Wednesday, September 28, 2016

နဝဒေးလမ်းဆုံမှာထိပ်တိုက်တွေ့တဲ့ ကားနှစ်စီးအဖြစ် ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

နဝဒေးလမ်းဆုံမှာထိပ်တိုက်တွေ့တဲ့ ကားနှစ်စီးအဖြစ်

ပြည် စက်တင်ဘာ(၂၉)ရက်နေ့
ပဲခူးတိုင်းဒသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့ ၊နဝဒေးရပ်ကွက်၊နဝဒေးလမ်းတွင် စက်တင်ဘာ(၂၈)ရက်နေ့ နေ့လည်(၁)နာရီ (၄၀)အချိန်ခန့် ယာဉ်နှစ် စီး 
တိုက်ခိုက်မှုဖြစ်ပွား ယာဉ်ပေါ်ပါလာသူ ခရီးသယ်များထိ ခိုက်ဒဏ်ရာ ရရှိ ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့နယ်၊ ပြည်မြို့မရဲစခန်းတောင်ဘက်(၁)မိုင်ခန့် ပြည်မြို့၊ 
န၀ဒေးရပ်ကွက်၊ န၀ဒေး တံ တားလမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း 
သတင်းအရ အမှတ် (၁၃)ယာဉ်ထိန်းတပ်ဖွဲ့စု (ပြည်)မှ ရဲအုပ်အောင်မျိုးဦး
နှင့်အဖွဲ့သည် သက်သေများနှင့် အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ နဝ
ဒေးလမ်း မကြီးအတိုင်း နိဗ္ဗိန္ဒလမ်းဆုံဘက်မှ န၀ဒေးတံတား ဘက်သို့ယာ
ဉ်မောင်း အောင်အောင်(၂၉)နှစ်၊ (ဘ) ဦးသောင်းအေး၊ မဟာစည်ရိပ်သာ၊ 
အမှတ်(၆)ရပ်ကွက်  မင်းလှမြို့နယ်၊ မကွေးတိုင်းဒေသကြီးနေသူ မောင်း
နှင်ပြီး ယာဉ်ပေါ်တွင်  စိုးလင်းထန်း(၂၄)နှစ်၊ (ဘ)ဦးစိုးသန်း၊ ယာဉ်မောင်
အကူ၊ ခလရ(၂၀(၀န်း)၊ စစ်တွေမြို့နယ်၊ စန်းတိုးနိုင်(ခ)၀င်းမြင့်(၂၂)နှစ်၊ 
(ဘ)ဦးဘမြင့်၊ ယာဉ်နောက်လိုက်၊ ယုစံပြကျေးရွာ၊ အမ်းမြို့နယ်နေသ
ူနှင့် ခရီးသည် (၃၄)ဦးလိုက်ပါလာသော 1B/...... HENO အပြာရောင် 
(ကြံတိုင်း အောင်ခရီးသည်တင်ယာဉ်စစ်တွေ-အမ်း-ရန်ကုန်) ယာဉ်သ
ည် ပြည်မြို့ တွင်းဘက်မှ အရေးပေါ် လမ်းဘက်သို့ န၀ဒေးလမ်းအား 
ရုတ်တရက်ဖြတ်ကူးလာသော ယာဉ်မောင်း တိုးတိုး (၂၂)နှစ်၊ (ဘ) ဦး
ဝေလ၊ ပေါ်လံကြီးရွာ၊ ပေါက်ခေါင်းမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်
ပေါ်တွင် ဦးမျိုးခင်(၄၇)နှစ် (ဘ)ဦးသန်းအောင်၊ တောင်သူ၊ ပေါ်လကြံ
ရွာ၊ ပေါက်ခေါင်းမြို့၊ ဝေဖြိုးအောင် (၃၀)နှစ်၊ (ဘ)ဦးမြလင်း၊ ကုမ္မဏီဝ
န်ထမ်း၊ ကျောင်းကုန်းရပ်၊ န၀င်းရပ်ကွက်၊ ပြည်မြို့၊ မကေသီဝင်း၊ (ဘ)
ဦးဝင်းမောင်၊ အမှတ်(၃)ရပ်ကွက်၊ ပေါက်ခေါင်းမြို့နယ်၊ ကိုဇော်(၃၀)နှစ်၊ 
(ဘ) ဦးဝင်းမောင်၊  တောင်လည်ရွာ၊ ပေါက်ခေါင်းမြို့ နယ်နေ သူတို့  လို
က်ပါလာသော 6J/....... FAW (အပြာရောင်ယာဉ်)၏ ၀ဲဘက်ဘေးအား ၀င်ရောက်တိုက်မိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

