အညတရမှတ်တမ်း (၃) သရ၀ဏ်(ပြည်)
အညတရမှတ်တမ်း (၃)
သရ၀ဏ်(ပြည်)
လက်ဘက်ရည်ထဲသဲထည်.မိခြင်း
မကြာခင်ခင်နှစ်များကကျွန်တော်သည် လက်ဘက်ရည်တစ်ခွက် ကိတ်မုန်.ကွတ်ကီးမုန်.စသည် တို.ကိုလင်ပန်းထဲတွင်ထည်.၍ ကျွန်တော်၏ မြောက်ဥက္ကလာအိမ်တွင် မိခင်ကြီး ဒေါ်မြင်.မြင်.အား ရှိခိုးကန်တော.ကာဤသို.တောင်းပန်ခဲ.ပေ၏ ။
“ အမေခင်ဗျား ငယ်စဉ် ကလေးဘ၀ကကျွန်တော်သည် အမေသောက်မည်.လက်ဘက်ရည်ထဲတွင်သဲထည်.၍တိုက်မိပါသည် ။ ကလေးပီပီ မသိနားမလည်၍ ပြုမိမှားခြင်းကို ယခုအခါနောင်တကြီးစွာရသဖြင်. ရှိခိုးကန်တော.ကာတောင်းပန်ပါသည် ။အပြစ်မှ သီးခံခွင်.လွှတ်ပါ “
ထိုအခါမိခင်ကြီးသည်ကျွန်တော်.အားဤသို.ပြော၏ ။
“အေးအေး မသိမလိမ်မာလို.ကလေးဘ၀ကလုပ်မိလုပ်ရာလုပ်ခဲ.တာ အမေဗွေမယူဘူးခွင်.လွှတ်ပါတယ် ၊ အမေကလဲ ခိုင်းမိတာကိုး “
ဤဇာတ်လမ်း၏အစသည်ဤသို.ဖြစ်၏ ။လွန်ခဲ.သောနှစ်ပေါင်း ၃၇ နှစ်ခန်.ကဖြစ်မည်ထင်သည် ။ ကျွန်တော်သည် ၁၉၆၈ မေလ (၁၄)ရက် အင်္ဂါနေ.တွင်မွေးဖွားခဲ.သည်ဖြစ်ရာ ထိုစဉ်ကာလများသည်ကျွန်တော်.အသက် ၁၀ နှစ်ခန်. ၁၉၇၈ ခုနှစ်လောက်ကဖြစ်ပေလိမ်.မည် ။ ထိုနေ.ကကျောင်းပိတ်ရက်ဖြစ်သဖြင်. ကျွန်တော်တို.တစ်ရပ်ကွက်လုံးမှကလေးများသည် တပြုံတမကြီး ကစားဝိုင်းဖွဲ.နေကြ၏ ။ ကျောက်ဒိုးပစ်သူပစ် ၊သရေကွင်းပစ်သူကပစ် ၊ကားဗူးထပ်သူကထပ်ဖြင်. တစ်ယောက်တစ်မျိုမရိုးရအောင်ဆော.နေကြလေသည် ။ ကျွန်တော်လည်းအိမ်ရှေ.တွင်သူငယ်ချင်းများနှင်. သရေကွင်းပစ်တမ်းဆော.နေပေသည် ။ အချိန်ကနေ.လည်ဘက်ဖြစ်သည် ။ ထိုအချိန်တွင်ကျွန်တော်သည် သရေကွင်းအတော်များများရှုံးနေ၏ ။ သို.သော် တစ်ချီတွင်မူ အနီးအဝေး နေရာဦးထားသောစနစ်အရ အဝေးဆုံးသူမှ အနီးဆုံးသူစသည်ဖြင်. တစ်ယောက်ပြီးတစ်ယောက် ကိုယ်.အလှည်.နှင်.ကိုယ်ပစ်ရမည်ဖြစ်သည် ။ မြေကြီးပေါ်တွင် လေးထောင်.အကွက်လေးကိုဒုတ်နှင်.ခြစ်ကာထိုအထဲတွင် ပုံထားသော သရေကွင်းပုံကြီးမှာဟီးနေ၏ ။အပွဲပွဲရှုံးခဲ.သမျှ ဤတစ်ပွဲတွင် အကုန် သိမ်းလိုက်နိုင်ပါက ကျွန်တော်ရှုံးထားသောအရှုံးကိုကာမိရုံသာမက အမြတ်ပင်ထွက်နိုင်ပေ၏ ။ထို.