Monday, December 8, 2014

နိုင်ငံကြီးထဲက နိုင်ငံငယ်လေးတခု



သရ၀ဏ်(ပြည်)

နိုင်ငံကြီးထဲမှ နိုင်ငံငယ်လေးတခု ။ ဘယ်နေရာမှာပါလိမ်.ဟုသိချင်ကြပေလိမ်.မည် ။ အခြားနေရာမဟုတ်မြန်မာနိုင်ငံမှာပင်ရှိပါသည် ။ အိမ်ကြီးထဲအိမ်ငယ်ဆောက်သည်ဟုပဲပြောပြော ၊လှေကြီးပေါ်လှေငယ်တင်ဟုပဲဆိုဆို၊ နိုင်ငံကြီးထဲတွင်နိုင်ငံငယ်တခုရှိသည်ဟုပဲပြောပြော ကျွန်တော်.အမြင်မှာတော. ထိုအတိုင်းပင်ဖြစ်နေပါသည် ။

ယနေ.မြန်မာနိုင်ငံတွင်လက်ရှိကျင်.သုံးနေသော ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် နိုင်ငံသားအားလုံးနှင်.ဆိုင်သောဥပဒေ ပြဌာန်းချက်များမှ သီးခြားကင်းလွတ်ချက်အတော်များများရထားရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးထဲတွင် စင်ပြိုင်နိုင်ငံတော်တခုတည်ထောင်ထားသည်နှင်.ဆင်တူနေလေသည် ။

နိုင်ငံတော်၏အဓိပါယ်ဖွင်.ဆိုချက်ကို စောင်.ကြည်.ဂျာနယ် တွင်” နိုင်ငံတော်ဆိုသည်မှာ “ ဟူသောခေါင်းစဉ်နှင်.ကျွန်တော်ရေးသားတင်ပြခဲ.ဖူးပါသည် ။

ယခုတိုက်ဆိုင်လာသဖြင်.အကျဉ်းချုံးထပ်မံတင်ပြပါရစေ ။

နိုင်ငံတခုဟုသတ်မှတ်ခေါ်တွင်ခံရစေဖို.အချက်လေးချက် (အင်္ဂါရပ်လေးပါး)လိုသည်ဟုဆိုကြ၏ ။ ထိုအင်္ဂါရပ်(၄) ပါးမှာ
(၁) နိုင်ငံတော်နယ်နိမိတ်တခုသတ်သတ်မှတ်မှတ်ရှိခြင်း
(၂) ထိုနယ်နိမိတ်တွင်အမြဲတမ်းနေထိုင်သောလူဦးရေရှိခြင်း
(၃) အစိုးရတရပ်ရှိခြင်း
(၄) အချုပ်အခြာအာဏာပိုင်စိုးမှုရှိခြင်း တို.ဖြစ်သည်။
မြန်မာနိုင်ငံတွင်တပ်မတော်သည် ၂၀၀၈ ဖွဲ.စည်းပုံဥပဒေအရ သီးခြားနိုင်ငံတစ်ခုလိုဖြစ်နေပါသည် ။ နိုင်ငံဟုခေါ်တွင်နိုင်သောအောက်ပါအင်္ဂါရပ် (၄)ပါနှင်.ကိုက်ညီနေပါသည် ။

(၁) နယ်နိမိတ်
တပ်ရင်းတပ်ဖွဲ.များ ၊ တပ်စခန်းအသီးသီး ၊ မြန်မာ.စီးပွာရေးဦးပိုင်လီမိတက် ၊ မြန်မာ.စီးပွားရေးကော်ပိုရေးရှင်း ( MEC ) ၊တပ်ပိုင်မြေ စသည်တို.၏ တည်နေရာနယ်နိမိတ်အသီးသီးသည် မြန်မာနိုင်ငံသားများနှင်.မဆိုင်သော သီးခြားနယ်နိမိတ်များဖြစ်သည် ။ ထိုနေရာနယ်နိမိတ်များသည် တပ်မတော်သာပိုင်သည် ။တပ်မတော်မှသိမ်းယူလိုပါက မည်သူမျှမခံနိုင်ပဲပြောင်းရွှေ.ပေးရစမြဲဖြစ်ကြောင်းကို မိကျောင်းကန်သပိတ်စခန်းမှဆန္ဒပြနေသူများ ၊ လယ်ယာအသိမ်းခံရသော မြန်မာပြည်အနှံ.မှ တောင်သူလယ်သမားများ ၊ ဦးမြငါးစင်ကူးတို.ဆိပ်မှ မူလတန်းကျောင်းသားများကသက်သေပြနေပါသည် ။ ထို.ကြောင်.မြန်မာနိုင်ငံဝယ်တပ်မတော်ပိုင်နယ်နိမိတ်များခိုင်ခိုင်မာမာရှိပါသည် ။ထိုအရာများကိုထည်.မတွက်သော်မှ တပ်ပိုင်မြေများသည် တပ်၏ပိုင်ဆိုင်ရာနယ်နိမိတ်ဖြစ်ပါသည် ။

