Tuesday, February 28, 2017

ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး

Leave a Comment

ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ရွာဘဲနယ်မြေ
ကိုးသောင်းပဒေသာရပ်တွင် မောင်ဖိုးသား (ဘ)ဦးယု
ထွေး၏သားဖြစ်သူ ပထမနှစ်ကျောင်းသားသည် နေ
အိမ်၌ မတ်လ(၁)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်ခန့်
ကြိုးဆွဲချ သေဆုံးနေကြောင်းနှင့် မည်သည့်အတွက်
ကြောင့် မိမိကိုယ်ကိုကြိုးဆွဲချသေဆုံးသည်ကို ဆက်
လက်စစ်ဆေးလျှက်ရှိကြောင်းနှင့်နောက်ဆက်တွဲသ
တင်းအား ဆက်လက်ဖော်ပြပေးမည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ဓါတ်ပုံ ပုဂံလမ်းက အလွမ်းရှင်(အထူးသတင်းထောက်)


Read More...

Saturday, February 25, 2017

အစားအသောက်ကောင်းကောင်းစားချင်သူများ အတွက်ပြည်မြို့ ဘုန်းကြီးလမ်းဝေယံEelctronic. ဘေးလမ်း ဇောတိကာရုံကျောင်းအနီး

Leave a Comment

အစားအသောက်ကောင်းကောင်းစားချင်သူများ
အတွက်ပြည်မြို့ ဘုန်းကြီးလမ်းဝေယံEelctronic.
ဘေးလမ်း ဇောတိကာရုံကျောင်းအနီး

LUCKY PLATE THAI FOOD HOUSE ၌Thai Food
(ထိုင်းအစားအစာစစ်စစ်)

ပုဇွန်ကြေးအိုး ။ ထိုင်း Hot Pot နှင့်ပင်လယ်စာအစုံကို
တစ်နေရာထဲမှာအရသာရှိရှိသုံးဆောင်နိုင်ပါပြီ ။

မွေးနေ့ပွဲ မိတ်ဆုံစားပွဲနှင့် မိသားစုစားဝိုင်းများကိုလည်း
လူ20မှ50ခန့်ထိ Special Set Menuများဖြင့်စိတ်တိုင်း
ကျစီစဉ်ပေးပါသည်။

(Lunch Time Delivery service) အနေဖြင့်ဟင်း၃ပွဲ
နှင့်အထက် နံနက်(10) နာရီမှ နေ့လည်(3) နာရီ  ထိ
ဝယ်ယူပါက ပြည်မြို့တွင်း အိမ်အရောက်ပို့ဝန်ဆောင်မူ
ပေးနေပါသည်။

  Hot Line..09250061182















Read More...

Friday, February 24, 2017

မိချောင်းရဲကျေးရွာအနီးတောမီးလောင်

Leave a Comment

မိချောင်းရဲကျေးရွာအနီးတောမီးလောင်

ဆင်စုနယ်မြေ မိချောင်းရဲကျေးရွာတွင် ဖေဖော်ဝါရီ (၈)
နာရီ(၃၀)ဝန်းကျင်ခန့် တောမီးလောင်ကျွမ်းနေသဖြင့်နေ
အိမ်များသို့ မီးကူးဆက်လောင်ကျွမ်းခြင်းမရှိအောင် ဆံ
တော်အရန်မီးသတ်တပ်ဖွဲ့ ရွှေကူအရန်မီးသတ်တပ်ဖွဲ့
ကျောင်းကြီးအိုးတန်းအရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းမီး
ငြိမ်းသတ်လျှက်ရှိကြောင်းနှင့်အခြားအရန်မီးသတ်တပ်ဖွဲ့များ
ရောက်ရှိနေပြီဖြစ်ကြောင်း ကနဦးသတင်းရှိသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

အချက်ပြမီးမပြဘဲချိုးကွေ့သည့်ကားနှင့် ယာဉ်နောက်ကိုကပ်လိုက်သည့်ဆိုင်ကယ်တို့ တိုက်မှုဖြစ်

Leave a Comment
အချက်ပြမီးမပြဘဲချိုးကွေ့သည့်ကားနှင့်

ယာဉ်နောက်ကိုကပ်လိုက်သည့်ဆိုင်ကယ်တို့ တိုက်မှုဖြစ်

ရွှေတောင် ဖေဖော်ဝါရီ(၂၄)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ် ၊ရန်ကုန်-ပြည်
ကားလမ်းမပေါ် ပုရပိုဒ်တန်းရွာတွင် ဖေဖော်ဝါရီ(၂၃)ရက်နေ့ ညနေ
(၅)နာရီ (၃၀)အချိန်ခန့် ဆိုင်ကယ်နှင့်ကား ယာဉ်တိုက်မှုဖြစ်ပွားခဲ့
ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား
ကြောင်းသတင်းအရ ရွှေတောင်မြို့မရဲစခန်းမှ ဒုရဲအုပ်ဇော်သန်းထိုက်
နှင့်အဖွဲ့သည် သွားရောက်စစ်ဆေးခဲ့သည်ဆို၏။

