ယူရိုယုတ္တိဗေဒ
ယူရို ၂၀၀၄ ဘောလုံးပွဲ ပြီးသွားသောအခါ ဝေဖန်ဆန်းစစ်မှုအမျိုးမျိုး ထွက်ပေါ်လာသည်။ အထူးသဖြင့် ၂၀၀၂ ကမ္ဘာ့ဖလားတုန်းကထက် မထင်မှတ်တာတွေ ပိုပြီးဖြစ်ခဲ့သောအချက်ကို လူပြောများသည်။
ဗိုလ်စွဲနိုင်သည်ဟု ထိပ်ဆုံးက တစ်ပေးခံထားရသောအသင်းကြီးတွေ စောစောစီးစီး တဖြုတ်ဖြုတ် ထွက်ကုန်ကြရသည်။ နာမည်ကျော်ဘောလုံးသမားတွေ ခြေစွမ်းမပြနိုင်ဘဲ ဖြစ်ရသည်။ ဂိုးသွင်းချန်ပီယံအချို့ တစ်ဂိုးတလေတောင် မသွင်းလိုက်ရဘဲ အိမ်ပြန်သွားရသည်။ ဘောလုံးဆရာကြီးတွေ ခန့်မှန်းတွက်ချက် ဟောကိန်းထုတ်မှုများ တလွဲတချော်တွေဖြစ်ကုန်သည်။ လွဲချက်ကတော့ နီကိုရဲဝတ္ထုတွေထက်တောင် သာသေးသည်။ ဘယ်သူမှ အထင်မကြီးထားသော အသင်းကလေးက တက်ပြီး ဗိုလ်စွဲသွားသည်။
ယူရို ၂၀၀၄ ပွဲသည် ဘောလုံးလောက၏ ကြီးကျယ်သောအချိုးအကွေ့ အပြောင်းအလဲကြီးဖြစ်သည်ဟု ဘောလုံး ဝေဖန်ရေးဆရာကြီးတွေက ဆိုကြသည်။ နာမည်ကြီးထိပ်သီးဘောလုံးသမားတွေ
တချို့ကလည်း တစ်ဦးချင်းစွမ်းရည်တွေကို ဂရုမစိုက်ဘဲနေကြတော့မလား၊ အလိမ်အခေါက် အလှည့်အပတ်ကလေးတွေ မကြည့်ရဘဲဖြစ်တော့မှာလား၊ ကစားကွက်လှလှလေးတွေ ကွယ်ပျောက်ကုန်မှာလားဟု စိုးရိမ်ကြသည်။ တကယ်တော့လည်း ဘောလုံးပွဲကို လူတွေ စွဲမက်ကြခြင်းမှာ ထိုအချက်များကြောင့်သာဖြစ်၏။
* * * * *
ဂရိအသင်း အောင်ပွဲခံသွားခြင်းမှာ ကံတရား၏ဖေးမမှုအထိုက်အလျောက် ပါရှိသော်လည်း အချောင်သက်သက်တော့ မဟုတ်။ သူတို့သည် သေသေချာချာ စနစ်တကျပြင်ဆင်လာခဲ့ခြင်းသာဖြစ်
သူတို့ရဲ့ဗျူဟာက သူများနဲ့မတူ။ တခြားအသင်းတွေက ကိုယ် ဘယ်လိုကစားမလဲ။ ဘယ်ကစားကွက်နဲ့ ကစားမလဲ ဆိုတာကိုသာ အလေးထားစဉ်းစားသည်။ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်သာ ဦးစားပေးသည်။
ဂရိတို့က ဒီလိုမဟုတ်။ တစ်ဖက်အသင်း ဘယ်လိုကစားတတ်သလဲ ဆိုတာကို အဓိကထားပြီး လေ့လာသည်။ တစ်ဖက်အသင်းရဲ့ အားသာချက်တွေကို ပိတ်ဆို့ပစ်သည်။ အားနည်းချက်၊ ပျော့ကွက်ကိုရှာပြီး ထိုးဖောက်သည်။ ဒါမျိုး ၂ကြိမ်၊ ၃ကြိမ်လောက် အခွင့်အရေးရလျှင် လုံလောက်ပြီ။ တစ်ဂိုးလောက် ရအောင်သွင်းနိုင်သည်။
ပြီးတော့ သူတို့က တစ်ဖက်အသင်း တိုက်စစ်ဆင်လာတဲ့အထိ စောင့်မနေဘဲ ကွင်းလယ်မှာကတည်းက ကြိုတင် ဟန့်တားပစ်သည်။ တစ်ဖက်အသင်းကစားကွက်ကို တည်လို့မရလောက်အောင် နှောင့်ယှက်သည်။
လူကပ်ရာမှာလည်း တခြားအသင်းတွေလို အရေးကြီးတဲ့လူတစ်ယောက်၊ နှစ်ယောက်ကိုသာ အသေညှပ်ပြီး ကပ်ခြင်းမဟုတ်။ ဂိုးသွင်းမည့်သူရော အကွက်ဆင် ကန်တင်ပေးမည့်သူကိုပါ ဖြန့်ပြီးကပ်ထားခြင်းဖြစ်၏။ ထူးခြားတာက ရှေ့တန်းလူတွေကပါ လူကပ်တတ်ခြင်းဖြစ်၏။ တစ်ခါတလေများ တစ်ဖက်နောက်တန်းက သူတို့ရှေ့တန်းကို ကပ်ထားတာလား၊ သူတို့ရှေ့တန်းက တစ်ဖက်နောက်တန်းကို ပြန်ကပ်ထားတာလား ခွဲခြားဖို့တောင်ခက်သည်။
