Wednesday, July 16, 2014

ဆင်းရဲသားပပျောက်မှု အောက်ခြေကျေးရွာအထိမရောက်သေး


ဆင်းရဲသားပပျောက်မှု အောက်ခြေကျေးရွာအထိမရောက်သေး
****************************************
ပြည်။  July-16

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့နယ်အတွင်းရှိသော ပေါက်ခေါင်းမြို့   ကင်ပွန်းခြုံကျေးရွာ/အုပ်စု အတွင်းရှိ မဲခင်းကုန်း / လွန်တစ်ပတ် / နတ္တလင်း / သေမသောက် / ရေဖြူ / ဒွရွာ/ (၇)ရွာတစ်အုပ်စုအတွင်းထဲမှ
 ဒွရွာရှိဒေသခံ တောသူတောင်သားများအား စိမ်းလဲ့အောင်မြေ သမ၀ါယမလိမိတက်မှ ဆင်းရဲသားပပျောက်ရေးခေါင်းစဉ်ဖြင့် တစ်အိမ်ထောင်ကို တစ်လ (၁၀၀၀)တစ်ထောင်ကျပ်နူန်းဖြင့်ကောက်ယူကာ ချေးငွေထုတ်ပေးရန်
စာရင်းတင်ပြခိုင်းခဲ့ရာ (၁၀)လအချိန်ကြာမြင့်သည့်တိုင်အောင် ဒေသခံတောသူတောင်သားများမရရှိ ခဲ့သဖြင့် အခက်အခဲများတွေ့ကြုံနေရကြောင်း သိရသည်။

"သ.မ ကတစ်အိမ်ထောင်ကို တစ်လတစ်ထောင်နဲ့ ဆင်းရဲသားပပျောက်ရေးဆိုပြီး ရွာမှာလာကောက်တယ် လာကောက်ချိန်တုန်းက အဲဒိစကားပဲပြောတယ် ကျွန်မတို့တစ်အိမ်ကို တစ်ထောင်နူန်းနဲ့ စာရင်းတင်လိုက်ကြတယ်
ငွေအထုတ်လိုက် လည်းရွာရောက်လာရော  ကျွန်မတို့မပါဘူး လယ်သမားတွေအတွေအတွက်ပဲပါတယ် ကျန်တဲ့ လယ်ကူလီ(လယ်မပိုင်သူ / သူများလယ်/ယာမြေတွေမှာ တစ်နေ့တာ နေ့စားခဖြင့် ရုန်းကန်လှုပ်ရှားနေရသူ) တွေအတွက်
မပါဘူး လို့ စိမ်းလဲ့အောင်မြေသမ(ဒွရွာ) ဥက္ကဌ ကိုကျော်သက်ဆွေက ကျွန်မတို့ကို ပြောခဲ့ပါတယ် သူက ကျွန်မတို့ကို တစ်အိမ်ထောင်တစ်ထောင်ကောက်ယူတုန်းက အဲလိုမပြောဘူး ဆင်းရဲသားပပျောက်ရေးအတွက်ချထားပေးမှာလို့
ပြောပြီးကောက်ယူသွားတာပါ အခု(၁၀)လပြည့်ပြီ  တစ်ပြားမှမရသေးပါဘူး "  ဟု ကင်ပွန်းခြုံအုပ်စု / ဒွရွာကျေးရွာနေ ဒေါ်နိုင် မှ ပြောကြားခဲ့သည်။.....

အဆိုပါကိစ္စနှင့် ပတ်သက်ပြီးဒေသခံတစ်ဦးကလည်း အဆိုပါကောက်ယူသွားသောငွေအားပြန်မပေးပါက သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲတွေအထိ တိုင်ကြားစာပေးပို့သွားမည်ဟုယခုလိုပြောကြားခဲ့..
" ရွာထဲမှာ စပီကာနဲ့ ဆင်ရဲသားပပျောက်ရေးဆိုပြီး ခေါင်းစဉ်တပ်ကာ အစည်းအဝေးခေါ်တယ် ပြီးတော့ တစ်အိမ်ထောင် တစ်ထောင်ကောက်တယ် ပိုက်ဆံလည်းရောက်လာရော ပုံစံ(၇)ရှိတဲ့သူတွေပဲပေးမယ် ပြောတယ် ကျွန်မတို့
ပိုက်ဆံတွေပြန်မပေးတော့ဘူး ကျေးရွာအုပ်ချုပ်ရေးမှုးသွားပြောတော့လည်း နင်တို့အားတိုင်းဒါတွေပဲလာလာပြောနေတယ်ဆိုပြီး ပြောပြီး ဖြေရှင်းမပေးဘူး အစကတည်းက ပုံစံ(၇)ပါတဲ့လူတွေပဲရမယ်လို့မပြောဘူး ဒွရွာသမ ဥက္ကဌ
ကို ပိုက်ဆံပြန်တောင်းတော့လည်း  သ.မကကြက်/၀က် မွေးမြူရေးချထားတဲ့အခါကျမှ ကြက်တွေ/၀က်တွေပြန်ယူဖို့ပြောတယ် ခုထိဘာမှမရဘူး ကျွန်မတို့ပိုက်ဆံပြန်မရရင် သက်ဆိုင်ရာ အကြီးအကဲတွေကို တိုင်ကြားသွားမှာပါ
" ဟု ကင်ပွန်းခြုံအုပ်စု / ဒွရွာကျေးရွာနေ မတင်တင်လှ မှ ပြောကြားခဲ့သည်။.....