ထိုသို့သွားရောက်စစ်ဆေးရာ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်
အမှတ်(၁၇၂/၃)နှင့်(၁၇၂/၄)အကြား ပုရပိုဒ်တန်းရွာတွင် ပြည်
ဘက်မှရန်ကုန်ဘက်သို့ ဝေယံ(၂၃)နှစ်၊(ဘ)ဦးကျော်နိုင်ဝင်း ၊ပု
တီးကုန်းမြို့နေသူ မောင်းနှင်ပြီးယာဉ်ပေါ်တွင် သက်ကို၊အောင်
ဆွေဦး၊ကျော်မင်းထက် တို့လိုက်ပါလာသည့် YGN 1E……..နံ
ပါတ်ပြားပါ TOHKATSO အမျိုးအစား အပြာနုရောင်ယာဉ်မှာလမ်း
၏ ယာဘက်ခြမ်းသို့ အချပြမီးမပြဘဲ ရုတ်တရက်ချိုးကွေ့လိုက်စဉ်
နောက်မှ မောင်မောင်စိုး(၄၄)နှစ်၊(ဘ)ဦးငွေစိုး ပြည်မြို့နေသူ မောင်း
နှင်လာသည့် နံပါတ်ပြားမပါ Luojla-125 အနက်ရောင်ဆိုင်ကယ်
မှာ အရှိန်မထိန်းနိုင်ဘဲ ယာဉ်၏ဝဲဘက်ခြမ်းနောက်မြီးအား လမ်းမ
အလယ်တွင်ဝင်ရောက်တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ မောင်
မောင်စိုးတွင် ဝဲဘက်ဒူးခေါင်း ပေါက်ပြဲဒဏ်ရာ ၊ဗိုက်အောင့်/ခေါင်း
မူးဒဏ်ရာ ၊ဝဲဘက်ပေါင်/ခါးနာကျင်ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ်ပေါ်ပါ
လာသူများမှာ ဒဏ်ရာရရှိမှုမရှိကြောင်းသိရရသည်။

ထိုသို့ ဆိုင်ကယ်နှင့်ယာဉ်တိုက်မှုဖြစ်ပွားပြီး TOHKATSO အမျိုးအစား
အပြာနုရောင်ယာဉ်မှာ လမ်း၏ ယာဘက်ခြမ်းရှိ KTV ဆိုင်ဝန်းထဲသို့
မောင်းနှင်ထွက်ပြေးခဲ့ပြီး ဆိုင်၏နောက်ခြံစည်းရိုးအနီးတွင် ကားအား
ရပ်တန့်ထားခဲ့ပြီး ကားမောင်နှင်သူမှာထွက်ပြေသွားခဲ့သည်။

ထို့ကြောင့်ဖြစ်စဉ်နှင့် ပတ်သက်၍ အချက်ပြမီးမပြဘဲ နောက်ယာဉ်ကြော
မရှင်းမီတစ်ဖက်ယာဉ်ကြောသို့ ချိုးကွေ့မောင်းနှင်သော မောင်ဝေယံနှင့် ဆိုင်ကယ်အားရှေ့ယာဉ်၏နောက်မှကပ်လျှက်မောင်းနှင်သူ မောင်မောင်စိုး 
တို့အား ဥပဒေအရအရေးယူပေးပါရန် ဒုရဲအုပ် ဇော်သန်းထိုက်မှတရားလို
ပြုလုပ်တိုင်တန်းသဖြင့် ရွှေတောင်မြို့မရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၇ ၊ ရာဇ
သတ်ကြီးပုဒ်မ ၃၃၈/၂၀၂ ဖြင့်အမှုဖွင့်ခဲ့ပြီး အမှုအား ဒုရဲအုပ်သန်းထိုက်မှ
လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

မှတ်ချက်။ ။ 1 ….အဆိုပါကားသည် KTV ဆိုင်မှပိုင်သော ကားမဟုတ်
ခြင်း ၊ 2..KTV ဆိုင်ထဲမှထွက်လာပြီး ယာဉ်တိုက်မှုဖြစ်တာ မဟုတ်ခြင်း ၊ 3
… အမှုဖြစ်စဉ်သည်၎င်းကောင်းဆိုင်နှင့် မသက်ဆိုင်သည့်အတွက်သတင်း
ကျင့်ဝတ်အရ KTV ဟုသာဖော်ပြခြင်း ဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာရှိ၍ ဆိုင်
အမည်ဖျောက်ထားခြင်းမဟုတ်ကြောင်းနှင့်ကားနံပတ်မဖော်ပြခြင်းကိုလဲဂျာ
နယ်နှင့်နေ့စဉ်သတင်းစာ ဖတ်ဖူးသူတိုင်းနားလည်လိမ့်မည်ထင်ပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

Thursday, February 23, 2017

“Ayeyarwaddy Rock Night Music Show ”

Leave a Comment



“Ayeyarwaddy Rock Night Music Show ”

ပြည်မြို့တွင် ကျင်းပပြုလုပ်မည့် Ayeyarwaddy Rock Night Music Show
ကို (၁၈.၃.၂၀၁၇)ရက်နေ့ ညနေ(၆)နာရီအချိန် ပြည်မြို့ မင်္ဂလာရွှေပြည်အားက
စားကွင်း၌ ကျပ်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Ayeyarwaddy Rock Night Music Show တွင်ပါဝင်သီဆိုဖျော်ဖြေ
မည့်အဆိုတော်များကတော့  “Rock ’’ တွေရဲ့အသဲကျော်ကြီး ဇော်ဝင်းထွဠ်၊ကော်
နီ ၊ ဖြူဖြူကျော်သိန်း ၊ ဂျီလတ် ၊ ဝေလ တို့ဖြစ်တယ်လို့ သိရပါတယ်။

လက်မှတ်များကိုတော့ ဖေဖော်ဝါရီ(၂၃)ရက်နေ့ ဒီနေ့မှာ ကြိုတင်လက်မှတ်များရောင်း
ချနေပြီး ၊ ကြိုတင်လက်မှတ်ရောင်းချသည့်နေရာတွေက သပြေ-မိုဘိုင်းနှင့်တေးသံသွင်း
လမ်းမတော် ၊ YES ကော်ဖီဆိုင် ဆိုင်(၁) ရွှေတစ်ချောင်းလမ်း ၊ ဆိုင်(၂)ကမ်းနားလမ်း ၊
Professor Fashion Shop ဗိုလ်ချုပ်လမ်း ၊ ရှားမီး-မုန့်တိုက် အဝေးပြေးကားဂိတ်အနီး ၊
Dim Sum House Pyay လမ်းမတော်လမ်း ၊ စွမ်းပြည့် - Online Shop ဗိုလ်ချုပ်လမ်း ၊
စသည့်နေရာများမှာ ရောင်းချပေးနေကြောင်းသိရသည်။

လက်မှတ်ဈေးနှုန်း အမျိုးအစား(၃)မျိုးခွဲခြားရောင်းချပြီး Free Standing -8000 kyats ၊
VIP – 25000 kyats ၊ Limited Edition – 30000 kyats ဖြင့်ရောင်ချသွားမည်ဖြစ်ကြောင်း
သိရှိရသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ






Read More...

