Tuesday, September 3, 2013

GTU (သို.မဟုတ် ) စနစ်တစ်ခုရဲ.ဘေးထွက်ဆိုးကျိုး သရ၀ဏ်(ပြည်)


GTU (သို.မဟုတ် ) စနစ်တစ်ခုရဲ.ဘေးထွက်ဆိုးကျိုး

သရ၀ဏ်(ပြည်)

တိုင်းပြည်တွင်ဒိထက်အရေးကြီးသောကိစ္စများစွာရှိသဖြင်. ဒီအကြောင်းကိုမရေးတော.ဘူးဟု ကျွန်တော် အကြိမ်ကြိမ်စဉ်းစားသည် ။ သို.သော် တွေ.နေ မြင်နေ ဖတ်နေ ကြားနေရသည်. သဘောထားများက ကျွန်တော်.ကို ဤဆောင်းပါးမရေးပဲမနေနိုင်အောင်ဖြစ်စေသည် ။ ကိစ္စကတော. အများသူငါပြောကြားနေကြသော နည်းပညာတက္ကသိုလ် (သံလျင် ) မှ တက္ကသိုလ်ကျောင်းသားစုံတွဲတစ်တွဲ၏ အတွင်းရေး ပေါက်ကြားမှု (တနည်းပြောရလျင် ) ချိန်းတွေ.စဉ် ဗီဒီယို ခိုးရိုက်ထားသော မှတ်တမ်းပေါက်ကြားမှုဖြစ်သည်။
အရှက်အကြောက်ကြီးသော ၊ ဟီရိသြတပ္ဖတရားကြီးမားသောမြန်မာ လူ.အသိုင်းအ၀ိုင်းသည် ဤကိစ္စတွင် ထိတ်လန်.တုန်လှုပ် Shock ရသွားသည် ဟုထင်ပါသည် ။ တစ်ဆက်ထဲပင် လူငယ်တို.၏ အပြုအမူ အနေအထိုင်ကိုသော်လည်းကောင်း ၊ တက္ကသိုလ်ကျောင်းများ၏ အနေအထားကိုလည်းကောင်း ဝေဖန်သံတို.ကြွက်ကြွက်ညံအောင် တက်လာကြပါသည်။ အများအားဖြင်. ကျောင်းသားလူငယ် စုံတွဲအားပစ်မှတ်ထားပြီး ဝေဖန်ရှုတ်ချလာကြခြင်းဖြစ်သည် ။ ဝေဖန်ကြသူထဲတွင်မဆီမဆိုင် ရန်ကုန်တိုင်းဒေသကြီးရှိတက္ကသိုလ်များနှင်. အခြေခံပညာကျောင်းများတွင် မဖွယ်မရာကိစ္စများဖြစ်ပွားသည်.အခါ  ရန်ကုန်တိုင်းဒေသကြီးအစိုးရက တင်းကြပ်စွာကိုင်တွယ်သွားရန်စီစဉ်နေကြောင်း ၊ တိုင်းဒေသကြီးတာဝန်ရှိသူတစ်ဦးကထုတ်ဖော်ပြောကြား လိုက်သည်ဟု သြဂုတ်လ (၁)ရက်နေ.ထုတ် ရန်ကုန်တိုင်းသတင်းစာတွင် ပါရှိရာကျွန်တော်.အမြင်ကိုပြောရလျင် တက္ကသိုလ်များ၏ လုပ်ပိုင်ခွင်.ကို အုပ်ချုပ်ရေးအဖွဲ.ကမဆီမဆိုင်ဝင်၍ စွက်ဖက်ခြင်းဖြစ်သည် ။ လက်သင်.ခံနိုင်စရာမရှိပေ ။

