Sunday, August 3, 2014

စကော.တလန်မှသည် မြောက်ဥက္ကလာဆီသို. သရ၀ဏ်(ပြည်)

စကော.တလန်မှသည် မြောက်ဥက္ကလာဆီသို.

သရ၀ဏ်(ပြည်)

ယခုခေတ်တွင် အော်ရီဒူးနှင်. မြန်မာ.ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများအလွယ်တကူအသုံးပြုနိုင်ရန် မိုဘိုင်းဖုန်းဆင်းကဒ်များကို အလွန်သက်သာသောနှုန်းထားဖြင်. တစ်ခုလျှင် (၁၅၀၀ ) ကျပ် ဖြင်.ရောင်းချပေးသောအခါ အတိတ်ကိုသတိရမိလေသည် ။ အတိတ်ဆိုသည်ကား သိပ်ကြာသေးသည်တော.မဟုတ်ပါ ။လွန်ခဲ.သော (၁၁) နှစ်ကျော် ကအဖြစ်အပျက်များဖြစ်ပါသည် ။

ကျွန်တော်သည် ဧည်.လမ်းညွှန်ဘ၀ဖြင်. လုပ်သက် ကြာလာသော်လည်း ၂၀၀၃ ခုနှစ်အထိ ကိုယ်ပိုင်ဖုန်းမရှိပါ ။ ကျွန်တော်တို.အလုပ်မှာ ကုမ္မဏီတစ်ခု၏ အမြဲတန်းဝန်ထမ်းမဟုတ်ပဲ အလုပ်ရှိပါမှ ခရီးသွားကုမ္မဏီများက ဖုန်းဆက်ပြီး ဧည်.လမ်းညွှန်ကြိုတင် ငှားရမ်းကြခြင်းဖြစ်သဖြင်. သူတို.ဖုန်းဆက်ချိန်တွင် ကိုယ်နှင်.ဆိုက်ဆိုက်မြိုက်မြိုက်တွေ.ဖို.အရေးကြီးလေသည် ။ ဖုန်းလာမှ အလုပ်ရသောခေတ်ဖြစ်သဖြင်. တယ်လီဖုန်းအဆက်အသွယ်မှာအလွန်အရေးကြီးလေသည် ။ မြန်မာ.ခရီးသွားလုပ်ငန်းကလည်း ယခုလို ကောင်းမွန်သောအဆင်.မှာမရှိပဲ ဖုတ်လှိုက်ဖုတ်လှိုက်ဖြင်.အသက်ငင်နေသောကာလဖြစ် သဖြင်. ဂိုဒ်တစ်ယောက်ကိုဖုန်းဆက်၍ မရလျင် ယခုခေတ်လို ဇွဲကောင်းကောင်းဖြင်.ဆက်သွယ်မနေကြပဲ အဆင်ပြေမည်. (ဖုန်းခေါ်၍ ရမည်. ) နောက်ထပ်ဂိုဒ်တစ်ယောက်ကို ပြောင်း၍ဆက်သွယ်တတ်ကြပါသည် ။ ထို.ကြောင်.ကိုယ်.ကိုဆက်သွယ်၍ ရမည်.ဖုန်းနံပါတ်တစ်ခု ပေးထားနိုင်ရေးသည် ဧည်.လမ်းညွှန်တစ်ယောက်အတွက် ဗဟုသုတတို. ၊ဘာသာစကားကျွမ်းကျင်မှုတို.ထက်အရေးကြီးနေသောကာလလည်းဖြစ်သည် ။ ထို.ကြောင်.ကျွန်တော်သည် ကိုယ်ပိုင် ဖုန်းမရှိသဖြင်. အိမ်နီးနားချင်းတစ်အိမ်၏ဖုန်းနံပါတ်ကို ခရီးသွားကုမ္မဏီများအား၊ ပေးထားရပါသည် ။

