မန္တလေးမဟာမြတ်မုနိဘုရားမှ စစ်တွေမြို့ဥူးဥတ္တမပန်းခြံရှေ့သို့ လမ်းလျှောက်ချီတက်နေသူ ဆရာတော်ဥူးရက္ခ၀ံသသည် လမ်းခရီးတစ်လျှောက်ဖူးမျှော်လှူဒါန်း ပြည်သူများအကြောက်တရားလွှမ်းမိုးနေသည်ကို တွေ့ရကြောင်းဇန်န၀ါရီ (၁၃)ရက်နေ့ကမိန့်ကြားခဲ့သည်။
“လမ်းတစ်လျှောက်လုံးရဲ့ အတွေ့အကြုံအရ ပြည်သူတွေ အကြောက်တရားတွေလွှမ်းမိုးနေတာတွေ့ရတယ်။ တစ်ခုခုလှူချင်စကားပြောချင်တာတို့ ကြည့်လိုက်တဲ့အခါမပြောရဲတာ မလှူရဲတာတော်တော်လေးတွေ့ရတယ်။ အဲတော့ဒီနယ်ဘက်တွေမှာ အကြောက်တရားလွှမ်းမိုးနေသေးတာတွေ့ရတယ်” ဟုဆရာ တော်ဥူးရက္ခ၀ံသက မိန့်ကြားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားမရှိရဟု သမ္မတကြီးကကတိပေးထားသော်လည်း ၂၀၁၄ တွင် နိုင်ငံရေးအကျဉ်းသားများကျန်ရှိနေသေးသည့်အတွက် ဆွမ်းဘုန်းမပေးဘဲ လမ်းလျှောက်မေတ္တာပို့နေရာ ဇန်န၀ါရီ(၁၃)ရက်နေ့တွင် ပြည်မြို့သို့ရောက်ရှိစဉ် မိန့်ကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံတော်သမ္မတကြီးကနေပြီးတော့ ၂၀၁၃ ကုန်တာနဲ့ နိုင်ငံေ၇းအကျဉ်းသားလုံးဝမရှိတော့ဘူးလို့ ကတိပေးထားတယ်။ အခု၂၀၁၄မှာနိုင်ငံရေးအကျဉ်းသားတွေရှိနေတဲ့အတွက်ကြောင့် အဲဒီနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက်မေတ္တာပို့ လမ်းလျှောက်ရခြင်းဖြစ်တယ်”ဟုဆရာတော်ကမိန့်သည်။ ဆရာတော်ဥူးရက္ခ၀ံသသည် မန္တလေးမဟာမြတ်မုနိဘုရားကြီးမှ ဇန်န၀ါရီလ(၆)ရက်နေ့တွင် ဆွမ်းဘုန်းမပေးဘဲလမ်း လျှောက်ချီတက်လာခဲ့ပြီး ဇန်န၀ါရီလ(၁၃)ရက်နေ့တွင် ပြည်မြို့ဇီးအုပ်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီးဆရာတော်၏ခရီးစဉ်သည် ရခိုင်ပြည်နယ်စစ်တွေမြို့ ဥူးဥတ္တမပန်းခြံတွင် ပြီးဆုံးမည်ဖြစ်သည်။
ဆရာတော်ဥူးရက္ခ၀ံသသည် ၁၉၈၈စက်တင်ဘာ (၂၇) ရက်တွင် နိုင်ငံရေးမှုဖြင့်ဖမ်းဆီးခံရပြီးသေဒဏ်၊ တစ်သက်တစ်ကျွန်မှ ၁၉၉၇ခုနှစ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထို့အပြင်ဆရာတော်သည် ၂၀၀၇ခုနှစ်ရွှေဝါရောင်တော်လှန်ရေးတွင် တစ်ဖက်နိုင်ငံသို့တိမ်းရှောင်ခဲ့ပြီး နိုင်ငံတော်သမ္မတကြီး၏ဖိတ်ကြားချက်အရ ပြည်တွင်းသို့ပြန်လည်ဝင်
ရောက်လာခဲ့ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။
ဆရာတော်သည် ပြည်မြို့ ဇီးအုပ်ဘုန်းတော်ကြီးကျောင်းတိုက်သို့ ဇန်န၀ါရီ(၁၃)ရက်နေ့ နံနက်(၁၁)နာရီအချိန် ရောက်ရှိပြီးဇန်န၀ါရီ(၁၄)ရက်နေ့တွင် ပြည်မြို့၌သူ၏ခရီးစဉ်အကြောင်း သတင်းစာရှင်းလင်းမည်ဖြစ်သည်။
ပြည့်သဲမောင်(ပြည်)
ပြည်သတင်း
https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364
ဆရာတော်သည် ပြည်မြို့ ဇီးအုပ်ဘုန်းတော်ကြီးကျောင်းတိုက်သို့ ဇန်န၀ါရီ(၁၃)ရက်နေ့ နံနက်(၁၁)နာရီအချိန် ရောက်ရှိပြီးဇန်န၀ါရီ(၁၄)ရက်နေ့တွင် ပြည်မြို့၌သူ၏ခရီးစဉ်အကြောင်း သတင်းစာရှင်းလင်းမည်ဖြစ်သည်။
ပြည့်သဲမောင်(ပြည်)
ပြည်သတင်း
https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364
No comments:
Post a Comment