Friday, July 26, 2013

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသန်းထိုက်အောင်(ပြည်)၏ ထောင်အတွင်းက ဇာက်လမ်းများ

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသန်းထိုက်အောင်(ပြည်)၏ ထောင်အတွင်းက ဇာက်လမ်းများ
***************************************************

ထောင်တွင်းကဇာတ်လမ်းများ(နိုင်ငံရေးအကျဉ်းသားတစ်ယောက်၏မှတ်တန်း)
-လေထီးခုန်သူများ
သူ့ကိုငပေါက် လို့ခေါ်ကြသည်-နာမယ်နဲ့လူကလဲအစဉ်ပြေနေမဲ့ပုံပါပဲ၊ လူကတော့ကိုယ်လုံးသေးသေးသွယ်သွယ်နဲ့ ဖင်ပေါ့တော့ အားလုံးက သူကိုခင်ကြတယ်၊သူတို့ တတွေ ကို နိုင်ငံရေးအကျဉ်းသားတွေက-ရိုးရိုး အကျဉ်းသားလို့ခေါ်ကြတယ်၊
သူ့အလုပ်က ရထားပေါ်မှာဖြစ်တယ်-ထောင်ထဲမှာတော့၊ငပိနဲ့၊ပဲရည်ကျဲကျဲ ကိုစား၊နိုင်ငံရေးသမားတွေဆီကရ တဲ့၊သဒ္ဒါ စာ၊ရိုးရိုးအကျဉ်းသားတွေထံပရတဲ့မသထာရေစာတွေစားပြီး၊ထွားကြိုင်းသန်မာနေတယ်လို့ပြောရမလိုပင်၊ထောင်ထဲရောက်စ ကနဲ့မတူပဲ-တသွေးတစ်မွေး ကိုဖြစ်နေတာပေါ့၊အပြင်ရောက်လို့အလုပ်ပြန်လုပ်ရင်၊အစဉ်သင့်ဖြစ်နေအောင်လို့-လေ့ကျင့် ပြင်ဆင်ထားပုံရတယ်။
ငပေါက် တစ်ယောက်-ကင်းမှီးကောက်ထောင်ပြီးဒိုက်ထိုးရင်သော်၎င်း၊အပေါ် ငုပ်တစ်ခုခုမှာ ပုဆိုးဂွင်းသိုင်း ကိုချိပ်ပြီး၊ အဲဒီပုဆိုးထဲကိုချေထောက်ချိပ်ပြီး ခန္ဒာကိုယ်ဇောက်ထိုးထားပြီး၊ဘယ်ရီရိုက်ရင်သော်၎င်း-ဘေးကနေပြီး လိုက် ရေတွက်ရင်၊လိုက်ရီ သူသာမောသွားလိမ့်မယ်သူကတော့ မပြီးနိုင်တော့ဘူး၊
အပြင်မှာတုံးက သူ့အလုပ်က-ရန်ကုန်၊မန္တလေး ရထားပေါ်မှာ၊အဖေါ်တစ်ယောက်နဲ့၊ခေါင်မိုးပေါ်မှာသူ့အဖေါ် ကခေါင်မိုးတစ်ဖက်အစွန်းမရောက်တရောက်မှာ၊ဆောင့်ဆောင့်ထိုင်လိုက်တယ်၊သူ့ချေထောက်နဲ့၊ငပေါက်ချေ ထောက်တို့ ကိုအပြန်အလှန်ချိပ်ပြီး သူ့ချေထောက်ကိုလဲလက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပြီးထိမ်းပေးထားထားတယ်၊အစဉ်သင့်ဖြစ်တာနဲ့သူ့ခန္ဒာကိုယ်ကို ပက်လက်လှန်ပြီးလှဲလိုက်ပြီး၊ရထားဘေး ဘက်သို့လှန်ပြီးလှဲချလိုက်ပြီး ဘယ်ရီရိုက်လိုက်ခါ၊ခန္ဒာကိုယ်ကိုလဲ လိမ်ပြစ်လိုက်ခါခေါင်းကို၊အောက်ဖက်သို့ ထိုးစိုက်ဆင်းလိုက်သည် နဲ့ တပြိုင်နက်မှာ သူချိန်ရွယ်ထားတဲ့သားကောင် အမျိုးသမီးကြီးတစ်ယောက်ကရထားပြူတင်းပေါက်မှာထိုင်ပြီးငိုက်နေချိန်နဲ့အကိုက်ပဲ-သူ့လက်နှစ်ဖက်ကလေထဲမှာ ဘေး နှစ်ဖက်ကို ဖြန့်လျှက်သားနဲ့ အောက်ဖက်ပြူတင်းဘောက်ကိုလဲ ရောက်ရောသူ့လက်နှစ်ဖက်က ဟိုအမျိုးသမီးရဲ့လည်တိုင် ပေါ်က ဆွဲကြိုးကိုဖြုပ်ယူပြီးသားပဲ၊ ယူတဲ့အချိန်မှာပဲ သူ့ခန္ဒကိုယ် ကလေထဲမှာ ဘယ်ရီ ရိုက်လိုက်တာကြောင့်၊လေထဲမှာပဲ အပေါ်ကိုပြန်တက်သွားပါသဖြင့် ချက်ချင်းကို၊မြင်လဲမြင်၊ပျောက်လဲပျောက်ဆိုသလို၊(၁)မိနစ်လောက်အတွင်းမှာပဲ-ဘာမှမလုပ်နိုင်၊တုန့်ပြန်လို့မရအောင်ပင်မြန်ဆန်လွန်းတဲ့အတွက်၊ခံရသူက ဘာဖြစ်သွားမှန်းတောင်မသိလိုက်တော့ဘူး။ အော် ဘို့တောင်သတိမရလိုက်ဘူး။
အဲဒါနဲ့တစ်ချိန်ထဲမှာ ရထားက ချောင်း(သို့)မြစ် တခုခုရဲ့ တံတားပေါ်မှာရထားကဖြတ်သန်းနေတဲ့အချိန်နဲ့ကွပ်တိ ပဲ-တစ်ချိန်ထဲမှာပဲရေထဲသို့ဒိုင်ပင်ပြစ်ပြီးသားပဲသေသေချာချာ စီစဉ်ထားထာလွဲံစရာကလုံဝ ကိုမရှိဘူး။သူတို့အလုပ်ကအရမ်းသေချာတယ်၊ဘယ်သူမှလဲအလွယ်တကူလိုက်နိုင်မှာမဟုတ်ဘူး၊နောက်ပြီးသူများတွေလို လူကြားထဲမှာ ဆွဲကြိုးဖြတ်ပြေးတာမဟုတ်တော့၊လူကိုသိဖို့မှတ်မိဖို့တို့၊မရှီတော့ဘူး။
သူတို့ဒီလိုဘဲလုပ်စားလာတာကြာလှပြီ၊-အထဲဝင်ဖို့ဖြစ်ချင်တော့၊တစ်နေ့ သူတို့သွားလုပ်တဲ့(သားကောင်၊)ကကြီးကြီးမာစတာတယောက်ရဲ့ကတော်ဖြစ်နေတော့၊ရေဆုံးရေဖျားလိုက်တော့တာပေါ့၊
(၂)
လုပ်ငန်းအနေနှင့်တော့အောင်မြင်ခဲ့ပါတယ်၊ဒါပေမဲ့-ပိုက်ဆိပ်တိုက်ရှာကြတော့ သိပ်မကြာပါဘူး၊အဖမ်းခံရတော့တာပေါ့၊ ဒီတော့ အင်းစိန် ထောင်ထဲရောက်လာတော့တာပေါ့။သူတို့ကိုလေထီးခုန်တယ်လို့ထောင်စကားနဲ့ပြောကြတယ်လေ။
--ကျော်ဟိန်းတို့
သူတို့ကိုတော့ကျော်ဟိန်းလို့ခေါ်ကြတယ်-အင်းစိန်ထောင်ကြီးတည်ဆောက်ပြီးကတဲ ကကျော်တက်လွတ် မြောက်သွားတဲ့သူတစ်ယောက်မှမရှိခဲ့ဘူး၊-သူတို့နှစ်ယောက်က-တော့အောင်မြင်ခဲ့တယ် ဒါပေမဲ့ နောက်တော့ပြန်မိသွား ပြီး အင်းစိန်ထောင်ကြီးထဲကိုပြန်ရောက်လာခဲ့ကြတယ်-သူတို့ကတော့-ကြွယ်ကြီးနဲ့၊သားငယ် တို့ပါပဲ၊-အင်းစိန်ထောင်ကနေ သူတို့ကို-သာယာဝတီထောင်ကိုပို့လိုက်တော့၊သာယာဝတီထောင်ပိုင်က-(၂)ယောက်စလုံးကို တာဝန်ကြီးလို့-တစ်ယောက် ကိုပဲလက်ခံထားပြီးနောက်တစ်ယောက် သားငယ် ကို သရက်ထောင် သို့ဆက်လက်ပို့ဆောင်လိုက်လေသည်။
