ပြည်တက္ကသိုလ်တွင် ယာဉ်စည်းကမ်း ၊ လမ်းစည်း ကမ်း ၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်တက္ကသိုလ်စုစည်းခန်းမတွင် ယာဉ်စည်းကမ်း ၊
လမ်းစည်း ကမ်း ၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြောပွဲအား သြဂုတ်လ ၁၃ ရက်နေ့
နံနက် ၉ နာရီမှ ၁၁ နာရီ ၅၀ မိနစ်အချိန်ထိ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ
သက်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်မြို့နယ်ရဲတပ်ဖွဲ့
မှူးရဲမှူးမြင့်ဦးမှမှုခင်းကျဆင်းရေးဆိုင်ရာများကို လည်းကောင်း၊
ပြည်ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ ဥက္ကဌ ဦးခင်မောင်ဝင်း၊
အတွင်းရေးမှူး ဦးရဲထွဋ် မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်ေ
သာ ဆေးဝါးများဆိုင်ရာ ဥပဒေ၏ထူးခြားချက်များကိုလည်း ကောင်း၊ နှင့်
ဒေါက်တာ ကျော်ဝင်း စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးနှင့် ပတ်သက် ပြီးကျန်းမာရေးဆိုင်ရာများ ကိုလည်းကောင်း၊အမှတ် (၃) လူကုန်
ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ပဲခူး) ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး မျိုးသိန်းမှ
လူကုန်ကူးမှုနှင့် လူမှောင်ခိုဆိုင်ရာ သိကောင်းစရာများ ကိုလည်းကောင်း၊
အမှတ် (၁၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ပြည်)၊ တပ်ဖွဲ့စုမှူး ဒုရဲမှူး ၀င်းနိုင်ဦးမှ
ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာများ ကိုလည်းကောင်း၊ အမှတ် (၃၇)
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ဒုရဲမှူး ရွှေသာထွန်းမှ မူးယ
စ်ဆေးဝါး အန္တရာယ်နှင့်တားဆီးကာကွယ်ရေးဆိုင်ရာများအားလည်းကောင်း
ဟောပြော ခဲ့ကြသည်။
အခမ်းအနားသို့ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်ထွန်းအောင်နှ
င့် ဆရာ/ ဆရာမများ၊ပြည်ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းမှဥက္ကဠ
ဦးခင်မောင်ဝင်းနှင့်ပြည်ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေး အဖွဲ့ဝင်များ၊ မြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဦးနှင့် ရဲတပ်ဖွဲ့ ၀င်များ၊ ပြည်တက္ကသိုလ်မှ ကျောင်းသား/
သူများ တက်ရောက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ စောင်ဖြန့်ဝေ
ပေးခဲ့ကြောင်း သိရသည်။
သတင်း ပြည့်သဲမောင်(ပြည်)
ဓါတ်ပုံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့
No comments:
Post a Comment