Wednesday, January 15, 2014

တူးဖော်ရရှိခဲ့သော ရွှေပေလွှာအချပ်နှစ်ဆယ်တွင် ပျူအက္ခရာဖြင့်ရေးထိုးထားသော ထေရဝါဒပိဋကတ် ပါဠိတော်များပါရှိ



1926 ခုနှစ်တွင် သရခေတ္တရာ ရှေးဟောင်းနယ်မြေ ဦးခင်ဘ ပိုင် ဘုရားပြိုကုန်း ဌာပနာတိုက်မှ တူးဖေါ်ရရှိခဲ့သော ( ခင်ဘ ရွှေပေ ) ဟုအမည်တွင်သော ရွှေပေအချပ်နှစ်ဆယ်တွင် ပျူအက္ခရာဖြင့်ရေးထိုးထားသော ထေရဝါဒပိဋကတ် ပါဠိတော်များပါရှိပါသည်။

၁။ပဋိစ္စသမုပ္ပါဒ ဒေသနာတော်

၂။ဝိပဿနာဥာဏ် (၇)ပါး

၃။ဗောဓိပက္ခယတရား (၃၇)ပါး

၎။ဝေသာရဇ္ဇသုတ်

၅။ဗုဒ္ဓဥာဏ်တော် (၁၄)ပါး

၆။အားလုံးတွင် အမြတ်ဆုံး (၄)မျိုး

၇။မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်သို့ဝင်တော်မူရာတွင်သိကြားမင်းလုလင် ရွတ်ဆိုသောဂါထာ

၈။ဗုဒ္ဓဂုဏ်တော် (၉)ပါး တို့ဖြစ်ပါသည်။

ထိုအချက်ကိုကြည့်၍ သရခေတ္တရာပျူခေတ်မှစတင်ပြီး မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာရောက်ရှိ ထွန်းကားခဲ့သည်ဟု မှတ်ယူနိုင်ခြင်း နှင့် ပျူအက္ခရာမှမြန်မာအက္ခရာပြန်နိုင်မှု တို့အတွက် အလွန်ကျေးဇူးကြီးသောရှေးဟောင်းသုတေသန တွေ့ရှိချက်ဖြစ်ပါ၏်

Zin Thein

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

No comments:

Post a Comment