ကျွန်တော်. ကို မိတ်ဆွေအပေါင်းအသင်းများက ဘုဂလန်.တစ်ဦး ၊ လူ.ခွစာတစ်ဦးဟုဆိုလေ.ရှိရာ ဤ ကိစ္စတွင်လည်း ကျွန်တော်.အမြင်မှာအများနှင်.မတူပဲ ကွဲပြားနေဦးမည်ဖြစ်ပါသည် ။ကျွန်တော်.အမြင်တွင် အသက်ဆယ်.ရှစ်နှစ်ပြည်.ပြီးသော လွတ်လပ်သည်. အပျိုနှင်.လူပျိုနှစ်ဦးသည် နှစ်ဦးသဘောတူ ချစ်တင်းနှီးနှောကြခြင်းသည် ဘာမှထူးဆန်းသောကိစ္စမဟုတ် ၊ ဘာမှ ကန်.ကွက်ရှုတ်ချထိုက်သော အကြောင်းလည်းမရှိ ၊ သူ.နှမ ကိုယ်.နှမ ၊ သူ.မောင် ကိုယ်.မောင် ဤ တစ်ကမ္ဘာလုံး၌ ဤကိစ္စမျိုးနှင်.လွတ်သူ တစ်ယောက်မှမရှိ ။ လူသိတာနှင်. လူမသိတာ ၊ လူမြင်တာနှင်. လူမမြင်တာပဲကွာခြားမည် ။ ဤ ကာမမှု၌ လောကီလူ.ရွာအတွင်းနေထိုင်သူတို.သည် အရိယာဖြစ်နေကြသူများမှလွဲ၍ မည်သူများကင်းကြသနည်း။ ယောက်ကျားနှင်.မိန်းမ ဆိတ်ကွယ်ရာ၌ အတူနေကြခြင်းမှာ တက္ကသိုလ် ပရ၀ုဏ် မှာသာမဟုတ် ၊ စာသင်ခန်းအတွင်းမှာသာမဟုတ် ကောက်ရိုးပုံနောက်တွင်လည်းရှိ၏။ စက်ရုံအလုပ်ရုံပေါ်တွင်လည်းရှိ၏ ။ စစ်တန်းလျား ထဲတွင်လည်းရှိ၏။ ခြင်ထောင်ထဲတွင်လည်းရှိ၏ ။ဟိုတယ်ကြီးများပေါ်တွင်လည်းရှိ၏ ။ ဘုန်းကြီးကျောင်းပေါ်မှာလည်းရှိ၏ ။ အမေရိကန်သမ္မတအိမ်ဖြူတော်စာကြည်.ခန်းထဲမှာပင်ရှိ၏ ၊ သင်္ချိုင်းကုန်းတွင်လည်းရှိ၏ ။ ဤလောကတစ်ခွင် ၌ ဤ အမှုသည် နေရာမရွေး ဖြစ်လေ.ရှိတတ်သောသဘောသည်ရှိပေ၏ ။

မြတ်စွာ ဘုရားလက်ထက်တော် အခါက အရှင်သုဒိန်ဟူသော ရဟန်းတစ်ပါးသည် ဇနီးဟောင်းနှင်. မေထုန်မှီဝဲမိ၏ ။ ဖြစ်ပုံမှာ အရှင်သုဒိန်ဆိုသော ရဟန်းတစ်ပါးသည် မြတ်စွာဘုရားသာသနာ၌ အလွန်ကြည်ငြိုသောကြောင်. လူ.ဘောင်ကိုစွန်.ခွာကာ ရဟန်းပြုခဲ.၏ ။ ထိုအခါ ရှင်သုဒိန်၏ မိခင်ကြီးကတောင်းပန်သည်မှာ “ ငါ.သား တကယ်လူမထွက်နိုင်လျှင်ရဟန်းဘ၀မှာပင် ပျော်ရွှင်စွာနေပါတော. ၊သို.သော်သားသမီးမရှိသောကြောင်. ပစ္စည်းတွေကိုငါတို.သေလျှင်လိစ္ဆ၀ီမင်းတို. သိမ်းရစ်ပါလိမ်.မယ် ၊သားတစ်ယောက်ရရုံ သားမျိုးစေ.ပဲပေးပါတော. “ ဟု နောက်ဆုံးပူဆာခြင်းမျိုးဖြင်.ပူဆာလေသော် ဘုရားပညတ်တော်မူပြီးသော သိက္ခာပုဒ်လည်း မရှိသေးသဖြင်. အပြစ်ရှိလိမ်.မည်မထင်သောကြောင်. သူတို.၏နားပူနားဆာလုပ်ခြင်းမှ အေးစေတော. ဟုသဘောထား၍ “ ဒီကိစ္စလောက်တော. ကူညီနိုင်ပါရဲ.” ဟု ၀န်ခံခဲ.ပြီးလျှင် မိမိနေရာ မဟာဝုန်တောသို. မယ်တော်ကြီးနှင်.အတူလာသော ဇနီးဟောင်းအားသားမျိုးစေ.ပေးမိလေသည် ။ ထိုအကြောင်းကိုဘုရားရှင်သိတော်မူသော် “ အကြင်ရဟန်းသည် မေထုန်မှီဝဲအံ. ၊ထိုရဟန်းသည် ပါရာဇိကကျ၍ ရဟန်းကောင်းတို.နှင်. ကံကြီးကံငယ်ပေါင်းသင်းခွင်.မရှိရ “ ဟု ပထမပါရာဇိက သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည် ။

