သတင်းရယူရန်သွားရောက်ခဲ့ကြသောသီတင်းသမားများကို-အစည်းအဝေးခန်းထဲသို့ဝင်ခွင့်မရ
????????????????????????????????????????????????????
ပြည်မြို့န၀ဒေးတံတားအောက်လူသတ်မှုကိုတပ်မတော်သားသုံးဦးမကျူးလွန်ကြောင်းနယ်စပ်ရေးရာ
ဝန်ကြီှးကသေဆုံးသူ၏မိသားစုအားခေါ်ပြော
ပဲခူးတိုင်းဒေသကြီးပြည်မြို့န၀ဒေးတံတားအနီးviewpointကမ်းနားသောင်ပြင်လူသတ်မှုတွင်အစွပ်စွဲခံထားရသည့်တပ်မတော်သားသုံးဦးသည်ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်းတိုင်းဒေသကြီးနယ်စပ်ေ၇းရာ
ဝန်ကြီးဗိုလ်မှူးကြီးသက်ထွန်းကပြောကြောင်းသေဆုံးသူမိသားစုထံမှသိရပါသည်။
အောက်တိုဘာလ(၁)ရက်နေ့နေ့လည်(၁၂)နာရီတွင်သေဆုံးသူ၏မိဘများအားဝန်ကြီးမှဒေသကွပ်ကဲ
မှုစစ်ဌါနချုပ်(ပြည်)ဧည့်ရိပ်သာတွင်ခေါ်ယူတွေ့ဆုံခဲ့ပြီးယခုကဲ့သို့ငြင်းဆိုခဲ့ခြင်းဖြစ်သည်။တွေ့ဆုံပွဲသို့
ှသတင်းရယူရန်သွားရောက်ခဲ့ကြသောသီတင်းသမားများကို-အစည်းအဝေးခန်းထဲသို့ဝင်ခွင့်မရရှိခဲ့ပါ။
တပ်မတော်သားသုံးဦးသည်ဧပြီလ(၂၃)ရက်နေ့ကပြည်မြို့န၀ဒေးတံတားအနီးviewpointကမ်းနား
သောင်ပြင်တွင်ကိုဇော်မင်းဦးအားသတ်ဖြတ်ပြီးအတူပါမ.........အားလည်ပင်းညှစ်ရိုက်နှက်၍သေပြီအထင်ဖြင့်လက်စွပ်ချွပ်ယူခဲ့ကြောင်းသေဆုံးသူမိသားစုမှစွပ်စွဲထားခြင်းအပေါ်ဝန်ကြီးမှငြင်းဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့စစ်ဆေးနေတယ်။မဟုတ်လို့ပါ။ဟုတ်ရင်ရဲကိုအပ်ရမယ်။စစ်သားမဟုတ်ဘူး။စစ်ဆေးပြီးသွားပြီ။အထောက်အထားပြနိုင်၇င်ထုတ်ပေးမယ်။အထောက်အထားမပြနိုင်ရင်တော့ထုတ်မပေးနိုင်
ဘူး။”ဟုဝန်ကြီးမှပြောကြောင်းသေဆုံးသူ၏ဖခင်ထံမှသိရပါသည်။
ကိုဇော်မင်းဦးသည်ဆေးစစ်ချက်အရ(၈)နာရီခွဲတွင်သေဆုံးခဲ့ပြီးတပ်မတော်သားသုံးဦးသည်တန်းစီချိန်
(၉)နာရီတွင်ရှိကြောင်း၊လုယက်ခံရသောလက်စွပ်အားတပ်မတော်သားများထံတွင်မတွေ့ကြောင်း၊အ
ပျော်အပါးလိုက်စားရန်ချေးယူသွားသောငွေနှစ်သောင်းသာပြန်ပါလာခဲ့ကြောင်းစသည့်အချက်များ
ဖြင့်ငြင်းဆိုခဲ့သည်ဟု၎င်းမှဆိုသည်။
ပြစ်မှုကျူးလွန်သူများသည်အရပ်အမောင်းကောင်းပြီးဗလတောင့်သူများဖြစ်ကြောင်းအတူပါမိန်းက
လေးမှထွက်ဆိုထားသော်လည်းတပ်မတော်သားသုံးဦးသည်ပိန်ပြီးအရပ်ပုသူများဖြစ်ကြောင်း၊တပ်မ
တော်သားသုံးဦးမှာထိုနေ့ကအရက်နှစ်ကြိမ်သောက်ထားသော်လည်းအတူပါမိန်းကလေးကအရက်နံ့မရဟုထွက်ဆိုကြောင်းစသည့်အချက်များထောက်ပြပြောဆိုသွားသည်ဟုလည်း၎င်းမှပြောကြားခဲ့သည်။
တပ်မတော်သားသုံးဦးသည်အရက်သေစာသောက်စားမှုသာကျူးလွန်ပြီးတပ်တွင်းအချုပ်တွင်(၅)လ
ခန့်ထားရှိခဲ့ရသည့်အတွက်နစ်နာကြောင်းဝန်ကြီးကပြောသည်ဟု၎င်းမှဆက်လက်ပြောကြားခဲ့သည်။
ဝန်ကြီး၏ရှင်းလင်းပြောကြားချက်များနှင့်ပတ်သတ်၍သေဆုံးသူ၏မိသားဝင်များကကျေနပ်မှုမရှိ
ကြောင်းပြောပြပါတယ်
“သူတို့လူသတ်တဲ့အမှုကိုသူတို့ကိုယ်တိုင်စစ်ပြီးဘာမှသိရတာမရှိပါဘူး။ဘယ်သူ့ကိုဘယ်လိုစစ်တယ်။ဘယ်သူကဘယ်လိုထွက်ချက်ပေးတယ်ဆိုတာသိခွင့်မရှိပါဘူး။သူတို့အချင်းချင်းညှိပြီးထွက်ချက်ယူလို့ရပါတယ်”ဟုသေဆုံးသူ၏အစ်မမှပြောပါသည်။
လူသတ်မှုတွင်အဓိကသက်သေမိန်းကလေး၏ထွက်ချက်များလွဲမှားနေကြောင်းဝန်ကြီးကပြောဆိုသည့်အပေါ်“မ……ကိုယ်တိုင်ရှင်းလင်းပွဲမတက်လို့ပြန်မပြောနိုင်တာပါ။သူသာပါရင်ဝန်ကြီးကိုပြန်ပြောနိုင်မှာ
သေချာပါတယ်။”ဟု၎င်းမှဆိုသည်။
၎င်းအမှုတွင်DNAစစ်ဆေး၇န်ရဲတပ်ဖွဲ့သို့လွှဲပြောင်းတာဝန်ပေးထားသော်လည်းမစစ်ဆေးရသေး
ကြောင်းအစည်းအဝေးတက်ေ၇ာက်သူတစ်ဦးထံမှသိရသည်။
https://www.facebook.com/ko.bashee?fref=ts မှကူးယူဖော်ပြသည်။ ။ပြည်သတင်း..

No comments:
Post a Comment