ကြောင်.ဤပွဲသည်ကျွန်တော်.အတွက်အဆုံးအဖြတ် Decisive Game ဖြစ်နေပေသည် ။ ကျွန်တော်သည်အခြေအနေကောင်းနေ၏ ။တစ်ယောက်ပြီးတစ်ယောက်ပစ်လာလိုက်တာတစ်ယောက်မှ မမှန် ၊ အားလုံးလွဲချော်ကြသည် ။ မကြာမီကျွန်တော်.အလှည်.ရောက်လာတော.မည် ။ ကျွန်တော်.အနေနှင်. ဤမျှလောက်သောအကွာအဝေးကိုဘယ်လိုပဲပစ်ပစ် မှန်မှာသေခြာသည် ။ အောင်ပွဲသည်လက်တစ်ကမ်းမှာပင်လိုတော.သည် ။ ထိုအချိန်တွင်ကျွန်တော်.အမေ၏ အသံထွက်ပေါ်လာသည် ။
“ ညီညီ ရေ လက်ဘက်ရည်သွားဝယ်ပါကွယ် “
ကျွန်တော်.အမေသည် လက်ဘက်ရည်အလွန်ကြိုက်သည် ။နံနက်တစ်ခွက် ၊ နေ.လည်တစ်ခွက် ၊ညတစ်ခွက် အနည်းဆုံးတစ်နေ.သုံးခွက်သောက်လိုက်ရမှကြေနပ်သည် ။ ခါတိုင်းနေ.များတွင်ဖင်ပေါ.စွာလက်ဘက်ရည်ဝယ်ပေးလေ.ရှိသောကျွန်တော်သည် ကိုယ်.အပူနှင်.ကျွန်တော်ဖြစ်နေသဖြင်. ယခုဝယ်မပေးချင် ။
“ အောင်အောင်.ကိုဝယ်ခိုင်းပါလားအမေ “ ဟုပြောလိုက်သည် ။ ထိုအချိန်တွင်အောင်အောင်ကအိမ်တွင်မရှိ ။နောက်ဖေးလမ်းသို.သွားကာ ကစားနေသည် ။
“ ဒါဆိုခနစောင်.ဦးအမေ ဒီတစ်ပွဲပြီးတော.၀ယ်ပေးမယ် “
“ မရဘူးအခုသွားမလားမသွားဘူးလား “
ကျွန်တော်.အမေသည် ကျွန်တော်တမင်သက်သက် ကပ်နေခြင်းဟုယူဆကာ ချက်ခြင်းသွားဝယ်ခိုင်းသည် ။ ကစားပွဲမှကျွန်တော်ထွက်လျင် နောက်လူကအလှည်.ကျော်ကာ ကျွန်တော်. သရေကွင်းပုံကြီးကိုစားသွားတော.မည်ဖြစ်သည် ။ ကျွန်တော်သည် အလွန်စိတ်ဆိုးဒေါသဖြစ်ကာ ကစားဝိုင်းမှထလာခဲ.၏ ။ ထိုစဉ်က လက်ဘက်ရည်ဝယ်ရသည်မှာယခုခေတ်လိုကြွပ်ကြွပ်အိတ်နှင်.မဟုတ် ။ ဒန်ချိုင်.နှင်.ကိုယ်.ချိုင်.ကိုယ်ဆွဲကာဝယ်ရခြင်းဖြစ်သည် ။ ကျွန်တော်သည် အိမ်နှင်.မနီးမဝေးရှိ စေတနာကဖီးဆိုသောဆိုင်မှ လက်ဘက်ရည်ချိုင်.ဆွဲဝယ်လာပြီးပြန်လာခဲ.သောအခါ မိခင်ကြီးကိုအလွန်ပင်မကြေမနပ်ဖြစ်လျက်ရှိသည် ။ ငါဝယ်ပေးတာသောက်ကောင်းလို.ခနခနခိုင်းနေတာပဲ သောက်မကောင်းအောင် လုပ်လိုက်ရင်နောက်ဆိုငါ.ကိုခိုင်းတော.မှာမဟုတ်ဘူး ၊ဒါဆို ငါ ကျောက်ဒိုးကောင်းကောင်းရိုက်လို.ရမယ် ။သရေကွင်းကောင်းကောင်းပစ်လို.ရမယ် ဟုစဉ်းစားမိကာ လမ်းဘေးမှ သဲများကိုလက်တစ်ဆုပ်ခန်.ယူ၍ လက်ဘက်ရည် ချိုင်.ထဲသို.ထည်.လိုက်ပါသည် ။ ထို.နောက်ဘာမှမဖြစ်သလိုပင်ခပ်တည်တည် မိခင်ကြီးအားပေးလိုက်၏ ။ ခနအကြာတွင် မိခင်ကြီးထံမှ
