ရွှေတောင်(F.S.A)ဂရုဏာလူမှုရေးလုပ်ငန်းစု မှ ရွှေတောင်မြို့ ရေဘေးသင့်များအားကူညီ
******************************
မနေ့က 20.9.2013 ရက်နေ့တွင် ရွှေတောင်မြို့ ရွှေမျက်မှန်ဆရာတော်ဘုရားကြီးအကူအညီဖြင့် ရွှေမျက်မှန်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း မှာ
ရေဘေးသင့် ဒုက္ခသည်များကို ဆန်အိတ်ပေါင်း(၂၀)ကို မနေ့ကညနေ(၅း၀၀)နာရီအချိန်တွင် အိမ်ထောင်စု(၁)စုလျှင်ဆန်(၁)ထုတ်နူန်းဖြင့် ရွှေမျက်မှန်
ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ပရဟိတ အသင်းအဖွဲ့သူ/သားများမှ ကိုယ်တိုင်ကိုယ်ကျပေးဝေလှုဒါန်းခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။......
ရွှေတောင်မြို့ ယွန်းတန်းနယ်မြေအတွင်း ရေနစ်မြုပ်အိမ်များလည်းတော်တော်ရှိနေပါတယ် ဧရာဝတီကွက်သစ်မှာ(၆၇)အိမ်၊ချောင်းဝသိမ်ကုန်း(၃၅)အိမ်၊
လက်ပံတော(၇၂)အိမ်၊ဒေါနခြံ(၆၁)အိမ်၊ရှိပါတယ် ရွှေမျက်မှန်ဆရာတော်ဘုရားကြီးကူညီမှုနဲ့ ကျောင်းဝင်းထဲမှာ အိမ်ထောင်စုပေါင်း(၇၂)စုထားရှိထားပါတယ်
ဂရုနာ(F.S.A)လူမှုရေးလုပ်ငန်းစု(ရွှေတောင်)နဲ့ NLD၊မြန်မာမွတ်ဆလင်များအဖွဲ့၊တိုင်းဒေသကြီးအစိုးရအဖွဲ့၊မိခင်နှင့်ကလေး၊အမျိုးသမီးရေးရာအဲလိုအဖွဲ့တွေလည်းလာပါတယ် အားလုံးကျန်းမာရေးကောင်းပါတယ် မြို့နယ်ကျန်းမာရေးဌာနမှလည်း ဆေးဝါးများ(အခမဲ့)လာရောက်ကုသကူညီပေးနေပါတယ် သွေးလွန်တုပ်ကွေး(၁)
ယောက်ပဲရှိပါတယ် ကျန်တာကတော့အားလုံးကောင်းပါတယ် ကျန်းမာရေးကောင်းတာပါ နေရေးမပူရပေမဲ့ လှုဒါန်းမှု့တွေတော့လိုအပ်ပါသေးတယ် ရွှေတောင်မြို့နယ်အုပ်ချုပ်
ရေးမှုးရုံးအဖွဲ့၊မြို့နယ်အထောက်အကူပြုကော်မတီ၊မြို့နယ်ကျန်းမာရေးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့(ရွှေတောင်)၊ရပ်ကွက်အုပ်ချုပ်ရေးရုံးမှအဖွဲ့၊မီးသတ်၊ခ.လ.ရ ဆေးစစ်တပ်မှ
ဗိုလ်ကြီးတွေလည်းဆေးတွေလာရောက်ကုသပေးနေပါတယ် ယွန်းတန်း၊သရက်တော၊ကြာနီကန် တွေမှရပ်ကွက်အုပ်ချုပ်ရေးမှုးများလည်းလာရောက်ကှုညီပေးနေပါတယ်ဟုဒေသ
ခံတွေမှ ပြည်သတင်းသို့ပြောကြားသွားသည်။ ပြည်သတင်း....

No comments:
Post a Comment