ထိုအိမ်နီးချင်းမှာ သဘောကောင်းပါသည် ။ ဖုန်းလာတိုင်းကျွန်တော်.ကိုခေါ်ပေးပါသည် ။ သို.သော်အခက်အခဲတစ်ခုရှိရပုံမှာ သူ.အိမ်နှင်.ကျွန်တော်.အိမ်သည် (၁၂)လမ်းနှင်. (၁၃)လမ်း တွင် တည်ရှိပြီး အိမ်နောက်ဖေးချင်းဆက်လျက်ဖြစ်သည် ။ ဖုန်းလာလျင် သူတို.အိမ်သားတစ်ယောက်က “ ကိုညီညီ ဖုန်းလာတယ် “ ဟု အော်လိုက်ပါက နောက်ဖေးချင်း ကပ်လျက်ဖြစ်၍ ကျွန်တော်တို.အိမ်သားများကြားကာ “ လာပါပြီ “ ဟုပြန်အော်လိုက်ရသည်မှာလွယ်ပါသည် ။ သို.သော် တကယ်တမ်း ဖုန်းအိမ်သို.သွားသောအခါ နောက်ဖေးချင်းကူးသွား၍ မရသဖြင်. (၁၂)လမ်းမှ (၁၃) လမ်းရောက်အောင် အိမ်ရှေ. မှလမ်းတစ်ပါတ်ကြီးသွားရပါသည် ။ တစ်ခါတလေ စက်ဘီးဖြင်.သွားရသည် ။တစ်ခါတလေ ခြေလျင် ပြေးသွားရပါသည် ။ ထိုဒုက္ခ ကို ဂိုဒ်စဖြစ်သော ၁၉၉၅ မှ GSM ဖုန်းဝယ်လိုက်သော ၂၀၀၃ ခုနှစ်အထိ (၈နှစ်ခန်. ) ဒဏ်ခံခဲ.ရပါသည် ။

၂၀၀၂ တွင် မြောက်ဦး၌် နိုင်ငံခြားသားနှင်. Tour ခရီးသွားရာ လေးမြို.မြစ်ထဲတွင်စက်လှေပျက်နေသော်လည်း ဟန်းဖုန်းမရှိသဖြင်. ကူမည်. ကယ်မည်.သူကို မဆက်သွယ်နိုင်ခဲ.ပါ ။ ထိုခရီးမှပြန်လာသောအခါ ဖုန်းတစ်လုံးတော.မဖြစ်မနေ၀ယ်တော.မည်ဟု ဆုံးဖြတ်ကာဖုန်းဝယ်ဖို. စီစဉ်ပါသည် ။ ထိုစဉ်က GSM မိုဘိုင်းဖုန်း ဆင်းကတ်တစ်ခု၏တန်ဖိုးမှာ သိန်းသုံးဆယ်ခန်. ရှိပါသည် ။ တစ်နေ.လျင် လုပ်အားခ ဒေါ်လာ (၂၀) သာရသောဧည်.လမ်းညွှန်တစ်ယောက်အတွက် တယ်လီဖုန်းတစ်လုံး၏တန်ကြေးမှာ ရက်ပေါင်း ၁၅၀ တိတိ ( ၅ လတိတိ ) လုပ်ခလစာဖြစ်သည် ။ ထိုစဉ်ကအနေအထားအရ ခရီးသွားရာသီတစ်ခုလျင် ရက်(၅၀)လောက် လိုက်ရဖို.ကိုပဲ Freelance ဧည်.လမ်းညွှန်များမှာ ကုတ်ကုတ်ကပ်ကပ် ကြိုးစားနေရရာ ( ၅ ) လဆက်တိုက် ခရီးသွားပါမှ ရမည်.ပိုက်ဆံနှင်. (ဒါတောင် ရသောငွေကို ထမင်းမစား ၊ မသုံးမစွဲပဲ စုပါမှ ) တန်ကြေးညီမျှသည်ဆိုတော.ဘယ်လောက် ခက်လိုက်မလဲ စဉ်းစားကြည်.စေချင်ပါသည် ။ တိုင်းပြည်၏အညွန်.အဖူးများ ၊ ပညာတတ် ဧည်.လမ်းညွှန်များ၏ နဖူးကချွေး ခြေမ ကျသော သမာအာဇီဝ လုပ်အားခငွေများမှာ ဘာမှမသုံးလိုက်ရပဲ တယ်လီဖုန်းတစ်လုံးအတွက်ဤနည်းဖြင်. ချွတ်ခြုံကျသွား သောနိုင်ငံမှ မဆင်းရဲလျင် ဘယ်နိုင်ငံသည် ဆင်းရဲဦးမည်နည်း ။

