Thursday, December 5, 2013

မူးယစ်ဆန့်ကျင်ရေး ပညာပေးဟောပြော


ပြည် ဒီဇင်ဘာ ၎

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေး ပြည်မြို့နယ်မှကြီးမှူးကျင်းပသော မူလတန်းအဆင့် အသိပညာဉာဏ်ရည် တိုးတက်မှုပြိုင်ပွဲ ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ပြည်မြို့ ဆံတော်ရပ်ကွက် စကားတောင် အခြေခံပညာ မူလတန်းကျောင်း၌ ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။ တိုင်းခွဲအတွင်းရေးမှူး ဦးရဲထွဋ် (လက်ထောက်ညွှန်ကြားရေးမှူး) ဥပဒေ(ငြိမ်း)က ရှောင်လေဝေးဝေး မူးယစ်ဆေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။ ထို့နောက် ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုရ ကျောင်းသား ကျောင်းသူများအား တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မူးယစ် ဆေးဝါးဆန့်ကျင်ရေးအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ကျောင်း အကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

KM0312
Pyay City

No comments:

Post a Comment