နောက်ထပ်အမှုတစ်ခုကား ဘုရားလက်ထက်တော်၌ ရဟန်းတစ်ပါးသည် အသေကောင်မိန်းမကို တွေ.မြင်၍ ရာဂစိတ်ဖြစ်၏ ။ထိုမိန်းမ၏အင်္ဂါဇာတ်ကိုတစ်ဝက်ကျော်ကျော်ခွေးစားထား၏ ။ ထိုရဟန်းသည် ထိုအင်္ဂါဇာတ်ကိုပင်မှီဝဲလေသည် ။ထို.နောက် ပါရာဇိက ကျ , မကျ ၌ ယုံမှားသံသယ ဖြစ်သောကြောင်. ဘုရားရှင်ကိုလျှောက်လေရာ ဘုရားရှင်သည် “ ထုံလ္လစ္စဉ်း အာပတ်သင်.၏ “ ဟု ဆုံးဖြတ်တော်မူလေသည်။

ဆိုလိုသည်မှာကား အကောင်းအဆိုးကိုမခွဲတတ်သောအခါ သာသနာ.၀န်ထမ်း ရဟန်းပင်လျင် နေရာမရွေးမှောက်မှားတတ်ပေသေး၏ ။ ဤနေရာ၌ ပြောလိုရင်းသဘောမှာ နေရာ တကာ၌ လွတ်လပ်စွာ ကာမဂုဏ် ရေယာဉ်ကြော၌ နစ်မြောလေကြဟု အားပေးတိုက်တွန်းလိုခြင်းမဟုတ် ။ လောက၌ နေရာမရွေးဖြစ်တတ်ကြသောကာမဂုဏ်သဘောကို နားလည်ကြစေလိုခြင်းဖြစ်သည် ။
အကယ်စင်စစ် လူငယ်တို.ဘာသာဘာဝ ဆိတ်ကွယ်ရာတွင် သမီးရည်းစားတွေ.ကြရာမှ အချစ်နယ်ကျွံခြင်းမှာ ဖြစ်တတ်သော သဘာဝတစ်ခုသာဖြစ်သည် ။ ထိုသူနှစ်ဦးအားအလွန်အမင်း ပြစ်တင်ဝေဖန်မှုကိုမပြုသင်. ။ မိမိချစ်သူနှင်.မိမိ လွတ်လပ်စွာနေခြင်းကို တမင်တကာ ချောင်းကြည်.၍ မှတ်တမ်းတင် ဗီဒီယိုရိုက်သောသူမှာ ပို၍ အဆင်.နိမ်.သောသူဖြစ်သည် ။ ထိုထက် ရှုတ်ချဖွယ်ကောင်းသူများမှာကား အင်တာနက်ပေါ်သို.တင်ကာ လူသိရှင်ကြားအရှက်ကွဲစေရန် လုံ.လပြုသူပေတည်း။ ထိုထက်ပို၍ ယုတ်မာသူကား မိမိစီးပွားရေး ရပေါက်ရလမ်း တစ်ခုထဲကိုကြည်.ကာ ဗီစီဒီအခွေ ကူးယူဖျန်.ချိကာ လိုက်လံရောင်းချသူများပေတည်း ။ တကယ်တမ်းအရေးယူလျင် ရာဇ၀တ်သင်.သောအမှုကိုကျူးလွန်သူမှာ သူတပါးအတွင်းရေးကို အင်တာနက်တင်သူများနှင်. ၊ ဆင်.ပွားဖျန်.ချိရောင်းချသူများဖြစ်သည် ။ နိုင်ငံရေးသမားများကိုဆိုင်ဆိုင်မဆိုင်ဆိုင် အီလက်ထရောနစ်ပုဒ်မနှင်.ထောင်နှစ်ရှည်ချသကဲ.သို. ဤ လို လူမျိုးများကိုလည်း ထိရောက်သောပြစ်ဒဏ်ချသင်.ပေ၏ ။

