Tuesday, September 3, 2013

ပြည်မြို့ ကမ်းနားလမ်း ပြည်စထရင်းဟိုတယ်ရှေ့ ဦးထိုင်းထိုင်ပိုင်ဆိုင်သော ဆောက်လက်စအဆောက်အဦးအား ဆန္ဒပြဦးဆောင်သူ ကိုကျော်ဆွေ၊ကိုစိုးနိုင်၊ကိုသန်းထိုက်အောင်(ခ)ဗရှီး၊ကိုကျော်ဝင်းခိုင်(ခ) ရှမ်းတရုတ်၊မမိခေး၊မချိုချိုနိုင် စုပေါင်း(၆)ဦးအား (10.9.2013)နေ့တွင် အမိန့်ချမှတ်မည်




ယနေ့ ပြည်မြို့ ကမ်းနားလမ်း ပြည်စထရင်းဟိုတယ်ရှေ့ ဦးထိုင်းထိုင်ပိုင်ဆိုင်သော ဆောက်လက်စအဆောက်အဦးအား ဆန္ဒပြဦးဆောင်သူ ကိုကျော်ဆွေ၊ကိုစိုးနိုင်၊ကိုသန်းထိုက်အောင်(ခ)ဗရှီး၊ကိုကျော်ဝင်းခိုင်(ခ)
ရှမ်းတရုတ်၊မမိခေး၊မချိုချိုနိုင် စုပေါင်း(၆)ဦးအား အဆိုပါ ဧရာဝတီချစ်သူများကွန်ရက် ဦးဆောင်ဆန္ဒပြသည်ဟု စွပ်စွဲခံရပြီး အမှတ်(၂)စခန်းမှုး ဦးဝင်းခိုင်မှ တရားလို ပြုလုပ်အမှု့ဖွင့်ခဲ့၍ မြို့နယ်တရားရုံးတော်မှာ
၎င်းအမှု့ကို ရင်ဆိုင်နေကြရပါသည်။ယနေ့ 3.9.2013 ရက်နေ့ မနက်(၁၀း၀၀)နာရီ မှာ ပြည်မြို့ မြို့နယ်တရားရုံးမှာ အစွပ်အစွဲခံရသူ(၆)ဦးစလုံး လျှောက်လွဲချက်တင်ပြခဲ့ကြရပါတယ်။အဆိုပါလျှောက်လွဲချက်ထဲ
မှ ကျွန်တော် ပြည်သတင်း ၊ကျော်ဝင်းခိုင်(ခ)ရှမ်းတရုတ် ၏လျှောက်လွဲချက်ကို ယခုလိုတင်ပြအပ်ပါသည်။.......

             ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့  ကမ်းနားလမ်း ပြည်စထရင်းဟိုတယ်ရှေ့ ဦးထိုင်းထိုင်ပိုင်ဆိုင်သော ဆောက်လက်စအဆောက်အဦးအား ဆန္ဒပြဦးဆောင်သူ ကိုကျော်ဆွေ၊ကိုစိုးနိုင်၊ကိုသန်းထိုက်အောင်(ခ)ဗရှီး၊ကိုကျော်ဝင်းခိုင်(ခ)
ရှမ်းတရုတ်၊မမိခေး၊မချိုချိုနိုင် စုပေါင်း(၆)ဦးအား အဆိုပါ ဧရာဝတီချစ်သူများကွန်ရက် ဦးဆောင်ဆန္ဒပြသည်ဟု စွပ်စွဲခံရသည့်အမှု့တွင် ကျွန်တော်သည် ဆန္ဒပြမည်ဟုကြွေးကြော်ထားခြင်းမရှိ၊ဆန္ဒပြမှု့တစ်စုံတစ်ရာပြုလုပ်ခဲ့ခြင်းလည်းမရှိ၊ဗီနိုင်ချိတ်ဆွဲမှု့လည်း
မရှိ၊ဧရာဝတီချစ်သူများ ကွန်ရက်စာတန်းပါ တီရှပ်မှာလည်းလူတိုင်းဝတ်ခဲ့ကြပါသဖြင့် ၀တ်ဆင်ခဲ့ခြင်းသာဖြစ်သည်။ပြည်သူ့ရဲများမှာလည်း တရားခံအစစ်ကိုရှာဖွေစစ်ဆေးခြင်းတစ်စုံတစ်ရာမရှိခဲ့၊တရားလိုး၏ထွက်ဆိုချက်များ နှင့် တရားလိုပြသက်သေများ၏ထွက
ဆိုချက်များမှာလည်း တိကျခိုင်မာသည့် အပြောအဆို၊အထောက်အထားများ မပြသနိုင်ခဲ့ခြင်း ဘာမှတိကျခိုင်မာမှု့မရှိတဲ့ ထွက်ဆိုချက်တွေ၊ထင်မြင်ချက်တွေ၊အထက်ကဆိုတဲ့စကားလုံးတွေ အဲဒိအထက်ကဆိုတဲ့သူတွေက ဘယ်သူတွေလည်းဟု မေးမြန်းခဲ့ရာမှာ
လည်း ယနေ့အချိန်အထိ မပြောပြနိုင်ခြင်း ထိုသောတိကျခိုင်မာမှု့မရှိတဲ့ အချက်တွေ၊အွန်လိုင်းအပေါ်သတင်းတင်ပြပေးနေသူ တစ်ယောက်ဟာ အကြမ်းအားဖြင့် မီဒီယာဟုခေါ်တွင်ထိုက်ပါသည် မီဒီယာသတင်းသမားတစ်ဦး သတင်းသွားယူတာကို ဆန္ဒပြခေါင်း
ဆောင်ဟု ပြောဆိုစွပ်စွဲမှု့တွေကြောင့် တရားရုံးတော်သို့လာရောက်ဖြေရှင်းရတိုင်း သတင်းများလွတ်သွားရပေါင်းလည်းများလှပါပြီ ထိုသို့သောထင်မြင်ယူစချက်များ၊တိကျခိုင်မာမှု့မရှိသောထွက်ဆိုချက်များကို တရားရင်ဆိုင်ရကြေးဆိုလျှင် မြန်မာနိုင်ငံရဲ့(သို့)ပြည်မြို့ရဲ့
တရားရေး မဏ္ဏိုင်မှာ ယိမ်းယိုင်သွားနိုင်ပါကြောင်း ကျွန်တော်၏ သက်သေဖြစ်သူ မောင်ရေခဲ(သတင်းထောက်)သည်လည်း အဆိုပါကိစ္စတွင် အစအဆုံးကျွန်တော် နှင့် ထပ်ချပ်မကွာသတင်းအတူတူယူခဲ့ခြင်းများကို တိကျမှန်ကန်စွာထွက်ဆိုသွားပြီးဖြစ်ပါတယ်
ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၁၈)အရတရားစွဲဆိုမှု့ ယခုအမှု့တွင် တရားလို နှင့် တရားလိုပြသက်သေများ၏ တစ်ဦး နှင့် တစ်ဦးထောက်ခံထွက်ဆိုမှု့များမရှိခဲ့သလို ကွဲလွဲစွာ ထွက်ဆိုချက်များလည်းရှိခဲ့ပါသည်။
အမှတ်(၂)စခန်းမှုး ဦးဝင်းခိုင်၊နယ်ထိန်းခေါင်းဆောင် ဇော်မင်းနိုင်၊အမှတ်(၂)စခန်းမှုး ဦးအောင်လင်း၊နယ်ထိန်းခေါင်းဆောင် သက်သာ ၄င်းတို့(၄)ဦး၏ထွက်ဆိုချက်များထဲမှာလည်း နာရီ မိနစ် တစ်ခုတည်းတစ်ချိန်တည်း ထွက်ဆိုသွားကြခြင်းမှာ စာရွက်တစ်ရွက်အပေါ်မှာ
ရေးမှတ် တိုင်ပင်ပြီး ထွက်ဆိုချက်များတူညီနေပုံထောက်ပြရရင်ပုံမှန်မဟုတ်ဘဲရှိနေခဲ့ပါတယ်။စံနစ်တကျ အကွက်ကျကျကြိုတင် စီစဉ်ပြီးထွက်ဆိုသွားခဲ့ခြင်းဖြစ်ပါတယ် ထိုသို့ဆိုလျှင် ယခုရုံးတော်ရှေ့ရောက် အစွပ်စွဲခံရသူ ကျွန်တော် နှင့် ကျန်(၅)ဦးတို့ထွက်ဆိုချက်များကို
ပြန်လေ့လာကြည့်မည်ဆိုပါက တစ်ဦး နှင့် တစ်ဦး နေ့ရက် လ ရက်စွဲ များကွဲလွဲနေခြင်း၊အချိန်နာရီကွဲလွဲနေခြင်း တိတိကျကျသော နေ့ရက် အချိန်နာရီများကို မည်သူမှ မပြောနိုင်ခဲ့ကြပါ ဒါဟာ မထင်မှတ်ပဲ အစွပ်စွဲခံရမှု့ဟု သုံးသပ်နိုင်ပါတယ် တစ်ဦး နှင့် တစ်ဦး တိုင်ပင်
ထားခြင်းမရှိခဲ့လို့လည်း ကွဲလွဲနေခြင်းဖြစ်ပါတယ် မထင်မှတ်ပဲ တရားအစွဲခံလိုက်ရတော့ ကြိုတင်ပြင်ဆင်ခြင်းများမရှိခဲ့ပါ ဖြစ်စဉ်များကို ရိုးသားစွာ မှန်မှန်ကန်ကန် ထွက်ဆိုသွားခြင်းဖြစ်ပါတယ် ဆန္ဒပြခွင့်ပြုမိန့်တောင်းခံစာ မှာလည်း ယခုရုံးတော်ရောက် ကျွန်တော် နှင့်
ကျန်(၅ဦးတို့၏ နာမည်တစ်လုံးတောင်မပါခဲ့ပါ ဦးဆောင် ဆန္ဒပြခွင့်ပြုမိန့်တောင်ခံစားမှာ ပြည်မြို့ တပ်လမ်းနေ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး ဖြစ်ကြောင်း တီရှပ်အကျီင်္င်္ င်္များပေးဝေခြင်းမှာလည်း  ပြည်မြို့ တပ်လမ်းနေ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး ဖြစ်ကြောင်း
ထို့ကြောင့်ယခုအမှု့တွင် ကျွန်တော့မှာ လုံးဝ(လုံးဝ)အပြစ်မရှိပါကြောင်း ရုံးတော်သို့ လျှောက်လွဲတင်ပြအပ်ပါသည်။ ဟုကျွန်တော်လျှောက်လွဲချက်တင်ပြခဲ့ပါသည်။ထို့နောက်..  ကိုကျော်ဝင်းခိုင်(ခ)ရှမ်းတရုတ် ကျန်(၅)ဦးတို့ကို  (၁၀.၉.၂၀၁၃)ရက်နေ့ မနက်(၁၀)နာရီအချိန်တွင် ပြည်မြို့နယ်တရားရုံးတွင် အမိန့်ချမည်ဟု တရားသူကြီး
ဒေါ်သီရိတင် မှ ပြောကြားသွားခဲ့ပါသည်။...........ပြည်သတင်း....

No comments:

Post a Comment