ထိုသို့ ၀င်ရောက်တိုက်မိခဲ့သဖြင့် ဦးမျိုးခင် တွင် နဖူးကွဲဒဏ်ရာ၊ မေးစေ့
ကွဲဒဏ်ရာ၊ ကိုဇော်တွင် ၀ဲဘက်ဂျိုစောင်းကွဲဒဏ်ရာ၊ ၀ဲဘက်နားထင်ဘေး 
ဖူးယောင်ဒဏ်ရာ၊ ယာဘက်နားထင် သွေးထွက်ဒဏ်ရာ၊ ဝေဖြိုးအောင် 
တွင် ဦးခေါင်းထိပ် ဖုယောင်ဒဏ်ရာ၊ မေးစေ့ကွဲဒဏ်ရာ၊ ၀ဲဘက် လက်ခ
လယ် ပေါက်ပြဲဒဏ်ရာ၊ ယာဘက် လက်ဖျံပွန်းပဲ့ဒဏ်ရာ၊ စိုးလင်းထွန်းတွင် 
ယာဘက် ဂျိုစောင်း ကွဲဒဏ်ရာ၊ ယာဘက်မျက်ခုံးဘေး ပွန်းပဲ့ဒဏ်ရာ၊ ယာ
ဘက်လက်ဖျံ ပွန်းဒဏ်ရာ ရရှိခဲ့ပြီး ကြံတိုင်းအောင် ကားပေါ်တွင် ပါလာသ
ည့်ခရီး သည်များဖြစ်သော  စန်းတိုးနိုင်(ခ)၀င်းမြင့် တွင် ယာဘက်မျက်နှာေ
ပါက်ပြဲ ဒဏ်ရာ၊ ယာဘက်ပုခုံး နာကျင်ဒဏ်ရာ၊ ယာဘက်ဒူးကွဲဒဏ်ရာ၊ ယာ
ဘက် လက်ခုံကွဲဒဏ်ရာ၊ မရွှေရည်သင်း တွင် ယာဘက် တံတောင်းပွန်းဒဏ်
ရာ၊ ၀ဲဘက်လက်မောင်းပွန်းဒဏ်ရာ၊ ၀ဲဘက်ဒူးနာကျင်ဒဏ်ရာ၊ မကြည်သန်း
ဝင်း တွင် ယာဘက်ပါးဖူးယောင်ပေါက်ပြဲဒဏ်ရာ၊ ဒေါ်ဥယဉ်ဖု ၀ဲဘက်နဖူးပေါ
က်ပြဲဒဏ်ရာ၊ မပု တွင် အပေါ်နုတ်ခမ်းကွဲဒဏ်ရာ၊ မယဉ်စန်းဝင်း တွင် ဦးခေါင်း
နောက် ယာဘက်ပေါက်ပြဲဒဏ်ရာများ အသီးသီး ရရှိခဲ့ပြီး ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးရသူမရှိကြောင်း သိရသည်။ 

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ လမ်းမကြီးယာဉ်အား ဦးစားမပေးပဲ မဆင်
မခြင် ဖြတ်မောင်းတက်သူ တိုးတိုး အား အရေးယူပေးပါရန် ရဲအုပ်အောင်မျိုးဦး 
မှ တရားလိုပြုလုပ်တိုင်တန်းချက် အရ ပြည်မြို့မရဲစခန်း ယာဉ် (ပ)၇၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၃၈/၃၃၇/ ၂၀၂ ဖြင့် အမှုဖွင့်ထားရှိရာ အမှုအား ရဲအုပ်သ
န်းထွန်းအောင် မှ လက်ခံစစ်ဆေးလျက်ရှိပြီး အမှုဖြင့် ထွက်ပြေးတိမ်းရှောင်သွား
သော တိုးတိုး အား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း
ရရှိသည်။ 

ပြည့်သဲမောင်(ပြည်)၀၉၄၂၃၆ ၇၁၈၈၃

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

ဆိုင်ကယ်နှစ်စီး လမ်းဆုံအလယ်တွင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူနှစ်ဦးအမှုဖွင့်ခံရ

