Friday, August 16, 2013

ဆီးရီးယား နိုင်ငံတွင် ကာလ ကြာရှည်စွာ ဖြစ်ပွားလျက် ရှိသော ပဋိပက္ခ များကို အဆုံးသတ် စေရန် ရှေ့ပြေး လက္ခဏာ တစ်ရပ်အဖြစ် အတိုက်အခံ အဖွဲ့များ၏ အရေးနိမ့်မည့် အချိန် ကာလသည် စတင်နေပြီ ဖြစ်ကြောင်း ဆီးရီးယား ၀န်ကြီးချုပ် ဝေးလ်အယ်လ်ဟာလ်ကီက သြဂုတ် ၁၄ ရက်တွင် ပြော


ဒမတ်စကပ် သြဂုတ် ၁၅
ဆီးရီးယား နိုင်ငံတွင် ကာလ ကြာရှည်စွာ ဖြစ်ပွားလျက် ရှိသော ပဋိပက္ခ များကို အဆုံးသတ် စေရန် ရှေ့ပြေး လက္ခဏာ တစ်ရပ်အဖြစ် အတိုက်အခံ အဖွဲ့များ၏ အရေးနိမ့်မည့် အချိန် ကာလသည် စတင်နေပြီ ဖြစ်ကြောင်း ဆီးရီးယား ၀န်ကြီးချုပ် ဝေးလ်အယ်လ်ဟာလ်ကီက  သြဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဆီးရီးယား အတိုက်အခံ အဖွဲ့များကို ထောက်ခံသည့် နိုင်ငံများသည် ဆီးရီးယား နိုင်ငံ အတွင်းသို့ လက်နက်များ ပေးပို့ ထောက်ပံ့ရန် ပျက်ကွက်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းနိုင်ငံ၏ စီးပွားရေးကို ပစ်မှတ်ထား တိုက်ခိုက်ရန် ရွေးချယ် ခဲ့ကြကြောင်း အယ်လ်ဟာလ်ကီက ထပ်လောင်း ပြောကြားခဲ့သည်။
သို့သော် ယခု အခါတွင် ဆီးရီးယား နိုင်ငံရှိ ပြည်နယ် အားလုံးတွင် အတိုက်အခံ အဖွဲ့များကို ဆန့်ကျင် တိုက်ခိုက်လျက် ရှိသော ဆီးရီးယား အစိုးရ စစ်တပ်ကသာ ဆက်လက်အောင်ပွဲ ခံသွားမည် ဖြစ်ကြောင်း ဆီးရီးယား ပြန်ကြားရေး ၀န်ကြီး အိုမရမ် အယ်လ်ဇူဘီက ပြောကြား ခဲ့သည်။ 

No comments:

Post a Comment