- သူသူထက်လွင်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၈)။
ရန်ကုန်၊
ပုဂံဒေသကိုဇုန်အလိုက် ယူနက်စ ကိုတွင် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်း ရန် အချိန်သုံးနှစ်ယူ၍ ဧရိယာသတ်မှတ် ချက်များ၊ ကွင်းဆင်းလေ့လာမှုများနှင့် အဆို ပြုလွှာစာတမ်းများ ရေးသားသွားမည်ဖြစ် ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအေးမြင့်ကြူထံမှ သိရသည်။
အဆိုပါပုဂံဒေသတွင် ရှေးမြန်မာယဉ် ကျေးမှုလက်ရာများရှိပြီး နိုင်ငံတကာပညာ ရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
''ပုဂံကို တစ်ဆူချင်းစီမဟုတ်ပါဘူး။ ဧရိယာဇုန်နဲ့လုပ်မှာပေါ့။ ဒီကိစ္စကို ဒုဝန်ကြီး က ထဲထဲဝင်ဝင် ပိုသိပါတယ်။ စာရေးတာ က နှစ်နှစ်လောက်နဲ့ ပြီးစေချင်တာ။ တကယ် တမ်းရေးတော့ သုံးနှစ်လောက်ရေးရတယ်။ နိုင်ငံခြားသားပညာရှင်တွေလဲ
လက်တွေ့ကွင်းဆင်းပြီး အချက်အလက် အပြည့်အစုံကောက်ယူနိုင်ရန် ပညာရှင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များ လိုအပ်ကြောင်း သိရသည်။
''အခုတော့ နှစ်သုံးနှစ်လောက် ရေးရ မယ်။ ဧရိယာသတ်မှတ်ချက်တွေ လုပ်ရမယ်။ Survey တွေလုပ်ရမယ်။ ပညာရှင်တွေ၊ အ ခြားအထောက်အကူပြုအဖွဲ့တွေ အများကြီး လိုတာပါ။ Equaliy Development အများကြီးစကားပြောတယ်''ဟု ယင်းက ဆက် လက်ပြောသည်။
ပုဂံဒေသသည် ယူနက်စကို၏ စိတ်ဝင် စားမှုခံရဆုံးသော ဒေသတစ်ခုဖြစ်ပြီး ပထမ အကြိမ် ယူနက်စကိုသို့ ကမ္ဘာ့အမွေအနှစ်အ ဖြစ် တင်ခဲ့ဖူးသောနေရာဖြစ်ကာ ယခုအခါ ယူနက်စကိုမှထပ်မံ၍ ကမ္ဘာ့အမွေအနှစ်စာ ရင်းတင်သွင်းစေလိုကြောင်း သိရသည်။
''ပုဂံမှာ တချို့ရှေးဟောင်းစေတီ၊ ပုထိုး တွေက မူလလက်ရာအတိုင်းမရှိတော့လို
ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင်
လက်ရှိအခြေအနေတွင် အဆိုပြုလွှာစာ တမ်းရေးသားနိုင်ရန် ပုဂံဘုရားတစ်ဆူချင်း စီ၏ အချက်အလက်များကို စုစည်းကောက် ခံယူနေကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှသိ ရပြီး ပုဂံဒေသသည် ပြည်ပခရီးသွားလာရောက် မှု အများဆုံးနေရာ တစ်ခုဖြစ်ကြောင်း သိရသည်။
#TheYangonTimes
No comments:
Post a Comment