----- ရွှေဆံတော်မှာ ကြွေ တဲ့အသည်း ( အပိုင်း ၇ )----
@@@@@@@@@@@@@@@@@@@@@@@@
ဟယ်ကဗျာလေးက ကောင်းလိုက်တာ နင်ကိုဘယ်သူရေးပေးတာလည်
ဟင် ငါကြိုက်တယ်ဟ ငါတို့ ရွှေဆံတော် ဘုရားမှာ ဆုတောင်းခဲ့တာတွေ ပေါ်
ပေါ်လွန်လွန်ရှိတယ်ဟ နင်ရေးတာအမှန်ဆိုရင်တော့ ဟေ့ အာဘွား ခိ ခိ ခိ
နင်ကလေ ငါဆိုရင်ဘယ်တော့မှအထင်မကြီးဘူး ညကအိပ်မပြောလို့ 
ရေးဒါတာပါ ကဗျာဆရာ မဟုတ်တော့ ကာရန် စာချိုးတော့ မှန်ခြင်မှ မှန်မှာ
ပေါ့ဟာ ဒါပေမဲ့ ငါရင်ထဲက လာတဲ့စာတွေပါဟာ အောင်မာ ငါကိုဘာမှတ်လည်း ကျောင်းစာတာ ညံ့ ခြင်ညံမယ် နင်နဲ့ ပတ်သက်လာရင်တော့ ဦးနှောက် စပယ်ရှယ် ကောင်းမှကောင်း ဒါနဲ့ 
နင်ငါကိုချစ်လားဟင် မေးသာမေးတာပါ နင်မျက်လုံးတွေက ငါကိုချစ်နေတာ
ပါဟုတ်တယ်မဟုတ်လား
ဂွ စာ နင်ကိုဘယ်သူကချစ်တယ်ပြောလည်း နင်ကို ငါတွေးတောင်မတွေးမိ
ဘူး ညည စာတွေနဲ့ ဘဲ အလုပ်ရှုပ်နေတာဟ နင်က ငါ့အတွက်သူငယ်ချင်းပါ
ဟာ ဟုပြောလိုက် ခင်စပယ် စကားအဆုံးတွင် သက်မောင်ဦး မျက်နှာပျက်ပြီး ငိုင် သွားလေသည် ခင်စပယ် သက်မောင်ဦး မျက်နှာပျက်
သွားတာကိုကြည့်ပြီး သနားသွားလေသည် သို့ ပေမဲ့ မဖြစ် မိန်းကလေး လေ
နဲနဲတော့ ဟန်ဆောင်ထားမှ ဟင်း မှတ်ပလား
ထင်ပါတယ် ငါကလည်း အစထဲက တွေးပြီးသားပါ နင်လို ရွာမှာ ငွေရှိ
ချမ်းသာ ကြွယ်ဝ ယာမြေတွေကလည်းအများကြီး ငါနဲ့ နင်ဘ၀က ကွာခြားပါ
တယ်ဟာ ငါကိုက ချစ်မိတာကို အေးပါဟာ နင်ကမှမချစ်လည်း ငါဘာတတ်
နိုင်မှာလည်း ဒါပေမဲ့ နင်မှတ်ထာဒပါ ငါ့ဆိုတဲ့ ကောင်တယောက်က နင်ပေါ်
မှာ ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲ ချစ်နေတယ်ဆိုတာကိုတော့ ဘယ်တော့မှမမေ့ပါနဲ့ ဟာ ကဲငါသွားမယ် သက်မောင်ဦးစကားဆုံးသည်နှင် ခြာကနဲထွက်သွားလေသည်
ဟေး ဟေး ဟေး နင်ကဘာလည်းဟ နင်ကလည်း ယောင်္ကျားလေးတ
ယောက်ဖြစ်ပြီး တုံးလိုက်တာ ငတုံး ငအ နင်ကိုဘယ်မိန်းကလေးက မချစ်ဘဲ
နဲ့ အတူသွား အတူလားနေမှာလည်းဟ ရွာကပါလာတာတွေဆို တခါတလေ
ငါမစားဘဲနင်ကိုပေးတာလေ နင်ဟာလေ လည်မလိုနဲ့ အကိုအတယ် ခင်စ
ပယ်စကားအဆုံးတွင် သက်မောင်ဦး အူကြောင်ကြောင် မျက်လုံးဖြင့် ဘာ
လည်ဆိုတဲ့သဘောဖြင့်ကြည့်လေ၏ နင်မှတ်ထား ငတုံးလေးရ မိန်းမ
တယောက်ရဲ့  မျက်ဝန်းထည်မှာ အမုန်းတွေ အချစ်တွေ မေတ္တာ တရားတွေ
သံယောဇဉ်တွေ ဥပက္ခာတွေ ရှိနေတယ်ဟ မျက်ဝန်းပေါ်မှာ လှဲ့ နေတဲ့ မျက်
ရည်တွေဟာ တကယ်တော့ ၀မ်းနဲလို့ မဟုတ်ဘူးဟ အဲ့ဒါက အချစ်ကြောင့်
လှဲ့ နေတဲ့ မျက်ရည် တောက်ပနေတဲ့ မျက်ဝန်းဟ နင်မသိဘူးလား နင်နဲ့ တွေ့ 
ရင်ငါမျက်ဝန်းတွေဘာဖြစ်နေလည်းသေသေခြာခြာကြည့်ပါလား ငတုံးလေရ
ဟုတ်ပ ခုမှငါသတိထားမိတယ် နင်ငါနဲ့ တွေ့ ရင် လပြည့်ညက လမင်း
