Wednesday, October 2, 2013

ပြည်မြို့မှဖွဲ့စည်းလိုက်သောပွင့်လင်းလူ့ဘောင်ကိစ္စ



ပြည်မြို့မှဖွဲ့စည်းလိုက်သောပွင့်လင်းလူ့ဘောင်ကိစ္စ
********************************

ပြည်မြို့၊တပ်လမ်း(ဘာသာရေးအထိကရုံးများကာကွယ်တားဆီးရေးကွန်ယက်ရုံး)အပေါ်တွင်၊စနေန့ကဖွဲ့စည်းလိုက်သော`ပွင့်လင်းလူ့ဘောင်´အဖွဲ့အစည်းသည်-တမြို့လုံးအတိုင်းအတာအားဖြင့်ဖွဲ့စည်း လိုက်သော-အဖွဲ့အစည်းမဟုတ်ပဲ-လူတစုက-သူတို့နှင့်အဆင်ပြေမည့်သူတချို့နှင့်-တိုးတိုးတိတ်တိတ်-မပွင့်မလင်း ဖွဲ့စည်းလိုက်သောအဖွဲ့ဖြစ်သဖြင့်-ပြည်မြို့မှ နိုင်ငံရေးအကျဉ်းသားအချို့က-ရင်လေးစိတ်မကောင်းဖြစ်နေ ကြပါသည်။
ထိုအဖွဲ့တွင်-ပြည်မြို့မှ-ငွေကျေးချမ်းသာသောသူအချို့(ဥပမာ)ကိုယ်ပိုင်ကားပိုင်သူ/တိုက်တာအခမ်းများပိုင်သူ-အချို့နှင့်-တိုင်းပြည်ကို-နောက်ကြောင်းပြန်သွားအောင်-ကုလား-ဗမာ-အထိကရုံးတွင်ဦး ဆောင်ပါဝင်မှုကြောင့်-ထောင်ကျသွားသူအချိ့-လတ်တလောနိုင်ငံရေးလှုပ်ရှားသူများ/ဒေသဆိုင်ရာဖွံ့ဖြိုးရေး-လှုပ်ရှားမှုများတွင်-ဘယ်နေရာကမှမပါဝင်-မလှုပ်ရှားဘူးကြသော(၀ါ)၂၀၀၈-ဖွဲ့စည်းပုံ အခြေခံဥပဒေ-ပြင်ဆင်ရေးတို့ကို-စိတ်ဝင်စားခြင်းမရှိကြသောသူများသာ-လတ်သိပ်ထိုး-ဦးဆောင်ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပါသည်။
အမှန်တကယ် ပြည်မြို့မှ-လှုပ်ရှားတက်ကြွသူ-နိုင်ငံရေးသမားတချို့သည်-ငွေကျေးနွမ်းပါးပြီး-စားဝတ်နေရေး-အဆင်မပြေကြသူများဖြစ်ကြပါသည်။သို့အတွက်ထိုအဖွဲ့တွင်-၀င်ရောက်နိုင်ခွင့်မရှိ-ဆိုတဲ့အချက်တွေနဲ့ကိုက်ညီအောင်ဖွဲ့ထားပါသည်။
ရန်ကုန်မြို့မှ-ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုမြအေး-တို့ရဲ့-နိုင်ငံရေးသြဇာကြီးမြင့်မှုကို-အသုံးချလိုပါသဖြင့်-ထိုအဖွဲ့ကို-ခါတော်မှီ-လိုက်ရောင်ခြင်းတမျိုးသာဖြစ်ပါသည်။ကြယ်ကြယ်ပြန့်ပြန့်မဖိတ်ပဲ-အခုလိုလက်ဝါးကြီးအုပ်ဖွဲ့လိုက်သဖြင့်-ပြည်မြို့သမိုင်းအတိုင်း-နောက်တဖွဲ့ပေါ်လာခဲ့ရင်-ပြည်မြို့မှာ-ပွင့်လင်း(၂)ဖွဲ့ဖြစ်သွားမှာကို-မတွေးတတ်အောင်-ဥာဏ်အမြော်အမျှင်နဲ လှသော-လုပ်ရပ်တခုဖြစ်နေပြီး-ထိုဥာဏ်နဲ သောနိုင်ငံရေးသမားများ၏နောက်-ကိုလိုက်သောသူများသည်လဲ-ငါးပါးမှောက်ပြီး-ထိုစတင်ဖွဲ့စည်းသောသူများသည်လဲ-ပြည်မြို့သမိုင်းရဲ့တရားခံများသာဖြစ်ပါသည်။
ပွင့်လင်းဟူသောစကားရပ်နှင့်ဆန့်ကျင်ပြီး-မပွင့်မလင်း-ဖွဲ့သွားသော-ထိုအဖွဲ့အစည်းသည်-ဘာတွေလုပ်ရန်အတွက်- ရည်ရွယ်ပြီးဖွဲ့ထားသောအဖွဲ့- ဖြစ်ပါသလဲဆိုတာကို-စဉ်းစားလို့မရအောင်-အကျဉ်း တန်အရုပ်ဆိုးလှပါသည်။
ပြည်မြို့တွင်နိုင်ငံရေးနှင့်-ထောင်ကျဘူးသူတွေ၊လတ်တလော-ပုဒ်မ(၁၈)နှင့်ဖမ်းစီးအရေးယူခံရသူတွေ-လှုပ်ရှားတက်ကြွသူတွေ-ကိုချန်လှပ်ပြီး-အစဉ်ပြေသူတွေနှင့်သာ-ဖွဲ့စည်းထားကြသဖြင့်-တချိန်တုံးက-ထောင်တွေကျ၊စီးပွားတွေပျက်၊ဘ၀တွေပျက်ခဲ့ပြီး-ပေးစပ်ခဲ့ရတဲ့သူတွေကို တနည်းအားဖြင့်-ပျက်ရယ်ပြုခြင်း၊စော်ကားခြင်းဖြစ်တဲ့အတွက်-ထိုပြည်မြို့မှ-ပွင့်လင်းလူ့ဘောင်သည်-(လှုပ်ရှားတက်ကြွသူများမြို့)(၀ါ)ပြည်မြို့ နှင့် လုံးဝမအပ်စပ်-မဖြစ်သင့်ပါကြောင်း-အသိပေးအပ်ပါသည်။


နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှတချို့

https://www.facebook.com/ko.bashee?fref=ts မှကူးယူဖော်ပြသည်။ ။ပြည်သတင်း...

No comments:

Post a Comment