(၂၅) ကြိမ်မြောက် ငွေရတု အဘိဓမ္မာအခါတော်နေ့ ကျင်းပပူဇော်ခြင်းမင်္ဂလာ
ရွှေဆံတော်ရင်ပြင် ပြည်မြို့နယ် အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးကို ဗုဒ္ဓဝေယျာဝစ္စအသင်း ဥက္ကဋ္ဌ ဦးထွေး (န၀င်းရပ်) နှင့် အတွင်းရေးမှူး ဦးပေါရွှေ ၊ ကိုစံနီ တို့ဦးဆောင်၍ အဘိဓမ္မာဝါသနာရှင်ဆရာကြီးများစုပေါင်းကာ မြန်မာသက္ကရာဇ် ၁၃၅၂ ခု တော်သလင်းလဆန်း ၁၃ ရက် (၁.၉.၁၉၉၀) စနေနေ့တွင် ရွှေဆံတော်ရင်ပြင် ရွှေဦးလူကလေးတန်ဆောင်း၌ ဂေါပကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စတင်ဖွဲ့စည်းပြီး အဘိဓမ္မာဘာသာရပ်ဆိုင်ရာ ဗုဒ္ဓစာပေများကို သင်ကြားပို့ချခဲ့ပါသည်။ ၁၃၅၂ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (၃.၁၀.၁၉၉၀) တွင် ပြည်မြို့ ရွှေဆံတော်ဘုရားကြီး ရင်ပြင်ပေါ်၌ အဘိဓမ္မာအခါတော်နေ့ ပူဇော်ပွဲကို ပထမဆုံးအကြိမ် စတင်ကျင်းပပူဇော်နိုင်ခဲ့ကြပါသည်။
မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (၂၀၀၉ ခုနှစ် အောက်တိုဘာလ) အထိ အနှစ် (၂၀) အကြိမ် (၂၀) တိတိ ရွှေဆံတော်ရင်ပြင် မြတ်စွယ်တော်တိုက်တွင် ပူဇော်ခွင့်ရရှိခဲ့ပါသည်။ ၁၃၇၂ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှစပြီး သြ၀ါဒါစရိယ စာသင်တိုက်ကြီးသုံးတိုက်တွင် အလှည့်ကျ ပူဇော်ခဲ့ကြရာမှ ယခုနှစ်တွင် ပြည်မြို့နယ် အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ ၂၅ ကြိမ်မြောက် ငွေရတု အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကိုပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ကျင်းပပူဇော်နိုင်ခဲ့ပြီမို့ နတ်လူသာဓု ခေါ်နိုင်ကြပါစေသော် .....

No comments:
Post a Comment