တိုတိုပြောရလျင် ၀၉ ၅၁၄ ….. ဖြင်.စသော GSM မိုဘိုင်း Sim ကဒ်ကလေး တစ်ခုကို ကျွန်တော် သုံးနှစ်ခန်. မစားရက်မသောက်ရက်ခြစ်ကုတ်စုဆောင်းထားသောငွေလေးဖြင်. မှောင်ခိုထံမှ ၂၉ သိန်းတိတိပေးပြီးဝယ်လိုက်ပါသည် ။ဟန်းဆက်ဖိုးပါပေါင်းလျင် ကုန်ကျငွေမှာ သိန်း(၃၀)ဖြစ်သည် ။ ။ထိုစဉ်က နိုင်ငံတော်မှတရားဝင်ရောင်းချသောဈေးမှာ (၁၅)သိန်းဖြစ်သည် ။ သို.သော် အပြင်လူများဖုန်းတစ်လုံးဝယ်ခွင်.ရဖို.ဆိုတာ လူ.ပြည်မှ အပ်တစ်စင်းနှင်. ဗြဟ္မာ.ပြည်ကအပ်တစ်စင်း တိုက်မိဖို. မလွယ်သည်ထက် ပို၍ မလွယ်ကူပါ။မှောင်ခိုထံက၀ယ်ရပါသည် ။မှောင်ခိုရောင်းသူမှာ မြန်မာ.ဆက်သွယ်ရေး ၀န်ထမ်းများနှင်. နီးစပ်သော အတွင်းလူတစ်ယောက်ဖြစ်သည် ။ ကျွန်တော်တို.အတွက်ခက်ခဲလွန်းသောဖုန်းသည် သူတို.အတွက်လွယ်ကူလွန်းနေပုံမှာ ဖုန်းနံပါတ်များစွာကိုတန်းစီရေးထားသောစာရွက် တစ်ခုကိုထုတ်ပြကာ ဘယ်နံပါတ်ကြိုက်သလဲဟု ကျွန်တော်.ကိုရွေးခိုင်းပါသည် ။ သူ. ခရီးဆောင် လက်ဆွဲအိတ်ထဲတွင်လည်း Sim ကဒ် များစွာပါလာပါသည် ။ ထိုစဉ်ကခရိုနီဟူသောဝေါဟာရခေတ်မစားသေးပါ ။ ပင်ပန်းကြီးစွာ နေပူမရှောင် မိုးရွာမရှောင် ဧည်.လမ်းညွှန်အလုပ်ဖြင်. ရှာထားသော ငွေ (၂၉) သိန်းကို ထိုလူအားပေးလိုက်သောအခါ ကျွန်တော်.အား လက်မ လက်သည်းခွံလောက် အရွယ်ရှိမည်. ကတ်ကလေးတစ်ခုပြန်ပေးပါသည် ။ ၂၉ သိန်းတန်သော လက်မအရွယ်လောက် ကဒ်ပိစိလေးကိုကျွန်တော်တို.လင်မယားတအံ.တသြ ကြည်.ကြရပါသည် ။ ဤနည်းဖြင်.ဖုန်းတစ်လုံး ကျွန်တော်.လက်ထဲသို.ရောက်လာပါသည် ။

ရုပ်ရှင်တွေထဲကလို သုံးနှစ်ကြာပြီးနောက်ဟု ဆိုရမည်. ၂၀၀၆ ခုနှစ် သြဂုတ်လတွင် ကျွန်တော် နိုင်ငံခြားသို. အလည်သွား ပါသည် ။ အလည်ဆိုသော်လည်း ခင်မင်ရင်းနှီးသော တိုးရစ်မိတ်ဆွေများက ခေါ်သဖြင်. သွားခဲ.ခြင်းဖြစ်ပါသည် ။ ထိုသို.သွားရင်း စကော.တလန်နိုင်ငံ အီဒင်ဘရာ မြို.သို.ရောက်နေဆဲတစ်နေ.၀ယ် ကျွန်တော်.မိန်းမရှိရာ ရန်ကုန်မြို.သို. အီဒင်ဘရာမှ လမ်းဘေးဖုန်းဖြင်. လှမ်းခေါ်လိုက်စဉ် ကျွန်တော်.အမျိုးသမီးက ၀မ်းသာအားရဖြင်.