“ ဝေါ. အမလေး လက်ဘက်ရည်ထဲမှာသဲတွေတော. ဟဲ.ညီညီလာစမ်း ဒါနင်.လက်ချက်မဟုတ်လား “
“ ဟုတ်တယ်အမေ “
“ ဘာဖြစ်လို. အဲဒိလိုလုပ်တာလဲဟဲ. “
“ ကျွန်တော် ကစားနေတုန်းအမေအတင်းသွားခိုင်းတာနဲ. သရေကွင်းတွေရှုံးကုန်ပြီ ၊အဲဒါကြောင်.နောက်မခိုင်းအောင်ထည်.လိုက်တာ “
အမေသည်ဒေါသဖြစ်ဖြစ်ဖြင်.ကျွန်တော်.ကိုဆော်ပလော်တီးပါသည် ။ နောင်အခါ ကျွန်တော်.ကိုခိုင်းတော.မည်ကြံလျင် “သား အားပြီလား ၊ လက်ဘက်ရည်သွားဝယ်ချေ “ ဟုချော.ချော.မော.မော.ခိုင်းရပါတော.သည် ။ထို.ကြောင်.ကြီးပြင်းလာသောအခါ မိမိပြုခဲ.သောအကုသိုလ်ကံကိုထိတ်လန်.လျက်မိခင်ကြီးအား ကန်တော.လျက်ဝန်ချတောင်းပန်ရခြင်းဖြစ်သည် ။ တောင်းပန်လိုက်၍သာတော်တော.သည် ၊ ကျွန်တော်သည် ၀ဋ်လိုက်သည်လားမသိ တစ်ခါက အစ်မနီလာဆွေအိမ်တွင်ရေဗူးတစ်ဗူးကို ယူလာပြီးအားရပါးရ မော.ချလိုက်ရာ ပါးစပ်ထဲရောက်မှဓါတ်ဆီတွေဖြစ်နေကြောင်းသိရသဖြင်. အလျှင်အမြန်ထွေးထုတ်လိုက်ရလေသည် ။ ကံကောင်းသဖြင်.ဗိုက်ထဲသို.မျိုမချမိချေ။ သူကဓါတ်ဆီပုလင်းကို ရေသန်.ဗူးထဲတွင်ထည်.ထားရာကျွန်တော်က မမေးမစမ်းပဲကောက်မော.လိုက်ခြင်းဖြစ်ပေသည် ။ ထိုမျှနှင်.ပင်ဝဋ်ကြွေးကြေသွားသဖြင်.၀မ်းမြောက်ရပေသည် ။
ကျွန်တော်၏သူငယ်ချင်းများ
ကျွန်တော်.ကိုမွေးဖွားကျင်လည်ရာအရပ်သည် ပြည်မြို. ၊ဆံတော်ရပ် မြောက်စောင်းတန်းလမ်း ဖြစ်သည် ။ ကျွန်တော်တို.ရပ်ကွက်တွင် မြောက်စောင်းတန်းလမ်း ၊ညောင်စင်တန်း ၊စာတိုက်တန်းဟူ၍ လမ်းသုံးလမ်းရှိရာကျွန်တော်.သူငယ်ချင်းများမှာထိုလမ်းသုံးလမ်းစလုံးမှဖြစ်သည် ။ကျွန်တော်၏ငယ်ဘ၀တွင်အလွန်ခင်ရသောသူငယ်ချင်းများစွာရှိရာထိုအထဲကမှ ကျွန်တော်နှင်.