အမှန်စင်စစ် မြန်မာနိုင်ငံတစ်ဝှန်းလုံးဝယ် ဟိုတယ် နှင်.တည်းခိုခန်းများသို. လာရောက် ပျော်ပါးကြသော အိမ်ထောင်ရှိ ၊ အိမ်ထောင် မရှိ စုံတွဲများစွာရှိရာ(တချို.ကလည်း၊ နှစ်ယောက်စလုံး အိမ်ထောင်ရှိသူများလဲပါသည်၊ ပြည်.တန်ဆာများလဲပါသည်၊ အစိုးရအရာရှိများလဲပါသည်) ထိုသူများမှာ ကံကောင်း၍ လူမသိကြရပဲ ၊ကံမကောင်း၍ လူသိရှင်ကြားဖြစ်သော အပျို လူပျို လူငယ်စုံတွဲ တစ်တွဲအား လူ.အသိုင်းအ၀ိုင်းသည် လိုသည်ထက်ပြစ်တင် ရှုတ်ချနေခြင်းမှာမဖြစ်သင်.ပေ။ လူငယ်ဆိုသည်မှာအမှားမကင်းတတ်သောကြောင်.မလိမ္မာတစ်ကြိမ်မိုက်စမြဲဖြစ်သည်။ ဤကိစ္စကိုသားသမီးချင်း၊ မောင်နှမချင်းကိုယ်ချင်းစာကာ စာနာနားလည်ခွင်.လွှတ်ပေးသင်.သည် ။ ရုပ်ရှင်မင်းသမီး ၊အဆိုတော် စသော သူများ ဤသို.သော အပြာဇာတ်လမ်းများပေါ်ပေါက် လာသောအခါ ယခုလောက် မဝေဖန်မရှုတ်ချကြတာလည်း အတော်ထူးဆန်းလေသည် ။

ဤ ကိစ္စကို အခြေအမြစ်ကျကျ စဉ်းစားကြည်.သောအခါ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်ဟူသော သဘောကို မြင်မိလေသည် ။ အရာရာ ပိန္ဒဲပင်ဆွဲထည်.သည် ဟုလည်းမထင်စေလိုပါ ။ဤကိစ္စဖြစ်ရခြင်း၏ နောက်ခံအကြောင်းထဲတွင် စစ်အစိုးရ၏ ဆိုးယုတ်သောအကြံအစည်များလဲပါဝင်ခဲ.သည် ဟုဆိုချင်ပါသည် ။ ကျောင်းသားသမဂ္ဂကို ဒိုင်းနမိုက်ဖြင်. ဖြိုခွဲတိုက်ခိုက်ခဲ. သည်.အချိန်မှ စ၍ တက္ကသိုလ်ကျောင်းသားများနှင်. စစ် အာဏာရှင် အစိုးရ သည် တစောင်းစေးနှင်.မျက်ချေးသဖွယ် ရန်သူများဖြစ်လာပေ၏ ။ ၁၉၈၈ တွင် စက်မှုတက္ကသိုလ်ကျောင်းသား မောင်ဘုန်းမော်သည် အစိုးရ တပ်၏ ပစ်ခတ်မှုကြောင်.သေဆုံးပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ် ပွားသောအခါ အစိုးရသည် တက္ကသိုလ်ကျောင်းသားများကိုပို၍ အငြိုးထားလာကြပါသည် ။ အထူးသဖြင်. ရန်ကုန်စက်မှုတက္ကသိုလ် ( RIT )နှင်. RASU ခေါ်ရန်ကုန်တက္ကသိုလ် (ပင်မ) ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ. (န.၀.တ ) အစိုးရနှင်. နိုင်ငံတော်အေးချမ်းသာယာရေးနှင်.ဖွံ.ဖြိုးရေးကောင်စီ ( န.အ.ဖ )အစိုးရသည် အတော်ကိုမကြေမချမ်းဖြစ်နေခဲ.သည် ။ နိုင်ငံတော်အတွင်းဖြစ်ပေါ်နေသော  အရေးအခင်းများသည် တက္ကသိုလ်ကျောင်းများထံမှ စတင်ဖြစ်ပေါ်လာရာ ထိုတက္ကသိုလ်ကျောင်းများကို အများ ပြည်သူနှင်.ဝေးရာ မြို.စွန်နယ်စွန် ဒေသများသို.ပို.ဆောင်ပစ်ရမည်ဟူသော ပညာရေးကိုစစ်ရေးအမြင် သက်သက်ဖြင်.ကြည်.သော မူဝါဒတစ်ရပ်သည် စစ်ခေါင်းဆောင်များအတွင်း ခေါင်းထောင်လာ၏ ။