“ အတော်ပဲ ကျွန်မလဲ ရှင်.ဆီအခုပဲ အီးမေးလ် ပို.ပြီးအကြောင်းကြားတော.မလို.ပဲ ၊ ရှင် တင်ထားတဲ. ဖုန်းလျောက်လွှာက မဲပေါက်တယ်သိလား ။ မနေ.ကပဲဆက်သွယ်ရေးက၀န်ထမ်းတစ်ယောက် လာအကြောင်းကြားတယ် ။ အဲဒါပိုက်ဆံ ဆယ်သိန်းသွင်းရမယ် ။ ပြန်ရောင်းရင် (၁၂)သိန်းလောက်မြတ်မယ်ပြောတယ် ၊ ဒါပေမယ်. သူတို.က လူကိုယ်တိုင်မလာနိုင်ရင် မှတ်ပုံတင်မူရင်းရယ် ၊ အိမ်ထောင်စုစာရင်းရယ် ပြရမယ်ပြောနေတယ် ။ အဲဒါတွေ ခုနစ်ရက်အတွင်း မပြနိုင်ရင် အဆုံးတဲ. ထုတ်မပေးတော.ဘူးတဲ. ။ ကျွန်မလဲရှာတာနှံ.နေပြီ ။ ရှင်.မှတ်ပုံတင် ရှာမတွေ.ဘူး ..အဲဒါရှင်.ဆီမှာ ရှိရင်အမြန်ပို.ပေးပါ “

မိန်းမဖြစ်သူဖုန်းချသွားသောအခါမှ ကျွန်တော် တစ်ယောက်တည်းစဉ်းစားခန်းဝင်ရသည် ။ ထိုစဉ်ကရန်ကုန်မြို.တွင် စာအိတ်ကလေးတွေဖြင်. ဖုန်းလျှောက်လွှာတွေရမယ် ဟု လမ်းဘေးတွင် တစ်စောင်တစ်ရာဖြင်. လျှောက်လွှာများပလူပျံအောင်ရောင်းကြရာ ကျွန်တော်လည်းအများတကာလို ပေါက်လိုပေါက်ငြား ကံစွပ်ကံညားသဘောဖြင်. သုံး ၊လေး ကြိမ် စာတိုက်မှတဆင်.ပေးပို.လျှောက်ထားခဲ.ပါသည် ။ လျှောက်လွှာတင်ထားတာလဲတစ်နှစ်လောက်ရှိသဖြင်.မေ.တေ.တေ.ပင်ဖြစ်နေပါပြီ။တင်ထားတာကြာသဖြင်.မပေါက်တော.ဘူးဟုထင်ရာမှ ယခုအခါ ဘယ်လျှောက်လွှာ ကဘယ်လိုထပေါက်မှန်းပင်မသိတော.ပါ ။ ကာယကံရှင်မရှိပါဘူးနိုင်ငံခြားသွားပါသည် ဆိုကာမှ မှတ်ပုံတင် ၊သန်းခေါင်စာရင်းဖြင်. ခုနစ်ရက်အတွင်းလာမထုတ်လျင် အဆုံးဆိုသည်မှာလည်း နားလည်ရခက်လှသည် ။ လာမထုတ်နိုင်လျင် သူတို.ပဲကြားကဖြတ်၍ယူချင်လို. ပဲဝန်ထမ်းတွေကအကွက်ထွင်သလား ၊ မြန်မာ.ဆက်သွယ်ရေး၏မူဝါဒလားမသိတော.ပေ။

