Sunday, August 3, 2014
ဘွန္တော.........Zool King(ပြည်)
ဘွန္တော
******
ရွာတစ်ရွာမှာ မောင်သာကျော်ဆိုတဲ့ နွားကျောင်းသားလေးတစ်ယောက်ရှိတယ် သူဟာ သဗ္ဗညုတ ဗုဒ္ဓရှင်တော်မြတ်ဘုရားနဲ့ ရဟန်းသံဃာတော်
များကို နံက်အာရုံဆွမ်းချက်ပြုတ်လှုဒါန်းနိုင်ရန်အတွက် ဆွမ်းချက်ရန်ထတော်မှုပါမည့် အကြောင်း ဘွန္တော ဟစ်ပြီးရွာထဲကို နံက်အာရုံတက်တိုင်း
လှည့်လည်ဟစ်အော်လေ့ရှိပါတယ်.....။
ဒီလိုနေ့စဉ်ဝတ်မပျက် ဘွန္တော ဟစ်အော်လေ့ရှိတဲ့ မောင်သာကျော်ကို ရွာထဲကရပ်မိရပ်ဖလူကြီး ဘကြီး ဦးဘိုးဗျောက သဘောကျပြီး စိတ်ဝင်စား
နေသတဲ့....တနေ့မောင်သာကျော် အိမ်ရှေ့အဖြတ်မှာ ဘကြီးဦးဘိုးဗျောက ဟေ့ဟေ့ မောင်သာကျော် လာပါဦးကွယ့် ဆိုပြီးလက်ဖက်ရည်အကြမ်း
ဝိုင်းနဲ့ ဧည့်ခံပါတယ် မင်းနေ့စဉ် ဘွန္တော ဟစ်ပြီးသာသနာ့အကျိုးပြုနေတာတွေ့ရတာဝမ်းသာသကွာ...လေးလည်းလေးစားမိပါရဲ့...ဟုပြောလေသ
ည်....။
ဒါနဲ့ မောင်သာကျော် အရပ်ထဲမှာ နေ့စဉ်ဘွန္တောဟစ်တာဘယ်လိုအကျိုးထူးတယ်ဆိုတာ ဘကြီးသိချင်တယ်ကွာ.....အော် ဘကြီးဗျော့ရယ် အဲဒိလို
ကျွန်တော် ဘွန္တောဟစ်လိုက်တော့ ရွာသူရွာသားတွေ ဆွမ်းတော်ချက်စောစောထချက်ကြတာပေါ့ဗျ....အိမ်းအိမ်း ကောင်းလိုက်တဲ့ ရည်ရွယ်ချက်
ကွာ....နောက်လုပ်စမ်းပါအုံးကွ...ကောက်ညင်းပေါင်းလည်းစားနော်.....ဟုတ်ကဲ့ပါ ဘကြီး အဲဒီလိုဆွမ်းတော်စောစောထချက်ကြတော့...ဆွမ်းတော်
စောစောကပ်ကြရတာပေါ့ဗျ......အိမ်းးးးး....မင်းကုသိုလ်တွေမနည်းပါလားနော်....အဖန်ရည်လေးလည်းသောက်အုံးကွယ့်..အဲဒီနောက် ပြောပါအုံးကွာ...
(မောင်သာကျော်...ကောက်ညှင်းပေါင်း..ပလုပ်ပလောင်းဖြင့်)........ဘကြီးရယ်..ဆွမ်းတော်စောစောကပ်တော့..ဆွမ်းတော်စောစောစွန့်ကြတာပေါ့....
ဆွမ်းတော်စောစောစွန့်တော့ဘာဖြစ်သတုံးကွးးးးးး....ဆွမ်းတော်စောစောစွန့်တော့ ကျေးငှက်တွေ စောစောလာစားကြတာပေါ့ဘကြီးရယ်....အိမ်းးးးး
....ရည်ရွယ်ချက်ကကြီးမားပါပေ့ မောင်သာကျော်ရယ် ကုသိုလ်တွေကို တဆင့်ပြီးတဆင့်ယူလာလိုက်တာ...ထူးခြားတဲ့ပုဂ္ဂိုလ်ပေပဲ...ဘုန်းကြီးကျောင်း
သားမဟုတ်ဘဲနဲ့ နွားကျောင်းရင်း သာသနာ့ဝန်ကို ဘွန္တော ဟစ်ပြီးကုသိုလ်ယူနေတဲ့မင်းကို အရမ်းလေးစားတယ်ကွာ.....ဒါနဲ့ နောက်ထပ်ရည်ရွယ်ချက်
များရှိရင် ပြောစမ်းပါအုံးမောင်ရ......ဟာ....ရှိတာပေါ့ဘကြီးရာ...အဲဒီလိုစောစောစွန်းထားတဲ့ ဆွမ်းတော်တွေကို လာစားတဲ့ ကျေးငှက်တေါကို ကျွန်တော်
က လေးဂွနဲ့ချောင်းပစ်ပြီး ဈေးကိုစောစောသွင်းရတာပေါ့ဗျ..................။
ကိုင်း..ဘယ်နှယ့်ရှိစ စာရှုသူ ကျွန်တော်တို့မြို့/ရွာမှာရော ဘွန္တောဟစ်ပြီး အရေခြုံထားတဲ့သူများ မရှိနိုင်ဘူးလားဗျားးးး.....
လေးစားစွာဖြင့်......
Zool King(ပြည်)
No comments:
Post a Comment