Leave a Comment
ဆိုင်ကယ်နှစ်စီး လမ်းဆုံအလယ်တွင်တိုက်မိသဖြင့်
ဆိုင်ကယ်မောင်းသူနှစ်ဦးအမှုဖွင့်ခံရ
ပြည် စက်တင်ဘာ(၂၇)ရက်နေ့ ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆုတောင်းပြည့်
ဘုရားလမ်းနှင့်ကုန်သည်လမ်း လမ်းဆုံတွင် စက်တင်ဘာ
(၂၆)ရက်နေ့က ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ ယာဉ်မောင်းနှစ် ဦးအမှုဖွင့်ခံရကြောင်းသတင်းရရှိသည်။
ပြည်ခရိုင်၊ပြည်မြို့နယ်၊ ပြည်အမှတ်(၁)နယ်မြေရဲစခန်းအနောက်
ဘက် (၃)ဖာလုံခန့်ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆုေ
တာင်းပြည့်ဘုရားလမ်းနှင့်ကုန်သည်လမ်း လမ်းဆုံတွင် ဆိုင်ကယ်
တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၁၃) ယာဉ်ထိန်းတပ်
ဖွဲ့စု(ပြည်)မှ ရဲတကက သန်းဇော်ဦး၊ တာဝန်မှူးရဲအုပ်ကျော်ဇင်ဦးနှင့်
အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးရာ
ဆုတောင်းပြည့် ဘုရားလမ်းအတိုင်း အထက(၂)ဘက်မှ ဈေးလမ်း
ဘက်သို့ ထက်မြတ်အောင် (၂၁)နှစ် မူလတက္ကသိုလ်လမ်း၊ ဆေးေ
ရးရပ်၊ ဆံတော်ရပ်ကွက်၊ ပြည်မြို့နေသူ မောင်းနှင်လာသော ၃၇ ယ/……..အနက်ရောင် ဆိုင်ကယ်နှင့် တရုတ်တန်းလမ်းအတိုင်း
ကမ်းနားလမ်းဘက်မှ လမ်းမတော်လမ်းဘက်သို့ အောင်ကိုဦး(၃
၁)နှစ် ကုမ္မဏီဝန်ထမ်း၊ တရုတ်တန်းလမ်း ကျောင်းကြီးအိုးတန်းရ
ပ်ကွက် ပြည်မြို့နေသူ မောင်းနှင်သော ၄၃ယ/……(အနက်ရောင်) ဆိုင်ကယ်တို့ လမ်းဆုံအလယ်တွင် တိုက်မိသဖြင့် ထက်မြတ်အော
င်တွင် ယာဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာ ဦးခေါင်းယာဘက်ဂျိုစောင်း
ပေါက်ပြဲဒဏ်ရာ၊ ယာဘက်ညှပ်ရိုးဖူးရောင်ဒဏ်ရာ၊ ရင်ဘက်ယာဘ
က်ပွန်းပဲ့ဒဏ်ရာ၊ အောင်ကိုဦးတွင် ဦးခေါင်းယာဘက်ပေါက်ပြဲဒဏ် ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ဖူးရောင်ဒဏ်ရာ
ဒဏ်ရာတို့ အသီးသီးရရှိခဲ့ကြောင်းသိရသည်။. ဆိုင်ကယ်မဆင်မောင်းနှင်သူ ထက်မြက်အောင်နှင့်အောင်ကိုဦး
တို့အား အရေးယူပေးပါရန် ရဲတကကသန်းဇော်ဦးမှ တရားလိုပြု
လုပ်တိုင်တန်းချက်အရ ပြည်အမှတ်(၁)နယ်မြေ ရဲစခန်းယာဉ်(ပ)
၁၃/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုရေးဖွင့်ထားရှိ
ကာအမှုအာရဲအုပ်ကျော်ဇင်ဦးမှစစ်ဆေးပြီး တရားခံများမှာ ဆေး
ကုသမှုခံယူနေသဖြင့် အမှုနှင့် ဖမ်းဆီးစစ်ဆေးနိုင်ရေးဆောင်
ရွက်လျက်ရှိပါကြောင်းသတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

