Monday, March 3, 2014

ထူးကြီး မူးကြီးဆွေးနွေးခန်း ( ခြေသလုံးအိမ်တိုင် ) သရ၀ဏ်(ပြည်)



ထူးကြီး မူးကြီးဆွေးနွေးခန်း ( ခြေသလုံးအိမ်တိုင် )

သရ၀ဏ်(ပြည်)

ထူးကြီး - မူးကြီးရေ မင်းခုတလော နေစရာမရှိလို.ဘုန်းကြီးကျောင်း မှာကပ်နေတယ်ဆို

မူးကြီး- သတင်းကလဲမြန်လှချည်လားကွာ ၊ဟုတ်တယ် ကွ နေစရာမရှိလို. ဘဂ၀ါ မိုတယ် ကိုရောက်နေတာ လေးငါးဆယ်ရက်လောက်ရှိပြီ ။

ထူး- ဘယ်လိုဖြစ်တာလဲသူငယ်ချင်းရယ် ၊ဒါ.ကြောင်.မင်းကို သိပ်မမိုက်ပါနဲ.လို.ပြောတာပေါ. ။မင်းဟာ ပုံပြင်ထဲက ကုဋေရှစ်ဆယ် သူဌေးသားလို ငယ်ရွယ်စဉ်မှာပညာကိုမရှာပဲ အချိန်ရှိသရွေ. အပျော်အပါးလိုက်စား ၊လောင်းကစားတွေလုပ်တော. မင်းမှာရှိတဲ.စည်းစိမ်တွေပြုတ်ပြီပေါ. ။ ဒါ.ကြောင်.ဒို.ငယ်ငယ်ကသင်ခဲ.ဖူးတဲ.ကဗျာလေးကိုမမေ.သင်.ဘူးသူငယ်ချင်းရဲ. ။ ဘာတဲ. ရှေးသရောအခါ ၊ပြည်ဗာရာဝယ် ၊ ကုဋေကြွယ်ထား ၊သူဌေးသားလျင် ၊ ချစ်၌တစေ ၊အိမ်မှာနေခိုက် ၊တောင်ေ မြာက်ဘယ်မှာမသိပါငြား

မူးကြီး- ရပ် ဟေ.ကောင် ရပ်လိုက် ၊Stop လိုက်တော. ငါခဲနဲ.ကောက်ထုလိုက်ရ ။ ဘာတွေပေါက်ကရလာရွတ်ပြနေတာလဲကွ ။ ငါ .မှာနေစရာမရှိတာ မင်းတို.သင်ခဲ.ရတဲ.ပုံပြင်ထဲက သူဌေးသားလို ပညာမသင်ပဲ သုံးဖြုန်းပစ်လို.မဟုတ်ဘူးကွ ။ ငါတို.နေတဲ.အိမ်ကို စစ်တပ်က တပ်ပိုင်မြေဆိုပြီး ဘူဒိုဇာနဲ.လာထိုးပြီးဖျက်ပစ်လိုက်လို.နေစရာမရှိ ၊ခြေသလုံးအိမ်တိုင်ဘ၀ကို အော်တိုမက်တစ်ရောက်သွားတာကွ ။သိပြီလား ငတုံးရဲ. ။

ထူးကြီူ- အော် ဒီလိုလား ။ မပူပါနဲ.ကွာ ။မင်းတို.က လယ်ပိုင်မြေပိုင်တွေပဲ ။အိမ်မရှိပေမယ်. လုပ်စရာလယ်တော.ရှိဦးမှာပေါ. ။အဲဒိလယ်ကလေးကို ခွဲစိတ်ရောင်းပြီး အိမ်တစ်လုံးလောက်ပြန်ဝယ်လိုက်ပါလားကွာ ။

မူး- မရတော.ဘူးကွ ၊မရတော.ဘူး ၊ ငါ.မိဘတွ ပိုင်တဲ. လယ်တွေလဲ ကြေးနီဆိုလား ၊ ချေးနီဆိုလား စီမံကိန်းနဲ.မလွတ်လို.သိမ်းလိုက်ပြီတဲ. ။အား..၀ါး…ဟီး

