ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် သွေးလှူအသင်းရုံးခန်းဖွင့်
ပြည့်သဲမောင်(ပြည်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်(၆၉)နှစ်မြောက်မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် 7days သွေး နှင့် ကလေးအထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ကုန်းသလင်းကျေးရွာအုပ်စု
မြရွာကျေးရွာတွင် ဇွန်လ၁၉ရက်က ရုံးခန်းဖွင့်ပွဲအခမ်းအနား
တစ်ခုပြုလုပ်ခဲ့သည်။
"အမေစုရဲ့ခြောက်ဆယ့်ကိုးနှစ်မြောက်မွေးနေ့ပွဲနဲ့ ရုံးခန်းဖွင့်ပွဲပေါင်းပြီးတော့ လုပ်တာပါ။ မွေးနေ့ပွဲအထိမ်းအမှတ်အနေနဲ့သင်္ဃာတော်တွေပင့်ဖိတ်ပြီးတရား
နာတယ်။ဆွမ်းကပ်တယ်" ဟု7days သွေး နှင့် ကလေးအထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ဥက္ကဌဦးစိုးနိုင်ကပြောသည်။
ထိုနေ့နံနက်(၉)နာရီခွဲအချိန်က မြရွာကျေးရွာ ကိုထွန်းထွန်းဇော် ၏ နေအိမ်
တွင် 7days သွေး နှင့် ကလေးအထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ရုံးခန်းကိုဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် သံင်္ဃာတော်ဆယ်ပါးပင့်
ဖိတ်ကာ တရားတော်များနာကြား၍ ဆွမ်းကပ်ကုသိုလ်ယူခဲ့သည်။
7days သွေး နှင့် ကလေးအထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကို ၂၀၁၂ ခုနှစ်တွင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပြည်မြို့ ဆံတော်ရပ်ကွက် ၊ ပေါင်းတမော့ကျေး
ရွာ ၊ မှော်ဇာကျေးရွာ ၊ မြရွာကျေးရွာ များနှင့် ပန်းတောင်းမြို့နယ် သဲကုန်းမြို့နယ်
တို့တွင် ရုံးခန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
ပြည်မြို့ပြည်သူ့ဆေးရုံကြီး အစိုးရဆေးရုံများ နှင့် ပုဂ္ဂလိကဆေးခန်းများအတွက် လိုအပ်သောသွေးများလှူဒါန်းခဲ့ရာ ယခုအချိန်အထိ သွေးပုလင်းပေါင်း တစ်သောင်း
ကျော် လှူဒါန်းပြီးဖြစ်သည်။
ရုံးခန်းဖွင့်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆ပြင်ဆင်ရေး အသိပေးဟောပြောခြင်း လက်ကမ်းစာဆောင်များဝေဌခြင်း နှင့်ဆန္ဒပြုလက်မှတ်ထိုးခြင်းများကို ပြုလုပ်ခဲ့ကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဦးတိုးကြီးပြောသည်။
"ဒေါ်စုရဲ့မွေးနေ့ပွဲမှာ ပြည်သူတွေသိသင့်သိထိုက်တဲ့အကြောင်းအရာ ၄၃၆ပြင်ဆင်ရေးဟောပြောပွဲကို ထည့်သွင်းဟောပြောတယ်။ ဟောပြောပွဲ ပြီးတာနဲ့ လက်မှတ်ထိုးဘို့ စာအုပ်တွေချပေးထားတယ်။ မိမိဆန္ဒနဲ့မိမိလာပြီး လက်မှတ်ထိုးလို့ရပါတယ်" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဦးတိုးကြီးကဆိုသည်။
ထိုနေ့က ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များသည် ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ
အထိမ်းအမှတ်အဖြစ် သွေး(၁၈)ပုလင်းလှူဒါန်းခဲ့ကြောင်း ပြည်မြို့နယ်NLD သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဥာဏ်ဝင်းက ပြောသည်။
သတင်း ပြည့်သဲမောင်(ပြည်)
ပြည်သတင်းလူငယ် တင်ဆက်သည်"အမေစုရဲ့ခြောက်ဆယ့်ကိုးနှစ်မြောက်မွေးနေ့ပွဲနဲ့ ရုံးခန်းဖွင့်ပွဲပေါင်းပြီးတော့ လုပ်တာပါ။ မွေးနေ့ပွဲအထိမ်းအမှတ်အနေနဲ့သင်္ဃာတော်တွေပင့်ဖိတ်ပြီးတရား
နာတယ်။ဆွမ်းကပ်တယ်" ဟု7days သွေး နှင့် ကလေးအထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ဥက္ကဌဦးစိုးနိုင်ကပြောသည်။
ထိုနေ့နံနက်(၉)နာရီခွဲအချိန်က မြရွာကျေးရွာ ကိုထွန်းထွန်းဇော် ၏ နေအိမ်
တွင် 7days သွေး နှင့် ကလေးအထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ရုံးခန်းကိုဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် သံင်္ဃာတော်ဆယ်ပါးပင့်
ဖိတ်ကာ တရားတော်များနာကြား၍ ဆွမ်းကပ်ကုသိုလ်ယူခဲ့သည်။
7days သွေး နှင့် ကလေးအထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကို ၂၀၁၂ ခုနှစ်တွင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပြည်မြို့ ဆံတော်ရပ်ကွက် ၊ ပေါင်းတမော့ကျေး
ရွာ ၊ မှော်ဇာကျေးရွာ ၊ မြရွာကျေးရွာ များနှင့် ပန်းတောင်းမြို့နယ် သဲကုန်းမြို့နယ်
တို့တွင် ရုံးခန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
ပြည်မြို့ပြည်သူ့ဆေးရုံကြီး အစိုးရဆေးရုံများ နှင့် ပုဂ္ဂလိကဆေးခန်းများအတွက် လိုအပ်သောသွေးများလှူဒါန်းခဲ့ရာ ယခုအချိန်အထိ သွေးပုလင်းပေါင်း တစ်သောင်း
ကျော် လှူဒါန်းပြီးဖြစ်သည်။
ရုံးခန်းဖွင့်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆ပြင်ဆင်ရေး အသိပေးဟောပြောခြင်း လက်ကမ်းစာဆောင်များဝေဌခြင်း နှင့်ဆန္ဒပြုလက်မှတ်ထိုးခြင်းများကို ပြုလုပ်ခဲ့ကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဦးတိုးကြီးပြောသည်။
"ဒေါ်စုရဲ့မွေးနေ့ပွဲမှာ ပြည်သူတွေသိသင့်သိထိုက်တဲ့အကြောင်းအရာ ၄၃၆ပြင်ဆင်ရေးဟောပြောပွဲကို ထည့်သွင်းဟောပြောတယ်။ ဟောပြောပွဲ ပြီးတာနဲ့ လက်မှတ်ထိုးဘို့ စာအုပ်တွေချပေးထားတယ်။ မိမိဆန္ဒနဲ့မိမိလာပြီး လက်မှတ်ထိုးလို့ရပါတယ်" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဦးတိုးကြီးကဆိုသည်။
ထိုနေ့က ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များသည် ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ
အထိမ်းအမှတ်အဖြစ် သွေး(၁၈)ပုလင်းလှူဒါန်းခဲ့ကြောင်း ပြည်မြို့နယ်NLD သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဥာဏ်ဝင်းက ပြောသည်။
သတင်း ပြည့်သဲမောင်(ပြည်)
No comments:
Post a Comment