အမြဲမခွဲပဲတတွဲတွဲ ပေါင်းသင်းနေသော သူငယ်ချင်းများ မှာ ဇော်မြင်. ၊ အသဲ ၊ ပေါင်မုန်.ကြီး မင်းမင်း ၊ ခင်မောင်တာတို.ဖြစ် သည် ။ဇော်မြင်.မှာ ကျွန်တော်နှင်.အိမ်နီးချင်းဖြစ်သည် ။ သူတို.အိမ်နှင်.ကျွန်တော်တို.အိမ်မှာ နောက်ဖေးချင်းကပ်လျက်ဖြစ်သည် ။ ဇော်မြင်.နှင်.ကျွန်တော်မှာအသက်အတူတူဖြစ်သည် ။သို.သော်ဇော်မြင်.ကလူကောင်ထွားသည် ။ သူနှင်.ကျွန်တော်၏ တူညီသောဝါသနာမှာ ငါးပက်ခြင်းဖြစ်သည် ။ပြည်မြို.ရှိ မြောင်းကြိုမြောင်းကြား ချောင်းချိုချောင်းကြားမှန်သမျှ ကျွန်တော်နှင်.ဇော်မြင်.ငါးမပက်ဖူးသောနေရာမရှိချေ ။ ရသောငါးများကို ဈေးသို.သွားရောင်းသည်လည်းရှိသည် ။ ကိုယ်.ဘာသာချက်စားသည်လည်းရှိသည် ၊အိမ်တွင်စဉ်.အိုးထဲထည်.ကာမွေးထားသည်လည်းရှိသည် ။တကယ်တော. ကျွန်တော်တို.သည်ငါးကိုလိုချင်သဖြင်. ငါးမျှား ငါးပက်ကြခြင်းမဟုတ် ၊ ငါးဖမ်းရတာ ငါးပက်ရတာဝါသနာကိုပါနေသဖြင်. လုပ်ကြခြင်းဖြစ်သည် ။
သူနှင်.ကျွန်တော်သည် မနက်ဘက် သူ.အိမ် ကိုယ်.အိမ်နောက်ဖေး၌ မျက်နှာခြင်းဆိုင်တွေ.လျင် တစ်ယောက်ကိုတစ်ယောက်မျက်ရိပ်မျက်ကဲပြကာ နှီးဖြင်.ယက်လုပ်ထားသောရေပုံးအစုတ်ကလေး ကို ကိုယ်စီကိုင်လျက် ငါးပက်၍ကောင်းမည်.အကွက်အကွင်းရှိရာသို.ထွက်လာကြစမြဲဖြစ်သည် ။ သူငယ်ချင်းနောက်တစ်ယောက်မှာ အသဲဖြစ်သည် ။ သူ.နာမည်အသဲမှာနာမည်ရင်းမဟုတ် သူ.အမေက သားကိုချစ်လှသောကြောင်. အသဲဟုခေါ်ခြင်းဖြစ်ပြီး ကျွန်တော်တို.ကပါရောယောင်၍ အသဲဟုခေါ်ခြင်းဖြစ်သည် ။အသဲနာမည်အရင်းမှာတင်မင်းကျော်ဖြစ်သည် ။သို.သော်ကျွန်တော်တို.ကသူ.နာမည်ကိုဖျက်၍ ထမင်းကျော်ဟုခေါ်သဖြင်. အသဲနာမည်ပဲတွင်ကျယ်လာခြင်းဖြစ်သည် ။ အသဲသည် မျက်စေ.ပြူုးပြူး ၊ဆံပင်ကောက်ကောက် အသံကျယ်ကျယ်နှင်. အမြဲတမ်းစတတ်နောက်တတ် ပျော်ရွှင်တတ်သည် (ယခုကွယ်လွန်ခဲ.လေပြီ) ပေါင်မုန်.ကြီး၏နာမည်ရင်းမှာ မင်းမင်းဖြစ်သည် ။သူသည် စာတိုက်တန်းလမ်းတွင်နေသည်.ကျောင်းဆရာ၏ သားဖြစ်သည် ။ သူ၏မျက်နှာမှာ ပေါင်မုန်.ကြီးတစ်လုံးလိုဝိုင်းအိနေသဖြင်. အခြားမင်းမင်းများနှင်. မမှားစေရန်ပေါင်မုန်.