Monday, March 3, 2014

ကောသလအိမ်မက် ( ၁၆ ) ချက် နှင်.မြန်မာ.နိင်ငံရေး သရ၀ဏ်(ပြည်)


ကောသလအိမ်မက် ( ၁၆ ) ချက် နှင်.မြန်မာ.နိင်ငံရေး

သရ၀ဏ်(ပြည်)

ဂေါတမမြတ်စွာဘုရားလက်ထက်တော်က ပသေနဒီကောသလမင်းကြီးသည် တစ်ညသ၌ ထူးဆန်းသောအိပ်မက်တစ်ခုကိုမြင်မက်ခဲ.၏။ ထိုအိပ်မက်များကို ပုဏ္ကားအမတ်များအားမေးရာ မည်သူမျှရေရေရာရာမဖြေနိုင်ပဲ ရှိ၏ ။ကောသလမင်းကြီးသည် အိပ်မက်ကိုကြောက်လန်.သဖြင်. မင်းဆရာပုဏ္ကားတို.ကိုငါ၏အသက်ဘေးအန္တရာယ် ကိုကင်း၇ှင်းပပျောက်ရန် အမြန်ဆောင်ရွက်ကြကုန်လော.ဟုဆို၏ ။ ပုဏ္ကားတို.လည်းများစွာသောဥစ္စာတို.ကိုရကြလိမ်.မည် ဟုနှစ်သက်ရွှင်လန်းပီတိဖြစ်ကြပြီး မြို.အပြင်သို.သွားရောက်ကာယဇ်ကွင်းကိုပြု၏ ။ အခြေနှစ်ချောင်း၊ အခြေလေးချောင်းရှိကြကုန်သောကျေးငှက်သတ္တ၀ါ တို.ကိုပေါင်းစု၍ဖမ်းဆီးသတ်ဖြတ်ယဇ်ပူဇော်ခြင်းကို ဆောင်ရွက်ကြလေသည် ။
မလ္လိကာမိဖုရားကြီး သည် ဘုရင်ကြီးအား အိပ်မက်အကြောင်းအမှန်ကိုသိနိုင်ရန်မြတ်စွာဘုရားထံကြွတော်မူရန် လျှောက်ထားသည် ။မြတ်စွာဘုရားသည် ဤအိပ်မက်၏အကျိုးကား အသင်မင်းကြီး၏လက်ထက်မှာမဖြစ် ၊ဘေးအန္တရာယ်လည်းမရှိ ၊ နောင်အခါအနာဂါတ်ကိုအကြောင်းပြု၍ ဖြစ်ပေါ်လာမည်. အိပ်မက်ဖြစ်ကြောင်း တရားတော်ကိုဟောကြားတော်မူသည် ။ ထိုအိပ်မက်များမှာအောက်ပါအတိုင်းဖြစ်ပြီး မြန်မာ.နိုင်ငံရေး ၊လူမှုရေးများဖြင်.ယှဉ်တွဲ ဖော်ပြလိုက်ပါသည် ။ နံပါတ်စဉ်တပ်ထားသော စကားများမှာကောသလမင်းကြီးမက်မြင်သောအိပ်မက်ဖြစ်ပြီး ကွင်းစကွင်းပိတ်ဖြင်.ဖော်ပြထားသည်မှာ ဘုရားဟောအနက်အဓိပ္ဖါယ်ကို ရှေးပညာရှိများဖွင်.ဆိုချက်ဖြစ်ပါသည် ။

(၁) နွားလားဥဿဘတို.သည် မင်းရင်ပြင်သို.လာရောက်၍ဝှေ.ကြမည် ဟုမာန်ဝင်ပြီး မဝှေ.ပဲရှောင်ဖယ်သွားကြသည် ဟု မြင်မက်သည် ( နောင်အခါ အရှေ.အနောက်တောင်မြောက်မှ မိုးခြိမ်းသံပေးသော်လည်း မရွာပဲလွင်.ပျောက်သွားမည် ) ။ ဤစကားသည် မှန်၏ သမ္မတကြီးဦးသိန်းစိန်တက်ကာစက သူ၏တိုင်းပြည်အခြေပြမိန်.ခွန်.များကြောင်. ဒီမိုကရေစီမိုးကြီးရွာသွန်းဖြိုးတော.မည်ဟုလူထုသည်မျှော်လင်.အားထားခဲ.ကြပေ၏ ။ ဆင်းရဲမွဲတေမှုပပျောက်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ၊ တရားဥပဒေစိုးမိုးရေး ၊ကောင်းမွန်သောအစိုးရ ၊သန်.ရှင်းသော အုပ်ချုပ်မှုဟူသည နားထောင်၍ကောင်းသော်လည်း ခြိမ်း၍မရွာသောမိုးကဲ.သို. လစဉ်အသံလွှင်.မိန်.ခွန်းများကိုနားထောင်ရင်းလေလှိုင်းမှလာပြီး ကတိစကားများလေထဲလွင်.ပါသွားခဲ.ပါသည် ။

