ဒီနေ့အရေးကြီးစကားပြောပြချင်ပါတယ်
အာဇာနည်နေ့မတိုင်ခင် မြို့နယ်အုပ်ချုပ်ရေးမူးရုံးကို DVB သတင်းထောက် နှင့်အတူတူသွားခဲ့ပါတယ် သွားတဲ့အကြောင်းက အာဇာနည်နေ့မှာ ပြည်မြို့တွင် ကားများဆိုင်ကယ်များ မီးသတ်ကားများ အလုပ်ရုံများ ဥသြဆွဲခွင့်ပြုသလား....အာဇာနည်နေ့တွင် ဗိုလ်ချူပ်မြင်းစီးကျောက်ရုပ်မှာ ပန်းခွေချခွင့်ပြုသလား.....ဆိုသောမေးခွန်းများသွားရောက်မေးမြန်းခဲ့ပါတယ် ....မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်အောင်က ပြန်ဖြေပါတယ်....1.ကားများကို ဥသြဆွဲခွင့် လုံးဝခွင့်မပြုပါဘူးတဲ့ မီးသတ်ကားရော အကုန်ပဲတဲ့ ဘာကြောင့်မပြုရတာလည်းဆိုတော့ ပြည်သူတွေအထိတ်တလန့်ဖြစ်မှာဆိုးလို့တဲ့ဗျာ....နောက်တစ်ချက် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်မှာ ပန်းခွေချခွင့်မပြုဘူးတဲ့ ဘာ့ကြောင့်လည်းမေးတော့ ဗိုလ်ချုပ်ကျောက်ရုပ်ဟာ ၀မ်းနည့်းခြင်းအထိမ်းအမှတ်နေရာမဟုတ်ဘူးတဲ့ စစ်ချီတဲ့ဟန်တဲ့ ဒါ့ကြောင့်သူတို့သတ်မှတ်တဲ့ မီတာ ၃၀၀လား၄၀၀လားမသိပါဘူး မြို့သစ်ဘောလုံးကွင်းမှာ ချရမယ်တဲ့ ဗိုလ်ချုပ်ကျောက်ရုပ်မှာ ချတဲ့သူကို ဖမ်းမယ်တဲ့ဗျာ....ကဲကြည့်လည်းလုပ်ပါဦး ပြီးခဲ့တဲ့ မီးသတ်နေ့အခမ်းအနားမှာ ဗိုလ်ချုပ်ကျောက်ရုပ်နေရာမှာပဲ ဥသြဆွဲသံကို ပြည်မြို့နေသူတွေကြားပြီးဖြစ်ပါလိမ့်မယ် ဘာ့ကြောင့် မီးသတ်နေ့ကျတော့ ဥသြဆွဲခွင့်ပြုပါသလည်း ပြည်မြို့ရဲ့အစဉ်အလာ ဖြစ်အောင်ပုံသွင်းယူနေကြသလိုမဖြစ်ဘူးလား နှစ် ပေါင်းဆယ်စုနှစ်မကတော့ဘူး ပန်းခွေချခွင့်မပြုတာ အော်ဒီစာက သတင်းရေးတာမဟုတ်ဘူးနော်ကိုယ့်အတွေးနဲ့ကိုယ်ရေးတာပါ မီးသတ်ကိုလည်းမစော်ကားပါဘူး နိုင်းယှဉ်ပြတာပါ ပြောချင်တာက ပြည်မြို့အတွက် အာဇာနည်နေ့အတွက်အထင်ကရနေရာတစ်နေရာမလိုပေဘူးလား ပထမမြို့နယ်အုပ်ချူပ်ရေးမူးကတော့ ၁နှစ်စောင့်ပေးပါ ပြောသွားတယ် ခု၁နှစ်ပြည်ပါပြီ နေရာတောင်မရွေးရသေးဘူး ခုနောက်လူတစ်ယောက်ပြောင်းလာပြန်ပြီး ပြည်မြို့က ဘယ်လောက်ကောင်းကောင်း တစ်ယောက်ပြောင်းတော့လည်း ဒါပဲနှစ်ယောက်ပြောင်းတော့လည်း ဒါပဲ ဒါပေမယ့်အားပေးတာတစ်ခုရှိတယ် သူတို့ခွင့်မပြုတာဘေးထားပြည်မြို့နေမိဘပြည်သူတွေမိမိအသိစိတ်နဲ့ မိမိကားဟွန်းတီးခြင်း ဆိုင်ကယ်ဟွန်းတီးခြင်းတွေပြုလုပ်ချင်လုပ်ပါ ဗိုလ်ချုပ်ကျောက်ရုပ်မှာ ပန်းခွေချမည့်အဖွဲ့လည်းရှိတယ် လာကြည့်ကြပေါ့ ကဲအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါ ခင်ဗျားးးး
ပြည်သတင်းလူငယ်
No comments:
Post a Comment