ပြည်၊နိုဝင်ဘာ(၂၈)ရက် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် နိုဝင်ဘာ(၂၁)ရက်နေ့က ဧရာဝတီမြစ်ထဲတွင် ရေနစ်သေဆုံးခဲ့သော ဆယ်တန်းကျောင်းသား သေဆုံးမှု့တွင် ကျောင်းပြသနာများ ပါဝင်ခြင်းမရှိကြောင်း သေဆုံးသည့် ကျောင်းသား တက်ရောက်ရာ ပြည်မြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းဆရာမများက ပြောဆိုကြသည်။ မောင် ဥာဏ်မင်းထွဋ် (၁၆)နှစ် မသေဆုံးမီ နောက်ဆုံးကျောင်းတက်သည့် နေ့ဖြစ်သော နိုဝင်ဘာ(၂၁)ရက်နေ့ ကျောင်းချိန်တွင် ပန်းချီ ရေးဆွဲမှု့ကြောင့် မိဘ အုပ်ထိန်းသူ ကို ခေါ်ဆောင်လာခဲ့ရန် ပြောဆိုမှု့ လုံးဝ မရှိကြောင်း ဒသမတန်း(ခ)တွင် အင်္ဂလိပ်စာ သင်ကြားသူ ဆရာမက ရှင်းပြသည်။ ‘ကျွန်မ အတန်းချိန်မှာ ပုံမှန်ပဲ စာသင်တယ်၊ သူဆီမှာ ရီးစားစာတွေ့တာ ရှိတယ်၊စာသင်ချိန်ပျက်မှာ စိုးလို့ စကားပြောချိန်တောင် မရှိဘူး၊ မိဘခေါ်ခိုင်းတာလည်း မရှိဘူး’ဟု ထပ်မံ ပြောဆိုသွားသည်။ နိုဝင်ဘာ(၂၁)ရက်နေ့က သေဆုံးသူ မှာ ကျောင်းမှ ပြန်ရောက်လာစဉ် မိခင်ဖြစ်သူ ကို ကျောင်းလိုက်ခဲ့ရန် ပြောသဖြင့် မိခင်မှ ဖခင် ဖြစ်သူ ကို ခေါ်သွားရန် ပြန်လည်ပြောဆိုခဲ့ပြီး သေဆုံးသူမှာ မုန့်ဝယ်ရန် ထွက်သွားခဲ့ရာမှ ပြန်မလာတော့သဖြင့် လိုက်လံရှာဖွေရာ နိုဝင်ဘာ(၂၅)ရက်နေ့တွင် ဧရာဝတီတိုင်း၊ကြံခင်းမြို့နယ် အတွင်း ဆိပ်သာ ရေလည်ကျွန်းတွင် အလောင်းတွေ့ခဲ့ခြင်းဖြစ်သည်ဟု မိသားစုက ပြောဆိုသည်။ နိုဝင်ဘာ(၂၁)ရက်နေ့ညနေပိုင်းက သေဆုံးသူ ထားရစ်ခဲ့သော န၀ဒေးတံတားပေါ် တိုင်အမှတ်(၉)အနီးတွင် ဆိုင်ကယ်တစီးနှင့် ဖိနပ်တစ်ရံကို တွေ့ခဲ့ပြီး တံတားပေါ်မှ ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့သည့်ဟု ယူဆရကြောင်း န၀ဒေးတံတားရဲကင်းမှ စုံစမ်းသိရှိရသည်။ သေဆုံးခဲ့ရသူ မောင်ဥာဏ်မင်းထွဋ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံတွဲဖြင့် ပညာသင်ကြားနေသူ ဖြစ်ပြီး ပညာရေးအခြေအနေမှာ အောင်မြင်နိုင်သည့် အခြေအနေရှိကာ သေဆုံးခဲ့ရမှု့နှင့် ပတ်သတ်ပြီး စုံစမ်းဆဲဖြစ်ကြောင်း ပြည်မြို့နယ် ပညာရေးမှုးရုံးက သိရှိရသည်။ ၄င်း မသေဆုံးမီ က ကျောင်းရှိဆရာမ နှင့် အတန်းချိန်တွင်း ကနုတ်ရေးဆွဲမှု့ကြောင့် ဆရာမ မှ စာအုပ်သိမ်းဆည်းခဲ့ပြီး မိဘ ခေါ်ရန် ပြောဆိုခဲ့ကြောင်း၊ မောင်ဥာဏ်မင်းထွဋ်မှာ ဆရာမ ကို အခြားအပြစ်ပေးရန် လိုက်လံတောင်းပန်မှု့များရှိခဲ့
......မြတ်နိုးခင်....
No comments:
Post a Comment