(၂) သစ်ပင်တို.သည် ငယ်စဉ်မှာပင် ဖူးကြ၊ပွင်.ကြ၊သီးကြ သည်ဟုမြင်မက်သည် ( နောင်အခါသက်တန်းတိုသောကာလ၌ လူတို.သည် ရာဂလွန်ကဲခြင်းကြောင်.ငယ်ရွယ်စဉ်ကပင် အိမ်ထောင်သားမွေး ပြု၍ နေထိုင်ကြလိမ်.မည် ) ။ ဤကိစ္စကားအထူးပြောဖို.ပင်မလို ၊ယနေ.ခေတ်ကာလ၌ မြန်မာနိုင်ငံတွင် လူငယ်တို.သည်အနာဂါတ်ပျောက်ဆုံးကာ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်မှုများ ၊ လက်မထပ်ခင်အတူနေမှုများ ၊ ပညာမစုံခင်ငယ်ငယ်ရွယ်ရွယ်နှင်.အိမ်ထောင်သားမွေးမှု များမှာ မတွေ.ချင်အဆုံးတွေ.မြင်နေရပေသည် ။

(၃)နွားမကြီးက နွားငယ်နို.ကိုစို.သည်ဟု မြင်မက်၏ ( နောင်အခါကြီးသောသူတို.ကိုအရိုအသေနည်းလာမည်ဖြစ်ရာ အမိအဖတို.သည် သားသမီးတို.ထံ စားသောက်ရန်အတွက်ခယ၍ တောင်းခံယူရလိမ်.မည် ) ။ ဒီမိုကရေစီအုပ်ချုပ်ရေး၌ ပြည်သူသာအမိ ၊ပြည်သူသာအဖ ဖြစ်ပေသည် ။အစိုးရဆိုသည်မှာ ပြည်သူလူထုကမွေးစားလိုက်သော သားသမီးပမာသာရှိပေမည် ။သို.သော် မိဘနှင်.တူသော ပြည်သူလူထုမှာ သားဆိုးသမီးဆိုး နှင်.တူသော အစိုးရတစ်ရပ်နှင်.တွေ.သောအခါ မိမိတို.ရပိုင်ခွင်.ကိုပင် မိဘကသားသမီးထံမ၀ရေစာတောင်းစားရသည်.သဖွယ်ဖြစ်နေပေသည် ။

(၄) ခွန်အားကြီးသောနွားကြီးတို.ကိုမခိုင်းပဲ နွားငယ်တို.ကိုလှည်း၌၀န်များစွာတင်၍ ခိုင်းသည် ဟုမြင်မက်သည် ( နောင်အခါအရွယ်ကြီးသော ပညာရှိတို.ကို ဘေးဖယ်ထားပြီး ၊ ငယ်သောသူတို.ကိုတရားဆုံးဖြတ်စေခြင်းဖြင်. လူတို.ဆုတ်ယုတ်လာလိမ်.မည် ) ။ တပ်မတော်တွင်လည်းကောင်း ၊၀န်ထမ်းလောကတွင်လည်းကောင်း ရာထူးနှင်.လုပ်သက်အတိုင်းမှန်မှန်ကန်ကန် ရာထူးမတက်ပဲ ၊ ၀ါစဉ်နုသူ ၊လုပ်သက်နုသူက ၀ါစဉ်ရင်.သူ ၊လုပ်သက်ရင်.သူကို အဖားကောင်းသဖြင်.ဖြစ်စေ ၊ အထက်ကမိုးကျရွှေကိုယ်စနစ်ဖြင်.ကျလာ၍ဖြစ်စေ မတန်မရာရာထူးများရယူပါကရေရှည်တွင် တိုင်းပြည်ပျက်မည်ဖြစ်သည် ။ Jump Promotion များ ၊ လက်သင်.ရာစားတော်ခေါ်မှုများသည် တိုင်းပြည်ပျက်စီးရေးလမ်းစဖြစ်ပါသည် ။