ဤနေရာ၌ ကျွန်တော်ကလည်း ကျွန်တော်ပါပေ ။ နိုင်ငံခြားသို.သွားပါသည်ဆိုကာမှ မှတ်ပုံတင်ဆိုတာကြီးကို ကိုယ်နှင်.မကွာယူဆောင်သွားမိသည် ။ ကျွန်တော်.အတွေးက မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ်သည် မြန်မာအချင်းချင်း အလွန် အရစ်ရှည်ကာ စစ်လားဆေးလား ပြသနာလုပ်လေ.ရှိသည်ဟုကြားဖူးသဖြင်. ပြန်လာသောအခါ အထောက်အထား ပြည်.စုံစေရန် (မှတ်ပုံတင်တောင်းကပြနိုင်စေရန် ) ကိုယ်နှင်.မကွာ ယူသွားမိခြင်းဖြစ်သည် ။ လူတို.တွင် အကျင်.ဗီဇဟူသည် ဖျောက်နိုင်ခဲလှ၏။ ကျွန်တော်.မိတ်ဆွေ ရှေးဟောင်းသုတေသနအရာရှိတစ်ယောက် ဂျပန်သို.လေ.လာရေးသွားသောအခါ ဂျပန်ရောက်၍ ခရီးဆောင်သေတ္တာ ကိုဖွင်.လိုက်သောအခါ သုံးတောင်.ထိုး ဓါတ်မီးကြီးတစ်လက် ထွက်လာသည်ဆို၏ ။ အားလုံးက ဘာလို. ဒါကြီးယူလာသလဲဟုမေးသောအခါ သူဖြေသော စကားမှာ မီးပျက်ရင်ထွန်းရအောင် လိုရမယ်ရယူလာတာပါဟူသတည်း ။ယခုကျွန်တော်လည်းဤသို.ပင်ဖြစ်နေပါသည် ။စကော.တလန်သို. နိုင်ငံသားစိစစ်ရေးကဒ်ပြား ယူလာမိကာမှ ရန်ကုန်တွင် တယ်လီဖုန်း လျှောက်လွှာကမဲပေါက်နေခြေပြီ ။

ထိုကိစ္စ ကို ကျွန်တော် သိပ်ကြာကြာမစဉ်းစားလိုက်ရပါ ။ မြန်မာပြည်သို. ကျွန်တော်ကိုယ်တိုင် (သို.မဟုတ် ) မှတ်ပုံတင်ကတ်ပြား သုံးလေးရက် အတွင်းပြန်ရောက်မှဖြစ်မည် ။ ကျွန်တော်. နိုင်ငံခြားခရီးစဉ်သည် မပြီးဆုံးသေး ။ ဆွဇ်ဇာလန်သို.ဆက်သွားစရာရှိသေးသဖြင်. ချက်ခြင်းမြန်မာပြည်ပြန်လာဖို. မဖြစ်နိုင် ။ မှတ်ပုံတင်ကိုအချိန်မီ ပြန်မပို.နိုင်ပါက ပေါက်ထားသောဖုန်းကဆုံးဦးမည် ။ မှတ်ပုံတင်ကို အချိန်မီပို.ပေးနိုင်ပါက ဖုန်း စလစ်ကိုပြန်ရောင်းလျင် (၁၀ )သိန်း ကျော် (၁၁) သိန်းခန်. အမြတ်ထွက်ပေလိမ်.မည် ။
ထို.ကြောင်.ကျွန်တော်သည် စကော.တလန်နိုင်ငံ အီဒင်ဘရာမှ ၊ရန်ကုန်မြို. မြောက်ဥက္ကလာနေအိမ်သို. နှစ်ရက် ၊သုံးရက်အတွင်း မရောက်ရောက်အောင် မှတ်ပုံတင်ကဒ်ပြားကိုအမြန်ချောပို.ဖြင်.ု ပို.ပေတော.အံ.. ဟု ဆုံးဖြတ်လိုက်ပါသည် ။ ကျွန်တော်. အဖြစ်ကို အင်္ဂလိပ်များ ၊ စကော.တစ်ရှ် လူမျိုးများကိုပြောပြတော.တစ်ယောက်မှနားမလည်ပါ ။ တယ်လီဖုန်းမဲပေါက်သည် ဆိုတာကို နားမလည် ။ ဘယ်လိုမှရှင်းပြလို.မရ ။တယ်လီဖုန်းနဲ. မဲနဲ.ဘာဆိုင်လို.လဲဟုပြောကြသည် ။တယ်လီ ဖုန်းလက်ခံယူဖို. နိုင်ငံသားစိစစ်ရေးကဒ်ပြားပြရမည်ဆိုတော.ပိုပြီးနားမလည် နိုင် ။ ထိုကဒ်ပြားမပြနိုင်က နောက် ငါးရက်ခန်.အတွင်းပေါက်မဲလက်မှတ်ဆုံးမည် ဆိုတော. အိုးမိုင်ဂေါ.ဒ် ဟုအော်ကြသည် ။ ကတ်ပြားလေးတစ်ခုကို ပို.ခ စတာလင်ပေါင် ၁၀၀(ဒေါ်လာ ၁၅၀ ) ခန်.ကျသင်.မည်ဖြစ်ရာ ဘာ.ကြောင်.ငွေဖြုန်းချင်သနည်းဟု ၀ိုင်းမေးကြသည် ။ရှင်းလေရှုပ်လေဖြစ်နေကြရာ ကျွန်တော်ကနောက်ဆုံး၌