သာယာဝတီထောင်ကြတော့-ကြွယ်ကြီးကို-နိုင်ငံရေးအကျဉ်းသားတွေထားတဲ့-တိုက်မှာပဲထားလိုက်တယ်-သူ့ကိုအဆောင်မှာမထားဘူး-အဆောင်မှာဆိုရင်လဲမလွယ်ဘူး-သူကထောင်တွင်း-“လူသတ်မှု” နှစိခါလောက်ဇြစ်ထားတာ ဒီတော့ သူကဗြမ္မာဦးခေါင်းလေ-သူ့ကို-သံချေကျင်းနဲ့၊နောက်ချေကျင်းနှစ်ဖက်ကို(၂)ကျပ်လုံးလောက်ရှိပြီး(၂)လောက်ရှည် တဲ့သံချောင်းကြီးနဲ့တွယ်ဆက်ပြီးဒေါက်ထည့်ထားတယ်၊ဒီတော့သူလမ်းလျှောက်ရင် အဲဒီဒေါက်ကြီးကြောင့် ကားပြီး လျှောက်ရတယ်၊အိပ်ရင်လဲ ကားအိပ်၊အိမ်သာတက်တော့လဲ-ကားကားကြီးနဲ့ အိမ်သာတက်ရတယ်။ညဖက်တွေမှာဆို သူ့အခန်းကသံချောင်းသံတွေ၊သံအချင်းချင်း ပွတ်တိုက်သံတွေ ကြားနေရတယ်။
သူကိုထောင်ဝင်စာ လာတွေ့မဲ့သူမရှိဘူး၊ဒီတော့ နိုင်ငံရေးအကျဉ်းသားတွေက-စာနာစိတ်နဲ့ပေးကမ်း၊ကျွေးမွေးကြ တယ်၊သူကအရင်အဆောင်မှာနေတုံးကဆိုရင်၊ဗိုလ်ပဲ၊အားလုံးကသူ့ကိုကြောက်ရတယ်၊သူ့ကိုလိုင်းဝင်ရတယ်၊ပေးရတယ် ၀န်ထမ်းတွေကိုတောင် သူကပြန်ပေးနိုင်တယ်။
အရင်တုံးကတော့၊-သူလဲသဒ္ဒါ စာ စားရတာပေါ့-ဒီလိုနဲ့အနေကြာလာတော့---ထုံးစံအတိုင်းနိုင်ငံရေးသမားဆိုတာက၊နိုင်ငံရေးလုပ်လိုထောင်ကြလာကြတာဆိုတော့-*ထောင်ထဲမှာလဲနိုင်ငံရေး စကားပဲ ပြောကြတာပေါ့-ဆွေးနွေးပွဲတွေ၊အာဏာပိုင်တွေ၊ထောက်လှမ်းရေးတွေ၊လတ်တလောနိုင်ငံရေး၊အခင်းအကြင်းတွေ၊ စတာတွေကိုပြောကြတာပေါ့၊အခမ်းအနားတွေထိတောင်၊အဆင်ပြေရင်လုပ်ကြတယ်၊စာအုပ်တွေခိုးသွင်းပြီးဖတ်ကြတယ် တချို့ ရေဒီယို-တွေပါတွေခိုးနားထောင်ကြတယ်၊ဒါတွေကမိသွားရင်ထောင်ထဲမှာ နောက်ထပ်အမှုတစ်မှု-ထပ်တိုးသွားတယ် နောက်ထပ်နှစ်ထပ်တိုးတယ်၊လတ်တလော၊ထောက်လှမ်းရေးက ခေါ်ထုပ်ရိုက်တယ်၊ထောင်အာဏာပိုင်က-တိုက်ပိတ်တယ် ထောင်ဝင်စာဖြတ်တယ် စသဖြင့် ပြစ်ဒဏ်အမျိုးမျိုးပေးနိုပ်ကွပ်ကြတယ်။