(၅) ဦးခေါင်းနှစ်လုံးပါရှိသောမြင်းသည် နှစ်ဖက်သောအစာကိုစားသည် ဟု မြင်မက်သည် ( နောင်အခါတရားမစောင်.ဆုတ်ယုတ်သော ကာလမှာ လူတို.သည် တရားစီရင်ခြင်းကို နှစ်ဖက်သောသူတို.ထံမှလာဘ်စား၍ ဆုံးဖြတ်လိမ်.မည် ) ။ ဤကိစ္စကားအထူးအထွေရှင်းပြစရာမလို မြန်မာနိုင်ငံ၌ တရားရေးဝန်ထမ်းများနှင်. ရဲအရာရှိအချို.သည် တရားလို ၊တရားခံနှစ်ဖက်စလုံးထံမှ လာဘ်စားနေမည်ဖြစ်ကြောင်းကိုကောသလမင်းကြီးခေတ်ကပင်အိပ်မက် ထဲ၌ တွေ.မြင်ခဲ.ပြီးဖြစ်သည် ။

(၆) မြေခွေးထီးသည်လူအပေါင်းတို.ကကျင်ငယ်စွန်.ရန် ပေးထားသော အဖိုးတစ်သိန်းထိုက်သည်.ရွှေခွက်မှာ ကျင်ငယ်စွန်.နေသည်ဟုကောသလမင်းကြီးအိပ်မက်မြင်မက်သည် ( နောင်အခါအမျိုးမြတ်သောသူတို.သည် ဆင်းရဲကြမည် ၊ အသက်မွေးမြူလွယ်ကူရန်အလို.ငှာ အမျိုးယုတ်သောသူတို.အား သမီးရတနာကိုလက်ထပ်ထိန်းမြားပေးအပ်ပြီး မှီခိုနေထိုင်ကြလိမ်.မည် ) ချစ်တီးခေတ်ကပင် ဤကိစ္စသည်မြန်မာနိုင်ငံ၌ဖြစ်နေခဲ.ပြီးသားဖြစ်သည် ။ ယခင်ထောက်လှမ်းရေးခေတ်က ရှမ်းပြည်နယ် နယ်စပ်စစ်ဆေးရေးဂိတ်များတွင် နစရ၊နစက အဖွဲ.များထံတွင် ကုန်သည်မိန်းကလေးများက လာဘ်ငွေတင်မက ညအိပ်ပြီးလူပါပေးရကြောင်း ကြားသိရပေသည် ။ ယခုခေတ်တွင်လည်း လယ်ယာမြေလုပ်စားစရာမရှိတော.သော တောင်သူလယ်သမားတို.မှာ သမီးကိုခရိုနီ လက်သို.အပ် ရန်ပင်ကျန်ရှိပါတော.သည် ။

(၇) ဆာလောင်မွတ်သိတ်သောမြေခွေးမသည် ကြိုးကြစ်သောယောင်္ကျားကြိုးကိုခိုးစားသည် ဟုကောသလမင်းကြီးအိပ်မက်မြင်မက်သည် ( နောင်အခါမိန်းမတို.သည် သောက်စားမူးယစ်အပျော်အပါးများလာမည် ၊လင်ယောင်္ကျားရှာဖွေအပ်နှင်းသော ဥစ္စာတို.ကို တခြားသောယောက်ျားနှင်.သုံးဖြုန်းကာ၊ ကာမဂုဏ်အာရုံအလိုလိုက်မှားကြ၍ ဆင်းရဲစွာနေကြရမည် ဟုဟောတော်မူသည် ) ။ သင်္ဘောသားလင်ယောက်ကျားများ ၊နိုင်ငံခြားသို.အလုပ်သွားလုပ်ကြသောခင်ပွန်းများအပေါ်သစ္စာမဲ.သောမိန်းမများကို ယခုခေတ်တွင်ပို၍တွေ.လာရသည် ။အခြားတစ်ဖက်တွင် KTV ၊ မာဆတ် ၊ စင်တင်တေးဂီတ စသော ဇိမ်ခံစရာနေရာများ၌ အိမ်ထောင်ဦးစီးယောက်ကျားတို.၏ ဇနီးမယားအပေါ်သစ္စာရှိမှုမှာလည်းမေးခွန်းထုတ်စရာဖြစ်လာပါသည် ။

