Wednesday, October 2, 2013

အမှတ်(၁၆)အကြီးစားစက်ရုံ(ဆင်တဲ) စက်ရုံအကြောင်းသိကောင်းစရာအကျဉ်းချုပ်



အမှတ်(၁၆)အကြီးစားစက်ရုံ(ဆင်တဲ) စက်ရုံအကြောင်းသိကောင်းစရာအကျဉ်းချုပ်
****************************************************
1.10.2013
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာအုပ်စု ဆင်တဲရွာအနီးတွင် အမှတ်(၁၆)အကြီးစားစက်ရုံကြီးကို (၁၉၆၅)ခုနှစ်တွင်စတင်တည်ဆောက်ထားခဲ့ပါသည်။
အဆိုပါ အမှတ်(၁၆)အကြီးစားစက်ရုံ ကြီးမှစက်ပစ္စည်းများကို (၁၉၆၉)ခုနှစ်တွင် စတင်ထုတ်လုပ်နိုင်ခဲ့ပါသည်။ အဆိုပါစက်ရုံကြီးတွင် အရာထမ်း(၇၃)ဦး အမှုထမ်း(၁၁၂၁)ဦး စုစုပေါင်း (၁၁၉၄)
ဦးတို့ကို ဖွဲ့စည်းပုံအင်အားပုံစံဖြင့် ဖွဲ့စည်းထားပြီး ခန့်အပ်အင်အားကတော့ အရာထမ်း(၃၉)ဦး အမှုထမ်း(၉၆၂)ဦး စုစုပေါင်း(၁၀၀၁)ဦးတို့ကို ခန့်အပ်ထားရှိခဲ့ပါသည်။ အဆိုပါစက်ရုံကြီး၏ အဓိက
ရည်ရွယ်ချက်မှာ ...နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအား လက်မှုလယ်ယာ မှ စက်မှုလယ်ယာသို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနိုင်ရေးအတွက် တစ်
ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ထုတ်လုပ်ဖြန့်ဖြူးပေးနေခြင်းဖြစ်ပါတယ်။ အဆိုပါစက်ရုံကြီး၏ ထုတ်လုပ်ရေးဌာနများကတော့ (၁)၊(၂)၊(၃)၊
(၄)၊(၅)၊ နှင့် မော်တော်ယာဉ်စက်ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်ရေးအလုပ်ရုံတို့ပဲဖြစ်ပြီး စုစုပေါင်း(၆)ဌာနရှိပါတယ်။ အဆိုပါစက်ရုံကြီး၏ အဓိကထုတ်ကုန်များမှာ ...
၁။ ။လက်တွန်းထွန်စက်(ဧရာ.၁) နှင့် ဆက်စပ်ပစ္စည်းများ(ထွန်ခုံ၊၂၁'သံဘီး၊၃၂'သံဘီး)
၂။ ။လက်တွန်းထွန်စက်သုံး .........၃.သွားပါဝါထယ်
၃။ ။ထွန်စက်ကြီးသုံး....(၁၆.သွားထွန်)
၎။ ။ထွန်စက်ကြီးသုံး....(၃.သွားထယ်)
၅။ ။၎'ရေစုပ်ပန့်(SC4C)
၆။ ။၅.ကောင်အား ဒီဇယ်အင်ဂျင်(KND5B)
၇။ ။၎'ရေစုပ်စက် (SC4CxKND5B)
၈။ ။ပေ (၉၀)အမြင့်တင် ရေစုပ်ပန့်(SVO-M)
၉။ ။သံဂဟေချောင်းများ
၁၀။ ။မော်တော်ယာဉ်စက်ပစ္စည်းအစိတ်အပိုင်းများ (Myanmar Double Cab နှင့် Myanmar Single Cab အတွက်ထိုင်ခုံများနှင့် ပလပ်စတစ်ပုံသွင်းပစ္စည်းများ(Plastic lnjection parts)
ှတို့အပြင်အခြားထုတ်ကုန်များအနေဖြင့် ....

၁။ ။ပေ(၄၀)အရှည်ရှိ ကုန်သေတ္တာတင် ၄၅xပေအရှည် မီးရထားကုန်တင်တွဲ(WBCXHV)များ
၂။ ။ဘိလပ်မြေစက်ရုံသုံး Grinding Media များ
၃။ ။မြန်မာ့မီးရထား၊အထည်အလိပ်လုပ်ငန်းနှင့် အခြားဌာနများအတွက် စက်အရန်ပစ္စည်းများ
တို့ကိုပါထုတ်လုပ်ရောင်းချလျှက်ရှိပါသည်။

လယ်ယာသုံးထုတ်ကုန်ပစ္စည်းများအား စက်ရုံမှတိုက်ရိုက်လက်ငင်းငွေချေစနစ်ဖြင့်လည်းကောင်း၊လုပ်ငန်း(ရုံးချုပ်)နှင့်ဖြစ်စေ၊စက်ရုံနှင့်ဖြစ်စေ ၁-နှစ်ဆိုင်း ၃-ရစ်သွင်း အရစ်ကျစနစ်ဖြင့် စာချုပ်ချုပ်ဆို၍လည်းကောင်း
ရောင်းချဖြန့်ဖြူးပေးလျှက်ရှိကြောင်းသိခဲ့ရသည်။ရောင်းချပြီးပါကလည်း ၀ယ်ယူသည့်နေ့မှ (၆)လအတွင်းချို့ယွင်းပါက စက်ရုံထုတ်ပစ္စည်းအစိတ်အပိုင်းများအား တန်ဖိုး နှင့်လက်ခမဲ့ အစားထိုးပြုပြင်ပေးခြင်း တစ်နှစ်
အတွင်းချို့ယွင်းပါက လက်ခမဲ့ပြုပြင်ပေးခြင်းတို့ဖြင့် ရောင်းချပြီးပစ္စည်းများအပေါ် ၀န်ဆောင်မှုပေးပါသည်။အဓိကအားဖြင့် သံရည်ကျိုသွန်းထည်များအား အပ်နှံသည့် နမှုနာ(သို့)ပုံစံများအတိုင်း သွန်းလောင်းထုတ်လုပ်
ပေးနိုင်ခြင်း စက်ခုတ်စားပစ္စည်းနှင့်ပုံဖိပစ္စည်းများအား ညှိနှိုင်းထုတ်လုပ်ပေးနိုင်ပါသည်။ ဆက်သွယ်ရန်လိပ်စာကတော့...

အမှတ်(၁၆)အကြီးစားစက်ရုံ(ဆင်တဲ) ဖုန်းနံပါတ်- ၀၅၃ ၄၀၀၂၈ (ဖက်(စ်)...၀၅၃ ၄၀၀၂၆) နှင့်
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ရုံးအမှတ်(၃၀)၊နေပြည်တော် ဖုန်းနံပါတ်-၀၆၇ ၄၀၅၀၅၃ ၊ ၀၆၇ ၄၀၅၀၅၅ (ဖက်(စ်) ၀၆၇ ၄၀၅၁၅၃ ၊ ၀၆၇ ၄၀၅၃၂၃ တို့ဖြစ်ပါတယ် အဆိုပါသတင်းကို
မြန်မာနိုင်ငံစာရေးဆရာများအသင်း(ပြည်) နှင့် ပြည်သတင်းတို့ကိုယ်တိုင်သွားရောက်ပြီး စက်ရုံပိုင်ကြီးအားတွေ့ဆုံမေးမြန်းခဲ့ပါသည်။ ။ပြည်သတင်း....

No comments:

Post a Comment