ဒီတော့ အသွင်မတူတဲ့ ရာဇ၀င်လူဆိုး-ရိုးရိုးအကျဉ်းသားက သူတို့တွေကြားမှာရှိနေတော့၊သူကိုလဲ-နိုင်ငံရေးစည်းရုံးကြမယ်၊-နိုင်ငံရေးအကြောင်းတွေရိုက်သွင်းကြမယ်ပေါ့-ဒီတော့သူကို လူရာသွင်းကြရတာပေါ့၊ဒီမှာတင်
(၃)
ကြွယ်ကြီး တစ်ယောက်-ဘ၀င်မြင့်သွားတာလား-သူနှပ်ကြောင်းထဲ-နိုင်ငံရေးသမားတွေကျသွားတာလားမသိ-သူလဲထောင် ထဲရောက်ပြီးမှ နိုင်ငံရေးသမားကြီးဖြစ်သွားတော့တယ်-
အဲဒီမှာနောက်ပိုင် နီုင်ငံရေးနဲ့ပတ်သတိတားဘာလုပ်လုပ်၊ထောင်အာဏာပိုင်တို့ဆီကို သီတင်းရောက်ရောက်နေ တော့တာပဲ၊မကြာခဏဆိုသလို၊ “မိန်းဂျေး” ရုံးမှာ တစ်ယောက်ပြီးတစ်ယောက်ခေါ်ယူမေဒမြန်းခြင်းခံရတယ်၊သတိပေးခြင်း ခံရတယ်၊အစစ်ခံရတယ် ဆိုတာမျိုးတွေဖြစ်ဖြစ်လာနေတော့တာပေါ့၊-ဒီတော့ နိုင်ငံရေးအကျဉ်းသားတွေ-စဉ်းစားတိုင်ပင်လာကြတာပေါ့၊သူတို့ထဲမှာအသားထဲက လောက်ထွက်လာတာက-ဘယ်သူလဲ-“ကြွယ်ကြီး”ပေါ့-လို့ပဲအဖြေရခဲ့ကြတယ်။
ဒီကြောင်ကိုဘယ်လူချုဆွဲပေးမလဲ
ဒီတော့ “(၅)ည ”တွေတိုင်ပင်ကြပြီး-သူ့ကို ဒီတိုက်ကနေရွေ့ပြောင်းပေးဖို့ “ထောင်ပိုင်တန်းဆီ” မှာတင်ပြမယ်-ဒီလို တင်ပြလို့ထောင်ပိုင်ရွေ့မပေးရင်ဘယ်လိုလုပ်မလဲ-အဲဒီလိုတင်ပြသူကို-သူက အညှိးထားပြီးရန်လုပ်ရင်ဘယ်လိုလုပ်မလဲ-ဒီမှာလူငယ်တချို့ကတော့ တို့ကအများစုလေ-စုပေါင်းပြီးပြန်တိုက်ခိုက်မှာပေါ့-ဆိုတော့-လူကြီးပိုင်းက-“သူထောင်ထဲမှာ လူနှစ်ယောက်ကို-သတ်ထားတာကွ-” ဘာလို့လဲဆိုတော့-ထောင်ထဲမှာနေလာတာကြာတော့-ထောင်ပြင်ကိုခဏလောက် ထွက်ဖို့ကို-လူသတ်ပြီးတော့-တရားရုံးထွက်တာ-တဲ့ ”-နောက်ပြီးသတ်တာကလဲ-ထောင်ထဲကတောင်ယာမှာ-အလုပ်လုပ်ဖို့ထားတဲ့ပေါက်ပြားနဲ့ခုပ်သတ်လိုက်တာတဲ့-လို့ဆိုတော့- သူတို့လူမိုက်တစ်ယောက်နဲ့ဘယ်သူမှ၇န်မဖြစ်ရဲတော့ဘူး-ထောင်ပိုင်ကိုလဲဘယ်သူမှမတင်ပြရဲတော့ဘူး-ဒါတွေကို ကြွယ် ကြီး ကလဲသိနေတယ်၊သူ့ဂွင်ထဲကိုဝင်နေပြီဆိုတာ-ဒီတော့အဆောင်စရိုက်တွေတဖြည်ဒဖြည်းပြလာပြီ၊၊သူ့ကိုကြောက်နေအောင်လုပ်ပြ၊ပြီးတော့ ဆက်ကြေးရအောင်ဖန် ဆိုတာတွေ ခင်းလာပြီး-ဘာပြောလိုက်ရမလား၊ညာပြောလိုက်ရမလား ဆိုတာတွေ စလာပြီ။