(၈) လူအပေါင်းတို.သည် ရေမရှိသော အိုးငယ်တို.ကိုမဖြည်.ပဲ ရေအပြည်.ရှိသော အိုးကြီးကိုသာ ရေများလောင်းထည်.ကြသည် ( ကိုယ်.ကိစ္စအတွက်ကိုယ်မသုံးရပဲ အစိုးရ၏ ဘဏ္ဍာတိုက်ကိုပဲဖြည်.နေရမည် ) ။ ရေများရာမိုးရွာဆိုသောစကားမှာ ဤ အိပ်မက်နှင်. ပို၍ ကိုက်ညီပေသည် ။ နေပြည်တော်လို သူဌေးမြို.ကို မီးထိန်ထိန်ညီးအောင်ထွန်းကာ တစ်မျိုးပြီးတစ်မျိုးမွမ်းမံပြင်ဆင်၍ မပြီးတော.ပဲ ရှိနေချိန်တွင် ၊ ဖွံ.ဖြိုးမှုနည်းသော တောင်ပေါ်ဒေသနှင်. တိုင်းနှင်. ပြည်နယ် မြို.ငယ် ၊ရွာငယ် ကလေးများမှာမူကား ကိုယ်.ဒေသမှ ပတ္တမြား ၊နီလာ ၊ ကျောက်စိမ်း ၊ရွှေ ၊ငွေ ၊ကြေးနီ ၊ ရေနံ ၊သဘာဝဓါတ်ငွေ.များအလျှံပါယ်ထွက်ပါသော်လည်း မှောင်ထဲမည်းမည်းတွင် ဖယောင်းတိုင်ကိုအဖော်လုပ်ကာ နိုင်ငံခြားသို.သွယ်တန်းထားသော ပိုက်လိုင်းကြီးကိုငေးကြည်.နေကြရပေမည် ။ ခရိုနီများသည် အလှူဒါနပြုကြသောအခါ တကယ်လိုအပ်နေသော ပညာရေးကျန်းမာရေး ၊မိဘမဲ.ေ၈ဟာ ၊ဘှိုးဘွားရိပ်သာ များထက် အစိုးရထံမှ မျက်နှာကောင်းရနိုင်မည်.နေရာများသို.သာမလိုအပ်ပဲလှူဒါန်းကြလိမ်.မည် ။

(၉) အနားကြည်၍ အလယ်မှာနောက်သောရေကန်ကြီး၏ကမ်းခြေမှာ ကျေးငှက်သတ္တ၀ါများနေထိုင်ကြသည်ဟု ကောသလမင်းကြီးအိပ်မက်မြင်မက်၏ ( နောင်အခါ လူတို.မှာခန္တီ ၊ မေတ္တာ ၊ကရုဏာတရားများ မရှိကြ၍ အခွန်အကောက်နှိပ်စက်လွန်းသောကြောင်. မြို.နေလူတို.သည် မြို.စွန်ရွာနားသို. ပြောင်းရွှေ.နေထိုင်ကြရလိမ်.မည် ) ။ ထို.ထက်အလွန်လည်းရှိသေး၏ ။ ကရင်ပြည်နယ် ၊ ကချင်ပြည်နယ်စသောနေရာများတွင်ပြည်တွင်းစစ်ကြောင်. တိုင်းရင်းသားလုပ်သားပြည်သူများမှာကိုယ်.မြို.ကိုယ်.ရွာမှာမနေနိုင်ပဲ မိုင်ဂျာယန် ၊ လိုင်ဇာ ၊ မဲလ စသော နယ်စပ်ဒေသ ဒုက္ခသည်စခန်းများဆီသို.သာ ထွက်ပြေးခိုလှုံရသည်မှာယခုထက်တိုင် အိမ်ပြန်မေ၇ာက်ကြသေးပေ ။ အနားကြည်၍အလည်နောက်သောရေကန်ကဲ.သို.မြန်မာပြည်အရပ်ရပ် အစွန်အဖျားဒေသများသို.အလုံးအရင်းနှင်.စွန်.ခွာထွက်ပြေးရမှုများသည် ယခုအချိန်အထိရှိနေကြဆဲဖြစ်သည် ။