“ ခင်ဗျားတို.နားလည်အောင် ပြောရရင် ဒီ ကဒ်ပြား မြန်မာပြည်ကို သုံးလေးရက်အတွင်းရောက်သွားရင် ကျွန်တော်.မိန်းမ ဒေါ်လာ တစ်ထောင်လောက်ရ မယ် ။ မပို.နိုင်ရင် အဲဒိပိုက်ဆံမရတော.ဘူး “ ဆိုကာမှ ဒါဆို ပို.ရမှာပေါ. ၊ ဒီလိုလား ဟုဖြစ်ကုန်ကြသည် ။ အလွန်ပွေလီရှုပ်ထွေးသော မြန်မာပြည်မှ တယ်လီဖုန်းစနစ် (ကြိုးနီစနစ်) ဖြစ်ပေသည် ။

ထို.ကြောင်. ကျွန်တော်.မိတ်ဆွေ စကော.လူမျိုး သည် လမ်းညွှန်စာအုပ်ကြီးကို ရှာဖွေလှန်လှောကာ အနီးဆုံး DHL အမြန်ချောပို.ရုံးလိပ်စာကိုရှာဖွေပါသည် ။၎င်းနောက် သူကိုယ်တိုင် ကမ္ဘာကျော် DHL အမြန်ချောပို. ရုံးခန်းသို. ကားမောင်းကာကျွန်တော်.ကိုလိုက်ပို.ပါသည် ။ ချောပို.ကုမ္မဏီက သူတို.မြို.မှ မြန်မာပြည်သို. ပို.ဖူးသူတစ်ယောက်မှ မရှိသဖြင်. မြန်မာ ဆိုသော နာမည်ကို စာရင်းစာအုပ်ထဲတွင် ပြန် ရှာကြည်.နေပြီး နောက်ဆုံးမှ “ ရတယ်ရတယ် ပို.လို.ရတယ် ..ပို.ခ ပေါင် ၁၀၀ (ဒေါ်လာ၁၅၀ ခန်.)ကျတယ် ၊ ဒီမှာငွေသွင်းပါ”ဟုပြောသဖြင်. ကျွန်တော်လည်း ၀မ်းသာအားရ မြန်မာငွေ တစ်သိန်းခွဲကျော်ခန်.ကို သွင်းရလေသည် ။

ထို.နောက်ကုမ္မဏီမှ ကျွန်တော်. ကို ဖြတ်ပိုင်းစာရွက်လေးတစ်ရွက်ပေးလိုက်သည် ။ ထိုဖြတ်ပိုင်းစာရွက်တွင် DH 81137560 E ဟုပါ ရာ အင်တာနက်တွင် www.dhl.com ဟု ရိုက်ပြီး မိမိ ဘောက်ချာ နံပါတ်ကိုရိုက်လိုက်ပါက ကျွန်တော်ပို.လိုက်သော ချောစာထုတ် ၏နောက်ဆုံးအခြေအနေအသေးစိတ်ကို သိနိုင်ပါသည် ဟုပြောပါသည် ။ ကျွန်တော်လည်းမယုံတစ်ဝက် ယုံတစ်ဝက်ဖြင်. ထိုနေ.ညနေက သူတို.ပြောသည်.အတိုင်း အင်တာနက်တွင် ပုံစံဖြည်.လိုက်ရာ ကျွန်တော်နှင်.ဆိုင်သောစာမျက်နှာပေါ်လာပြီး
ညနေ ၅ နာရီတွင် အီဒင်ဘရာလေဆိပ်သို. ပို.
ည ၇:၅၀ ထွက်သောလေယာဉ်ဖြင်. ဂျာမဏီနိုင်ငံသို.ထွက်ခွာ …ဟုရေးထားတာတွေ.ရပါသည် ။
မြန်မာပြည်ကိုပို.လိုက်တာ ဘယ်လိုဖြစ်ပြီးဂျာမဏီရောက်သွားပါလိမ်း.ဟုတွေးမိသော်လည်း စိတ်တထင်.ထင်.ဖြင်.အိပ်လိုက်ပါသည် ။နောက်နေ.နံနက်အိပ်ယာမှနိုးနိုးခြင်း အင်တာနက်ကိုဖွင်.ကြည်.ရာ