ညစ်ညမ်းစွာဆဲဆို၍ တုတ်နှင့်ဝိုင်းဝန်းရုက်နှက်သူအားဖမ်းဆီး အရေးယူပေးပါရန်တိုင်ကြား

Leave a Comment

ညစ်ညမ်းစွာဆဲဆို၍ တုတ်နှင့်ဝိုင်းဝန်းရုက်နှက်သူအားဖမ်းဆီး
အရေးယူပေးပါရန်တိုင်ကြား
ပြည် စက်တင်ဘာ(၂၈)ရက်နေ့
ပဲခူးတိုင်းသေကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့တွင် စက်တင်ဘာ(၂၄)ရက်နေ့
ည(၁၁)နာရီအချိန် ညစ်ညမ်းစွာဆဲဆို၍ တုတ်နှင့်ဝိုင်းဝန်းရုက်နှက်သွား
သူ အမည်မသိလူ(၇)ဦးအား ဖမ်းဆီးပေးရန်တရားလိုပြုလုပ် တိုင်တန်း
ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပြည်မြို့နယ်၊မြို့မရဲစခန်းအရှေ့ဘက်(၆)ဖာလုံခန့်ပြည်မြို့၊ ရွာ
ဘဲရပ်ကွက်၊ အမှတ်(၅၃)၊ယိုးဒယားတန်းလမ်းနေ ဦးဇော်ဝင်း(၅၃)နှစ်(ဘ)
ဦးထွန်းတင် အရောင်းအ၀ယ် လုပ်ကိုင်သူသည်နေအိမ်တွင်ရှိနေစဉ် သားဖြစ်
သူထက်အောင်ကျော်(၂၄)နှစ်(ဘ)ဦးဇော်ဝင်း မှီခိုသူသည် ယာဘက်မျက်ခုံး
အောက် ပါးရိုးပေါ်တွင်ဒဏ်ရာ၊ ယာဘက်မျက်လုံးဖူးရောင်ညိုမဲဒဏ်ရာ၊ ဦးေ
ခါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ ကျော်ပြင်တွင် အချိုးရာ(၃)ချက် ၀ဲဘက်မျက်
လုံးအောက် ပွန်းပဲ့ဒဏ်ရာရရှိပြီး ၄င်းနှင့်အတူ သူငယ်ချင်းဖြစ်သူ ဖြိုးသူဟိန်း
(၂၇)နှစ်၊ (ဘ)ဦးတင်မောင်ဆွေ အထည်ရောင်း အောင်ဆန်း(၄)လမ်း ပြည်
သာယာရပ်ကွက် ပြည်မြို့နေသူမှာ ၀ဲဘက်ဖျံနာကျင်ဒဏ်ရာ၊ နှာခေါင်းသွေး
ထွက်ဒဏ်ရာတို့ ရရှိလာသည်ကို တွေ့ရှိရသည်ဆို၏။
ထို့ကြောင့် ဒဏ်ရာများ ဘာကြောင့်ရလာသည်ကိုမေးမြန်းရာ ထက်အောင်ေ
ကျာ်နှင့် ဖြိုးသူဟိန်းတို့မှ မုန့်စားပြီးနေအိမ်သို့ ပြန်လာစဉ် ပြည်မြို့ရွာဘဲရပ်
ကွက် ကျောက်တော်ကြီးဘုရားလမ်း အောင်သရဖူ ဆေးရုံအနီးသို့အရောက်
ဒီပါအောင်(အသက်၊အဘအမည်၊အလုပ်အကိုင်၊နေရပ်-စိစစ်ဆဲ) နှင့်အမည်မ
သိသူ (၇)ဦး အသက်၊အဘအမည်၊နေရပ်၊အလုပ်အကိုင်၊စိစစ်ဆဲ)တို့နှင့် တွေ့
ရှိပြီး ၄င်းတို့အဖွဲ့မှ ညစ်ညမ်းစွာဆဲဆို၍ တုတ်နှင့်ဝိုင်းဝန်းရိုက်နှက်သဖြင့် ဒဏ်
ရာရရှိကြောင်း ပြောပြသိရှိရသဖြင့် သားဖြစ်သူနှင့် ဖြိုးသူဟိန်းတို့အား ပြည်ဆေး
ရုံသို့ဆေးကုရန်ပို့အပ်ခဲ့ပြီး(အတွင်းလူနာ/မစိုးရိမ်ရ) ယနေ့မှ ရဲစခန်းလာရောက်
တိုင်တန်းခဲ့ကြောင်းသိရသည်။
သို့ပါသောကြောင့် ညစ်ညမ်းစွာဆဲဆို၍ တုတ်နှင့်ဝိုင်းဝန်းရုက်နှက်သူ ဒီပါအောင်နှင့်
အမည်မသိသူ(၇)ဦးတို့အား အရေးယူပေးပါရန် ဦးဇော်ဝင်းမှစက်တင်ဘာ(၂၆)ရက်
နေ့တွင် တရားလိုပြုလုပ်တိုင်တန်းချက်အရ ပြည်မြို့မှရဲစခန်း(ပ)၂၀၅၈/၂၀၁၆၊ ရာဇ
သတ်ကြီးပုဒ်မ၂၉၄/၃၂၅/၁၁၄ ဖြင့် အမှုရေးဖွင့်ထားရှိကာ အမှုအား ရဲအုပ်သန်းထွန်း
အောင်မှစစ်ဆေးပြီး တရားခံများအား အမှုဖြင့်ဖမ်းဆီးစစ်ဆေးနိုင်ရေး န/ထအဖွဲ့နှင့်
ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းသတင်းရရှိသည်။
ပြည့်သုမောင်(ပြည်)09423671883
ပြည်ခရိုင်မှုခင်းနှင့်သတင်း
Read More...

ကြံတိုင်းအောင်ကားနှင့်ဖောကားယာဉ်တိုက်မှုဖြစ် ထိခိုက်ဒဏ်ရာရှိမှုများ

Leave a Comment

ကြံတိုင်းအောင်ကားနှင့်ဖောကားယာဉ်တိုက်မှုဖြစ်
ထိခိုက်ဒဏ်ရာရှိမှုများ

ပြည် စက်တင်ဘာ(၂၈)ရက်နေ့
ပြည်မြို့ နဝဒေးလမ်းဆုံ တွင် ဖောကားနှင့်ကြံတိုင်းအောင်ရန်ကုန်
-အမ်း-စစ်တွေခရီးသယ်တင်ကားတို့ စက်တင်ဘာ(၂၈)ရက်နေ့ နေ့
လည်(၁)နာရီ(၄၀)အချိန် တိုက်ခိုက်မှုဖြစ်ပွား ကြံတိုင်းအောင်ကား
ပေါ်မှခရီးသယ်များနှင့်ဖောကားယာဉ်မောင်းတို့ထိခိုက်ဒဏ်ရာရရှိ
ကာ လူနာများ ပြည်မြို့ရှိပရဟိတညီအစ်ကိုများက လူနာတင်ကား
ဖြင့်ပြည်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်းကနဦးသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