ထိုအယူအဆကိုလက်တွေ.အကောင်အထည်ဖော်သည်.အနေဖြင်. ၁၉၉၈ ခုနှစ်လောက်မှ စတင်ကာ နယ်စွန်နယ်ဖျား စီမံကိန်းကိုစတင်အကောင်အထည်ဖော်ပါတော.သည် ။ ကျောင်းသားကျောင်းသူများဖြင်.အမြဲသာယာစည်ကားနေသော ရန်ကုန်တက္ကသိုလ် (ပင်မ) ၊ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ၊ရန်ကုန်တက္ကသိုလ် (ကြည်.မြင်.တိုင်နယ်မြေ ) ၊ ရန်ကုန်တက္ကသိုလ် (ဗိုလ်တစ်ထောင်နယ်မြေ ) ၊ ရန်ကုန် စက်မှုတက္ကသိုလ်တို.မှာ တက္ကသိုလ်ကိုမုန်းတီးနေသော စစ်အာဏာရှင်တစ်စု၏ ဥာဏ်နီဥာဏ်နက်အစီအမံဖြင်. အစဉ်အလာမရှိသော ဖုန်းဆိုးမြေ လယ်ကွင်းများဆီသို. ပြောင်းရွေ.နေရာချထားခြင်း ခံလိုက်ရတော.၏ ။ ထိုစဉ်က တက္ကသိုလ်ကျောင်းသားတစ်ယောက် ရေးသား ထားသော ကဗျာစာသားလေးတစ်ပုဒ်ကို ပိတ်ထားသောအဓိပတိလမ်းထိပ်မှ ဂိတ်တံခါးကြီးတွင်ချိတ်ထားတာ မှတ်မိသေးသည် ။ မှတ်မိနေသောစာကြောင်းမှာ

“ သေနတ်သမား
လူရမ်းကားတို.
တံခါးကြီးကိုပိတ်ပြန်ပြီ “

ဟူ၍ဖြစ်ပါသည် ။ ထိုအချိန်မှစကာ မြန်မာတစ်နိုင်ငံလုံးရှိ စည်ကား သက်ဝင် နေသော တက္ကသိုလ် ကောလိပ် အားလုံးမှာ တံခါးများပိတ်သွားပြီး ၊ ဝေးလံခေါင်ဖျားသော လယ်ကွင်းတွေဆီသို. ကျောင်းသားများ ချီတက်ခဲ.ရပါတော.သည် ။ ယခင်က အင်းလျားကန် ၊ အပန်းဖြေရိပ်သာ ၊ အဓိပတိလမ်း ၊ သစ်ပုတ်ပင် ၊ အနုပညာခန်းမ ၊ ဂျပ်ဆင်ဘုရားကျောင်း၊ တက္ကသိုလ်ဓမ္မာရုံ ၊ တက္ကသိုလ်စာကြည်.တိုက် ၊ကံ.ကော်တော ၊ ဦးချစ်လက်ဘက်ရည်ဆိုင် ၊ တက္ကသိုလ်လေ.ကျင်.ရေးတပ် ၊ လှေလှော်ရွက်တိုက်အသင်း တို.ဖြင်.သာယာကြည်နူးဖွယ် တက္ကသိုလ်ပရ၀ုဏ် သည်လည်းကောင်း ၊ အင်းလျား၊မာလာ၊ သီရိ ၊ ပင်းယ ၊ရွှေဘို၊ပဲခူး ၊ စစ်ကိုင်း ၊ပြည် ၊ပုဂံ၊တကောင်း စသော ကျောင်းဆောင်များထက် မှကျောင်းသားတို.၏တေးသီချင်းသံများသည် လည်းကောင်း ကွယ်ပျောက်ခဲ.၍ တွေ.သမျှလူပါရဂူ ၊မြင်မြင်သမျှပါမောက္ခ ၊ မအောင်မရှိငါ.တပည်. ပညာရေးစီမံကိန်းတို.စတင်ရာ မျှော.၊ကျွတ်၊မြက် ၊ ဖုန်းဆိုးမြေ နှင်. ချိုင်.ခွက်ပေါများသော လမ်းများရှိရာ မိုးရွာရေ၀ပ် ၊ နွေတွင်ခြင်ကိုက် ဂနိုင်တက္ကသိုလ်များဆီသို. စိတ်မပါလဲတက် ပါလဲတက်ဖြစ်ခဲ.ကြရသည် ။ နှစ်ကာလကြာမြင်.သော် တက္ကသိုလ်ကျောင်းသားကြီးများ ခေတ်အဆက်ဆက်က ထားရှိခဲ.ကြသော ပညာတတ် များထားရှိအပ်သော ဂုဏ်သိက္ခာနှင်. ကိုယ.်ကိုယ်ကို တန်ဖိုးထားမှုများ ပျောက်ကွယ်သွားကြပြီး ၊ ကျောင်းသားများသည် အားလပ်ချိန်တွင် အပန်းဖြေရိပ်သာလဲမရှိ ၊ တက္ကသိုလ်ဓမ္မာရုံလဲမရှိ ၊ အဆင်.မီစာကြည်.တိုက်လဲနတ္ထိ ၊ အဆောင်နေခွင်.လဲပျောက်ဆုံး ၊ အနုပညာအသင်း ၊ ကျောင်းသားသမဂ္ဂ ၊ တက္ကသိုလ်လေ.ကျင်.ရေးတပ် ၊စသောအသင်းအပင်းဖွဲ.စည်းခွင်.များလည်း မရှိတော..ပြီဖြစ်၍ အရက်သောက်ခြင်း ၊ ဖဲရိုက်ခြင်း ၊ သမီးရည်းစားထားခြင်း၊ အတွဲချောင်းခြင်း၊ ခိုက်ရန်ဖြစ်ခြင်း စသည်. နိမ်.ကျသောအလုပ်များဆီသို.သာခြေဦးလှည်.လာကြပေသည် ။ အစိုးရ အဆက်ဆက် ကလည်း မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသကဲ.သို. ကျောင်းသားများနိုင်ငံရေး တွင် စိတ်ဝင်စားမှု မရှိလျင် ပြီးစတမ်း ဖြစ်ချင်ရာဖြစ် ဥုံဖွ ဘွဲ.များကိုသာပေးနေခဲ.လေသည် ။