(၁၀) ထမင်းအိုးတစ်လုံးထဲတွင် ထမင်းပျော.ခြင်း၊မနပ်ခြင်း ၊ ကောင်းစွာကျက်ခြင်းသုံးမျိုးဖြစ်လာသည် ဟုမြင်မက်၏ ။ ( မင်းနှင်.လူများ ၊ တရားမညီ ၊ မိုးသုံးစား ၊ကွက်ကြားရွာချမည် ) မှန်လိုက်လေ ကောသလအိပ်မက်ရေလို.သာဟစ်လိုက်ဖို.ရှိပါသည် ။ ယနေ.အခါ ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ စီးပွားရေးအခွင်.အလမ်းများတွင်လည်းကောင်း ၊ တရားဥပဒေအရာတွင်လည်းကောင်း ၊ နိုင်ငံရေးတွင်လည်းကောင်း ထမင်းအိုးတစ်လုံးတွင် သုံးမျိုးကွဲသည်.ပမာ စစ်တပ် ၊ခရိုနီနှင်. ၊ တိုင်းသူပြည်သားနင်းပြားများဟူ၍ သုံးမျိုးကွဲပြားသွားပေသည် ။ အခွန်ဆောင်ရာတွင်ပင် သာမန်တိုင်းသူပြည်သားများမှာ ကွမ်းယာသည် ၊လမ်းဘေးခေါင်းရွက်ဗျတ်ထိုးဈေးသည်ကလေးတွေပင်မရှောင် ဈေးကောက် ၊ဈေးခွန်ဆောင်ရသော်လည်း ခရိုနီနှင်.စစ်တပ်ပိုင်ကုပ္မဏီကြီးများမှာ အထူးအခွင်.အရေးများကိုခံစားလျက် အခွန်ရှောင်နေကြသဖြင်. နိုင်ငံတော်၌ ဘီလျံနှင်.ချီ၍ နစ်နာဆုံးရှုံးမှုများဖြစ်နေကြပေသည် ။ သာမန်ပြည်သူများအတွက် သစ်တစ်ပင်ခုတ် အချုပ်သုံးနှစ် စသည်ဖြင်.ခြိမ်းခြောက်ရေးသားထားသော်လည်း ၊ စစ်တပ်နှင်.ခရိုနီပေါင်းကာ တောအုပ်လိုက်အပြောင်ရှင်းကြသောအခါ ဒေါ်လာများထားစရာမရှိအောင်ကျိကျိတက်ချမ်းသာသွားကာ ဘွဲ.ထူးဂုဏ်ထူးပိုင်ရှင် လူဂုဏ်တန်များဖြစ်သွားကြလေသည် ။

(၁၁) အဖိုးတစ်သိန်းထိုက်သော စန္ဒကူးနှစ်ကို ရက်တက်ပုတ်ရည်ဖြင်. လဲ၍ ရောင်းစားသည်ဟု ကောသလမင်းကြီးအိပ်မက်မြင်မက်၏ ( နောင်အခါ သာသနာတော်ဆုတ်ယုတ်သောကာလမှာ အရှက်ကင်းမဲ.သီလပျက်သူတို.သည် ဘုရားရှင်၏ နိဗ္ဖာန်ရောက်ကြောင်း တရားတော်မြတ်ကိုအဿပြာရလိုကြောင်းရှေ.ရှု၍ လူတို.အကြိုက်လိုက်ပြီးအလှူခံကြလိမ်.မည် ) သာသနာ.၀န်ထမ်းရဟန်းများသာ အဖိုးတန်တရားကို ပေါပေါပဲပဲ ဟောပြောပြကြသည်မဟုတ်သေး ။နိုင်ငံတော်၏သယံဇာတများကိုလည်း ကိုယ်ကျိုးစီးပွားအတွက်လောဘဇောတိုက်ကာ တရုတ်စသောနိုင်ငံများသို. ပေါပေါပဲပဲမတန်တဆဈေးနှင်. ( စန္ဒကူးကို ချဉ်ဖတ်ဖြင်.လဲသကဲ.သို. ) ရောင်းချကြပေလိမ်.မည် ။ သူခိုးနွားကောင်းမှန်းမသိသလို နိုင်ငံ၏ သဘာဝသယံဇာတများ အောက်ဈေးဖြင်.ပြည်ပသို.ထွက်ခွာသွားကြလိမ်.မည် ။