ည ၁၁ နာရီ ဂျာမဏီနိုင်ငံ ဖရန်.ဖွတ်လေဆိပ်သို.ရောက်
ည ၁၁း၅၀ တွင် ဖရန်.ဖွတ်မှ ဘန်ကောက်သို.ထွက်ခွာ …ဟုရေးထားသဖြင်. ငါ.မှတ်ပုံတင်လေး ဘန်ကောက်ကိုတော.သွားနေပါပေါ. ။ငါကိုယ်တိုင် ဂျာမဏီမရောက်ဖူးပေမယ်. မှတ်ပုံတင်ကတော.ငါ.ထက်သာသွားပေပြီဟု ၀မ်းသာရပေသည် ။ တကယ်သွားမသွားကားမသိချေ ။ DHL မှ ဖြီးဖျန်းနေတာလည်းဖြစ်နိုင်ပေသည် ဟု မြန်မာပီပီ မယုံသင်္ကာလည်းဖြစ်မိသေးသည် ။ ထိုနေ.တစ်နေ.လုံး အီဒင်ဘရာတွင် သွားလာလည်ပါတ်၍ အချိန်ဖြုန်းနေပြီး ညနေဘက် တစ်ခါ အင်တာနက်ခေါက်ကြည်.သောအခါ ။
ထိုင်းလေကြောင်းဖြင်. ဘန်ကောက် မှ ရန်ကုန်သို.ထွက်ခွာ ဟုရေးထားပါသည်
ကျွန်တော်သည်အင်တာနက်ကိုတောက်လျှောက်ဖွင်.ထားရာ နောက်တစ်နာရီကျော်ကျော်အကြာတွင်
ည ရ:၅၀ ရန်ကုန်လေဆိပ်သို.ရောက်ရှိ ဟုစာတစ်ကြောင်းထပ်တက်လာပါသည် ။
မြန်မာစံတော်ချိန်ည ၈:၃၀ ခန်.တွင်
လိပ်စာရှင်လက်ဝယ်သို. အောင်မြင်စွာ ပို.ဆောင်ပြီးဟူသော စာပေါ်လာပါသည် ။ စကော.တလန်မှစတင်ပို.ဆောင်ပြီး ၂၄ နာရီအတွင်းမှာပင် မြောက်ဥက္ကလာသို. ပို.ဆောင်ပေးနိုင်သည်.သဘောဖြစ်ပေသည် ။ ကျွန်တော်သည် ဟုတ်မှဟုတ်ရဲ.လား ဟုမယုံသဖြင်. မိန်းမရှိရာ မြောက်ဥက္ကလာ သို.ဖုန်းဆက်ကြည်.ရာ

“ ဟုတ်တယ် အခုလေးတင် DHL က ကားနဲ.ရောက်လာပြီး စာအိတ်ကိုလက်မှတ်ထိုး ယူလိုက်ရတယ် ၊ ရှင်.မှတ်ပုံတင် ရပြီ “ ဟူသောသတင်းကောင်းကိုကြားရပါသည် ။
အော် ကမ္ဘာ.အဆင်.၀န်ဆောင်မှုနှင်. မြန်မာ.အဆင်.၀န်ဆောင်မှုတို.ကို အတူတကွ ကွဲကွဲပြားပြားတွေ.ရှိရသောအဖြစ်ပါတကား ။

သရ၀ဏ် (ပြည်)

No comments:

Post a Comment