ယခုပေါ်လာသော GTU ကျောင်းသားလေးများကိစ္စသည် နှစ်ပေါင်းရှည်ကြာ လောင်ကျွမ်းနေသော ပြဿနာမီးခိုးခေါင်းတိုင်ကြီးမှ အူထွက်လာသော မီးခိုးတစ်စသာဖြစ်သည် ။ မီးခိုး၏လားရာ မူလဇာတ်မြစ်ကိုမကြည်.ပဲ ထွက်လာသောမီးခိုးနောက်သို. လိုက်လံဖမ်းဆုပ်နေခြင်းဖြင်. မှန်ကန်သောအဖြေကိုမရနိုင် ။ ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင်.မဆိုထားဘိ ၊ ထိုင်း ၊စင်္ကာပူစသောဒေသတွင်းအဆင်.သို.ရောက်အောင် တည်ဆောက်ချင်သည်ဆိုလျင် ပထမဆုံး အရေးတကြီးဆောင်ရွက်ရမည်မှာ စစ်အစိုးရ၏ ဆိုးမွေတစ်ခုဖြစ်သော မလိုအပ်ပဲ တောယံမြိုင်စွန်းသို.ပို.ထားသော မြန်မာပြည်အနှံ.မှ တောကျောင်းများကို လူ.ယဉ်ကျေးမှု ( Civilization ) အတွင်းသို.( မြို.ပြအတွင်းသို.) ပြန်လည်သွတ်သွင်းရမည်ဖြစ်သည် ။ ဒုတိယအဆင်.အနေဖြင်. ကျောင်းသားများသည် ကျောင်းသားတို.၏တရားဝင်ပြောရေးဆိုခွင်.ဖြစ်သော ကျောင်းသားသမဂ္ဂ တရားဝင်ပေါ်ထွန်းရေးကို တွန်းအားပေးဆောင်ရွက်ကြရမည်ဖြစ်သည် ။သူတလူငါတမင်း ဖွဲ.ထားသော ကျောင်းသားသမဂ္ဂများစွာနေရာတွင် တကယ်.ကျောင်းသားထုအားလုံးပါဝင်သော ကျောင်းသားသမဂ္ဂပေါ်ထွန်းရေးကို ဥပဒေ လမ်းကြောင်းပေါ်မှ တရားဝင် (ဥပမာ လွှတ်တော်တွင်ကျောင်းသားသမဂ္ဂ ဥပဒေတင်သွင်းခြင်း ၊နိုင်ငံတော်သမ္မတသို.တရားဝင် စာပို.ခြင်း )စသည်များကို တစ်ဆင်.ပြီးတစ်ဆင်. မရမနေဆောင်ရွက်ရပေမည် ။ ထိုမှမရခဲ.လျင် အခြားနည်းလမ်းများကို စဉ်းစားရန်လိုအပ်က ကြိုတင်ပြင်ဆင်ထားရပေမည် ။