(၁၂) ဗူးတောင်းတို.သည် ရေ ၌နစ်သည်ဟု မြင်မက်၏ ။ (နောင်အခါတရားမစောင်.သူတို.လက်ထက်၌ သူတော်ကောင်းတို.၏စကားကိုပါယ်၍ သူယုတ်မာတို.၏စကားကို လက်ခံကြလိမ်.မည် ) ။မြန်မာနိုင်ငံ၌မူ ဘူးတောင်းနစ်၍ဇောင်းခြမ်းပေါ်နေသည်မှာကြာခြေပြီ ။ မည်သည်.၀န်ကြီးဌာနမဆို သက်ဆိုင်ရာကျွမ်းကျင်သူပညာရှင်တို.နေရာမရပဲ သေနတ်ခါးကြားထိုးနိုင်သူများ ၊နယ်လှည်.၍ ပါးရိုက်လာသည်ဆိုသူများ ၊ထမင်းတစ်နပ်လျှော.စားပါဆိုသူများ ၊ Bullet နဲ.ခေါ်မယ် ဆိုသူများ ၊ တပ်မတော်ဆိုတာ သေနတ်ပစ်ရင်ထိအောင်တည်.တည်.ပစ်တယ် မိုးပေါ်ထောင်မပစ်ဘူး ဆိုသူများ ၊ တရုတ်ကိုလည်းကြောက်နေရပါတယ်ဆိုသူများ ၊ ပြည်သူလူထုက ရူးနေတယ်ဆိုသူများ ၊ ဘယ်သူ.မှ သောက်ဂရုမစိုက်ဟုဆိုသူများသာ ထင်ပေါ်ကျော်ကြား တန်ခိုးထွားနေသည်မှာ ၁၉၆၂ ခုနှစ်မှသည် ယခုအချိန်အထိဖြစ်သည် ။

(၁၃) ကျောက်ဖြာကြီးသည် လှေကဲ.သို.ရေ၌ပေါ်သည်ဟု မြင်မက်၏ ( ရဟန်းရှင်ဆိုး ၊လူဆိုးများသာ ၊ ဂုဏ်ရောင်တိုး ၊တန်ခိုးပေါ်ထွက်မှာ ) ။ ဤစကားမှာအလွန်ရှင်းသည် ။ယနေ.တိုင်းပြည်ဝယ် မည်သူများတန်ခိုးထွားနေသည်ကို ကြည်.လျှင် အိပ်မက်ကိုအလွယ်တကူသဘောပေါက်နိုင်ပါသည် ။ ဒီပဲယင်းလူသတ်ပွဲ ၊ စိမ်းလဲ.ကန်သာ ငါးလောင်းပြိုင်လူသတ်မှု စသော ကျောက်ဖျာကြီးကဲ.သို.အလွန်ကြီးမားလေးလံလှသည်.အကုသိုလ် အစိုင်အခဲကြီး ကျူးလွန်ထားသူသည် လောကအလယ်မှနစ်မြုတ်မသွားသေးပဲ ပေါ်ပေါ်ထင်ထင် လူတောတိုးနေသေးခြင်းမှာ ကောသလမင်းကြီး အိပ်မက်အတိုင်းဖြစ်လာခြင်းဖြစ်သည် ။

(၁၄) ဖားမငယ်သည် မြွေကြီးအားကိုက်ဖြတ်စားသောက် ၀ါးမြိုသည် ဟုကောသလမင်းကြီး အိပ်မက်မြင်မက်၏ ( နောင်အခါလူတို.သည် ဆုတ်ယုတ်သောကာလ၀ယ် ရာဂလွန်ကဲကိလေသာအလိုလိုက်မိ၍လင်ယောက်ကျားတို.သည် ငယ်ရွယ်သောဇနီးမယားတို.ကို အလိုလိုက်ကြမည် ။ကျေးကျွန်ကဲ.သို. သူတို.၏ဆဲရေးပြောဆိုရန်ထောင်ခြင်းလည်းခံကြရမည် ) ။ ယခုခေတ် အငယ်အနှောင်းပြဿနာ ၊ စပွန်ဆာပြဿနာ ၊ ဦးနဲ.သမီးပြဿနာ ၊ အဘနဲ. ကိုယ်လုပ်တော် မောင်းမမိဿံပြသနာများကို မြင်ယောင်မိပါသည် ။

