ပြည်မြို့ ရွှေဆံတော်ဘုရား
စွယ်တော်တိုက်အတွင်းရှိအလှူခံဗုံးထဲမှ
အလှူငွေများခိုးယူသူအား
နာရီပိုင်းအတွင်းဖမ်းဆီးရမိ
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး
ပြည်မြို့ရွှေဆံတော်ဘုရား စွယ်တော်တိုက်အတွင်းရှိ
အလှူခံဗုံးထဲမှအများပြည်သူများလှူဒါန်းထားသောငွေများကို
အလှူခံ
ဗုံးမှန်ခွဲ၍ခိုးယူသအား
ပြည်မြို့မရဲစခန်းမှနာရီပိုင်းအတွင်းဖမ်းဆီးလိုက်
ကြောင်းသိရသည်။
“ကျွန်တော်သည်
(၁၁.၁၀.၁၀၁၄)ရက်နေ့(၁၁း၁၅)အချိန်ခန့်တွင် ရွှေဆံတော်
ဘုရား ဂေါပကရုံးခန်းတွင် ရွှေဆံတော်ဘုရား ဒုတောင်တော်ကြီးကြပ် ဦးမြင့်ရွှေနှင့် အတူရှိနေစဉ် ရွှေဆံတော်ဘုရား
ဒုလုံခြုံရေးကြီးကြပ် ဦးသောင်းရွှေ ရောက်ရှိလာပြီး
စွယ်တော်တိုက်အတွင်းရှိ
အလှူခံပုံးအတွင်းးမှ ငွေများ ခိုးယူခံရကြောင်း လာရောက်
အကြောင်းကြားသဖြင့်
အရှေ့ဘက်အာရုံခံတွင် ပလ္လင်တော်ကြည့်ရှုနေသော အလှည့်
ကျ ဂေါပက ဦးဘ၀င်းတို့နှင့်အတူ
သွားရောက်ကြည့်ရှုခဲ့ရာ စွယ်တော်တိုက်အတွင်းရှိ
လှူခံပုံးမှန်ကွဲနေပြီးအလှူငွေ(၂၀၀၀၀၀ိ/-)ခန့် ပျောက်ဆုံးနေကြောင်း”ရွှေဆံတော်ဘု
ရားတောင်တော်ကြီးကြပ်ဦးဇော်ညွှန့်မှပြောခဲ့သည်။ထို့ကြောင့်ရွှေဆံတော်ဘုရား
စွယ်ေ
တ်ာတိုက်အတွင်းရှိ ငွေများကို ခိုးယူသူအားစုံစမ်းအရေးယူပေးပါရန ပြည်မြို့မရဲစခန်းသို့
သွားရောက်တိုင်တန်းခဲ့ကြေင်း၎င်းက ဆက်လက်ပြောခဲ့သည်။
“ကျနော်တို့ စခန်းမှတာဝန်မှူး
ဒုရဲအုပ်ဇော်မင်းက ရွှေဆံတော်ဘုရား အလှူခံဗုံးထဲမှ
အလှူငွေများအလှူခံဗုံး
မှန်အားခွဲ၍ယူသွားကြောင်းဂေါပကအဖွဲ့မှလာရောက်တိုင်
တန်းခဲ့ကြောင်းဖုန်းဖြင့်အကြောင်းကြားခဲ့ပါတယ်။ကျနော်ကစခန်းမှူးကိုသတင်းပို့ပြီးနယ်
ထိန်းအဖွဲ့တွေကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ပြီးတော့ရွှေဆံတော်ဘုရား
Cctv
မှာတွေ့ရတဲ့လူအားရှာဖွေရန်
တာဝန်မှူး ဒုရဲအုပ်ဇော်မင်း အဖွဲ့နှင့်အတူပြည်မြို့ကားဂိတ်
များမြို့တွင်းလမ်းများအား လိုက်လံရှာဖွေခဲ့ရာနေ့လည်(၁း၄၅)အချိန်ခန့်ရွှေကူရပ်ကွက်ပွဲ
စားလမ်းထောင့်၌် ရွှေဆံတော်ဘုရား
Cctv တွင်တွေ့ရသောမသင်္ကာလူအားလွယ်အိတ်တစ်
လုံးဖြင့်တွေ့ရတဲ့အတွက်စစ်ဆေးရာ
ရွှေဆံတော်ဘုရား အလှူခံဗုံးထဲမှငွေများ ခိုးယူခဲ့ကြောင်း
ပြောပြခဲ့တဲ့အတွက်
စခန်းသို့ခေါ်လာခဲ့တာ”ဟုနယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မင်းနိုင် က
ပြောသည်။
ထို့ကြောင့်အမှုနှင့်ပတ်သက်၍
ရွှေဆံတော်ဘုရား စွယ်တော်တိုက်အတွင်း အလှူခံဗုံးထဲမှ
အလှူငွေအားခိုးယူခဲ့သူ
ဝင်းအောင် ကျဘမ်းလုပ် ပန်းတင်ကျေးရွာ ထမကောက်အုပ်စု ပြည်ြ
မို့နေသူအားအရေးယူပေးပါရန်
ရွှေဆံတော်ဘုရားတောင်တော်ကြီးကြပ် ဦးဇော်ညွန့်မှတရား
လိုပြုလုပ်တိုင်တန်းခဲ့သဖြင့်
ပြည်မြို့မရဲစခန်း(ပ)၈၄၀/၂၀၁၄ ပြစ်မှုပုဒ်မ ၃၈၀ အရအမှုရေးဖွင့်ပြီး
အမှုအား
ဒုရဲအုပ်ဇော်မင်းမှလက်ခံစစ်ဆေးလျှက်ရှိကြောင်းသိရပါသည်။
မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။
သတင်း ပြည့်သဲမောင်(ပြည်)
No comments:
Post a Comment