နောက်ထူးခြားချက်တစ်ခုကတော့ ဘောလုံးလုရာမှာ ကျွမ်းကျင်ခြင်းပင်ဖြစ်၏။ ဖျက်ထုတ်ခြင်းမဟုတ်ဘဲ သူများ ခြေထောက်ထဲက ဘောလုံးကိုယ့်ခြေထောက်ထဲ ရောက်လာအောင်လုယူခြင်းဖြစ်၏။ တစ်ခါတစ်ခါများ မုန့်လုပြေးတဲ့ ကလေးတစ်ယောက်လိုပဲ တစ်ဖက်လူမှာ ယောင်ချာချာဖြစ်ပြီး ကျန်ခဲ့ရ၏။
ဂရိတို့ ခုလို ဗိုလ်စွဲသွားသည့်အတွက် ချီးကျူးမိသော်လည်း သူတို့ကစားပုံ၊ ကစားကွက်ကိုတော့ မကြိုက်ပါ။ ဘောလုံးရသမပါသောကြောင့်ဖြစ်၏။
* * * * *
ဘောလုံးရသ အပြည့်အ၀ပေးနိုင်တာကတော့ ချက်အသင်းပင်ဖြစ်၏။ သူတို့ကို ယူရို ၉၆တုန်းကတည်းက သဘောကျခဲ့သည်။ ချက်အသင်း၏ကစားပုံကိုကြည့်ရတာ ရသစုံသည်။ အလိမ်အခေါက် အဆွဲအငင်လေးတွေပါသည်။ ကစားကွက် လှလှပပမြင်ရသည်။ အင်တိုက်အားတိုက် ထိုးဖောက်တိုက်စစ်ဆင်မှုတွေက ရင်တဖိုဖိုဖြစ်စေသည်။
သူတို့က ဘောလုံးပညာကို အဓိကထားပြီး ကစားသည်။ တချို့အသင်းတွေလို ကိုယ့်ပစ္စည်းတော့ နည်းနည်းမှ အထိမခံဘဲ သူများဟာတော့ ငမ်းငမ်းတက်လိုချင်တာမျိုး အသေပိတ်ဆို့ကစားခြင်းမဟုတ်။ ကိုယ်ကလည်း တိုက်စစ်ဆင်မည်၊ ဂိုးတွေသွင်းမည်၊ တစ်ဖက်ကလည်း သွင်းနိုင်ရင်သွင်း ဆိုသောပုံစံဖြစ်၏။ ဒါကို ဘောလုံးစကားဖြင့် "ဖွင့်ကစား"သည်ဟု ခေါ်သည်။ တရားမျှတသောကစားနည်းဟု ထင်၏။ တစ်ဂိုးလောက်ရအောင်သွင်းပြီး ခံစစ်ဖြင့် ပိတ်ဆို့ကစားတာမျိုးကတော့ လူလည်ကျခြင်းပင်ဖြစ်၏။
ချက်အသင်းသည် ပွဲတိုင်းမှာပင် စွဲမက်လောက်အောင် လှလှပပကစားပြသွားသည်။ ဒါမျိုးမှ ကြည့်ကောင်းတာဟု ပရိသတ်များ လက်ခံကြသည်။
ချက်တို့သည် အကြိုဗိုလ်လုပွဲမှာ ဂရိကို ရှုံးခြင်းမှာ ညံ့လို့မဟုတ်။ ဂိုးကံခေခြင်းနှင့် ပွဲပြီးခါနီးကျမှ အလစ်အငိုက်မိပြီး ဂိုးပေးလိုက်ရခြင်းတို့ကြောင့်သ
* * * * *
ဂျာမနီတို့၏ နာမည်ကျော်ကစားဟန်မှာ ခေတ်ကုန်သွားပြီဖြစ်၏။ ကျွန်တော်တော့ ဂျာမနီကစားပုံကို မကြိုက်ပါ။ ဘောလုံးကစားနေသည်နှင့်မတူဘဲ စီးပွားရေးလုပ်နေသလို တွက်ချက်လွန်းလှသည်။
ဘောလုံးကို နောက်ပြန်ပေးလိုက်၊ ရှေ့ပြန်ပေးလိုက်၊ ဘယ်ဘက်ခြမ်းပို့လိုက်၊ ညာဘက်ခြမ်းပို့လိုက်လုပ်ရင်း ချိန်ဆနေတာ ပျင်းဖို့တောင်ကောင်းသည်။ သူတို့အကျင့်က ဒီလိုအီလေးဆွဲရင်း အလစ်အငိုက်ဖမ်းပြီး တိုက်စစ်ဆင်တတ်သည်။ ဂျာမနီအသင်း နာမည်ကြီးတာက တစ်ဖက်အသင်း၏အမှားကိုစောင့်ပြီး