(၂) လူဦးရေ
လူဦးရေဆိုသည်မှာ တပ်မတော်တွင်တာဝန်ထမ်းနေကြသော ကြည်းရေလေ တပ်မတော်သားများ ၊စစ်ပြန်စစ်မှုထမ်းဟောင်းများ ၊ တပ်မှနှုတ်ထွက်ကာ ပါတီရာထူး ၊၀န်ကြီးရာထူး ၊ အမတ်ရာထူးရထားသူများသည် တပ်၏အမာခံလူဦးရေဖြစ်သည် ။ မြန်မာနိုင်ငံ၏စစ်သည်အင်အားမှာလေးသိန်းနှင်.ငါးသိန်းကြားခန်.ရှိသည်ဟုခန်.မှန်းကြသဖြင်. တပ်ထဲတွင်အမြဲနေလူဦးရေ လည်းခိုင်ခိုင်မာမာရှိနေပါသည် ။

(၃)အစိုးရ
အစိုးရ ဆိုသည်မှာအုပ်ချုပ်သူဖြစ်သည် ။ တပ်မတော်တွင်လည်းအုပ်ချုပ်သူရှိပါသည် ။မြန်မာနိုင်ငံတွင်ရာထူးအကြီးဆုံးအုပ်ချုပ်သူမှာ သမ္မတဖြစ်ပြီး တပ်မတော်တွင်ရာထူးအကြီးဆုံးအုပ်ချုပ်သူမှာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပါသည် ။ သူ.လက်အောက်တွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဝန်ကြီး ၊စစ်တိုင်းမှူးများ စသည်ဖြင်. အုပ်ချုပ်ရေးအဖွဲ.တခုစနစ်တကျတည်ရှိပါသည် ။

