ကရုဏာလက်များ ကွန်ရက်
ပြည်မြို့မှ ရေဘေးဒုက္ခသည်များကို ထမင်းထုပ်လှူဒါန်းပေးဝေ
*****************************************
20.9.2013
ယခုအချိန်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်တွင် ရောက်ရှိနေသောကြောင့် ပြည်မြို့အနီးမှ န၀င်းချောင်းရေတံခါးကို ပိတ်ထားရပါသည်။ ရေတံခါးပိတ်ထားချိန်တွင် နေ့စဉ်မိုးရွာသွန်းသဖြင့် န၀င်းချောင်းရေသည် ထွက်ပေါက်မရှိသောကြောင့် ချောင်းဘေးရှိ ရွာများ၊ ရပ်ကွက်များသို့ ၀င်ရောက်သဖြင့် ရေဘေးဒုက္ခရောက်နေကြပါသည်။ ပြည်မြို့ရှိ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့သူမြို့သားများမှ ရေဘေးဒုက္ခသည်များကို နေ့စဉ် ကယ်ဆယ်ရေးလုပ်ငန်းများ မိမိတို့တတ်နိုင်သရွေ့ ကူညီပေးနေကြပါတယ်။ ကရုဏာလက်များကွန်ရက်မှလည်း ယနေ့ညနေပိုင်းတွင် ထမင်းထုပ် 150 ခန့်ကို လှေငယ်နှစ်စင်းဖြင့်လိုက်လံ ပေးဝေခဲ့ပါတယ်။ အချို့ အိမ်များသည် ခေါင်တိုင်အထိရေတက်နေသဖြင့် အမိုးများဖွင့်၍ နေထိုင်ရပါတယ်။ အချို့မှာ လှေပေါ်တွင် နေထိုင်ရပါတယ်။ အချို့မှာ နေအိမ်များကို စွန့်ခွာသွားရပါတယ်။ အချို့လည်း အရေးပေါ်ကယ်ဆယ်ရေးစခန်းများတွင် သွားရောက်ခိုလှုံနေရပါတယ်။ လူမှုဘ၀များ နိမ့်ကျနေပုံများကို တွေ့မြင်နိုင်သည့်အပြင် အထူးသတိပြုမိသည့်အချက်တစ်မှာတော့ နေအိမ်တိုင်းတွင် အနည်းဆုံး အရွယ်မရောက်သေးသော ကလေးငယ်များ တစ်ဦး ၊ နှစ်ဦးအပြင် အချို့တွင် ထို့ထက်ပို၍ ရှိနေတာဖြစ်ပါတယ်။ ကလေးငယ်များ၏ ရှေ့ရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအတွက်လည်း လွန်စွာစိတ်မကောင်းဖြစ်မိပါတယ်။ဟုသတင်းရရှိခဲ့ပါသည်။..ပြည်သတင်း....

No comments:
Post a Comment