Saturday, June 21, 2014

လူကုန်ကူးမူ့အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ဥသျှစ်ပင်မြို့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး .........ဖိုးအေး(ပန်းတောင်း)



ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် ၂၀.၆.၂၀၁၄ ခုနှစ် နံနက် ၉း၀၀ နာရီ အချိန်ခန့်က လူကုန်ကူးမူ့အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို 
စတင်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့
  မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းဇော် နှင့် မြို့နယ်
ရဲတပ်ဖွဲမှူး  ဦးမြင့်ဆွေ တို့နှင့်အတူ ဥပဒေအရာရှိဒေါ်အေးမြမြမွန်
ြ တို့မှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ခဲ့ပါသည်
အဆိုပါဆိုင်းဘုတ်အားအများပြည်
သူမြင် သာသောနေရာဖြစ်သည့်
စည်ပင် သာယာဈေးထိပ်တွင်စိုက်ထူ
ထားခြင်းဖြစ်ပါသည်။
ဖိုးအေး(ပန်းတောင်း)

No comments:

Post a Comment