(၄)အာဏာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်တွင်အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်ပါသည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေ အခန်း ( ၇) ပုဒ်မ ၃၄၃(ခ ) တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အဆုံးအဖြတ်သည်အပြီးအပြတ်ဖြစ်သည် ဟုပြဌာန်းထားရာ တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ်သည် ပြည်ထောင်စုတရားသူကြီးချုပ်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ ထက်ပင်ပို၍ တရားစီရင်ရေးအာဏာကိုရရှိထားပါသည် ။ ၎င်းအပြင် ဖွဲ.စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၂၀(ခ)တွင်တပ်မတော်သည်တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကိုလွပ်လပ်စွာစီမံခန်.ခွဲဆောင်ရွက်ပိုင်ခွင်.ရှိသည်ဟုဖော်ပြထားရာတပ်မတော်နှင်.ပါတ်သက်လာလျင် မည်သူမျှဝင်ရောက်စွက်ဖက်၍မရ ၊ Check and balance ဟူသောစောင်.ကြည်.ထိမ်းကျောင်းနိုင်သောစနစ်မရှိ ။တပ်မတော်သည်သီးခြားကင်းလွတ်ခွင်.ရနေပါသည် ။ တပ်မတော်ဘတ်ဂျက်ကိုလွှတ်တော်မှချပေး၇သော်လည်းလွှတ်တော်သည် တပ်မတော်ကို စာရင်းစစ်ခွင်.မရှိ ။ ဦးနေ၀င်းအစိုးရလက်ထက်က တပ်မတော်ကိုအရပ်သားစာရင်းစစ်အဖွဲ.ကစစ်ဆေးခွင်.ရသော်လည်း ယခုအခါ တပ်မတော်၏ စာရင်းကို တပ်မတော်မှပင်စစ်ဆေးသည်.မူဖြစ်ရာ တပ်မတော်သည်ပြည်သူ.ဘဏ္ဍာငွေကိုသုံးစွဲရာတွင် စိစစ်ခံစရာမလိုပဲ အာဏာအပြည်.ရှိနေပေသည် ။ တရားစီရင်ရေး၊ ဘဏ္ဍာငွေသုံးစွဲရေး ၊ စာရင်းစစ်ဆေးခြင်တို.တွင်သီးခြားအာဏာရှိသလို အုပ်ချုပ်ရေးတွင်လည်းတပ်မတော်သည် သီးခြားအာဏာရယူထားပါသည် ။ အုပ်ချုပ်ရေး၏အခရာဖြစ်သော ကာကွယ်ရေး၊ပြည်ထဲရေး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနများကိုတပ်မတော်မှပင်တိုက်ရိုက်အုပ်ချုပ်သည် ။ ဥပဒေပြုရေးတွင်လည်း တပ်မတော်မှပင် ၂၅ ရာခိုင်နှုန်းနှင်. လွှတ်တော်ကိုယ်စားလှယ်များ၏နိုင်ကွက်ကိုကိုင်ထားပါသည် ။ ထို.ကြောင်. နိုင်ငံတနိုင်ငံဟုခေါ်တွင်ဖို.အချုပ်အခြာအာဏာရှိဖို.လိုသည်ဆိုလျင် တပ်မတော်၌ တပ်ပိုင်းဆိုင်ရာ အာဏာများသည် ပြည်.လျှံနေပါသေးသည် ။
ဤအကြောင်းများကြောင်. တပ်မတော်သည်မြန်မာနိုင်ငံထဲတွင်ရှိလျက် သီးခြားကင်းလွတ်နေသော နိုင်ငံသေးသေးလေးတခုလိုဖြစ်နေပါသည် ။ ရောမမြို.တွင်ရှိပါလျက်သီးခြားရပ်တည်နေသောပုတ်ရဟန်းမင်းကြီး၏ဗာတီကန်စီးတီးနိုင်ငံငယ်လို ၊ အိုင်ယာလန်ကျွန်းပေါ်တွင်ရှိပါလျက် ယူကေလက်အောက်မှသီးခြားကင်းလွတ်နေသော တောင်အိုင်ယာလန်နိုင်ငံလို ဖြစ်နေပါသည် ။