ကြီးမင်းမင်းဟုခေါ်ခြင်းဖြစ်သည် ။ပေါင်မုန်.ကြီးသည်ဝဖိုင်.သောခန္စာကိုယ်ရှိ၏(သူလည်းယခုမရှိတော.ပြီ ) ။ နောက်တစ်ယောက်မှာခင်မောင်တာဖြစ်သည် ။ ခင်မောင်တာသည် ကျွန်တော်.၏ ညီတစ်ဝမ်းကွဲတော်၏ ။ကျွန်တော်.ဦးလေး ဦးတာ၏သားဖြစ်သည် ။သူနှင်.ကျွန်တော်သည် ညီအစ်ကိုဆိုသော်လည်း သူငယ်ချင်းကဲ.သို.မခွဲပဲအမြဲတတွဲတွဲရှိကြပေကုန်၏ (ခင်မောင်တာလည်းဆုံးခဲ.လေပြီ )
ကျွန်တော်တို.သူငယ်ချင်းများသည် မနက်မိုးလင်းသည်နှင်. ပြည်မြို.တခွင်ပြဲပြဲစင် ကိုးကုန်းကိုးကျင်း နေရာအနှံလျောက်သွားကြပေ၏ ။ တစ်ယောက်ကသွားမယ်ဆိုလျင် အခြားသူများကပါပြီးသားဖြစ်သည် ။ ကျွန်တော်.အစ်ကိုရင်း ကိုအောင်အောင်သည်လည်းသူ.မိတ်နှင်.သူပေါင်းသင်းရာ အသဲ၏အစ်ကို ဇော်မင်းတိုးမှာကျွန်တော်.အစ်ကိုအောင်အောင်နှင်.အတွဲမိဆုံးဖြစ်လေသည် ။ ကျွန်တော်တို.သည် မိုးလင်းသည်နှင်. တစ်နေရာတွင်စုရုံးကြပြီးယနေ.တစ်နေ.တာဘယ်သွား၍ ဘာလုပ်ကြမည်ကိုတိုင်ပင်နှီးနှောကြ၏ ။
“ မင်းကြီးတောင်ပေါ်မှာသြဇာသီးတွေ မှည်.နေပြီကွ “ ဟုတစ်ယောက်က အကြံပေးလိုက်သည်နှင်.ကျန်သူငယ်ချင်းများသည် “ အေး ကောင်းတယ် သွားကြမယ် “
ဟုထောက်ခံကြလေသည် ။ ထို.နောက်ကျွန်တော်တို.သည် လွယ်အိပ်ကိုယ်စီစလွယ်သိုင်းလွယ်လျက် လက်စွဲတော် လေးခွများကို ကိုယ်စီကိုင်လျက် ပြည်မြို. မြောက်ဘက်ရှိ မင်းကြီးတောင်ပေါ်သို.ချီတက်ခဲ.ကြပေ၏ ။ မင်းကြီးတောင်ပေါ်တွင်ထိုခေတ်က စစ်ထောက်လှမ်းရေးရုံးလဲမရှိ ၊ မြန်မာ.ရုပ်မြင်သံကြားထပ်ဆင်.လွှင်.စက်ရုံလဲမရှိ ၊၀န်ထမ်းအိမ်ယာလဲမရှိ ၊ အင်္ဂလိပ်ခေတ်က အိမ်ပျက်ကြီးများနှင်. သစ်ပင်ဝါးပင် များသာရှိသည် ။ ခြံသမားတချို.စိုက်ပျိုးထားသော သြဇာခြံများလည်းရှိသည် ။ အလေ.ကျပေါက်နေသော ဇီးပင်များလဲရှိသည် ။ ကျွန်တော်တို.၏အကြံမှာ သြဇာခြံထဲသို.ခိုးဝင်ပြီး သြဇာသီးများခူးကြရန်ဖြစ်သည် ။တောင်စောင်းတွင်စိုက်ထားသော ခြံကြီးမှာကြီးမားလွန်းသဖြင်. လူအစောင်.လဲမရှိပေ ။ခြံစောင်.