မြန်မာနိုင်ငံအနှံ.အပြားသို. ဧည်.လမ်းညွှန်တစ်ယောက်အနေဖြင်.ကျွန်တော်ရောက်ဖူးရာ ရောက်ခဲ.သောမြို.ကြီးတိုင်း၌ တွေ.ခဲ.ရသော တက္ကသိုလ်ကျောင်းအဆောက်အဦများမှာ အံ.သြဖွယ်ကောင်းလောက်အောင် တစ်ပုံစံထဲဖြစ်နေပါသည် ။ ဟိုမြို.မှာလည်း ဒီ ပုံစံ ၊ဒီမြို.မှာလည်းဒီပုံစံဖြစ်နေပါသည်။ဖြစ်ရပုံမှာမြန်မာတစ်ပြည်လုံးရှိတက္ကသိုလ်ကောလိပ်များကို တည်ဆောက်ခွင်. ကန်ထရိုက်ရထားသောကုမ္မဏီမှာ တစ်ခုတည်းဖြစ်ပုံရသည် ။ အာဏာပိုင်တို.နှင်.အလွမ်းသင်.သော ( အာဏာပိုင်နှင်.အမျိုးပင်တော်ချင်တော်မည် ) ထိုဆောက်လုပ်ရေးကုမ္မဏီသည် ဆောက်လုပ်ရေး ကန်ထရိုက်မှန်သမျှ သူတို.တစ်ဖွဲ.ထဲပဲပြိုင်ဘက်မရှိ ရခဲ.ပုံရသည် ။ထိုအဖွဲ.သည် ဒီဇိုင်းအဆန်းအပြားများဖြင်.ငွေကုန်မခံ  တော.ပဲ ဘယ်မြို.ရောက်ရောက် ဒီပုံစံပဲ ဆောက်ခြင်းဖြင်. အတော်ကြီးကို တွက်သားကိုက်ခဲ.ပုံရသည် ။ထိုစဉ်က တက္ကသိုလ်များ တည်ဆောက်မှုကို မည်သူကချပေး၍ မည်သူကရခဲ.သည် ဆိုခြင်းကိုလည်း စုံစမ်း  စစ်ဆေးရေးအဖွဲ.ဖွဲ.ကာ မေးမြန်းလိုက်လျင်ပေါ်လာပါလိမ်.မည် ။ ဆိုလိုသည်ကား တိုင်းပြည်ဘဏ္ဍာငွေ မြောက်များစွာသည် လူတစ်စုကောင်းစားရေးအတွက် မလိုအပ်ပဲ တည်ဆောက်ခဲ.သော တက္ကသိုလ် အဆောက်အဦ စီမံကိန်း များစွာကြောင်.အဟောသိကံ ဖြစ်ခဲ.ရ ခြင်းဖြစ်သည် ။ တကယ်ကမ္ဘာ.အဆင်.မီ တည်ဆောက်ပြီးဖြစ်သော ကျောင်းများကတော. ရေညှိများ သံချေးများ၊ဖုံများ ၊ ပင်.ကူမျှင်များတက်နေကာ သော.ခလောက်တန်းလန်းနှင်.ဖြစ်နေခဲ.လေပြီ ။ တချိန်က တက္ကသိုလ်ကျောင်းသား  သောင်းနှင်.ချီ၍ ပညာသင်ကြားခဲ.ရာ ရန်ကုန်တက္ကသိုလ်ကြီးတွင် လာမည်.နှစ်မှစကာ ကျောင်းသား အယောက် (၃၀၀ )လက်ခံသင်ကြားပေးမည်ဟူသောသတင်း မှာလည်း အမြင်မတော် ဆင်တော်နှင်.ခလောက်ဖြစ်နေလေသည် ။