ပစ္စတိုတစ်လက် ၊ကျည်တစ်တောင့် ၊ ဆန်တစ်ပြည် သရ၀ဏ်(ပြည်)

Leave a Comment

ပစ္စတိုတစ်လက် ၊ကျည်တစ်တောင့် ၊ ဆန်တစ်ပြည်
သရ၀ဏ်(ပြည်)
လူသတ်မှုတစ်ခုတွင် တရားခံ၏ဖော်ပြချက်အရ အခင်းဖြစ်ပွားရာတွင်အသုံးပြုခဲ့သော ပစ္စတိုသေနတ်နှင့်ငါးလုံးပြူးသေနတ်များကို ထိုင်းနိုင်ငံမယ်ဆိုင်ဘက်ကမ်းမှသွားရောက်ဝယ်ယူခဲ့ကြောင်းသိရသည် ။ သေနတ်တစ်လက်အတွက်ကျပ် ၂၅ သိန်းခန့် ပေးရကြောင်းသိရသည် ။ ကျည်ဆန်အတွက်လဲငွေပေးခဲ့ရဦးမည် ။ ကျည်တစ်တောင့်လျှင်အောက်ထစ် မြန်မာငွေ တစ်ထောင်ကျပ်လောက်တော့ပေးရမည် ။ မှောင်ခိုဈေးမို့ ဈေးကြီးပေးရခြင်းဖြစ်မည် ။ သို့ မဟုတ် သေနတ်ရလာသောနေရာကိုမပြောချင်သဖြင့် မှောင်ခိုဈေးကွက်ကိုလွှဲချခြင်းလည်းဖြစ်နိုင်သည် ။အော်သေနတ်တစ်လက်ဟာ သိန်းအစိတ် (၂၅ သိန်း)တန်ပါလားဟုကျွန်တော်တွေးနေမိသည် ။ အစိုးရက တရားဝင်လက်နက်စက်ရုံဖြင့်ထုတ်လုပ်သောသေနတ်တစ်လက်သည်ဘယ်လောက် ကျသင့်မှာပါလိမ့် ။ မှောင်ခိုဈေးကွက် ထက်တော့သက်သာမည်ဖြစ်သည် ။ ကျည်ဆန်တွေ ၊အမြောက်တွေ ၊ လောင်ချာတွေ ၊ မြေမြုပ်မိုင်းတွေ ၊ တိုက်လေယာဉ်တွေ ။ ဒါတွေအတွက်ငွေကတော့အတော်ကုန်မည့်သဘောရှိသည် ။ ဘယ်ရွေ့ ဘယ်မျှကုန်သည်ဟူ၍တော့ ကျွန်တော်တို့လည်း ဘတ်ဂျက်အသေးစိတ်မကြည့်ရသဖြင့် သိနိုင်ခြင်းမရှိ ။ ၀န်ကြီးဌာနများ၏ အသုံးစာရိတ်နှင့်ပြည်ပကြွေးမြီအသေးစိတ်ကိုသိလိုလျှင်သက်ဆိုင်ရာဝန်ကြီးဌာနကိုသာတိုက်ရိုက်မေးပါရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်မှာလာဖြေသွားသည် ။ စစ်ပွဲတွေကြောင့် ငွေတွေဘယ်လောက်ကုန်နေပြီလဲဟူသောမေးခွန်းမျိုးကား လွှတ်တော်တွင်မေးရဲကြမည်မထင် ။ မေးခဲ့လျှင်လည်း လွှတ်တော်ဥက္ကဌကြီးက ခွင့်ပြုမည်မထင် ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကရော လက်နက်တွေ ဘယ်ကရသလဲဆိုတာစိတ်ဝင်စားဖို့ ကောင်းသည် ။ သူတို့လဲ မှောင်ခိုဈေးကွက်ကပဲဝယ်သလား ။ ဒါမှမဟုတ် လက်နက်နှင့် ကျွန်းသစ်လဲတာလား ၊ လက်နက်နှင့် ကျောက်စိမ်းတုံးတွေလဲသလား ၊ လက်နက်နှင့်မူးယစ်ဆေးဝါးတွေလဲသလား ။ သေနတ်တစ်လက်ကို သိန်းအစိတ်နဲ့ပဲဝယ်ရတာလား ။ သူ့ထက်ပို၍ဈေးကြီးသလား ။တပ်သားတစ်ယောက်ကို သိန်းအစိတ်သုံးဆယ်ခန့်တန်သောလက်နက်တပ်ဆင်ထားလျှင် တပ်သားတစ်ထောင်ရှိသောအဖွဲ့ တွင်လက်နက်အတွက်ချည်း သိန်း နှစ်သောင်းခွဲရှိပေလိမ့်မည် ။လူတစ်ယောက်ကိုသိန်းအစိတ် ။ လူတွေသိန်းနှင့်ချီလာလျင် သိန်းတွေသိန်းချီကုန်ကျပေလိမ့်မည် ။ မြေမြှုပ်မိုင်းတို့  ၊ RPG ဗုံးသီးတို့  ၊လောင်ချာတို့  ၊ လက်ပစ်ဗုံးတို့  ၊ လက်နက်ကြီး တို့ ပါထည့်တွက်လျှင် ကုန်ကျငွေကနှစ်ဘက်စလုံးကြောက်ခမန်းလိလိဖြစ်သည် ။ လူနှစ်ဆယ်စီပါသောအဖွဲ့ တစ်ဖွဲ့ နာရီဝက်ခန့်ပစ်ခတ်တိုက်ခိုက်ကြသောကုန်ကျစားရိတ်သည် စာသင်ကျောင်းကောင်းကောင်းတစ်ကျောင်းဆောက်လို့ရသည် ။ တိုက်ပွဲကြီးတစ်ပွဲ၏ကုန်ကျစားရိတ်သည် ဆေးရုံကောင်းကောင်း တစ်ခုဆောက်လို့ရသည် ။ ကျည်ဆန်တစ်တောင့်သည်ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်မိသားစုတွေအတွက် ဆန်တစ်ပြည်ရနိုင်သည် ။မြန်မာနိုင်ငံတွင် တနေ့တစ်နေ့ ထမင်းနပ်မှန်အောင် မနည်းကိုရှာဖွေစားသောက်နေရသောသူများစွာရှိသည် ။မနက်စာစားပြီးလျှင်ညစာဘယ်တော့စားရမည်ဆိုတာမရေရာသော ဘ၀တွေများစွာရှိသည် ။