ထူး- မလွယ်ပါလားကွာ ငါတောင်ငိုချင်လာပါပြီ ၊ မင်းလဲလျှော.ငိုပါကွာ ။ ဟို ၀န်ကြီးကြားသွားလို. ပါးရိုက် နားရိုက်ခံနေရပါဦးမယ်ကွာ ။ ဒါနဲ.နေစမ်းပါဦး မင်းအဖေဘက်ကအမျိုးတွေ ရန်ကုန် သင်္ဃန်းကျွန်း မိချောင်းကန်ဘက်မှာရှိသလိုလိုဘာလိုလို ကြားဖူးပါတယ် ။နေစရာမရှိတာများအဲဒိဘက်လိုက်သွားပါလားကွာ ။ သူတို.နဲ.ကပ်နေပေါ. ။

မူး - သူတို.တောင်သပိတ်စခန်းဘယ်နေရာမှာဖွင်.ရမှန်းမသိဘူး ထူးကြီးရ ။ သူတို.ဘိုးဘွားပိုင်မြေတွေလဲ တပ်မတော်ကရေတပ်စခန်းဆောက်မလိုလိုဘာလိုလိုနဲ.အသိမ်းခံထားရတာကြာလှရောပေါ.ဟ ။

ထူး- ဒါဆိုရင်တော. မပူနဲ. ၊အဲဒိနေရာမှာရေတပ်စခန်းမဆောက်တော.ဘူးတဲ.။မင်းတို.ဘကြီးတော.မြေနေရာပြန်ရတော.မယ်ထင်တယ် ။

မူး- အမလေးဘကြီးရဲ.၊ ကြားကြသေးရဲ.လားဗျ ။ရေတပ်စခန်းမဆောက်လို. မြေပြန်ရမယ်လို. ထူးကြီးသောက်ရုးကယုံနေတယ် ဗျ ။ အဲဒိနေရာကို အခုတစ်မျိုးပြောပြန်ပြီဗျ ။ တပ်မတော်အငြိမ်းစားတွေအတွက်အိမ်ရာစခန်းဆောက်မလို.တဲ.။

ထူး- အင်း၊တပ်မတော်ကတော. မင်းတို.ရပ်ကွက်ကို အတော်ကို အလေးထားပုံပဲကွ ။ကြည်.စမ်းစီမံကိန်းမှန်သမျှဒီနေရာဆိုပဲကွ ။ငါ.အထင်တော.တပ်မတော်ရဲ.ပဌာန်းဆက်ဟာ မင်းနဲ.တော်တော်ကြီးမားပုံပဲ ။ မပူပါနဲ.ကွာ ။ မင်းမှာနေစရာမရှိရင် ရခိုင်ဘက်ကငါ. အမျိုးတွေဆီသွားနေကြတာပေါ. ။ ကျောက်ဖြူဘက်မှာငါ. အမျိုးတွေရှိတယ် ။ငါဖုန်းဆက်ကြည်.လိုက်ဦးမယ် ။ ( ထူးကြီးသည် သူ၏ဟမ်းဖုန်းဖြင်.ခေတ္တစကားပြောနေပြီး မျက်စေ.မျက်နှာပျက်ကာပြန်ရောက်လာ၏ )

မူးကြီးရေ ၊ အဖြစ်ကတော.မနှစ်ကနဲ.မတူတဲ.ဟေ. ကျောက်ဖြူ -ကူမင်း ရေနံပိုက်လိုင်းနဲ.မလွတ်လို.တဲ. ငါ.အမျိုးတွေလယ်တွေလဲကုန်ပြီဟေ. ။သူတို.တောင် ကျူးကျော်ရပ်ကွက်မှာသွားနေရတယ် ။ ငါ.ယောက်ဖလယ်တွေကတော. ဦးမြိုင်ဆိုလား ၊ ဦးပိုင်ဆိုလား အဲဒိလူကြီး လက်ထဲရောက်သွားပြီတဲ. ။ပြန်ရဖို.မလွယ်ဘူးတဲ.ကွ ။ နွားသတ်လက်နွားရောက်သလိုပဲတဲ. ။ အသက်ရှင်လျက်တော.ဘယ်တော.မှပြန်မရတော.ဘူးတဲ.ကွ ။

