ပြည်ခရိုင်
၂၀၁၄ ခုနှစ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ အခြေခံ ပညာအဆင့်
ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲကျင်းပ
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ အမှတ် (၁) အခြေခံ ပညာအထက်
တန်းကျောင်း၊ သုံးထပ် ဆောင်၌ သြဂုတ် ၁၇ရက်၊ နံနက် (၉)နာရီအချိန်တွင်
၂၀၁၄ ခုနှစ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် အခြေခံပညာ
အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲအား ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲ၌ နံနက်ပိုင်း ၀၉း၀၀ မှ ၁၁း၀၀ အချိန်ထိ စာစီစာကုံး၊ ကာတွ
န်းပြိုင်ပွဲ၊ ၁၂း၀၀ အချိန် ထိ ပန်းချီပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ပြီး ၄င်းနေ့
နေ့လည်(၁) နာရီမှ (၃) နာရီအထိ ကဗျာပြိုင်ပွဲ၊ (၄)နာရီ အထိ ပိုစတာပြိုင်
ပွဲတို့ကို ဆက်လက်ကျင်းပပြု လုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ခရိုင် အုပ်ချု
ပ်ရေးမှူး ဦးတင်မောင်ဝင်း၊ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်သက်နို
င်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ပြည်မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဦး၊
အမှတ် (၃)လူကုန်မှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု(ပဲခူး)မှ ဒုရဲမှူး မျိုးသိန်းနှင့် ပြည်ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊
ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊စုစုပေါင်း(၆၀၀)
ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြည်ခရိုင် အတွင်းရှိ အခြေခံပညာ မူလတန်း
/ အလယ်တန်း/ အထက်တန်း ကျောင်းသား/ သူ စုစုပေါင်း (၃၄၂)ဦး ပါဝ
င်ယှဉ်ပြိုင်ခဲ့ ကြပါသည်။ ပြိုင်ပွဲအမျိုးအစားအလိုက် ပြည်ခရိုင်အ ဆင့်ပထမ
၊ ဒုတိယ ၊ တတိယ ၊ ဆုရရှိသူများအား ၂၀၁၄ ခုနှစ်၊ သြဂုတ်လ အတွင်းကျေ
ရာက်မည့် လူကုန်ကူးမှုတိုက်ဖျက် ရေးနေ့၌ အခမ်းမနားဖြင့် ဆုချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
သတင်း ပြည့်သဲမောင်(ပြည်)
ဓါတ်ပုံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

No comments:
Post a Comment