ဥရောပတွင်နေထိုင်ပြီး မြန်မာဧည့်သည်များကို ဧည့်လမ်းညွှန်လိုက်ပြနေသော သူငယ်ချင်းတစ်ယောက်ကပြောဖူးသည် ။ မြန်မာပြည်မှဥရောပသို့ လူတစ်ယောက်လျှင် ဒေါ်လာ ငါးထောင် ၊ ခြောက်ထောင် ၊တစ်သောင်းအထိ အကုန်ခံကာ လာလည်ကြသော ဒိတ်ဒိတ်ကျဲခရိုနီသူဌေးများအကြောင်းဖြစ်သည် ။ ထိုသူများသည် နာမည်ကြီးသူဌေးကြီးတွေဖြစ်သော်လည်း ခရီးစဉ်အတွင်းအချိန်လေးစားခြင်းမရှိ ၊ ကားထဲမှာအမှိုက်တွေဖွချင်လည်းဖွသွားသည်တဲ့ ။ နိုင်ငံခြားထုံးစံ ဘောက်ဆူး ( Tip ) ပေးဖို့ကျတော့လည်း မသိချင်ယောင်ဆောင်နေကြသည်တဲ့ ။ ဘယ်သူ့ ကိုမှမသထာတဲ့  ။ သူတို့အတွက်ကျ သိန်း အစိတ် ၊ သိန်းသုံးဆယ်တန်သော လက်ကိုင်အိတ်များကိုပင် ဆယ်လုံးခန့် ပက်ကနဲဝယ်ကြပါသတဲ့ ။ အပေါ်ယံအသုံးအဆောင်ရုပ်ဝတ္တုတွေအပေါ်မှာ အင်မတန်တပ်မက်ကြလေသတဲ့ ။သူတို့ခရီးဆောင်အိပ်ကိုသယ်ဖို့ပင် ဥရောပသို့ လူတစ်ယောက်သပ်သပ် ခေါ်လာပါသတဲ့။ အော်ဗဟုသုတရပြန်သည် ။ သစ်တွေခုတ်ကာချမ်းသာလာသောသူဌေးတစ်ယောက်၊ကျောက်တွေတူးကာချမ်းသာလာသည့်သူဌေးတစ်ယောက်သည် သိန်းအစိတ်တန် လက်ကိုင်အိပ်ကိုလည်း ဆယ်လုံးမက၀ယ်ချင်ဝယ်ပေမည် ။ဝယ်နိုင်သည့်ပိုက်ဆံရှိပေတာကိုး။ အိတ်တစ်လုံးသိန်းအစိတ် ၊ သေနတ်တစ်လက်သိန်းအစိတ် ၊ ဆန်တစ်ပြည်ကိုတော့ ငွေတစ်ထောင်သာရှိသည် ။ထိုတစ်ထောင်တန်ဆန်တစ်ပြည်ကို ၀၀လင်လင် လိုသလောက်မစားနိုင်သောသူတွေ မြန်မာပြည်မှာ ဒုနဲ့ဒေးရှိနေသည် ။ သစ်ပင်တွေဗုံးကနဲဗုံးကနဲလဲကျသွား၊ သေနတ်ကျည်ဆန်တွေ တဒိုင်းဒိုင်းပစ်ကြသည်ကို ဆန်မရှိသောဆန်အိုးဟောင်းလောင်းအား၊ ပါးစပ်ဟောင်းလောင်း ဗိုက်ဟောင်းလောင်းဖြင့်ကြည့်နေရသော ကလေးများ ၊ ကလေးမိခင်များ၊သက်ကြီးရွယ်အိုများကိုသနားဖို့ကောင်းသည် ။ လက်ကိုင်အိတ်တစ်လုံးလောက်လျော့ဝယ်ပြီး ကလေးတွေစားဖို့ဆန်တွေပေးကြပါလား ၊ သေနတ်တစ်လက်လောက်လျှော့လိုက်ပြီး အဟာရရှိမယ့်အစားအစာလေးတွေဝေငှလိုက်ပါလား ။ ကျည်ဆန်တစ်တောင့်စီလျှော့ပစ်ကြပြီး ဆန်တစ်ပြည်စီဝေပေးလိုက်ကြပါလား ။ လက်ကိုင်အိတ်နဲ့သေနတ်မရှိတော့ရောလောကကြီးက လှပနေတာပဲမဟုတ်လား ။ လူသတ်လက်နက်တွေနေရာမှာ စားစရာဆန်တွေ ဆီတွေ၊ကျောင်းစာအုပ်တွေ ၊ ကစားစရာတွေ ၊ဆေးဝါးတွေ၊ ပျော်ရွှင်ချမ်းမြေ့ခြင်းတွေရောက်ပါစေသော်(၀်) ။
သရ၀ဏ်(ပြည်)
Read More...

Tuesday, February 21, 2017

လေးဆူဓါတ်ပျော် ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဖူးမျှော်နိုင်ရန် ပြန်လည်မျှဝေ

Leave a Comment
လေးဆူဓါတ်ပျော် ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးအား
ဖူးမျှော်နိုင်ရန် ပြန်လည်မျှဝေ
ဓါတ်ပုံ ကိုညီ





Read More...