တနေကုန်ကတော့၊သူ့အလုပ် က ဒိုက်ထိုး၊ဘယ်ရီရိုက်၊(ထိုဒေါက်ကြီး)နဲ့ပဲ-ကြံ့ခိုင်မှုကတော့-အရမ်းကောင်းတယ်၊သူလဲထောင်ကထွက်ရင် လုပ်စားဖို့ အတွက်လေ့ကျင့်နေတာလား၊လတ်တလောကိစ္စအတွက် လေ့ကျင့်နေတာလားတော့မသိဘူး။
သူရဲစာကျွေး
သူကအင်းစိန်ထောင်မှတုံးကလဲ-ထောင်တွင်းလူသတ်မှုကြောင့်၊တိုက်ထဲမှာနေရတယ်၊သူတို့နေတဲ့တိုက်ရဲ့၊အ ၀င်တံခါးရဲ့သံတိုင်အချေ ကိုနေ့တိုင်း ငပိ ပုံပေးပြီးသံကို ဆွေးအောင်လုပ်တယ် ကြာလာတော့-သွတိုင် ကဆွေးသွားတော့-ပုဆိုးနဲ့ သံတိုင်ကိုပတ်ပြီး၊အောက်ခြေကနေပြတ်သွားအောင်လိမ်လိုက်ပြီး၊လူ တစ်ကိုယ်စာထွက်ပေါက်လုပ်လိုက်ြ့ပီး သား ငယ်ကို လဲ ထိုအတိုင်းလုပ်စေပြီး၊နှစ်ယောက်သား “အလုပ်ကြီးဘုတ်” ဘက်ကိုလာပြီး ညနေထောင်မပိတ်ခင်ကကထဲကစီစဉ်ထားတဲ့(၆/၂)ထုရှိပြီး(၁၈)ပေလောက်ရှည်တဲ့သစ်သားပြားကိုသွားယူပြီး၊အုပ်ရိုးနား ကိုလာပြီး၊အုပ်နံရံ ကိုလှေခါးထောင်သလိုမျိုးထောင်လိုက်ပြီး၊ကြွယ်ကြီးက စတက်ပြီး သူ့နောက် က သားငယ်က
(၄)
လိုက်တက်ပါသည်-အပေါ်သစ်သားပြားအဆုးံရောက်တော့၊နံရံကိုထောက်ထားတဲ့၊သစ်သားရဲ့၊ ထို(၂)လက်မလောက်ခ လေးရဲ့အပေါ်မှာ-ကြွယ်ကြီးကဆောင့်ဆောင့်ထိုင်ကာ နံရံကိုမျက်နှာနဲ့ကပ်၊လက်နှစ်ဖက် ကိုဘေးတစ်ဖက်ဆီသိုဇြန့်ပြီး အုပ်နံရံကိုလက်ဝါး နဲ့ကပ်ထားလိုက်ပြီးအနေအထားမှာပဲ-သားငယ်က သူ့ပေါင်ပေါ်ကနေတစ်ဆင့်-ပုခုံးပေါ်သို့ထိတက်လိုက်ပြီး၊မတ်တက်ရပ်လိုက်ကာ၊ကြွယ်ကြီးလဲမတ်တပ်ရပ်လိုက်စဉ်မှာတော့-အုပ်ရိုးအပေါ်မှ အရိပ်မဲကြီး တစ်ခုကိုတွေ့လိုက်ကြသဖြင့်လှမ်းကြည့်လိုက်ကြရာ- “လူအကြီး ကြီး” တစ်ယောက်ကငုတ်တုပ်ထိုင်ပြီးမျက်လုံးအနီကြီးနဲ့ သူတို့ကိုထိုင်ကြည့်နေတာကိုတွေ့လိုက်တော့မှ-သူတို့လဲ လိပ်ပြာလွှင့်အမတပ်ဖြစ်ပြီးနောက်ကိုနှစ်ယောက်စလုံးလန်ပြီး ပြန်ပြုတ်ကျကာ အောက်သို့ ခွေးကျ ကျသွားပါသည်၊တော်ရုံလူဆိုရင်တော့-အသက်ပါထွက်သွားနိုင်လောက်တယ်၊သူတို့ ကတော့ အောက် ပြုပ်ကျတဲ့ ဒဏ်ရာလောက်ပဲရပြီး သစ်သား ကိုပြန်ပြီး နေရာတကျထားပြီး-ကိုယ့်အခန်း၊ကိုယ်ပြန်ဝင်ပြီး အိမ်နြေမပျက်ပြန်နေ နေခဲ့ပြီး