Monday, September 26, 2016

ပြည်မြို့ တွင် WY ဆေးပြားများဖမ်းဆီးရပီ

Leave a Comment

ပြည်မြို့ တွင် WY ဆေးပြားများဖမ်းဆီးရပီ


ပြည် စက်တင်ဘာ(၂၆)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ရွာဘဲရပ်ကွက်၊ရွှေတစ်ချောင်း
လမ်းရှိဆံသဆိုင်တွင် တရားမ၀င်မူးယစ်ဆေးဝါးများ စက်တင်ဘာ(
၂၅)ရက်နေ့ကဖမ်းဆီးရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ(၂၅)ရက်နေ့ ည(၇)နာရီ(၃၀)အချိန်ခန့်တွင်ပြည်
ခရိုင်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားမှုဖြင့် ပြည်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ် 
စိုးမင်း၊ ဒုရဲအုပ်လှမင်း၊ ရဲတကက မင်းသိန်းထက်၊ရဲတက အောင်ဆန်းဦး၊
ရဲတက နိုင်လင်းအောင်၊ပြည်မြို့မရဲစခန်းမှ န/ထ ခေါင်းဆောင်ဒုရဲအုပ် 
ဝေဇော်အောင် နှင့် အဖွဲ့သည် သက်သေ ဆံတော်ရပ်ကွက် ရာအိမ်မှူး 
ဦးသိန်းဆွေ၊ န၀င်းကွက်သစ်နေ ဦးဝင်းသိန်း တို့နှင့်အတူ ရဲစခန်းအရှေ့
မြောက်(၁)မိုင်ခန့် ၊ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ရွှေတစ်ချောင်းလမ်းရှိ နှုတ်
သီး(ခ) ဇော်လင်းဦး (၂၅ )နှစ်(ဘ) ဦးမြင့်ဦး ၊orange ဆံသဆိုင်တွင် တ
ရားမ၀င်မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိဖြန့်ဖြူးရောင်းချနေကြောင်း 
သတင်းအရ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးအိမ်သို့ ၀င်ရောက်
ရှာဖွေဖမ်းဆီးခွင့်ဝရမ်း အမှတ်(၅/၂၀၁၆) ဖြင့် ၀င်ရောက်ရှာဖွေခဲ့သည်
ဆို၏။

ထိုသို့ ဝင်ရောက်ရှာဖွေရာ ၄င်းဆံသဆိုင်အတွင်း၌ဆိုင်ရှင်နှုတ်သီး(ခ)
ဇော်လင်းဦး နှင့် ၄င်းဆိုင်သို့ ရောက်ရှိနေသူ ဇင်မင်းထက်အောင် (၁၉
)နှစ်၊ (ဘ) ဦးသန်းထွဋ်၊ သမိုင်း(ပထမနှစ်၊ အဝေးသင်တက္ကသိုလ်)ခုံအ
မှတ်- ၁သ/၅၉၈၊ ၀က်ထီးကန်ကျေးရွာ၊ ပြည်မြို့နယ်နေသူအား တွေ့ရှိ
ရပြီး ဆိုင်အတွင်းဘုရားစင်အောက်ရှိ ပစ္စည်းတင်သည့် စင်၏အောက်
ထပ်မှန်ပြားပေါ်မှ eclipse စာတမ်းတံဆိပ်ပါ အနီရောင်သံဗူးအတွင်း 
အပြာရောင်ပလပ်စတစ်အိတ်ဖြင့် ထည့်လျက် WY စာတမ်းပါ ပန်းေ
ရာင်စိတ်-ကဆေးပြား(၅၆)ပြား စုစုပေါင်းအလေးချိန်(၅.၆) ဂရမ်ခန့်
ကာလတန်ဘိုး (၅၆×၅၀၀၀ိ/-) (၂၈၀၀၀၀ိ/-)ဖိုး အား တွေ့ရှိဖမ်းဆီး
ရမိသဖြင့် ဒုရဲအုပ်လှမင်းမှ သက်သေများရှေ့တွင် ဆိုင်ရှင်နှုတ်သီး
(ခ) ဇော်လင်းဦး နှင့် ဆိုင်သို့ရောက်ရှိနေသူ ဇင်မင်းထက်အောင် တို့
ထံမှ ရှာဖွေပုံစံဖြင့် ချိတ်ပိတ် သိမ်းဆည်းခဲ့ပြီး မူးယစ်ဆေးဝါးများလက်
ဝယ် ထားရှိဖြန့်ဖြူး/ရောင်းချသူ နှုတ်သီး(ခ)ဇော်လင်းဦး နှင့် ဇင်မင်းထ
က်အောင် တို့အား ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ် လှမင်း မှ တိုင်
ကြားစာပေးပို့ တိုင်တန်းသဖြင့် ပြည်မြို့မရဲစခန်း မယ(ပ)၁/၂၀၁၆၊မူး
/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပြီး
အမှုအားဒုရဲအုပ် ခင်မောင်ဦးမှလက်ခံစစ်ဆေးကာ အမှုနှင့်ပတ်သက်
၍ နောက်ဆက်တွဲ ပြစ်မှုကျူးလွန်သူအားလိုက်လံဖမ်းဆီးဆောင်ရွက်
လျှက်ရှိကြောင်းရဲမှတ်တမ်းအရသိရသည်။