မှာတောင်အောက်ဘက်တွင်နေလေ.ရှိသည် ။ ကျွန်တော်တို.ကတောင်ပေါ်မှပါတ်ဝင်ကြခြင်းဖြစ်သည် ။ ခြံထဲသို.ခိုးဝင်ရသည်မှာမလွယ် ။အခင်းပိုင်ရှင်သိသွားပါက ဒူးလေးနှင်.လိုက်လံခြောက်လှန်.ပစ်ခတ်တတ်သည် ။ ကျွန်တော်တို.သည် ခြံထဲသို.ခိုးဝင်လိုက်ကြ၏ ။ ထို.နောက်သင်.တော်ရာရာသြဇာသီးများကို ရှာဖွေခူးပြီး လွယ်အိတ်ထဲထည်.ကြ၏ ။ ခြံထဲတွင်အလွန်ကြီးမားလှပသောသြဇာသီးသုံးလုံးခန်.ရှိ၏ ။ထိုအလုံးများကိုကျွန်တော်တို.တစ်ယောက်မှမခူးပေ ။အဘယ်.ကြောင်.ဆိုသော် ၎င်းအလုံးကြီးများတွင်ကြိုးချည်ထားပြီး ခူးလိုက်သည်နှင်. တောင်အောက်ဘက်မှခြံပိုင်ရှင်ထံတွင်ရှိသောခေါင်းလောင်းသွားမြည်မည်ဖြစ်သောကြောင်.ပင်ဖြစ်သည် ။ ကျွန်တော်တို.အားလုံးထိုစည်းကမ်းကိုသိသည် ။သို.သော်ယနေ.မှအသစ်လိုက်လာသော အသဲက အဲဒါကိုမသိ ။ သြဇာသီးအလုံးအကြီးကြီးပိုင်ပြီဆိုပြီး ဆွဲခူးလိုက်သည် နှင်.ကြိုးတင်းသွားကာ ခေါင်းလောင်းသံတချွင်ချွင်မြည်လေသည် ။
ပြေးဟေ.
ပြေး
ကျွန်တော်တို.အားလုံး ချက်ခြင်းပြန်ပြေးထွက်ကြသည် ။ကျွန်တော်တို.နောက်ဘက်မှ ဒူးလေးနှင်.ပစ်လိုက်သော မြားများတ၀ီဝီလိုက်လာသည် ။ခြောက်လှန်.ပစ်ခတ်တာလား တကယ်ပစ်တာလားတော.မသိ ။ကျွန်တော်.တို.ကလေးတစ်သိုက် ဖနောင်.နှင်.တင်ပါးတသားတည်းကျအောင်ပြေးကြသည် ။ အတန်ငယ်ပြေးမိသော် အန္တရာယ်ကင်းပြီဖြစ်၍ ခနနားပြီးသြဇာသီးများ ကတွတ်သီးများခွဲစားကြသည် ။ ထို.နောက်အပြန်လမ်းတွင် အိမ်သို.တန်းတန်းမတ်မတ်မပြန်ပဲ လျှိုမြောင် ချောက်ကမ္ဘားများကြားဝယ် အတွဲချောင်းကြသည် ။
ယခုတိုင်မှတ်မိနေသေးသည်မှာ သမီးရည်းစားအတွဲတစ်တွဲသည် လျှိုအောက်ဘက် တွင်ချိန်းတွေ.နေ၏ ။ကျွန်တော်တို.သည် သူတို.နှစ်ယောက်၏အပေါ်ဘက်ကမ္ဘားစွန်းမှဝမ်းလျားမှောက်ကာ အောက်ဘက်သို.ချောင်းကြည်.ကြ၏ ။ကျွန်တော်တို.နှင်. သမီးရည်းစားမှာအပေါ်အောက် ဆယ်ပေခန်.ပဲကွာ၏ ။ ထိုသို.ပုန်းလျိုးကွယ်လျှိုးကြည်.နေဆဲဝယ် ဇော်မင်းတိုးသည် အားမရသဖြင်.ရှေ.သို.ထပ်တိုးလိုက်ရာအရှိန်လွန်ပြီးအောက်သို.