ပြည်မြို့ရှိ NSM Computer & Mobile မှ 2016 နှစ်ကုန်အထူး Promotion အနေဖြင့် ကျပ်တစ်သိန်းဖိုးနှင့်အထက်ဝယ်ယူသူတိုင်းအား ကံစမ်းမဲဖောက်ပေးမည့် အစီအစဉ်

Leave a Comment

ပြည်မြို့ရှိ NSM Computer & Mobile မှ 
2016 နှစ်ကုန်အထူး Promotion အနေဖြင့် 
ကျပ်တစ်သိန်းဖိုးနှင့်အထက်ဝယ်ယူသူတိုင်းအား
ကံစမ်းမဲဖောက်ပေးမည့် အစီအစဉ်.....

ပြည်မြို့ မီးရထားတိုက်တန်း၊တပ်လမ်းမောင်းကွေ့နှင့်မြို့သစ်အဝင်
လမ်း၊ဂိတ်ကြီးဝင်းအနီးတွင် ဖွင့်လှစ်ထားသော  NSM Computer
& Mobileမှ2016 နှစ်ကုန်အထူး Promotion အနေဖြင့် (၁.၁၂.
၂၀၁၆)မှ(၂၀.၂.၂၀၁၇) ထိ ကျပ်(၁)သိန်းဖိုးအထက်ဝယ်ယူအား
ပေးသူ မိဘပြည်သူများအတွက် ကံစမ်းမဲဖောက်ပေးမည့် အစီအ
စဉ်အား (၂၂.၂.၂၀၁၇)ရက်နေ့ ညနေ(၄)နာရီမှည(၇)နာရီခွဲအ
ချိန်ထိ ပြည်မြို့ မီးရထားတိုက်တန်း၊တပ်လမ်းမောင်းကွေ့တွင်
ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

အဆိုပါ ကံထူးရှင်များအား  ပထမဆု -  Honda Wave100
(2016) လိုင်စင်ပါပြီး ဆိုင်ကယ်(၁)စီး ၊ ဒုတိယဆု- Acer La
ptop (i3) (၁)လုံး ၊ တတိယဆု- Samsung Galaxy Alpha
(၁)လုံး အပြင် နှစ်သိမ့်ဆု(၃၀)ကတော့ Ooredoo Smart 
12S (၁၀)လုံး ၊ Ooredoo G 9 Keypad(၁၀)လုံး ၊ Powe 
bank(၁၀)ခုအား မဲဖောက်ပေးမှာဖြစ်ပါသည်။

ထို့အပြင် ဖျော်ဖြေရေးအစီအစဉ်များဖြစ်သော သီချင်သီဆိုဖျော်
ဖြေခြင်း ၊ Dancer အကအလှများဖြင့်ဖျော်ဖြေခြင်း ၊D-J ၊Game
ကစားခြင်း အပြင်လာရောက်ကြည့်ရှုအားပေးသူများအတွက် T 
Shart လက်ဆောင်အထည်(၁၀၀)ကိုလဲ မေတ္တာလက်ဆောင်
ပေးမှာဖြစ်ပါတယ်။ကံစမ်းမဲဖောက်မည့်ရက်တွင်လည်း ဗလာမ
ပါကံစမ်းမဲ အစီအစဉ်များလည်း စီစဉ်ထားရှိပါတယ်လို့ သတင်း
ကောင်းပါးအပ်ပါတယ်ခင်ဗျာ။

ဆက်လက်၍  (၁.၃.၂၀၁၇)ရက် မှ (၃၀.၄.၂၀၁၇)အထိ NSM 
Computer & Mobile မှပစ္စည်းဝယ်ယူအားပေးသူများအား ထပ်
မံ ကံစမ်းမဲဖောက်ပေးမည့်အစီအစဉ်များ ရှိပါကြောင်း အထူးသ
တင်းကောင်းပါးအပ်ပါတယ်ခင်ဗျ..........

 အခန်းအမှတ်(၃/၄)၊မီးရထားတိုက်တန်း၊တပ်လမ်းမောင်းကွေ့၊
ပြည်မြို့ ။ဆိုင် (၁)....ဖုန်း - ၀၅၃-၂၅၅၉၇ /၀၉ -၇၃၆၃၀၆၆၆ /
၀၉-၄၃၁၃၄၉၀၄ /၀၉ -၅၃၁၀၅၄၉ ။


Read More...

Monday, February 20, 2017

အနန္တငါးပါး ဦးထိပ်ထားလျှက် ဆရာစိန်ထွန်းတောက်(ခ)ဦးစိန်တိုး ဆရာ၊ဆရာမ များစွာမွေးထုတ်ပေးရာ ထွန်းတောက်ပညာ့ရိပ်သာ PPTT(4)မူလတန်းပြ ဝင်ခွင့်သင်တန်း (၇.၂.၂၀၁၇)တန်းခွဲသစ်စတင်သင်မည်

Leave a Comment
PPTT(၄)မူလတန်းပြ ဝင်ခွင့်သင်တန်း
(၇.၂.၂၀၁၇)တန်းခွဲသစ်စတင်သင်မည်

အနန္တငါးပါး ဦးထိပ်ထားလျှက်
ဆရာစိန်ထွန်းတောက်(ခ)ဦးစိန်တိုး
ဆရာ၊ဆရာမ များစွာမွေးထုတ်ပေးရာ
ထွန်းတောက်ပညာ့ရိပ်သာ
PPTT(4)မူလတန်းပြ ဝင်ခွင့်သင်တန်း
(၇.၂.၂၀၁၇)တန်းခွဲသစ်စတင်သင်မည်
-----------ဆက်သွယ်ရန်----------
အမှတ်(၆၇၄)၊ရေလွှဲပေါက်လမ်း၊နဝင်းရပ်၊ရွှေပလ္လင်မှော်
ဘုရားအနီး၊ပြည်မြို့။
ဖုန်း....09-976327123 / 09-450194863 /09-421744703
09-779945357 /09-777447125


Read More...

