ဆရာတော် ဦးရက္ခ၀ံသသည် လက်ကျန် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ပထမအကြိမ် (3.8.2013) ရက်နေ့မှ (8.8.2013) အထိ 6 ရက်တိတိ အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ခြင်း၊ ဒုတိယအကြိမ်အဖြစ် ရန်ကုန်မှ မန္တလေးသို့ 11.8.2013 တွင် ခြေလျှင်လမ်းလျှောက်တောင်းဆိုခဲ့ခြင်း၊ နိုင်ငံတော်မှ လိုက်လျှောမှုမရှိသည့်အတွက် တတိယအကြိမ်အဖြစ် 1.10.2013 ရက်နေ့မှစပြီး မန္တလေးတိုင်းဒေသကြီး မဟာမြတ်မုနိဘုရားကြီးမှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မဟာမြတ်မုနိအထိ အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှုကို စတင်ပြုလုပ်ခဲ့ပြီး 8.10.2013 ရက်နေ့အထိ ပြုလုပ်နေချိန်တွင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် ဘရူးနိုင်ခရီးစဉ်တွင် နိုင်ငံရေးအကျဉ်းသား (56) ဦး လွှတ်ပေးခဲ့သည့်အတွက် ဆရာတော်သည် မကွေးမြို့တွင် အစာငတ်ခံ ဆန္ဒပြမှု (8) ရက်မြောက်နေ့ (8.10.2013) နေ့တွင် ရပ်ဆိုင်းခဲ့ပြီး နှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား အကုန်လုံး လွှတ်ပေးပါမည်ဟု ကတိပြုပြောကြားခဲ့သော်လည်း ထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသေးသည်ကို သိရပါသည်။
ယခုအခါ ဆရာတော်သည် မူလ အစာငတ်ခံ ဆန္ဒပြရပ်ဆိုင်းခဲ့သည့် မကွေးမြို့မှ (6.1.2014) ရက်နေ့မှစပြီး ရခိုင်ပြည်နယ်၊ ကျော်တော်မြို့ရှိ မဟာမြတ်မုနိအထိ တကိုယ်တော် ဆန္ဒပြတောင်းဆိုမှုကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အကျဉ်းထောင်တွင် မလွတ်သေးပဲ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား (33) ဦး လွတ်မြောက်ရေးအတွက် အစာငတ်ခံ ဆန္ဒပြခြင်းဖြစ်ပြီး (14.1.2014) တွင် ပြည်မြို့အတွင်း လှည့်လည်ဆန္ဒပြပြီး ရခိုင်ပြည်နယ်၊ ကျော်တော်မြို့ရှိ မဟာမြတ်မုနိအထိ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း ဆရာတော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးသန်းဆွေမှ ပြည်သတင်းသို့ ပြောကြားသွားပါသည်။
ဆရာတော်၏ပြောရေးဆိုခွင့်ရှိသူ
ဦးသန်းဆွေ
09-43138898
ဒီမိုကရေစီအင်အားစု
ပြည်သတင်း
https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket
No comments:
Post a Comment