Monday, September 2, 2013

လျှပ်စစ် ကြေးနန်းကြိုးနှင့် မြေအောက် ကေဘယ်ကြိုးများ အကြိမ်ကြိမ် ခိုးယူခဲ့သည့်အဖွဲ့အား ဖမ်းဆီးရမိ


နေပြည်တော် စက်တင်ဘာ ၁

နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိ မြို့နယ်ရှိ ရာဇသင်္ဂဟလမ်း၊ ပဏ္ဍိတလမ်းနှင့် နေပြည်တော်- တပ်ကုန်းအမှတ် (၂)လမ်း၊ ဇဝနသိဒ္ဓိ ရပ်ကွက် စစ်ကိုင်းလမ်း တို့တွင် သွယ်တန်း အသုံးပြုလျက် ရှိသော မြေအောက် ကေဘယ်ကြိုးနှင့် လျှပ်စစ် ကြေးနန်းကြိုးများ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၁၃၇၈၃ဝဝ ကို

သြဂုတ် ၁၂ ရက်မှ ၁၈ ရက် ညပိုင်းတွင် ခိုးယူမှုဖြစ်ပွားခဲ့သဖြင့် နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်အောင်၏ ညွှန်ကြားချက် အရ ဥတ္တရခရိုင် ခရိုင်ရဲတပ် ဖွဲ့မှူးနှင့် ဥတ္တရသီရိ မြို့နယ် ရဲတပ်ဖွဲ့မှူး တို့၏ အနီးကပ် ကြပ်မတ် ကွပ်ကဲမှုဖြင့် နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံး အကူ တပ်ဖွဲ့ခွဲ တပ်စုမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဘုရားကုန်း မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းစုံစမ်း ဖော်ထုတ်ခဲ့ရာ အဆိုပါ မြေအောက် ကေဘယ်ကြိုးနှင့် လျှပ်စစ် ကြေးနန်းကြိုးများ ခိုးယူခဲ့သော လုံးလုံး၊ ဆန်းလင်း ထက်၊ အေးမင်းစိုး၊ ဇော်ဝင်း၊ကျော်သန်း၊ ဇော်ဇော်နှင့် ခိုးရာပါ ပစ္စည်းများ လက်ခံ ရောင်းဝယ်သူ ခင်နွဲ့ကြည်တို့အား ယမန်နေ့က ခိုးရာပါ မြေအောက် ကေဘယ်ကြိုး၊ လျှပ်စစ် ကြေးနန်းကြိုးနှင့် ခိုးယူရာတွင် အသုံးပြုသည့် ဆိုင်ကယ်နှစ်စီး အပါအဝင် အခြား သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းဆီး နိုင်ခဲ့ပြီး ဘုရားကုန်းမြို့မ ရဲစခန်းမှ (ပ) ၃၈/၂ဝ၁၃၊ (ပ)၄၃/၂ဝ၁၃၊ (ပ)၄၄/၂ဝ၁၃၊ (ပ)၄၅/၂ဝ၁၃ ၊ ပြည်သူပိုင် ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် အရေးယူ ထားရှိပြီး အခြားမြေအောက် ကေဘယ်ကြိုးနှင့် လျှပ်စစ် ကြေးနန်းကြိုး ပျောက်ဆုံးမှု များကိုလည်း ဆက်လက် စုံစမ်းလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment