ရေခဲ(ပြည်)
ပြည်၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် ရွာသစ်အုပ်စု ဇင်းပြွန်ကုန်းကျေးရွာတွင် ဧပြီလ ၂၀ရက်က မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ကာ နေအိမ်လေးလုံး လောင်ကျွမ်းခဲ့သည်ဟု ပြည်ခရိုင် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဧပြီ ၂၀ရက် ည ၉နာရီခန့်က ဇင်းပြွန်ကုန်းကျေးရွာနေ ဦးဇော်နိုင်၏ အိမ်တွင် ဖယောင်းတိုင်မီးထွန်း၍ ဓာတ်ဆီတိုင်ကီအတွင်းမှ ဓာတ်ဆီကို ပုလင်းအတွင်းသို့ ဆီလှယ်ထည့်စဉ် ဖယောင်းတိုင်လဲရာမှ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု မီးသတ်ဦးစီးဌာနက တာဝန်ရှိသူက ဆိုသည်။
မီးလောင်ကျွမ်းမှုကြောင့် မီးစတင်လောင်ကျွမ်းသူ၏ သွပ်မိုးပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံးအပါအဝင် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အိမ်လေးလုံး လောင်ကျွမ်းခဲ့ပြီး အမျိုးသား ၉ဦး၊ အမျိုးသမီး ၁၂ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော်လည်း လူအထိအခိုက် မရှိခဲ့ပေ။
မီးလောင်သည့် နေရာသို့ ဝက်ပုတ်မြို့မှ မီးသတ်ကား ၈ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၈၂ဦး သွားရောက်ခဲ့ပြီး နာရီဝက်အကြာတွင် ငြိမ်းသတ်နိုင်ခဲ့သည်။
ယင်းသို့ မီးလောင်ကျွမ်းမှုကြောင့် ပုတီးကုန်းရဲစခန်းတွင် ပြစ်မှုဆိုင်ရာအမှတ် ပ-၅၃/၂၀၁၄ ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက်နေသည်ဟု ပြည်ခရိုင် မီးသတ်ဦးစီးဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
Mizzima - News in Burmese
ပြည်၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် ရွာသစ်အုပ်စု ဇင်းပြွန်ကုန်းကျေးရွာတွင် ဧပြီလ ၂၀ရက်က မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ကာ နေအိမ်လေးလုံး လောင်ကျွမ်းခဲ့သည်ဟု ပြည်ခရိုင် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဧပြီ ၂၀ရက် ည ၉နာရီခန့်က ဇင်းပြွန်ကုန်းကျေးရွာနေ ဦးဇော်နိုင်၏ အိမ်တွင် ဖယောင်းတိုင်မီးထွန်း၍ ဓာတ်ဆီတိုင်ကီအတွင်းမှ ဓာတ်ဆီကို ပုလင်းအတွင်းသို့ ဆီလှယ်ထည့်စဉ် ဖယောင်းတိုင်လဲရာမှ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု မီးသတ်ဦးစီးဌာနက တာဝန်ရှိသူက ဆိုသည်။
မီးလောင်ကျွမ်းမှုကြောင့် မီးစတင်လောင်ကျွမ်းသူ၏ သွပ်မိုးပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံးအပါအဝင် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အိမ်လေးလုံး လောင်ကျွမ်းခဲ့ပြီး အမျိုးသား ၉ဦး၊ အမျိုးသမီး ၁၂ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော်လည်း
မီးလောင်သည့် နေရာသို့ ဝက်ပုတ်မြို့မှ မီးသတ်ကား ၈ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၈၂ဦး သွားရောက်ခဲ့ပြီး နာရီဝက်အကြာတွင် ငြိမ်းသတ်နိုင်ခဲ့သည်။
ယင်းသို့ မီးလောင်ကျွမ်းမှုကြောင့် ပုတီးကုန်းရဲစခန်းတွင် ပြစ်မှုဆိုင်ရာအမှတ် ပ-၅၃/၂၀၁၄ ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက်နေသည်ဟု ပြည်ခရိုင် မီးသတ်ဦးစီးဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
Mizzima - News in Burmese
No comments:
Post a Comment