မှတ်ချက်။ ။အမှုဖြစ်စဉ်အား ယခုမှတင်ပြရခြင်းမှာ မှုခင်းသတင်းေ
ထာက်တစ်ယောက်၏စည်းမျဉ်းစည်းကမ်းများအရ မိဘပြည်သူများ
ထံသတင်းတင်ပြမှုနှောင့်နှေးရခြင်းအား နားလည်ပေးပါရန်မေတ္တာ
ရပ်ခံအပ်ပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

လိုင်စင်မဲ့ စူပါကာစတန်နှစ်စီး ပေါင်းတလည်မြို့တွင်ဖမ်းဆီး

Leave a Comment

လိုင်စင်မဲ့ စူပါကာစတန်နှစ်စီး ပေါင်းတလည်မြို့တွင်ဖမ်းဆီး

ပေါင်းတလည်မြို့ စက်တင်ဘာ(၂၆)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့နယ်၊ပေါင်းတလည်အပိုင်တွင်
စက်တင်ဘာ(၂၅)ရက်နေ့ ညနေ(၄)နာရီ(၄၅)မိနစ်အချိန်ခန့်၌ စူပါကာ
စတန်(၂)စီးးဖမ်းဆီးရမိကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြည်မြို့ဘက်မှ ပေါက်ခေါင်းမြို့ဘက်သို့ လိုင်စင်မဲ့စူပါ ကာစတန်
(၁)စီးမောင်းနှင်လာကြောင်း ဖုန်းဖြင့်သတင်းပေးတိုင်တန်းချက်အရ ပေါင်း
တလည်စခန်းမှူးရဲအုပ် မြတ်မင်းသူ နှင့် အဖွဲ့သည် သက်သေ အရှေ့ပိုင်း
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်အောင်၊ တောင်ပိုင်းရပ်ကွက် အုပ်ချုပ်ရေး
မှူး ဦးကျော်စိန်လင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပေါင်းတလည်မြို့၊တပ်
စုမှူး ဦးပြည့်ဖြိုးသူ တို့နှင့်အတူပေါင်းတလည်အရှေ့ပိုင်းရပ်ကွက်၊ ပြည်-
ပေါက်ခေါင်းကားလမ်း၊ ဖောင်တော်လှည့်ဘုရားလမ်းဆုံအနီးတွင် ပြည်
ဘက်မှ ပေါက်ခေါင်းဘက်သို့ မောင်းနှင်လာသော 8I/5468 အဖြူရောင်
စူပါကာစတန်ယာဉ်အား ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့ရာ ယာဉ်မောင်း ဝေ
ယံနိုင် (၂၄)နှစ်၊ (ဘ)ဦးချိုတွေး၊ သာယာကုန်းလမ်း၊ အရှေ့ပိုင်းရပ်ကွက်၊
ပေါင်းတလည်မြို့နေသူအားယာဉ်နှင့်ပတ်သက်သည့် တရားဝင်မှတ်ပုံတင်
ထားသော စာရွက်စာတမ်းများအား စစ်ဆေးရာ ပြသနိုင်ခြင်း။