ကြီးကိုတိမ်ကင်းစင်ချိန်ကြည့်ရသလိုဘဲ ၀န်းလှဲ့ တောက်ပနေတာ အင်း ဒါဆို
ငါကိုချစ်နေတယ်လို့ ဖေါ်ပြတာပေါ့ဟုတ်လား ဟာဟ ကောင်မလေး ငါကို
ခိုခိုကြည့်ပြီးချစ်နေတာ ခုမှသိတယ် ရှက်ရှက် ပြောလိုက်သောစကားတွေကြောင့် ခင်စပယ် မျက်နှာ ရဲပလောင်းခတ်ပြီး နီနီရနြေလေသည်
နင်နော် ငါကစကားအဖြစ်ပြောတာ နင်ကိုချစ်တယ်လို့ ပြောလို့ လား
စကားကို အကြကောက်ပြီး ကိုဘက်ကိုယှက်တဲ့လိပ်မျိုး ဟင်း အကဲပိုနေလိုက်တာ နွေနွေ ခေါင်ခေါင် မှိုရတဲ့မျက်နှာနဲ့  ဟင်းမုန်းလိုက်တာ
ကြည့်လိုကိုမရဘူး ပြောသာပြောရတယ် သက်မောင်ဦး ခုလိုပြုံးပြုံး ရွှင်ရွှင်
မြင်ရတော့ ရင်ထဲမှာကြည်းနူးမိသည်း သူမျက်နှာညှိုးနေရင်မနေတတ် မနက်မိုးလင်းလို့ အဆောင်အပြင်ထွက်လိုက်ရင် ဘာဘဲပြောပြော သက်မောင်ဦး မျက်နှာကိုမြင်ခြင်သည် ဒါကဘဲအချစ်လို့ ဆိုရမလိုပင် ကြည့်
လေ ခုဘဲ ထမင်းကြော်စားတော့ သက်မောင်ဦး က ၀က်အူချောင်းတွေထည့်
မစား ဟေ့ နင်ဘာလို့ ဝက်အူချောင်းတွေထည့်မစားတာလည်ဟင် ဘာ
လည်ဟ ငါနဲ့ စားရတာ ဘ၀င်မကြလို့ လား ဟုပြောရင်းထည့်ပေးလိုက်လေသည်
ဒီလိုနေ့ တွေ အမြဲဖြစ်လာရင်ကောင်းမယ်ဟာ ငါလေ နင်နဲ့ ခု လို စားနေသွားနေရရင်ပျော်တယ်ဟ ကိုယ်တိုင်းလည်း ပေတာဆိုတာတွေပြင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ ဒါနဲ့ ရှေ့ ပါတ်ထဲမှာ စာမေးပွဲဖြေဆိုခွင့်ရှိမရှိသိရတော့မှာလို့ ကြားတယ်ဟ ဒု
က္ခဘဲ ငါမပါရင်တော့ပြဿနာဘဲ ငါတွေးပြီးစိတ်ပူတယ်ဟ ပြောရင်း သက်
ပြင်းရှည်ကြီးခြလိုက်သည်
နင်ကိုအစထဲက စာကြိုးစားပါ လို့ ပြောထားတာနင်ကိုက ခုမှ တွေးပူမ
နေနဲ့ ပါမှာပါဟာ နင်စိတ်ပူလွန်းတာပါ လာသွးကြအောင် ညစောစောအိပ်
မနက်ကြ စာမေးပွဲဖြေခွင့် လျှောက်လွှာတင်ရမှာလေ ခင်စပယ် စကားအဆုံးတွင် သက်မောင်ဦး လေးတိလေးကန်ထလိုက်သည် ကဲငါသွားမယ် နော် နင်သတင်းလေးဘာလေးကြားရင်ပြောဦးဟ သက်မောင်ဦး ဆိုးရိမ်စိတ်ဖြင့်ဆိုလေသည်
ဘယ်လိုလုပ်ကြားမလည်းနင်ကလည်း ကျောင်းက ဒီလောက်စည်းကြီးတာ ကြားလိုက်မယ်အားကြီးကြီး ဘုရား ရှစ်ခိုးအိပ်အုံး
နော် အေးပါလို့ ပြောပြီး သက်မောင်ဦးထွက်သွားလေသည်
သူတို့ နှစ်ယောက်က ငယ်သူငယ်ချင်း ကျောင်းနေဘက် ချစ်သူတွေဖြစ်လာတော့လည်း ခင်စပယ် ကသက်မောင်ဦးကို မောင် ခေါ်
လိုက် သက်မောင်ဦး ကခင်စပယ် ကို သက် ခေါ်လိုက် နင် ငါပြောလိုက်နဲ့ 
ချစ်သူ ဘ၀ ပျော်စရာ ရွှင်စရာတွေဟာ ကံကြမ္မာမုန်းဆတိုင်းဝင်ရောက်တိုက်ခတ်မှာကိုမသီရှာပေ
( ငါလိုယောင်္ကျားပြဿဒါးမရှိ ) အပိုင်း(၈)အားဆက်လက်ဖတ်ရှုပါရန်.....
ဓည၀တီ စိုးပိုင်

No comments:
Post a Comment