(၁၅) သူယုတ်မာတို.နေထိုင်သောရွာမှကျက်စားနေသောကျီးကို ရွှေဟင်္သာတို.ကခြံရံ နေကြသည်ဟုမြင်မက်၏ ( နောင်အခါအမျိုးမြတ်သောသူတို.သည် ဆင်းရဲကုန်ကြသည်ဖြစ်၍အသက်မွေးခြင်း ငှာ အမျိုးယုတ်သောသူတို.ထံမှာ အောက်ကျို.ခယမှီခိုကြရလိမ်.မည် ) ။ လိုအပ်သည်များကိုညွှန်ကြားသွားကြောင်း ဆိုသော သတင်းခေါင်းစဉ်ဖြင်. ညစဉ်ရုပ်မြင်သံကြားမှလွှင်.ခဲ.သောကာလက တက္ကသိုလ်ပါမောက္ခဆရာ ၊ဆရာမကြီးများ အလယ်မှာ ဘာမှမတတ်ပဲ ဆရာလုပ်နေသောသူများကို အမှတ်ရမိပါသည် ။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသောစကားမှာ ကျွန်းပင်ကြီးကိုကိုင်း ပင်ကြီးကမှီခိုနေခြင်းကိုဆိုလိုကြောင်းရှင်းလင်းချက်များ ၊ ၀ယ်သာ ( Weather ) မကောင်းရင်ပြင်ပေါ.ဆိုသောလမ်းညွှန်ချက်များ ၊ PH (7) အဆင်.ဖြင်.ရောင်.ရဲမနေပဲ PH (8) ၊ PH(9) တို.အဆင်.ရောက်အောင်ဆက်လက်ကြိုးစားကြပါ ၊ ထန်းလျက်မျိုးချန်ပြီး မှကျန်တာသုံးစွဲကြပါ ဟူသည်.မိန်.မှာချက်များမှာ ဒေါင်းယောင်ဆောင်သောကျီးများလက်ထက်ကဖြစ်ပါသည် ။

(၁၆) ဆိတ်တို.သည် သစ်ကြုတ်တို.ကိုဖမ်းယူကိုက်ဖြတ်စားသောက်ကြသည် ဟု မြင်မက်၏ (နောင်အခါတရားမစောင်.သောကာလမှာ သူယုတ်မာတို.သည် သူတော်ကောင်းတို.ကို ဖမ်းဆီးချုပ်နှောင်နှိပ်စက်ပြီး လယ်ယာမြေပစ္စည်းဥစ္စာတို.ကို လုယူသိမ်းပိုက်ကြလိမ်.မည် )
ယနေ.မြန်မာနိုင်ငံတစ်လွှား၌ဖြစ်ပွားနေသော မတရားမြေသိမ်း၊ယာသိမ်းသောအမှုများသည် ယခုအိပ်မက်နှင်.ကွက်တိလာတိုက်ဆိုင်နေပါသည် ။ လျင်မြန်၍ ရဲရင်.သော ကျား ၊ကျားသစ် ၊သစ်ကြုတ်စသော သတ္တ၀ါးများသည် နုံနဲ.သောဆိတ်သတ္တ၀ါ၏ ကိုက်ဖြတ်စားသောက်ခြင်းကိုခံရသကဲ.သို. တောသူတောင်သားတို.၏ လယ်မြေယာမြေများ ၊ဘိုးဘွားပိုင်မြေများမှာ ၂၁ ရာစုဆိတ်သတ္တ၀ါများ၏ အကောက်ဥာဏ်ဖြင်. ပိုင်းဖြတ်စားသောက်ခြင်းကို သွေးအလူလူးဖြင်.ရင်ဆိုင်နေရသောကာလဖြစ်ပါသည် ။ လယ်တီပဏ္ဍိတဦးမောင်ကြီးက ဤအဖြစ်အပျက်ကို လွန်ခဲ.သောနှစ်ပေါင်းများစွာက အောက်ပါအတိုင်း သံပေါက်လင်္ကာစပ်ဆိုခဲ.၏ ။

အမေး ။ ဆိတ်ကိုမြင်ငြား၊ကြောက်အားပြင်းထန် ၊ ခြင်္သေ.သစ်ကျား ၊ ခုန်လွှားပြေးပြန် ။
အဖြေ ။ သူယုတ်မာများ ၊ထောင်လွှားနိုင်ငံ ၊ သူတော်ကောင်း ၊ ပုန်းအောင်းတောမြိုင်ယံ ။

သရ၀ဏ် (ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်) 18.2.2014

No comments:

Post a Comment