နောက်တစ်ပတ်၊နှစ်ပတ်၊အသားကျွေးတဲ့ရက်တွေမှာ ထိုနေရာသို့ သွားသွားပြီးသူတို့၇တဲ့ အသားဝေစု၊သူများဆီ ကအနိုင်ကျင့်လို့ရလာတဲ့အသားဝေစု၊တွေ ထမင်းတွေ ကိုသွား သွားပြီးချကျွေးရင်းနဲ့-သရဲနဲ့ အစဉ်ပြေအောင် ပေါင်းနေလာခဲ့ပြီး(၄)ပတ်မြောက်တဲ့ရက်ကျတော့မှ-အရင်အခေါက် က အစီအစဉ်အတိုင်းအုပ်ရိုးပေါ် ကိုအောင် အောင်မြင်မြင်နဲ့ရောက်ရှိသွားခဲ့ပြီး တစ်ဖက်ကိုတော့-အောက်က ကာထားတဲ့ သံဆူးကြိုးကိုလွတ်အောင် မှန်း ပြီးခုန်ချပြီးကာ -အောင်မြင်ခဲ့ပါသည်-ဒါပေမဲ့လည်း၊မကြာခင်မှာပဲ-အိမ်ကို မှောင်ရိပ်ခိုပြီး တစ်ရက်ပြန်လာခဲ့သည့်အတွက် ရက်ပေါင်းများစွာထိုင်စောင့်နေသော၊အကျဉ်းဦးစီးဝန်ထမ်းနဲ့၊ရဲတို့ ပူးပေါင်းပြီး သူတို့ကိုပြန်မိသွားပါတော့သည်။
ဖိုးတွမ်တီး-x-x-x=
နောက်တစ်ယောက်ကတော့ -ဦးမိုး-သူက -ကျွန်တေိာတို့ -၅(ည) တိုက်ဝန်းနဲ့ကပ်လျှပ်မှာ-နှစ်ကြီးအဆောင် ဆိုတဲ့နှစ်ထပ်ဆောင်တစ်ခုရှိတယ် ထိုအဆောင်မှာထောင်ကျအနှစ်(၂၀)မှအထပ်ကျသူတွေကိုထားလေ့ရှိပါတယ်- ဒီလိုနဲ့နေလာကြရာ-ရက် ကနေ၊လ လကနေ-နှစ်၊နှစ်ကနေဆက် ပြီးနေထိုင်တွေ့ဆုံနေလာရတော့- လူတွေ ကိုမျက်မှန်း တပ်လာ၊ရင်နှီးလာခဲ့ကြပါတယ်၊အရင်တုံးကဆိုရင်-တော့သူတို့ကိုတွေ့ခွင့်ရင်နှီးခွင့်မရခဲ့ပါဘူး-၅(ည) တိုက်တွေ က အရင်တုံးက အမြဲတန်းအခမ်းတံခါးပိတ်(တိုက်ပိတ်)သလိုမျိုးနေခဲ့ရပြီး-မနက် “မိလ္လာချ” တစ်ခါ၊ညနေရေချိုး တစ်ခါလောက်သာ နာရီဝက်ဆီလောက်သာဖွင့်ပေးတာ၊(၂၀၀၀)ပြည့်နှစ်လောက်ကျမှ ICRC-ကြက်ခြေနီ- အဖွဲ့တွေ ထောင်တွေထဲဝင်လာပြီတော့ တိုက်ခန်း တံခါးတွေကို -မနက်(၂)နာရီ၊နေ့လည်(၂)နာရီလောက်ဖွင့်ပေးလာခဲ့သည့်အတွက် ၅(ည) တိုက်ဝန်းဘေးမှာရှိတဲ့ နှစ်ကြီးဆောင်မှလူတွေနဲ့ထိတွေ့ခွင့်ရလာကြတာ။
လူပုံစံကတော့-အရမ်းစွဲဆောင်မှုရှိတယ်ဆိုတာထပ်-ဥပတိရုပ်ခန့်ညားတာ-ခေါင်းကဆံပင်ကလဲဖွေးဖွေးဖြူနေ ပြီး၊ရုပ်ရည်အလွန်သန့်ပြန့်တဲ့ သွင်ပြင် ရှိပါတယ်၊ဘာသာရေးလဲ-အရိုင်းကိုင်းရှိုင်းတာ၊စကားပြောရင်လဲ ဖြေးဖြေးနဲ့မှန်မှန်ပြောတပ်ပြီး၊အရမ်းကိုချိုသာပြီး၊ယဉ်ကျေးသိမ်မွေ့တယ်၊လူမြင်တာနဲ့ကို-ခင်ချင်စရာပဲ၊ရင်နှီးချင်စရာပဲ၊သူကိုတွေ့စကတော့-ဘာ အမှုလဲလို့မေးရမှာ အားနာလို့-မမေးခဲ့ဘူး-အများစုကတော့-မျက်စိလညိလမ်းမှားပြီးထောင်ထဲ ကိုရောက်လာတယ်လို့ ထင်ကြတယ်၊နောက်တော့မှ-တစ်ယောက်စကား-တစ်ယောက်နားဆိုသလိုသိလာရတော့တယ်-
