Sunday, September 15, 2013

{{ တာရာဒေ၀ီနတ်သမီးနှင့် အခြွေအရံများ }}



{{ တာရာဒေ၀ီနတ်သမီးနှင့် အခြွေအရံများ }}

Credit to >> http://sriksetraheritagezone.wordpress.com/

တာရာဒေ၀ီနတ်သမီးနှင့် အခြွေအရံများကျောက်ချပ်ကို သရေခေတ္တရာ မြို့ဟောင်း၏ အနောက်ဘက်၊ ရွှေတံခါးမြို့ဝင်ပေါက်အနီးရှိ အဆောက်အအုံ အတွင်းမှ ရရှိသည်။ သီရိခေတ္တရာပြတိုက်တွင် ပြသထားရှိပြီး၊ အလျား (၆)ပေနှင့် (၉)လက်မ၊ အနံ (၃)ပေနှင့် (၄)လက်မ၊ ထု (၁)နှင့် (၁)လက်မ ရှိသည့် အေဒီ (၄)ရာစုမှ (၈)ရာစုအတွင်းမှ ပျူခေတ်လက်ရာ တစ်ခု ဖြစ်သည်။ မဟာယာဉ်ဂိုဏ်းဆိုင်ရာ ရုပ်တစ်ခုဖြစ်ပြီး သဲကျောက်ဖြင့် ထွင်းထုထားသော ကျောက်ဆစ်လက်ရာတစ်ခုဖြစ်သည်။ ကျောက်ပြားသည် နှစ်ပိုင်းပြတ်နေသည်။

တာရာဒေ၀ီနတ်သည် ဘုရားလောင်း အလောကိတေသွာရ၏ ကြင်ရာတော်
ဖြစ်သည်။ “တာရာဒေ၀ီ” ဟု အမည်တွင်ရခြင်းမှာ သံသရာတစ်ဘက်ကမ်းကို အရောက်ပို့နိုင်သော အစွမ်းသတ္တိရှိသောကြောင့်ဟု ဆိုသည်။ တာရာဒေ၀ီနတ်သမီးသည် နွဲ့နှောင်းသော ကိုယ်ဟန်ရှိပြီးလည်ဆွဲ၊ နားကပ်၊ လက်စည်း၊ ခါးစည်း တို့ကို ဆင်ယင်ထားသည်။ နတ်သမီးသည် လက်ယာ လက်ကို အောက်သို့ချပြီး လက်ဝဲလက်ကို အထက်သို့ မြှောက်ထားသည်။
လက်ဝဲလက်အတွင်း၌ လှံတံနှင့်တူသော အရာဝတ္ထုကို ကိုင်ဆောင် ထားသည်။ နတ်သမီးရုပ်ကြွ၏ လက်ဝဲဘက်တွင် တစ်ယောက်၊ လက်ယာဘက်တွင် တစ်ယောက် အခြွေအရံနှစ်ယောက်ရှိသည်။ ၄င်းရုပ်ကြွ၏ လက်ဝဲဘက်တွင် တစ်ယောက်၊ လက်ယာဘက်တွင် တစ်ယောက် အခြွေအရံနှစ်ယောက်ရှိသည်။

၎င်းရုပ်ကြွ၏အောက်ဘက်တွင် ဒူးတုတ်နေသော တင်းပုတ်ကိုင်ထားသည့် အခြွေအရံဘီလူးမ ခြောက်ဦးပါရှိသည်။ မဟာယာဉ်ဂိုဏ်းဆိုင်ရာရုပ်တု အထောက်အထားဖြစ်သည့်အတွက် သရေခေတ္တရာတွင် မယာယာဉ်ဂိုဏ်း ဗုဒ္ဓဘာသာနှင့် အပြိုင်ထွန်းကားခဲ့ကြောင်း လေ့လာတွေ့ရှိနိုင်သည်။

Credit to >> http://sriksetraheritagezone.wordpress.com/

No comments:

Post a Comment