တပ်မတော်တွင် သီးသန်.တပ်မတော်ဆေးရုံရှိသည် ။ အရပ်ဘက်ဆေးရုံမလိုချေ။ တပ်မတော်တွင် တပ်မတော်ဆေးတ္ကသိုလ် ၊ တပ်မတော်နည်းပညာတက္ကသိုလ်စသည်ဖြင်. သီးခြားတက္ကသိုလ်များထူထောင်ထား၏ ။ တပ်မတော်တွင်မြ၀တီရုပ်မြင်သံကြားဟူသောကိုယ်ပိုင်အသံလွှင်.စက်ရုံရှိ၏ ။မြ၀တီနေ.စဉ်သတင်းစာဟူ၍လည်း သတင်းစာတစ်စောင်သီးသန်.ရှိ၏ ။တပ်မတော်ပိုင်မြ၀တီဘဏ် ရှိ၏ ။ စစ်ဘက်ဆိုင်ရာတရားရုံးများသီးသန်.ရှိ၏ ။ တပ်မတော်ပိုင်စီးပွားရေးကုမ္မဏီကြီးများသီးသန်.ရှိ၏ ။ရေကြောင်း ၊လေကြောင်း၊ ကုန်ကြောင်းတိုတွင်တပ်မတော်ပိုင် လေယာဉ် ၊ရဟတ်ယာဉ်၊ သင်္ဘော ၊ ကား စသည်များသီးသန်.ရှိ၏ ။ တပ်မတော်အတွက်ရိက္ခာသီးသန်.ရှိ၏ ။ စက်သုံးဆီ သီးသန်.ခွဲတမ်းရ၏ ။ တပ်မတော်သည်သီးခြားစာရင်းစစ်ဖြင်.သာ ရသုံးငွေများကိုစိစစ်ခံရ၏ ။ အရာရာသည် သီးခြားရပ်တည်နေသောအဖွဲ.အစည်းဖြစ်၍ နိင်ငံအသေးစားလေးသဖွယ်ဖြစ်နေပါသည် ။အရပ်ဘက်နှင်.တူညီတာဆို၍ လစာယူရာတွင်အရပ်သားများလိုကျပ်ငွေကိုအသုံးပြုခြင်း၊ တပ်မတော်သားများတွင် ကိုယ်ပိုင်သီးခြား သုသန်မရှိသဖြင်.နာရေးဖြစ်ပါက အရပ်သားများမြှုပ်နှံရာ သုသန်သချိ င်္ုင်းများတွင်သာ မြှုပ်နှံသဂြိုဟ်ကြခြင်းတို.ဖြစ်သည် (တပ်မတော်အရာရှိကြီးများကိုမဆိုလိုပါ။သူတို.ကတော.မင်္ဂလာဒုံစစ်သင်္ချိုင်းကိုသုံးပါသည်) စာပို.တံဆိပ်ခေါင်းတွင်လည်း တပ်မတော်သီးသန်.တံဆိပ်ခေါင်းလောလောဆယ်အထိမထုတ်ဝေသေးပဲ အများပြည်သူသုံးနေသော တံဆိပ်ခေါင်းများကိုပင်သုံးကြပေသည် ။ ဤအရာများမှလွဲလျှင် အရာရာတွင်တပ်မတော်သည် တသီးတခြားဖြစ်နေပါသည် ။ ထို.ကြောင်.တပ်မတော်နှင်.ပြည်သူလူထုသည် ၂၀၀၈ အလွန်တွင် ပို၍ပို၍ဝေးကွာလာနေပါသည် ။
တပ်မတော်နှင်.တသားတည်းလိုဖြစ်နေသော ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီမှလွှတ်တော်ကိုယ်စားလှယ် ဦးစံပြည်.ကပင်၂၀၁၄ နိုဝင်ဘာလ ၂၄ ရက်နေ.ကကျင်းပသောပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တပ်မတော်မှသဘောမတူပါကမည်သည်.ပုဒ်မမျှပြင်ဆင်မရနိုင်သည်.အတွက် ပြည်သူများမှယုံကြည်အားကိုးလာစေရန်တပ်မတော်မှ ပုဒ်မ ၄၃၆ ကိုပြင်ဆင်နိုင်ရန်ဖြေလျှော.ပေးသင်.ကြောင်းပြောကြားခဲ.ပါသည် ။ ဤစကားသည် အတိုက်အခံပါတီဖြစ်သောအမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ကပြောခြင်းမဟုတ် ။ တပ်မတော်စစ်သားလူထွက်များ လွှမ်းမိုးထားသော ပြည်ခိုင်ဖြိုးပါတီအမတ်ကအမြင်မတော်လွန်းသဖြင်. အမှန်ကိုဖွင်.ပြောခြင်းဖြစ်သည် ။
တပ်မတော်သည် သာမန်မြန်မာနိုင်ငံသားများလိုက်နာစရာလိုသော ဥပဒေကိုလည်းလိုက်နာစရာမလို ၊ မြန်မာနိုင်ငံသားများ မရသောအခွင်.အရေးများ (ဥပမာ ရွေးကောက်ပွဲ မ၀င်ပဲ လွှတ်တော်အမတ်ဖြစ်ပိုင်ခွင်. ) ကိုလည်း ရနေသည် ။စီးပွားရေး တွင်လည်းနိုင်ငံတော်မှပေးသော လုပ်ခလစာအပြင် အခြားစီးပွားရေးကုမ္မဏီထောင်ပိုင်ခွင်.လည်းရထားသည် ။ ပညာရေး ကျန်းမာရေး စသည်များတွင်လည်း သီးခြားအခွင်.အရေးများရသည် ။ဖွဲ.စည်းပုံမှာပင်စစ်တပ်အတွက်ဆိုလျင်ဥပဒေကို တမျိုးပြင်လိုက်ကြသည် ။ဥပမာ အရပ်သားတစ်ယောက်သည် ၀န်ကြီးတာဝန်ပေးအပ်ခံရပါက နဂိုထမ်းဆောင်နေသော ရာထူးမှနုတ်ထွက်ရမည်ဖြစ်သော်လည်း တပ်မတော်သားတစ်ယောက်သည် ကာကွယ်ရေးဝန်ကြီး ဖြစ်ပါကလည်း တပ်မှ အနာယူစရာမလို ၊ ပြည်ထဲရေးဝန်ကြီးဖြစ်ပါကလည်း တပ်မှနုတ်ထွက်စရာမလို ၊ လွှတ်တော်အမတ်ဖြစ်ပါကလည်းတပ်မှနှုတ်ထွက်စရာမလိုပေ ။ ဤသည်မှာလည်းတပ်မတော်ကိုပြည်သူလူထုကအထင်မှားနိုင်သော ပြဌာန်းချက်များဖြစ်နေပါသည် ။ တပ်မတော်က အများလိုက်နာသောစည်းကမ်းကိုကျော်၍အခွင်.အရေးရယူထားခြင်းဖြစ်သည် ။
ဒီမိုကရေစီနိုင်ငံများတွင်တပ်မတော်သည် နိုင်ငံကြီးထဲတွင်နိုင်ငံငယ်လေးတည်ထောင်ထားသလိုတသီးတခြားမဟုတ်ပေ ။ ဗိုလ်ချုပ်ကြီးပင်ဖြစ်စေကာမူ အရပ်ဘက်ဥပဒေချိုးဖောက်လျင် အရပ်ဘက်တရာရုံးတွင်တရားစွဲခွင်.ရှိပါသည် ။ မြန်မာနိုင်ငံမှာလို ကာချုပ်၏ဆုံးဖြတ်ချက်သည်သာနောက်ဆုံးအတည်ဟူသောဥပဒေမျိုး ဒီမိုကရေစီအခြေခံဥပဒေများတွင်ထည်.သွင်းရေးဆွဲလေ.မရှိပေ ။ စစ်တပ်၏အသုံးစားရိတ်များကိုလည်း အရပ်ဘက်စာရင်းစစ်များက စစ်ဆေးပိုင်ခွင်.ရှိပြီး ဥပဒေနှင်.မညီသောအသုံးစားရိတ်များ၊ ခြစားမှုများကို တရားစွဲခွင်.ရှိပါသည် ။ တပ်မှဗိုလ်ချုပ်ကြီးများကာကွယ်ရေးဝန်ကြီးဖြစ်ခွင်.ရှိသော်လည်း ၀န်ကြီးဖြစ်သောနေ.တွင်တပ်မှထွက်ရသည် ။ စစ်ယူနီဖောင်းတကားကားဖြင်. အစိုးရအဖွဲ.တွင်ဝင်ပါ၍မရပါ ။ ဒီမိုကရေစီကျင်.စဉ်တွင် စစ်တပ်သည် အရပ်ဘက်၏ထိမ်းချုပ်မှုအောက်တွင်ရှိပြီး ရွေးကောက်ခံအရပ်သားအစိုးရ၏ ကွပ်ကဲလမ်းညွန်မှုကို ဗိုလ်ချုပ်ကြီးများကလိုက်နာဆောင်ရွက်ရပါသည် ။ တသီးတခြားပြုမူနေထိုင်၍မရပါလေ ။
လူတစ်ယောက်၏လက်ထဲတွင် အုပ်ချုပ်ရေးအာဏာ ၊ ဥပဒေပြုရေးအာဏာ ၊ တရားစီရင်ရေးအာဏာ ဟူ၍ အာဏာများအလွန်အကျွံရောက်ရှိသွားလျှင် ထိုသူသည် အစတွင်မည်မျှရိုးသည်ဖြစ်စေ ကြာလာလျင် အာဏာရှင်ဘ၀သို.ရောက်သွားတပ်ပါသည် ။ မြန်မာနိုင်ငံတွင် တပ်မတော်သည် အုပ်ချုပ်ရေးအစိုးရအဖွဲ.တွင်လည်းပါနေပါသည် ။ ဥပဒေပြုအဖွဲ.ဖြစ်သော လွှတ်တော်နှစ်ရပ်တွင်လည်း မိမိပင်မအလုပ်မဟုတ်ပါပဲ ၀င်ပါနေပြန်သည် ။ တရားစီရင်ရေးတွင်လည်း ကာကွယ်ရေးဦးစီးချုပ်ကို အမြင်.ဆုံး တရားသူကြီးချုပ်၏အာဏာမျိုးအပ်နှင်းထားပြန်ပါသည် ။ လူတစ်ယောက်တည်း၏လက်ထဲတွင်အာဏာများစုပြုံရောက်ရှိနေပါလျက် ဒီမိုကရေစီနိုင်ငံတော်ဟု ခေါ်သင်.