Sunday, February 19, 2017

“ဖြိုး”စက်သုံးဆီရောင်းဝယ်ရေးဆိုင်၏ မီးလောင်မှုဖြစ်စဉ်

Leave a Comment

“ဖြိုး”စက်သုံးဆီရောင်းဝယ်ရေးဆိုင်၏ မီးလောင်မှုဖြစ်စဉ်

ပေါက်ခေါင်း ဖေဖော်ဝါရီ(၁၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပေါက်ခေါင်းမြို့၊သဖန်းချိုအုပ်စု၊
သဖန်းချိုကျေးရွာ၊ပြည်-ပေါက်ခေါင်းကားလမ်း မိုင်တိုင်အမှတ်(
၁၈/၃)အနီးရှိ “ဖြိုး”စက်သုံးဆီရောင်ဝယ်ရေးဆိုင်တွင် ဖေဖော်
ဝါရီ(၁၈)ရက်နေ့ ညနေ(၄)နာရီ(၂၀)အချိန်ခန့်၌ မီးလောင်မှုဖြစ်
ပွားကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရခြင်းမှာ ဖြိုးမင်းအောင်(ခ)ကိုဖြိုး(၃၇)နှစ်
(ဘ)ဦးမောင်အေး ၊ပေါက်ခေါင်းမြို့နေသူပိုင်ဆိုင်သော အလျား(၁၈)
ပေ၊အနံ(၁၂)ပေ၊အမြင့်(၁၀)ပေ၊သွပ်မိုး၊မြေစိုက်အမျိုးအစား “ဖြိုး”စက်
သုံးဆီရောင်ဝယ်ရေးဆိုင်အတွင်း အလုပ်သမားများဖြစ်ကြသည့် လှိုင်
ကြီး(ခ)လှိုင်ညီညီ၊အောင်ဇော်ဌေး ပေါက်ခေါင်းမြို့နေသူတို့သည် ဆိုင်
ထဲတွင်ရှိသော သုံးဘီးဆိုင်ကယ်ပေါ်ရှိ ဓါတ်ဆီပေပါ(၂)လုံးအတွင်းမှဓါ
တ်ဆီများအား ပလပ်စတစ်ပုံးအတွင်းသို့ လှယ်ထည့်နေစဉ် အပူလွန်ကဲ
ရာမှမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရ
သည်။
ထိုသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာသို့ ပေါက်ခေါင်းမြို့နယ် မီးသတ်
ဦးစီးမှူး ဦးရဲမင်းသန်းနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ပြည်ခရိုင်မီးသတ်
ဦးစီးမှူးနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊ပေါက်ခေါင်းမြို့၊ ပေါင်းတလည်
မြို့၊ပြည်မြို့ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များ
ပေါက်းခေါင်းမြို့ရှိပြည်သူလူထုများ ဝိုင်းဝန်း၍ စုပေါင်းမီးငြိမ်းသတ်ခဲ့သ
ဖြင့် ညနေ(၅)နာရီ(၂၀)အချိန်ခန့် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း။

အဆိုပါမီးလောင်ခဲ့မှုကြောင့် စက်သုံးဆီဆိုင်ဝန်းအတွင်းရှိ သုံပင်၊လေးပင်
သိပ်မိုး၊မြေစိုက်(၁)လုံး၊သုံးဘီးဆိုင်ကယ်(၁)စီးနှင့်ဓါတ်ဆီဂါလံ(၁၅၀)ခန့်
ပျက်ဆီးဆုံးရှုံးခဲ့ပြီး စုစုပေါင်းပျက်ဆီးဆုံးရှုံးမှုတန်ဘိုးမှာ(၁၅)သိန်းကျပ်ခန့်
ဖြစ်ပြီး အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်းမရှိသော်လည်းမီး
လောင်မှုကြောင့် လှိုင်ကြီး(ခ)လှိုင်ညီညီတွင် ဝဲဘက်နှင့်ယာဘက်ခြေထော
က်မီးအပူလောင်ဒဏ်ရာရရှိခြင်း၊အောင်ဇော်ဌေးတွင် ဝဲဘက်ယာဘက်ခြေ
ကျင်းဝတ်မီးအပူလောင်ဒဏ်ရာ၊ယာဘက်လက်ကောက်ဝတ်မီးအေပူဒဏ်ရာ
များရရှိခဲ့ကြောင်းသိရသည်။
ထိုေ့ကြောင့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြိုးမင်းအောင်(ခ)ကိုဖြိုး၊လှိုင်ကြီး(ခ)လှိုင်
ညီညီနှင့်အောင်ဇော်ဌေးတို့ အရေးယူပေးပါရန် ဒုရဲအုပ်မျိုးမင်းသိန်းမှတရားလို
ပြုလုပ်တိုင်တန်းခဲ့သဖြင့် ပေါက်ခေါင်းမြို့မရဲစခန်း(ပ)၁၅၃/၂၀၁၇၊ရာဇသတ်ကြီး
ပုဒ်မ ၂၈၅/၃၃၈ ဖြင့်အမှုရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