ပြုတ်ကျသွား၏ ။ ပထမသော် သမီးရည်းစားနှစ်ယောက်သည် သူ.ရှေ.သို.ဖုန်တလုံးလုံးနှင်.ကျလာသောအရာကိုဘာဟု မခွဲခြားတတ်သေးပေ ။ ဖုန်များလွင်.သွားပါမှ ကလေးတစ်ယောက်ဖြစ်နေတာတွေ.သဖြင်. အားရပါးရရယ်လေသည် ။ဇော်မင်းတိုးလဲရှက်ရှက်နှင်.ဘေးဘက်မှပါတ်ပြီးအပေါ်သို.ပြန်တက်လာတော.သည် ။
တစ်ခါတစ်ရံတွင်ကျွန်တော်တို.ကလေးတစ်သိုက်သည် ရပ်ကွက်ထဲရှိ မင်းတုန်းကျောင်းဟု အမည်ရသောဘုန်းကြီးကျောင်းထဲတွင်စိုက်ပျိုးထားသောကြံပင်များကိုဘုန်းကြီးမသိအောင်သွားရောက်ခိုးစား
ကြ၏ ။ဤစွန်.စားခန်းတွင်မူ ကိုယ်.ရပ်ကွက်ထဲမှာပင်ဖြစ်သဖြင်. ဇော်မင်း၊ကျော်ပိ ၊အောင်ကြီး၊သက်ထွန်းနိုင် ၊ကာတွန်းစသော အခြားကလေးများလဲပါ၏။ ကျွန်တော်တို.သည် ဘုန်းကြီးကျောင်းထဲသို. မသိမသာအုတ်တံတိုင်းကိုကျော်ဝင်ပြီးသကာလ ဘုန်းကြီးစိုက်ထားသောကြံခင်းထဲမှကြံတစ်ချောင်းကိုဆွဲနှုတ်ယူကာ လာလမ်းမတိုင်း အမြန်ပြန်ထွက်ရန်ဖြစ်သည် ။ ဘုန်းကြီးသည် နှစ်ထပ်ကျောင်းဆောင်အပေါ်ထပ်တွင်သီတင်းသုံးသည်ဖြစ်ရာ ကြံခင်းထဲသို.ကျွန်တော်တို.၀င်လာသည်ကိုမြင်သည်နှင်. ခွဖြင်.ဆော်လေ.ရှိသည် ။ ခိုးစားရသောသစ်သီးသည်ပို၍ချိုမြန်သည် ဆိုသောစကားအတိုင်းကျွန်တော်တို.သည် ခိုးလာသော ကြံများကိုတမြုံ.မြုံ.၀ါးလျက်ဘုန်းကြီးမြင်လို.ဘယ်လိုပြေးရသည် ၊ခွနှင်.ဆော်၍ဘယ်လိုလွတ်အောင်ရှေင်ရသည်စသည်ဖြင်.ပြောကြရင်း ၀ိုင်းဖွဲ.စားသောက်ကြရခြင်းမှာ အရသာထူးကြီးတစ်ခုသဖွယ်ဖြစ်ပေသည်။ကျွန်တော်တို.သည် ၀ယ်မစားနိုင်၍ မဟုတ် ။အပျော် လုပ်ကြခြင်းဖြစ်သည် ။
တစ်ခါတစ်ရံတွင် ဧရာဝတီမြစ်ကမ်းနားတွင်ရပ်ထားသောကုန်တင်လှေများ ပေါ်မှဖရဲသီးများကို ကျွန်တော်တို.သွားနိုက်ကြသည် ။နေရာမှာ ပြည်မြို. ဈေးကြီးအနီး မြစ်ကမ်းနားတွင်ဖြစ်သည် ။ ဈေးသို.ဖရဲသီးလာရောင်းသော ရွာသားများမှာ လှေကိုကမ်းနားတွင်ကပ်ထားခဲ.ပြီးပွဲရုံသို.သွား၍ဈေးဆိုင်နေကြ၏ ။ ကျွန်တော်တို.သည် မြစ်ထဲမှ ခေါင်းပေါ်ရုံတရွေ.ရွေ.လျောက်ကာ လှေနဘေးသို.ရောက်သည်နှင်.ဖရဲသီးတစ်လုံးကိုနှိုက်ကာ လာလမ်းအတိုင်းမြစ်ထဲမှတရွေ.ရွေ.ပြန်လာခဲ.သည် ။ ထို.နောက်လူကွယ်ရာမြစ်ကမ်းပါးအရပ်သို.သွားကာ ခွဲစရာဓါးမရှိသဖြင်. ကျောက်ဆောင်ပေါ်တွင်ဖရဲသီးကိုပေါက်ခွဲကာ တပျော်တပါးတက်ညီလက်ညီနှိုက်စားကြပါသည် ။
