Wednesday, July 16, 2014

သဲကုန်းသပိတ်စခန်းမှ လယ်သိမ်းခံတောင်သူများ ခရိုင်မြို့ပေါ်ထိလာရောက် ဆန္ဒဖော်ထုတ် ......သီဟလွင် ပြည် (မြစ်မခ)

သဲကုန်းသပိတ်စခန်းမှ လယ်သိမ်းခံတောင်သူများ ခရိုင်မြို့ပေါ်ထိလာရောက် ဆန္ဒဖော်ထုတ်
*******************************************************************************************

သီဟလွင် ပြည် (မြစ်မခ)

 သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာတွင် စစ်တပ်နှင့်လယ်ယာ လက်က္ကား သမ၀ါယမအသင်းတို့မှ သိမ်းဆည်းထားသော လယ်ယာမြေ ဧက နှစ်ထောင်ကျော် ပြန်လည်ရရှိလိုမှုနှင့်ပတ်သက်၍ သိမ်းဆည်းခံလယ်ယာမား(၁၀)ဦးခန့်က ခရိုင်မြို့ဖြစ်သော ပြည်မြို့ပေါ်ထိလာရောက် ဆန္ဒပြတောင်းဆိုမှုမျာပြုလုပ်ခဲ့သည်။ “ကိုယ့်လယ်ကိုယ်ပြန်ရဖို့ကြိုးစားကြရင်း ကျမတို့လယ်သမားတွေဖမ်းခံနေရတယ် စားဝတ်နေရေးတွေလည်းမပြေလည်ဘူး ကိုယ့်လယ်ကိုယ်ဆင်းထွန်တော့ တရားစွဲဆိုခံရတယ် အာဏာပိုင်တွေက ကျမတို့လယ်သမားတွေဘက်မှာမရှိဘူး အဲဒါကြောင့် အခုလိုမြို့ပေါ်ထိတက်ပြီးဆန္ဒပြရတာပါ”ဟု လယ်သိမ်းခံတောင်သူ မသိန်းဌေးကပြောသည်။ အဆိုပါဆန္ဒပြသူများအား ပြည်မြို့မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အကြောင်းကြားစာမပို့ပဲမပြုလုပ်ရန်နှင့် တရားဥပဒေနှင့်အညီပြုလုပ်ရန် လာရောက် ရှင်းပြညှိနှိုင်းမှုများပြုလုပ်ခဲ့သောကြောင့် လယ်သမားများမှဆန္ဒပြမှုကိုရပ်နားခဲ့သည်။ “သူတို့ကို တရားဥပဒေအတိုင်း အကြောင်းစာပို့ပြီးမှ ပြုလုပ်ဖို့သွားရောက်ညှိုနှိုင်းတော့ လယ်သမားတွေက ဆန္ဒပြတာကို ရပ်ပေးပါတယ် ဒီကိစ္စကို အားလုံးအေးအေးချမ်းချမ်းပြီးဆုံးသွားပါတယ်”ဟု ပြည်မြို့ မြို့မရဲစခန်းမှုး ဦးမျိုးမြင့်ကပြောသည်။ သိမ်းဆည်းထားသော လယ်ယာမြေ ဧက တစ်ထောင်ကျော် ပြန်လည်ရရှိလိုသောကြောင့် ဖေဖော်ဝါရီ (၁၁)ရက်မှစတင်ကာ သဲကုန်းမြို့ပေါ်၌ အမြဲတမ်း သပိတ်စခန်း ဖွင့်၍ တောင်းဆိုခဲ့သော်လည်း လေးရက်မြောက်နေ့၌ သက်ဆိုင်ရာအာဏာပိုင်တို့မှ အင်အားသုံး ဖြိုခွင်းခြင်းခံခဲ့ကြရာ အောင်ကုန်းကျေးရွာ၌ ယာယီသပိတ်စခန်းကို ထပ်မံ ဖွင့်လှစ်ခဲ့ ကြောင်း သိရှိရသည်။ အောင်ကုန်းကျေးရွာ၌ ယာယီသပိတ်စခန်းဖွင့်လှစ်ကာ လယ်ယာမြေပြန်လည်ရရှိရေးအတွက် နေ့စဉ်တောင်းဆိုလျက်ရှိသော်လည်း ဦးဆောင်တောင်းဆိုသူ(၉)ဦးခန့်ကို ပုဒ်မ(၁၈) ၊ ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်အရေးယူခံထားရပြီး တချို့မှာ အထိန်းသိမ်းခံထားရသည်။



No comments:

Post a Comment