Friday, February 17, 2017

ကားနောက်ဘီးဖြင့် ကြိတ်မိသဖြင့် (၂)နှစ်အရွှယ် ကလေးငယ်တစ်ဦး သေဆုံး

Leave a Comment

ကားနောက်ဘီးဖြင့် ကြိတ်မိသဖြင့် (၂)နှစ်အရွှယ်
ကလေးငယ်တစ်ဦး သေဆုံး

ပေါင်းတလည် ဖေဖော်ဝါရီ (၁၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတလည်နယ်မြေရဲစခန်း
အပိုင် ပြည်-ပေါက်ခေါင်းကားလမ်းတွင် ဖေဖော်ဝါရီ(၁၇)ရက်
နေ့ နံနက်(၈)နာရီ (၄၅)မိနစ်အချိန်ခန့် ယာဉ်မတော်တဆမှုဖြစ်
ပွားရာ (၂)နှစ်အရွှယ် ကလေးငယ်တစ်ဦးပွဲချင်းပြီး သေဆုံးခဲ့မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်-ပေါက်ခေါင်းကားလမ်း မိုင်တိုင်အမှတ်(၇/၇)နှင့်
(၈)အကြား ပေါင်းတလည်မြို့  အရှေ့ပိုင်းရပ်ကွက် စာတိုက်ရှေ့
တွင် မမိုးမိုးကြည်(၃၈)နှစ် လွန်တပတ်ကျေးရွာ ပေါက်ခေါင်းမြို့
နေသူမှ သမီးဖြစ်သူ မသက်ထက်အောင်(၂)နှစ် (ဘ) ဦးတင်ရှိန်
အားNORIKO အမျိုးအစား ကြက်သွေးရောင် မစီးစက်ဘီးလက်
ကိုင်တွင် ထိုင်ခုံချိတ်လျှက်တင်ပြီး ပေါက်ခေါင်းဘက်မှ ပြည်ဘက်
သို့ လမ်းယာဘက်ခြမ်းမှ စီးနင်းလာစဉ် လားရာတူနောက်မှ
ဦးတင်ထွဋ် မောင်းနှင်လာသော BGO 8A/.........CANTERအ
မျိုးအစား အဖြူရောင်ယာဉ်မှ ကျော်တက်မောင်းနှင်စဉ် မမိုးမိုး
ကြည် စီးနင်းလာသောစက်ဘီးမှာ မော်တော်ယာဉ်ဘက်သို့လဲ
ကျသွားခဲ့စဉ် ယာဉ်၏နောက်ဘီးဖြင့် ကြိတ်မိသဖြင့် မသက်ထ
က်အောင်တွင် ဦးခေါင်းနောက်စေ့ပွင့်ထွက်ကာ အခင်းဖြစ်နေ
ရာ၌ သေဆုံးခဲ့ပြီး မိခင်ဖြစ်သူ မမိုးမိုးကြည်တွင် ယာလက်မနှင့်
လက်ညိုးကြား ကွဲအက်ဒဏ်ရာရရှိသဖြင့် ဆေးရုံတက်ရောက်
ကုသမှုခံယူနေရကြောင်း ပေါင်းတလည်နယ်မြေရဲစခန်းမှ သိရ
သည်။
ထို့ကြောင့်ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဦးတင်ထဋ်(၄၃)
နှစ်(ဘ)ဦးအောင်မြင့် ဘုရားလမ်း မြောက်ပိုင်းရပ်ကွက် ပေါင်း
တလည်မြို့နေသူအား ဥပဒေအရ အရေးယူပေးပါရန် ဒုရဲအုပ်
ထွန်းထွန်းဦးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပေါင်းတလည်
နယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ -၃၀၄-က/
၃၃၈ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုအားရဲအုပ် ဇင်မင်းဦး
မှလက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

ဓါတ်ပုံ တိုး ဝေဦး


Read More...

Tuesday, February 14, 2017

ကလေးများအတွက်နွေရာသီအင်္ဂလိပ်စာ

Leave a Comment


ကလေးများအတွက်နွေရာသီအင်္ဂလိပ်စာ

## အချိန် နှင့် နေ့ရက်ကိုသိချင်ရင် ?
     မတ်လ(6)ရက်နေ့ (10:00) မှ (11:30) Am
                            (1:00)   မှ (2:30)  Pm
## ဘယ်အရွယ်တက်လိုရလဲ ?
      (5;6;7;8)တန်းရှိသူများတက်ရောက်နိုင်ပါသည်။

@@ ရည်ရွယ်ချက်
       အင်္ဂလိပ်စာသင်ရတဲ့ ရည်ရွယ်ချက်သည် အရေး အဖတ်
       အပြော အကြားတို့ကို သင်ကြားရခြင်းဖြစ်ပါသည်။ထို့အ
       အတွက် ဤကျောင်းတွင် ၄င်း 4 skills လုံးကိုသင်ကြား
       ပေးမှာဖြစ်တဲ့အတွက် အင်္ဂလိပ်စာဘာသာစကားကို သင်
       ယူတဲ့အခါ ကလေးများပျော်ရွှင်နှစ်သက်လာစေရမည်။

%% လူကြီးများအတွက် အတန်းသစ်ကို မတ်လ(4)ရက်နေ့နှင့်
       (6)ရက်နေ့ အတန်းသစ်များဖွင့်လှစ်မည်။
##   သင်တန်းချိန်
         (SAT to SUN )
         (8:00) မှ (9:30) Am
         (4:30) မှ (6:00) Pm
       
          (MON to THUR)
          (5:00) မှ (6:30) Pm


အင်္ဂလိပ်စာတကယ် ကျွမ်းကျင်တတ်မြောက်လိုပါသလား
ဆရာ ဦးကျော်ဆန်းကျောင်းသို့လာခဲ့ပါ။

မြန်မာနိုင်ငံ၌အင်္ဂလိပ်စာဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု
လိုအပ်ချက်ကြီးမားနေပါသည်။ကျောင်းသားများအနေနှင့်Speaking
နှင့် Listening Skills တွေသာမက Reading နှင့် Writing Skills
တွေကိုပါ ပိုင်နိုင်ထားရန်လိုပါသည်။

 နိုင်ငံကျော်အင်္ဂလိပ်ဆရာကြီး

များဖြစ်ကျသော ဦးခင်မောင်လတ် ဆရာကြီး ဦးသိန်းမောင်(ထင်

လင်း)တို့၏တပည့် ဆရာကြီး ဦးမြကြိုင် ထံတွင်(၉)နှစ်တိုင်တိုင်

ပညာနို့ရည်သောက်ခဲ့သူ ဦးကျော်ဆန်း B.A (Psy),TKT(UK),Dip.In English(YUFL)မှENGLISH


တက်ရောက်သင်ကြားနိုင်သော Levels များ

Basic (4 Skills )
Intermediate,
Advanced

Level Basic Level (၃) လ Intermediate Level (၃) လ တစ်

##သင်တန်းကြေးကို သိချင်ပါသလား?