အဆိုပါ ဒွရွာကျေးရွာတွင် အိမ်ခြေပေါင်း(၁၃၀)ခန့်ရှိရာ အိမ်ထောင်စု(၇၀)ခန့်မှာ လယ်ကူလီများဖြစ်နေသဖြင့် ဖော်ပြပါချထားပေးသောချေးငွေအား ရရှိပါက (၁၀၀၀၀၀ိ/)တစ်သိန်းကျပ် ရရှိပါလျှင် ဘဏ်စုငွေ(၅၀၀၀ိ/) ငါးထောင်ကျပ် ကိုကြိုတင်နူတ်ယူ
ထားသည့်အပြင် စာရေးခချွတ်ခအနေဖြင့် သ.မ အသင်းမှ (၅၀၀ိ/) ငါးရာကျပ် နူတ်ယူခဲ့ပြိး  စုစုပေါင်း ကျန်ရရှိမည့်ငွေမှာ (၉၄၅၀၀ိ/) ကိုးသောင်းလေးထောင်ငါးရာကျပ်သာရရှိတော့မည်ဖြစ်သော်လည်း ကျေးရွာအတွင်း နားလည်မှုဖြင့် ငွေချေးယူတာထက်
စာရင် မိမိတို့အတွက် အနည်းငယ်သက်သာသဖြင့် အဆိုပါ ချေးငွေကို အားကိုးအားထားပြုသောအနေဖြင့် ချေးယူချင်ကြောင်း ဒေသခံ လယ်ကူလီ ချေးငွေမရရှိသူများကပြောကြားခဲ့သည်။ဖော်ပြပါ ကိစ္စနှင့် ပတ်သက်ပြီး ဒွရွာ စိမ်းလဲ့အောင်မြေ သမ၀ါယမ
လီမိတက် ဥက္ကဌ ကိုကျော်သက်ဆွေ အားမေးမြန်းခဲ့ရာ ယခုလိုဖြေကြားခဲ့ပါတယ်......

" သမ၀ါယမ ၀န်ကြီးဌာနက လယ်/ယာထုတ်ကုန်ခေါင်းစဉ်နဲ့ သိန်း(၁၀၀)ကျော်ချထားပေးတယ် ကျွန်တော်တို့ ဒွရွာအတွက်ပါ လယ်သမားတွေရတော့ လယ်ကူလီတွေကိုပါရစေချင်တဲ့ဆန္ဒနဲ့ အကုန်လုံးကို ကောက်ခဲ့မိတာမှန်ပါတယ် စေတနာအမှားပါ
ဒီအသင်းမှာ ဥက္ကဌဖြစ်တာလည်းမကြာသေးပါဘူး လယ်သမားတောသူတောင်သားတစ်ဦးဖြစ်လို့ ပေးထားတဲ့ခေါင်းစဉ်ကိုသေချာမသိခဲ့လို့ ရွာထဲက လယ်သမားရော လယ်ကူလီရော ကောက်ခံလိုက်တာပါ ပိုက်ဆံကျလာတော့ လယ်/ယာထုတ်ကုန်
ခေါင်းစဉ်နဲ့ကျလာပါတယ် ပုံစံ(၇)ပါမှထုတ်ပေးတာပါ အစကမပြောမိတာမှန်ပါတယ် သူတို့ကို ရက်အကန့်အသတ်အတွင်းလာထုတ်နိုင်ဖို့အတွက် စီစဉ်နေပါတယ် တချို့ကတော့လာထုတ်ပြီးသွားပါပြီ  ငွေတင်ထားတာ(၁၀)လရှိပါပြီ ကျွန်တော်ချီးတာ
ဆိုရင်တော့ လယ်ကူလီရော လယ်ပိုင်တွေကိုပါရစေချင်ပါတယ် " ဟု ပေါက်ခေါင်းမြို့ စိမ်းလဲ့အောင်မြေ သမ၀ါယမလီမိတက် ဒွရွာ သမ ဥက္ကဌ ကိုကျော်သက်ဆွေ မှ ပြောကြားခဲ့ပါတယ်။.......

သတင်း နှင့် ဓါတ်ပုံ
ပြည်သတင်းလူငယ်(ပြည်သတင်း)



No comments:

Post a Comment