မူး- ဒါဆို ငါ. အသိတစ်ယောက်တော.လှိုင်သာယာဘက်မှာရှိလေရဲ. ။တဲလေးတွေနဲ.လမ်းဘေးမှာနေတာမောင် ။သူတို.နဲ.သွားပေါင်းနေရင်တော.ဟန်ကျပြီ ။

ထူး- မင်းဂျာနယ်မဖတ်ဘူးလား မူးကြီး ၊လှိုင်သာယာဘက်ကကျူးကျော်တွေ ကုန်ပြီလေကွာ ။ ဟိုတလောကပဲ စွမ်းအားရှင်လူမိုက်တွေခေါ်ပြီးရှင်းပစ်လိုက်ပြီ ။ ဆရာဇော်ဂျီကဗျာထဲကလို ပြောင်လျက်ဝင်းလျက်ကျန်စေသတည်း မဟုတ်ပဲ ပြောင်လျက် မည်းလျက်ကျန်စေသတည်းဖြစ်ကုန်ကြပြီ ။

မူး- လာပါကွာ ၊ရန်ကုန်မှာ ကြီးပွားနေတဲ. ငါ.ဘကြီး အယ်ဒီတာချုပ်တစ်ယောက်ရှိပါတယ် ။ ဟစ်တိုင်ဆိုလား ၊ ချည်တိုင်ဆိုလား အဲဒိမှာ ကပ်နေပြီး ထမင်းတစ်လုပ်တော.ရှာစားလို.ရပါတယ် ။

ထူးကြီး နှင်.မူးကြီးသည် မီးရထားခိုးစီးပြီးရန်ကုန်သို.လိုက်လာကြရာ ဟစ်တိုင်ဂျာနယ်သို.ရောက်လျင် ခြံဝင်းတံခါးမကြီး၌အောက်ပါအတိုင်းဆိုင်းဘုတ်ချိတ်ဆွဲထားတာတွေ.ရလေသည် ။

သို.
ဂျာနယ်ပရိသတ်အပေါင်းတို. ။
ကျွန်တော်တို. ချည်တိုင်ဂျာနယ်အယ်ဒီတာချုပ်အား သူတောင်းစားများအကြောင်းမကြာခနရေးသဖြင်. သူတောင်းစား လျှို.၀ှက်ချက်များပေါက်ကြားမှုဖြင်.လာရောက်ဖမ်းဆီး သွားပါသဖြင်. ယနေ.မှစကာ ဂျာနယ်အား နှစ်တစ်ရာတိတိ ခေတ္တရပ်နားပါသည် ။

ပုံ
ဂျာနယ်အယ်ချုပ်၊မောင်မောင်တုတ်

ထူး ၊ မူး- ဟင် ၊ ဟာ ၊ ဟယ် ၊ ဟိုက်

ဤနေ.ဤရက်မှစကာ ရန်ကုန်မြို.၏လမ်းကြိုလမ်းကြားများပေါ်ဝယ် အင်မတန်မှ အရက်ကြိုက်တတ်၍ အင်မတန်မှကတ်ဖိုးကတ်ဖဲ.ပြောတတ်သော သူတောင်းစား ရဲဘော်ရဲဘက်နှစ်ဦးသည်” ရဲရဲတောင်းလိုက်ပါ “ ဟူသော ဆိုင်းဘုတ်ကြီးကိုလည်ပင်းတွင်ချိတ်ဆွဲ၍ လှည်.လည်တောင်းရမ်းနေကြကုန်သတည်း ။

သရ၀ဏ်(ပြည်)

ပြည်သတင်းလူငယ်(ပြည်သတင်း)

No comments:

Post a Comment