ထပ်မံ၍ ပြည်ဘက်မှ ပေါက်ခေါင်းဘက်သို့ မောင်းနှင်လာသော 8I/3174
အဖြူရောင်စူပါကာစတန်ယာဉ်အားနောက်တစ်စီးအား ရပ်တန့်ရှာဖွေစစ်ေ
ဆးခဲ့ရာ ယာဉ်မောင်း အုန်းသွင်(ခ)ချိုကြီး (၅၆)နှစ်၊ (ဘ)ဦးလှတင်၊ ဘုရား
ငါးဆူအုပ်စု၊ ဘုရားငါးဆူကျေးရွာ၊ ပေါင်းတည်မြို့နေသူအား ယာဉ်နှင့်ပတ်
သက်သည့် တရားဝင် မှတ်ပုံတင်ထားသော စာရွက်စာတမ်းများအား စစ်ေ
ဆးရာ ပြသနိုင်ခြင်းမရှိခဲ့ဟုဆို၏။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမ၀င်တင်သွင်းထားသော ယာဉ်အား
လက်ဝယ်တွေ့ရှိသူ ဝေယံနိုင် အား ဥပဒေအရ အရေးယူပေးရန် တရားလိုပြု
လုပ်တိုင်တန်းသဖြင့် ပေါင်းတလည်နယ်မြေရဲစခန်း(ပ)၉၈/၂၀၁၆၊ ပို့/သွင်း ဥ
ပဒေပုဒ်မ-၈ ဖြင့်လည်းကောင်း ၊ကိုအုန်းသွင်(ခ)ချိုကြီး (၅၆)နှစ်၊ (ဘ)ဦးလှတ
င်၊ ဘုရားငါးဆူအုပ်စု၊ ဘုရားငါးဆူကျေးရွာ၊ ပေါင်းတည်မြို့နေသူကိုယ် ပေါင်း
တလည်နယ်မြေရဲစခန်း (ပ)၉၇/၂၀၁၆၊ ပို့/သွင်း ဥပဒေပုဒ်မ-၈ ဖြင့်လည်းေ
ကာင်း အမှုရေးဖွင့်ဆောင်ရွက်ကာ အမှုအားဒုရဲအုပ် ထွန်းထွန်းဦး မှလက်ခံ 
စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)094236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

Sunday, September 25, 2016

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော် မရှင်အား အလိုမရှိကြောင်းဆန္ဒပြ ပြည့်သဲမောင်(ပြည်)09-423671883

Leave a Comment

မန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်
မရှင်အား အလိုမရှိကြောင်းဆန္ဒပြ

ပြည်သူကို အကာအကွယ်မပေးနိုင်သော
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်
မရှင်အား အလိုမရှိ။ဖြုတ်ချပေးပါရန် ပြင်းပြင်း
ထန်ထန်တောင်းဆိုသည့်ရည်ရွှယ်ချက်ဖြင့်စက်
တင်ဘာ(၂၆) နံနက်(၉)နာရီအချိန်တွင် ပြည်မြို့
ဗိုလ်ချုပ်ကျောက်ရုပ်၌ဆန္ဒထုတ်ဖော်ခဲ့ကြောင်း
ကနဦးသတင်းရှိသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်း




Read More...

မှုခင်းကျဆင်းရေးအသိပညာပေးပြခန်းယာဉ်ဖြင့် ပြည်ခရိုင်တွင်းလှည့်လည်ပြသ

Leave a Comment


မှုခင်းကျဆင်းရေးအသိပညာပေးပြခန်းယာဉ်ဖြင့် ပြည်ခရိုင်တွင်းလှည့်လည်ပြသ

ပြည် စက်တင်ဘာ(၂၄)ရက်နေ့
မှုခင်းအသိပညာပေးပြခန်းယာဉ်သည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်
အတွင်းရှိ ကျောင်းနေအရွယ်ကလေးသူငယ်များနှင့်ပြည်သူများအား
မှုခင်းအသိပညာပေးဟောပြောပွဲယာဉ်ဖြင့်  စက်တင်ဘာ(၂၃)ရက်
နေ့တွင် ပြည်မြို့တွင်းသို့လိုက်လံဟောပြောပြသခဲ့ကြောင်း သိရသည်။

အဆိုပါ မှုခင်းကျဆင်းရေးဟောပြောရေးယာဉ်သည် ပဲခူးတိုင်းဒေသကြီး
တိုင်းရဲတပ်ဖွဲ့မှူး၏လမ်းညွှန်မှုဖြင့် စက်တင်ဘာ(၂၃)ရက်နေ့တွင် ပေါင်း
တလည်မြို့အနောက်ပိုင်းရပ်ကွက် ၊ ပေါင်းတလည်-ပေါက်ခေါင်းကားလ
မ်းဘေး၊ဇေယျမုနိဘုရားရှေ့တွင် မှုခင်းကျဆင်းရေးအသိပညာပေးခဲ့ရာ
ပေါင်းတလည်အ.ထ.ကမှ ဆရာ/ဆရာမများ(၂၅)ဦး ကျောင်းသား/သူ၊
အရပ်သားပြည်သူများလာရောက် ကြည့်ရှုနားထောင်ခဲ့ကြောင်းသိရသည်။