သူက-မြန်မာတပြည်လုံးကိုပတ်ပြီးလိမ်နေတာ-တစ်ခါမှ ကိုအဖမ်းမခံရဘူး-ထင်ရက်စရာလဲမရှိဘူးကို၊ဒါပေမဲ့ ဖြစ်ချင်တော့-တစ်၇က်-
(၅)
ရန်ကုန်မြို့ မလှမ်းမကမ်းက (ကပစ) တစ်ခုထဲ ကိုပတ်ထရို(စစ်ရောင်)တစ်စီးဝင်လာပြီးမောင်တိုင်ဂိတ်မှာ ခဏရပ်လိုက်တယ်-မောင်းတံဂိတ်မှာစောင့်တဲ့ရဲဘော်တွေ ကပါလာတဲ့-ဒုတိက ဗိုလ်မှုးကြီးအဆင့်ရှိတဲ့-အရာရှိတစ်ယောက် ရှေ့ခန်းမှာထိုင်နေတော့-မောင်းတိုင် ကိုအလျှင်အမြန်ဖွင့်ပေးလိုက်ရင်း၊သတိဆွဲ အလေးပြုလိုက်တော့-ထိုကားလေးက တပ် ထဲသို့ဖြေးညှင်းစွာပဲမောင်ဝင်သွားပါသည်၊ခဏလောက်နေတော့-ပြန်ထွံက်လာပြီး၊ထိုမောင်းတံဂိတ်မှ ပဲပြန်ထွံက်သွားပါပြီး “ပုဇွန်တောင်” ကြက်တန်းဖက်သို့မောင်းနှင်သွားပြီး-သံပစ္စည်း အစုံ ၀ယ်ယူ/ရောင်းချ သည့်ဆိုင်တစ်ဆိုင်ရှေ့တွင်ခဏ ရပ်လိုက်တော့ ဆိုင်ထဲမှ လူတစ်ချို့နှင့်၊ပတ်ဝန်းကျင်မှ၊ဆိုင်ရှင် တစ်ချို့တို့ အလုအယှက် ကားဆီသို့ပြေးလာကြပြီး၊ “ဗိုလ်မှုး ဘာလိုချင်သလဲ ”ဆိုပြီး အပြိုင်အဆိုင် မေးကြတော့ သူက-“ဂိုထောင်အကြီးကြီး(၄)လုံးလောက် ရောင်းချင်လို့ မင်းတို့ ၀ယ်မလား၊ ဆိုတော့-သူတို့တတွေ ၀ိုင်းပြီး ဘယ်လိုမျိုးလဲ၊ဘာတွေပါသလဲ၊အကျယ် ပေ ဘယ်လောက်ရှိသလဲဆိုတော့ --အကျယ်ကတော့ ဘယ်လေက်ရှိကြောင်း အထဲတွင်လဲ-ခေတ်ဟောင်း က “ဟင်ဂလန်”တွေသံ ဖရိမ်တွေမည်ရွေ့၊မည်မျှ ပါ ကြောင်းတို့ကိုပြောပြပြီး-မင်းတို့-အခု စရံငွေသိန်း(၃၀) ကိုတပါထဲယူပြီး၊ငါနှင့်တပါတည်းလိုက်ခဲ့၊ဟိုကြမှ-ဈေးဖြတ်၊မင်းတို့ ဖြတ်တဲ့ဈေး ကို-ငါ့အတွက်(၅)သိန်းချန်ပြီးဖြတ်၊-လို့ပြောတော့ သူတို့ထဲကတစ်ယောက်က-ငွေယူပြီးလိုက်ပါလာခဲ့ပြီး၊ခုန က မောင်တံဂိတ်-မှ ပဲဖြတ်ကျော်၊အလေးပြုခြင်းကိုခံယူ-ပြီးတော့၊အထဲကိုမောင်းသွားကြပြီး၊၀င်းထဲရောက်တော့၊ဂိုထောင်အကြီးကြီးတွေ၊အများကြီးရှိတဲ့နေရာကြတော့ ကားကိုခဏရပ်ခိုင်းလိုက်ပြီး-ဂိုထောင်(၄)လုံးကို လက်ညှိးထိုးပြပြီး မင်းတို့(၅)ရက် နဲ့အပြီးဖျက်ပေးရမယ်၊ဖြစ်မလား ဆိုတော့-ဖြစ်ပါတယ် ကျွန်တော်တို့ ဒီနေ့ပဲ အလုပ်စမယ်-ဈေးကတော့ဘယ်လောက်ထား ပါဘယ်ရွေ့ထားပါဆိုပြီးဈေးတည့် သွားကြပြီး-ပါလာသမျှ-ငွေသိန်း(၃၀)ကို-ထိုဗိုလ်မှုး လက်သို့အပ်လိုက်သောအခါ-ဗိုလ်မှုး က-ဒါဆိုရင် ငါ မင်းတို့ကို-လေလံ-စာရွက်ပြုလုပ်ပေးမယ်၊လေလံပြစ်တာပေါ့ လို့ ဘယ်သူမေးမေးပြောပေါ့-ဒါဆိုရင်-မင်းတို့အလုပ်သမားနဲ့၊သယ်ဖို့ကားသွားယူလိုက်၊-ဒီကနေ့ပြီးသလောက်စလုပ်-ညနေပြန်ရင်၊လေလံစာရွက်ကိုရုံးထဲမှာဝင်ယူ လိုက်၊ငါလဲမြို့ထဲကိုသွားဖို့ရှိသေးတယ်၊မင်းတို့-ကားသွားယူဖို့ လိုက်ချင်လိုက်ခဲ့ ဆိုတော့- သူတို့လဲ-ထိုကားနဲ့ပဲ အတူတကွ ပြန်လိုက်လာကြပြီး-ထို မောင်းတံဂိတ်မှပဲ အလေးအပြုခံပြီး မောင်းထွက်သွားခဲ့ကြပါတော့သည်၊လမ်း သင့်တဲ့နေရာမှာ သူတို့ကိုချပေးလိုက်ပြီးမောင်းနှင်သွားပါတော့သည်။
ပုဇွန်တောင်မှ-သံအဖွဲ့လဲခဏကြာတော့-သူတို့ ပစ္စည်းတင်မဲ့-ဒေါ့ဂျစ်ကား-ကြီးကိုမောင်းပြီး-ထိုမောင်တံဂိတ်သို့ ရောက်လာခဲ့ကြရာ-မောင်တံဂိတ်စောင့် က-ဘယ်လဲ၊ဘာကိစ္စ္လဲလို့မေးတော့-သူတို့က ခုနက ဗိုလ်မှုးနဲ့အတူတူလာတဲ့သူတွေဖြစ်ကြောင်းနဲ့၊အထဲကဂိုထောင်တွေ ကိုဝယ်ထားတာဖြစ်ကြောင်း၊အခုဖြတ်ပြီးသယ်ယူဖို့လာတာဖြစ်ကြောင်းတို့ကိုပြောပြတော့-မောင်တံ အဆောင့်-ကခုနကဗိုလ်မှုးကိုသူတို့မသိကြောင်း၊တပ်ရင်းရုံးကို စက်နှင့်လှမ်းမေးကြည့်ဦးမယ်ခဏစောင့် ဆိုပြီး-စက်နှင့်လှမ်းမေးတော့ တပ်ရင်းရုံးမှ၊တာဝန်ရှိသူများ၊အရာရှိများ၊ အုပ်လိုက်ရောက်ရှိလာပြီး၊နောက်-အဖြစ်မှန်ကိုမေးကြည့်တော့မှ အာလုံဇာတ်ရည်လယ်သွားကြပြီး၊ထိုငွေသိန်း(၃၀)ပေးချေခဲ့သောသူတို့လောလောဆည်-ရဲစခန်းသို့ရောက်ရှိသွားပါတော့သည်။
သူလုပ်တာနဲနဲတော့များသွားပြီ-သိပ်မကြာလိုက်ပါဘူး သူလဲအဖမ်းခံရတော့တာပဲ-ရဲစခန်းရောက်တော့-အရင်လုပ်ထားတာတွေပါပေါ်လာပြီးထောင်(၃၀)နှစ်ကျသွားပြီးဒီကိုေ၇ာက်လာခဲ့တယ်။

No comments:

Post a Comment