တစ်ခါတစ်ရံထိုသို.လုပ်ရသည်ကိုပျင်းလာလျင်ကျွန်တော်တို.သည် ရုပ်ရှင်ခိုးကြည်.ကြပါသည် ။ ကျွန်တော်တို.ကြည်.ကြသည်မှာ ပြည်တော်အေးရုပ်ရှင်ရုံဖြစ်ပါသည် ။ ပြည်မြို.လမ်းမတော် သပြေတေးသံသွင်းနှင်.မျက်နှာခြင်းဆိုင်တွင် အိမ်နှစ်အိမ်ကြား၌လမ်းကြားကလေးတစ်ခုရှိသည် ။ထိုလမ်းကြားကလေးအတိုင်းအိမ်နောက်ဘက်သို.၀င်သွားလျင် လမ်းဆုံးသောအခါ အုတ်တံတိုင်းတစ်ခုကိုတွေ.ရမည်ဖြစ်သည် ။ထိုအုတ်တံတိုင်းကိုဖက်တက်လိုက်လျင် ကြောင်လိမ်လှေကားတစ်ခုကိုတွေ.မည်ဖြစ်သည် ။ထိုကြောင်လိမ်လှေကားအတိုင်းခပ်တည်တည်ဝင်သွားလျင် ပြည်တော်အေးရုပ်ရှင်ရုံအပေါ်ထပ် D.C ဟုခေါ်သော အထူးတန်းသို.ရောက်သွားမည်ဖြစ်သည် ။ ဤလမ်းကြောင်းကိုကျွန်တော်တို.ရပ်ကွက်မှကလေးတိုင်းသိသည် ။ တစ်နေ.တွင်ကျွန်တော်တို.ကလေးတစ်သိုက်ကြီးရုပ်ရှင်ခိုးကြည်.သည်ကို ၀န်ထမ်းများကသိသွားသဖြင်.ဖမ်းပြီးမန်နေဂျာရုံးခန်းထဲသို.ပို.လိုက်၏ ။ ကျွန်တော်တို.ရှေ.တွင်မန်နေဂျာကတယ်လီဖုန်းစကားပြောခွက်ကို ဆတ်ကနဲကောက်ယူကာ
“ ဟုတ်ကဲ. ရဲစခန်းကလား ဒီမှာရုပ်ရှင်ခိုးကြည်.တဲ.ကလေးတွေမိထားလို. ထောင်ထဲကိုပို.ရအောင်မြန်မြန်လာခေါ်ပါ “
ဟုပြောလိုက်လေသည် ။ကျွန်တော်တို.ကြောက်မည်ထင်ပါသလား ။ကျွန်တော်.အစ်ကိုအောင်အောင်သည်မန်နေဂျာ တယ်လီဖုန်းစကားပြောခွက်ကို ဆွဲယူလိုက်ပြီးစကားပြောနေစဉ်ကပင်ရယ်ချင်စိတ်ကိုအောင်.ထားရဟန်နှင်.
“ ဟားဟား ဖုန်းဆက်တာ နံပါတ်လဲမနှိပ်ဘူး “ ဟုပြောလိုက်ရာ မန်နေဂျာသည်ကျွန်တော်တို.ကိုဖြီးဖြန်းနေတာအလိမ်ပေါ်သွားသဖြင်.
“ သောက်ကောင်လေးတွေ သွားကြနောက်တစ်ခါလာရင်မလွယ်ဘူးမှတ် “ ဟုပြောကာပြန်လွှတ်လိုက်လေသည် ။
ဆက်ရန်
တင်ဆက် ... ပြည်သတင်းလူငယ်(ပြည်သတင်း)
No comments:
Post a Comment