တစ်တန်းအတွက်လစဉ် လခ(၇၀၀၀)ထောင်ကျပ် ပေးရုံဖြင့်ကျန်အတန်းများ
ကို အခမဲ့တက်ရောက်ခွင့်ရှိသည်။

##ကျောင်းချိန်နှင့်ပတ်သက်ပြီး အခက်ခဲဖြစ်နေလား?

ကျောင်းသားများ အချိန်မရွေး
ဆက်သွယ်နိုင်ရန် သင်ခန်းစာများကို ပတ်လည်စနစ်ဖြင့်စီစဉ်
ထားပါသည်။သီးသန့်ဝိုင်းများ ကိုလည်း စီစဉ်ဆောင်ရွက်ပေးပါသည်။

##သင်တန်းအချိန်များ သိချင်ရင်တော့!

% (Monday to Thursday)%

Reading - 7:00 to 8:00 am

Basic Leveel - 8:00to 9:30 am

                  - 5:00 to 6:30 pm

                   - 6;30 to 8:00 Pm

Intermediate Level-3;30 to5;00 Pm

(Saturday to Sunday)
Basic Leveel -8:00 to 9:30 Am
                  -4:30 to 6:00 Pm

General English-2;30 to 3;30 pm

 Intermediate Leveel-6;00 to7;30 pm

Advanced level-3:30 to 4:30 pm
 ဖြစ်ပြီးသင်တန်းတည်နေရာမှာ..................

အမှတ်(၃၄)၊ခရမ်းကုန်းထိပ်၊ရွှေတစ်ချောင်းလမ်း၊ပြည်မြို့၊
ပဲခူးတိုင်းဒေသကြီး

ဆက်သွယ်ရန် ဖုန်းနံပါတ် 09 43131 214 /09 973626165








Read More...

ကိုယ့်ဘက်က တာဝန်မကျေဘူးလို့ခံစားရတဲ့ သတင်းမဟုတ်တဲ့......ပီတီဖြစ်စရာ စာတစ်ပုဒ်

Leave a Comment
ကိုယ့်ဘက်က တာဝန်မကျေဘူးလို့ခံစားရတဲ့
သတင်းမဟုတ်တဲ့......ပီတီဖြစ်စရာ စာတစ်ပုဒ်

ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့မှာ လွန်ခဲ့တဲ့ရက် အနည်းငယ်က
အလွန်ဝမ်းသာပီတီဖြစ်စရာ သတင်းတစ်ပုဒ်ကို မတင်လိုက်ရ
တဲ့အတွက် ကို့ကိုယ်ကို တာဝန်မကျေဘူးလို့ ခံစားရတဲ့အတွက်
အခု ပြည်မြို့သူ/ပြည်မြို့သား ထပ်တူဝမ်းသာစေချင်လို့ ဖော်ပြ
လိုက်ပါတယ်။

အဲဒါကတော့ ဘာလဲဆိုရင် ပြည်မြို့ ဆံတော်ရပ်ကွက် ၊ဆံတော်
အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲ(၂) တပ်စု(၅)အတွက် မီးငြိမ်းသတ်
ယာဉ်တစ်စီးရောက်ရှိလာပါတယ်။ အလှူ ရှင်ကတော့ ရန်ကုန်-
ပြည် ကရဝိတ် သင်္ကန်းတိုက် မိသားစုမှ လှူ ဒါန်းခဲ့တာဖြစ်ပြီး ယ
ခင် မီးသတ်ယာဉ်မှာ အချိန်ကာလကြာမြင့်တာနဲ့အမျှ အင်ဂျင်ပိုင်း
ဆိုင်ရာများ ပျက်ဆီးလာခြင်း ၊ ခိုင်းလာခဲ့သည့် သက်တမ်းအလျှော
က်မီးလောင်ပြင်သို့ လက်ပူတိုက်ထွက်နေရသည့်အခြေအနေသို့
ရောက်ရှိနေပြီဖြစ်သည့်အတွက် ယခုလိုမီးသတ်ယာဉ်တစ်စီးအား
လှူ ဒါန်းရခြင်းဖြစ်ပါတယ်။

အလှူ ရှင်တွေအနေနဲ့ကတော့ အမှန်တကယ် ကိုယ်ကြိုးမဖက်ဘဲ
ရပ်ကွက်နေ ပြည်သူများအတွက် စေတနာ ၊ ဝါသနာ ၊အနစ်နာဆို
တဲ့ နာ(၃)နာကိုယ်လက်ကိုင်ထားဆောင်ရွက်နေတဲ့ အဖွဲ့အတွက်
လိုအပ်နေတဲ့ မီးသတ်ကားလှူ ဒါန်းမှုအပေါ် သတင်းပိုင်းမှာကျယ်
ကျယ်ပြန့်ပြန့် မဖြစ်စေချင်သော်လည်း စာရေးသူပြည်သားတစ်ေ
ယာက်အနေနဲ့ တာဝန်မကျေသလိုခံစားရသည်ကတစ်ကြောင်း၊
ကိုယ်ပိုင်ကားမစီးနိုင်ပေမဲ့ ကိုယ်ပိုင်ရသကဲ့ဝမ်းသာပီတီဖြစ်ရသည်
ကတစ်ကြောင်း ထိုသို့သော အကြောင်းကြောင်းလေးများကြောင့်
ယခုကဲ့သို့ရေးသားဖော်ပြသည့်အပေါ် အလှူ ရှင်များအနေဖြင့်တပ်
ဖွဲ့အပေါ် အမြင်မမှားစေရန် မေတ္တာရပ်ခံရင်း သတင်းမဟုတ်တဲ့
ပီတီဖြစ်စရာ စာတစ်ပုဒ်ကိုဖော်ပြလိုက်ရပါတယ်ခင်ဗျာ......

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

Facebook Like Page