သို့ရာတွင် ယူရို ၂၀၀၄ ပွဲတွေမှာတော့ တစ်ဖက်အသင်းတွေ၏ အမှားကိုစောင့်ရင်း အချိန်စေ့သွား၍ နောက်ဆုံးတော့ အုပ်စုမှပင် ပြုတ်ခဲ့ရသောသင်ခန်းစာကိုသာ ရသွားတော့သည်။
* * * * *
ထို့အတူ -
ပြင်သစ်တို့ တိုက်စစ်ဆင်လျှင် သူခိုးလိုက်သလို အုံနှင့်ကျင်းနှင့်ဝိုင်းပါလာတတ
* * * * *
ကွာတားဖိုင်နယ်မှာရှုံးပြီး ထွက်လိုက်ရသော်လည်း အင်္ဂလန်အသင်းကစားပုံကို ပရိသတ်တို့ ကျေနပ်ကြသည်။ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း အတွဲညီကြသည်။
ပေါ်တူဂီနှင့် ကွာတားဖိုင်နယ်ပွဲကစားပုံသည် ၉၈ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားနှင့်ကစားပုံ အတော်လေး သွားတူနေသောအချက်ကတော့ ထူးခြားသည်။
၉၈ပွဲတုန်းက အင်္ဂလန်မှ တစ်ဂိုးစသွင်းသည်။ (မိုက်ကယ်အိုဝင်သွင်းတာပဲထင်သည်
ယူရို ၂၀၀၄ ပေါ်တူဂီပွဲမှာလည်း အင်္ဂလန်မှ မိုက်ကယ်အိုဝင်က တစ်ဂိုးစသွင်းသည်။ ပေါ်တူဂီက ပြန်ချေသည်။ အားထားရသော ၀ိန်းရူနီ နာပြီးထွက်သွားရသည်။ ပွဲပြီးခါနီးမှာ ဆိုးလ်ကင်းဘဲကပဲ ခေါင်းတိုက်ပြီး တစ်ဂိုးသွင်းသော်လည်း ဖိတွန်းပြီးတိုက်တယ်ဆိုပြီး ဂိုးမပေးခဲ့။ နောက်ဆုံး သရေကျနေသဖြင့် ပင်နယ်တီဖြင့် ဆုံးဖြတ်ရာ အင်္ဂလန်ရှုံးပြန်သည်။
တစ်ကျော့ပြန်တိုက်ဆိုင်မှုတွေဖြစ
အင်္ဂလန်အသင်းအတွက် အထူးခြားဆုံးဖြစ်ရပ်ကတော့ ကန်ချက်တိကျလှပါသည် ဆိုသော ဒေးဗစ်ဘက်ခမ်း တစ်ယောက် ပင်နယ်တီ၂လုံးတိတိမ၀င်ဘဲ လွဲချော်ခဲ့ရခြင်းပင်ဖြစ်၏။ ဒေးဗစ်ဘေးကန်ဟု နာမည်ပြောင်းရမလောက် ပြောစမှတ်ဖြစ်သွားသည်။
လူတွေက ဒေးဗစ်ဘက်ခမ်း ညံ့လှသည်ဟု ပြောချင်ကြသော်လည်း ကျွန်တော်ကတော့ သီးခြားအမြင်တစ်မျိုးရှိ၏။ ဘက်ခမ်းသည် ဖရီးကစ်ကန်ရာမှာ စပယ်ရှယ်လစ်ဖြစ်၏။ ရှေ့ကလူတွေ ကာထား၊ ပိတ်ထားတဲ့ကြားက ခက်ခက်ခဲခဲ ဂိုးသွင်းယူရတာကို အလွန်ကျွမ်းကျင်အောင် လေ့ကျင့်ထားသည်။ ခုဟာက ပင်နယ်တီဆိုတော့ ဂိုးသမားနဲ့ နှစ်ယောက်ချင်း၊ မြင်ကွင်းက ရှင်းရှင်းလင်းလင်းကြီးဖြစ်နေလိ
ရုံးဆင်းချိန်ကြီးမှာ လူမပါသလောက်ချောင်နေတဲ့ဘတ်စ်ကား
* * * * *
ယူရိုဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်
ဒိုင်လူကြီးတချို့က သူတို့ဘက်မလိုက်ကြောင်း ပြချင်ဇောနှင့် ဘက်လိုက်သလိုဖြစ်သွားရသောအချက်ပ
ဒါကိုကြည့်ပြီး အတွေးတစ်ခုပေါ်လာသည်။ တရားမျှတခြင်းဆိုတာ ဘယ်ဘက်ကိုမှ မလိုက်ခြင်းကို ဆိုလိုသလား၊ သင့်လျော်ရာဘက်သို့ လိုက်ခြင်းကို ဆိုလိုသလား စဉ်းစားစရာဖြစ်၏။
မင်းလူ
-----------------
အတွေးသစ်ဂျာနယ်၊
၂၆-၇-၂၀၀၄
No comments:
Post a Comment