.လားဟ ၊ အဖော်ဝေဘုရင်ကြီးလာတုန်းသူခိုးတွေနှိမ်နှင်းနေရရင် ဌာနဆိုင်ရာတာဝန်ရှိတဲ.သူတွေ အလုပ်များပြီးဘယ်လာနိုင်တော.မလဲဟ
မူး- ၀ုတ်တယ်..၀ုတ်တယ် …၀ုတ်တယ် အဟိ
ထူး- ဒါ.ကြောင်.တဲ. သူခိုးတွေ ကိုဖယ်ရှားမယ်.အစား ဆိပ်ကမ်းအလုပ်သမားတွေကိုပဲဖယ်ရှားတာပါတဲ. ။ အဘအမိန်.အဘအမိန်. ။
မူး- တယ်လဲအမြော်အမြင်ရှိပါလား ၊ကဲကွာမထူးပါဘူး ငါတို.သူငယ်ချင်း မန္တလေးဂျပိုးအောင်နိုင်ဦး တို. ၀င်းဇော်ဦးတို. ရှိတဲ. ကမ်းနားကကျူးကျော်အိမ်လေးတွေမှာပဲ သွားအိပ်ပါတော.မယ်ကွာ
အလုပ်သမား- ကမ်းနားကတဲတွေလဲမရှိတော.ဘူးဗျ ၊ ဆင်းရဲတာတွေမြင်ရင်တိုင်းပြည်သိက္ခာကျတယ်ဆိုပြီး အဘအမိန်.နဲ.အာလုံဖယ်ရှားလိုက်ပြီ ။ အဖော်ဝေဘုရင်ကြီးပြန်သွားမှပြန်နေကြပါတဲ.
ထူး- ဒီတော. အဲဒိ လူတွေဘယ်သွားနေကြလဲ
မူး- မင်းကလဲ သူတို. ဆီဒိုးနားဟိုတယ်မှာသွားနေမှာပေါ. ၊ အဘတို.က တာဝန်ယူမယ်ထင်တယ် ။ ကျူးကျော်အချင်းချင်းပဲ
ထူး- ဘယ်ကကျူးကျော်ရမှာလဲဟ အဘတွေကသူဌေးရပ်ကွက်မှာနေတာ ၊ မင်းလူတွေကကမ်းနားကကျူးကျော်ရပ်ကွက်မှာနေတာ နှိုင်းစရာလား
မူး- မင်း အိုင်စီ တော်တော်နိမ်.သေးတာပဲ
ထူး- အိုင်ကျူလုပ်ပါ
မူး- အေး ဟုတ်ပါရဲ. အိုင်ကျူတော်တော်နိမ်.တာပဲ ။ ဒီမှာမသေမခြင်းမှတ်ထားကြ ။ ဆင်းရဲသားတွေကနေစရာမရှိလို. မရှိမဲ.ရှိမယ်.နေရာလေးတွေကို ကျောတစ်ခင်းစာကျူးကျော်တာ ။ မင်.အမေ.လင်တွေက နေစရာ မြေကြီးတွေလက်ညှိုးထိုးမလွဲနိုင်အောင်ရှိနေပေမယ်. လောဘဇောမသတ်ပဲ

မြေကွက်အလွတ်မှန်သမျှ လက်ညှိုးထိုးပြီး အပိုင်လိုချင်တဲ. ခေတ်သစ် စူဇကာ ကျူးကျော်တွေ ဟဲ.သိပြီလား ။ ဒါကြောင်.ကျူးကျော်အချင်းချင်းတစ်ချက်လောက်တော.ငဲ.ကွက်သင်.ပါတယ်ကွာ
ထူး- အော် ..အေးအေး ရှင်းပါပြီ ။ဒါဆိုငါအဘဆီခုပဲဖုန်းဆက်လိုက်မယ်နော်
မူး- ဆက်ဆက်
ထူးကြီးသည် နို.ဆီခွက်ကို အပ်ချည်ကြိုးတပ်ထားသော မိတ်အင်ဒီတင်ဟမ်းဖုန်းကိုထုတ်ပြီး အောက်ပါအတိုင်းဆက်သွယ်လိုက်လေသည် ။
ဟလို အဘကြားလား ၊အဘကြားလား ၊ အဘနွားလား၊ အဖော်ဝေ ဘုရင်ကြီးပြန်သွားပြီးရင် အဘလဲအဖော်တွေ နေတဲ. ယမမင်းတိုင်းပြည်အ၀ီစိကိုကြွခဲ.ပါတဲ. …. ဟုတ်ကဲ.ဟုတ်ကဲ. လေးစားပါတယ် ဆက်လုပ်ပါ အဘ ။

No comments:
Post a Comment