မခေါ်သင်.စဉ်းစားစရာကောင်းလှသည် ။ ဗြိတိန်နိုင်ငံရေးသမားလော.ဒ်အက်တွန်က “ POWER CORRUPTS AND ABSOLUTE POWERS CORRUPTS ABSOLUTELY “ ဟုပြောဖူးသည် ။ အာဏာသည် လူကိုပျက်စီးစေပြီး အကြွင်းမဲ.အာဏာသည် အကြွင်းမဲ.ပျက်စီးစေသည် ဟူ၍ဖြစ်ပါသည် ။ လူတစ်ယောက်ထဲ၏လက်ထဲတွင် သမ္မတထက်များသော အာဏာကိုထားသင်.မထားသင်. ၊ ရယူထားသူကလည်း ထိုမျှများသော အာဏာကို လက်ခံသင်.မခံသင်. ကိုယ်ကျိုးအတ္တကိုဖယ်၍လေးနက်စွာစဉ်းစားသင်.ပေသည် ။
ဒေါက်တာစိန်ဝင်းနှင်. ၁၉၉၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားးလှယ်အချို.က NCGUB ခေါ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန်.ပေါင်းအစိုးရအဖွဲ.ကို ပြည်ပတစ်နေရာတွင်ဖွဲ.ခဲ.စဉ်က တပ်မတော်အစိုးရသည် ရန်ကုန်တွင်သတင်းစာရှင်းလင်းပွဲများလုပ်၍ နိုင်ငံတစ်နိုင်ငံတွင် အစိုးရနှစ်ရပ်ရှိနေခြင်းမှာ အိမ်ကြီးထဲတွင်အိမ်ငယ်ဆောက်သလိုဖြစ်နေ၍ လက်သင်.မခံနိုင်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ကပြောခဲ.ဖူးပါသည် ။ တပ်မတော်သည် နိုင်ငံတွင်အစိုးရနှစ်ရပ်ရှိနေခြင်းကို လုံးဝလက်မခံနိုင်ကြောင်းပြောခဲ.ဖူးပါသည် ။ ဒေါ က်တာစိန်ဝင်းတို.၏ညွန်.ပေါင်းအစိုးရလိုတရားဝင်စင်ပြိုင်အစိုး၇ထူထောင်လာခြင်းတော.မဟုတ် ။ သို.သော် တဖြည်းဖြည်း မိမိ နှင်. မိမိ အဖွဲ.အစည်းအတွက် လိုသည်ထက်ပို၍ အကာအကွယ် အသာစီးရယူလာရာမှ နိုင်ငံကြီးထဲတွင်ပုံဖျက်ထားသော နောက်ထပ်နိုင်ငံတော်နယ်မြေလေးတစ်ခု ။ ထိတို.၍မရသော အာဏာ စက်ဝန်းတစ်ခုရှိနေလျင်ရော ကျွန်တော်တို.လက်ခံကြမလား ။ အာဏာရပါတီကရောလက်ခံပါသလား ။ တိုင်းရင်းသားပါတီများကလည်းလက်ခံပါသလား ။ဖွဲ.စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင်.ရှောက်မည်ဟူသော တပ်မတော်ကလည်းလက်ခံမည်လား ။
နေနှစ်စင်းထွန်းလင်းမှုသည် ကမ္ဘာပျက်ခြင်း၏အစဖြစ်သည်ဟုကျမ်းဂန်များတွင်လာရှိ၏ ။ နေနှစ်စင်းထွက်ပေါ်လာပြီးလျင် နေသုံးစင်း ၊နေလေးစင်း ၊နေငါးစင်းစသည်ဖြင်. ထွက်ပေါ်လာမည်ဆို၏ ။ ထိုအခါ မြစ်တို.ခမ်းခြောက်မည် ၊ ပင်လယ်တို.ခမ်းခြောက်မည် ၊ သမုဒ္ဒရာတို.ခမ်းခြောက်မည် ၊ ကမ္ဘာကြီးမီးလောင်ပျက်စီးမည် ။ နိုင်ငံတစ်နိုင်ငံတွင်သမ္မတ(သို.မဟုတ်)၀န်ကြီးချုပ် ၏အာဏာထက် လွန်ကဲသော လုပ်ပိုင်ခွင်.အာဏာတခြားတစ်ယောက်တွင်ရှိလာပြိဆိုလျင် နေနှစ်စင်းထွက်နေပြီဟုသာပြောရတော.မည် ဖြစ်သည် ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၉.၁၂.၂၀၁၄

No comments:

Post a Comment