သခင်နု ၊သခင်အောင်ဆန်း၊ကိုဗဟိန်း ၊ကိုဗဆွေတို.ခေတ်က တက္ကသိုလ်ကျောင်းသားဆိုသည်မှာ သာမန်အရပ်သားများက ငေးကြည်.ရသော သီးသန်.လူတန်းစားတစ်ရပ်ဖြစ်သည် ။ ခေါင်းပေါင်း ပေါင်းရာ၌ ပင် ဘီအေပေါင်း ဟူ၍ ရှိခဲ.ဖူးသည် ။ ကောလိပ်ကျောင်းသား တစ်ယောက်၏ သွားပုံလာပုံ ပြောပုံဆိုပုံ နေပုံထိုင်ပုံမှာ အရပ်ကအားကျရသော အနေအထားရှိခဲ.သည်အထိ တက္ကသိုလ်ကျောင်းသား ဂိုက်ရှိခဲ.ကြသည် ။ တက္ကသိုလ်၏ ဂုဏ် ရှိခဲ.ကြသည် ။ တက္ကသိုလ်၏အဟန်.ရှိခဲ.ကြသည် ။ ထိုဂုဏ် ၊ ထိုဒြပ် ၊ ထိုအဟန်.များမှာ စစ်အစိုးရ၏ တစ်စစီရိုက်ချိုးခဲ.ခြင်းကိုခံခဲ.ကြရ သည် ။ ကျောင်းသားအပေါင်းသည် လဲနေရာမှ ပြန်ထကြလော. ။ ကိုယ်.ဂုဏ်ကိုကိုယ်မြှင်.ကြလော. ။ လောက၌ ဖြစ်တတ်သော သဘော ၊မှားတတ်သောအမှားများအတွက် ဘယ်သူ. ဘယ်သူ မှ အပြစ်တင်မနေကြနှင်. ။ ရွံဗွက်တောထဲ၌ သွားရသောခရီးတွင် ခြေထောက်ကို ရွံ.စင်ခြင်းကားဆန်းသည်ဟုမဆိုသာ ။ကိုယ်.စိတ်ကို  သာကိုယ်မြှင်.၍ ရှေ.ဆက်မည်.ခရီးတွင် သန်.ရှင်းသော လမ်းကို ရာဇမတ်ခင်း၍ သဲဖြူကာနိုင်အောင် ကြိုးစားကြရပေလိမ်.မည် ။မည်သူကမျှ သနား၍ ကျောင်းသားတို.၏ အခွင်.အရေးကိုပေးမည်မဟုတ် ။ ကိုယ်.အခွင်.အရေးကိုကိုယ်.ဘာသာ တိုက်ယူရမည်ဖြစ်သည် ။

အားလုံး၏ဝေဖန်ပြစ်တင်မှုကိုံခံနေရသော သန်လျင်နည်းပညာ တက္ကသိုလ် ကျောင်းသားကျောင်းသူ နှစ်ယောက်မှာလည်း ပညာရေးနှင်.ဘ၀တက်လမ်းကိုလက်မြှောက်အရှုံးမပေးအပ် ။ မိတ်ဆွေသူငယ်ချင်းများကလည်း အားပေးကူညီကာလက်တွဲခေါ်သင်.လှ၏ ။ အကယ်၍ ဤမိန်းခလေးသည် ကျွန်တော်၏သမီးသာဖြစ်ခဲ.မည်ဆိုပါက ဖခင်တစ်ယောက်အနေဖြင်. မည်သို.မျှ ပြစ်တင်ရှုတ်ချမည် မဟုတ် ။ မေတ္တာသက်ဝင်ကြသော လူငယ်အချင်းချင်းကို မိသားဖသားပီပီတရားဝင်လက်ထပ်ပေးစားမည်ဖြစ်သည် ။ထို.နောက် မပြီးဆုံးသေးသော တက္ကသိုလ်ပညာကိုဖြစ်သည်.နည်းနှင်. ဆက်လက်ဆည်းပူးစေမည် ။စိတ်သစ်လူသစ်ဖြင်.ဘ၀ကိုအသစ်က ပြန်တည်ဆောက်ရပေမည်။ တစ်သက်လုံးရှက်ရွံ.သိမ်ငယ်နေစရာ ဘာအကြောင်းမှမရှိ ။ တိုင်းပြည်၏ဘဏ္ဍာငွေများကို အဆီစား၍ အသားမြိုခဲ.သူများက ရှက်ရွံသိမ်ငယ်မှုမရှိပဲ ဖဲမွေ.ယာရွှေကော်ဇောဖြင်.အပန်းဖြေနေကြစဉ်ဝယ် မလိမ္မာ တစ်ခါမိုက် လောကီလူသားတစ်ယောက် ကြုံတွေ.တတ်သော သာမန်ကိစ္စတစ်ခုအတွက်နှင်.  တစ်သက်လုံးသိမ်ငယ်ရှက်ရွံ.လူတောမတိုးပဲ   နေစ၇ာအကြောင်းမရှိ ပါကြောင်းရေးသားလိုက်ရ ပေသည် ။

သရ၀ဏ်(ပြည်) News Watch ဂျာနယ် ၂၇.၈.၂၀၁၃

No comments:

Post a Comment