ထိုမှတဆင့် ပြည်မြို့ အမှတ်(၃)နယ်မြေရဲစခန်းအပိုင် ပြည်သာယာရပ်ကွက် ၊
အောင်ဆန်းအ.ထ.ကခွဲရှေ့တွင်လည်းကောင်း၊ခေတ္တရာမြို့သစ်ရပ်ကွက် ၊မူလ
ရွှေတံခါးလမ်း၊အ.ထ.က(၅)ကျောင်းရှေ့တွင်လည်းကောင်း ၊ရွှေကူရပ်ကွက်၊အ.
ထ.က(၁)ကျောင်ဝန်းတွင်လည်းကောင်း ၊ကျောင်းကြီးအိုးတန်းရပ်ကွက်၊လက်
သမားလမ်းပေါ်၊မြို့မဈေးရှေ့တွင်လည်းကောင်း၊ဆင်စုရပ်ကွက်ပြည်-ရန်ကုန်
လမ်းဘေး ဒ.က.စ(ပြည်)နဝဒေးခန်းမတွင်လည်းကောင်း နှစ်ရက်တိတိ မှုခင်း
ကျဆင်းရေးအသိပညာပေးခဲ့ပြီး အဆိုပါယာဉ်၏အတွင်းအပြင်တွင် ယာဉ်တိုက်
မူဖြစ်စဉ်ကအခင်းဖြစ်ဓါတ်ပုံများ ၊မူးယစ်ဆေးဝါးသုံးစွဲသူများ၏ကျန်းမာရေးဆိုး
ကျိုးများ ၊လူကုန်ကူးမှုခံရသူများနှင့်လူကုန်းရန်မည်သို့စည်းရုံးခေါ်ဆောင်သည့်
ဓါတ်ပုံမှတ်တမ်းများ၊ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်သက်ဆိုင်သောဥပဒေ
မျာျးနှင့်အချက်ပြများအား ရှင်းလင်းဟောပြောပြခဲ့သည်။

ထို့နောက် မှုခင်းကျဆင်းရေးဟောပြောသည့်အဖွဲ့သည်ပြည်ခရိုင်ပန်းတောင်းမြို့
သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)094236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ







Read More...

Saturday, September 24, 2016

ပြည်ခရိုင်ရဲတပ်ဖွဲ့မှစုပေါင်းသွေးလှူဒါန်း

Leave a Comment

ပည်ခရိုင်ရဲတပ်ဖွဲ့မှစုပေါင်းသွေးလှူဒါန်း

ပြည် စက်တင်ဘာ (၂၄)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်ရဲတပ်ဖွဲ့မှ၂၀၁၆ ခုနှစ်အောက်တိုဘာ
(၁)ရက်နေ့တွင်ကျရောက်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂု
ဏ်ပြုသောအားဖြင့် သွေးလှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲအား ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်၍
ပြည်ခရိုင်အတွင်းရှိ ရဲအရာရှိ၊ရဲအရာခံ၊ရဲတပ်ကြပ်ကြီး၊ရဲတပ်ကြပ်၊ရဲတ
ပ်သားများ ပြည်အမှတ်(၁၃)ယာဥထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှတပ်ဖွဲ့စုမှူးနှင့်
ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာလ(၂၃)
ရက်နေ့ နံနက်(၈)နာရီ(၃၀)အချိန် ပြည်မြို့ကုတင်(၅၀၀)ဆံ့ဆေးရုံကြီးတွင်
စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်)094236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

Friday, September 23, 2016

ပေါင်းတလည်မြို့တွင်လည်းထပ်မံဖမ်း ဆီးလိုက်တဲ့ကား ပြည့်သဲမောင်(ပြည်)09-423671883

Leave a Comment

ပေါင်းတလည်မြို့တွင်လည်းထပ်မံဖမ်း
ဆီးလိုက်တဲ့ကား

ပေါင်းတလည် စက်တင်ဘာ(၂၃)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် ပေါင်းတလည်မြို့
အနောက်ပိုင်းရပ်ကွက်တွင် စက်တင်ဘာ (၂၀)ရက်နေ့ နေ့လ
ည်(၂)နာရီအချိန်ခန့်တွင် လိုင်စင်မဲ့ကားတစ်စီးဖမ်းဆီးလိုက်ေ
ကြာင်းသိရသည်။

ပြည်မြို့နယ်၊ပေါင်းတလည်နယ်မြေရဲစခန်း အနောက်မြောက်
ဘက်(၃)ဖာလုံခန့်ပေါင်းတလည်မြို့၊ အနာက်ပိုင်းရပ်ကွက်၊
ဈေးပတ်လမ်းတွင် မော်တော်ယာဉ်အမှတ်-9e/7386အပြာ
ရောင် လိုင်စင်မဲ့ယာဉ်(၁)စီးရောက်ရှိနေကြောင်း ဖုန်းဖြင့်သ
တင်းပေးတိုင်ကြားချက်အရ အမှတ်(၁၃)ယာဉ်ထိန်းတပ်ဖွဲ့စု
(ပြည်) မှ ရဲအုပ်အောင်မျိုးဦး ၊ ပေါင်းတလည်နယ်မြေရဲစခန်းမှ
ခေတ္တနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး နိုင်ဝင်းတို့အဖွဲ့
သည် သက်သေများနှင့်အတူ ၄င်းမော်တော်ယာဉ်အား သွား
ရောက်စုံစမ်းခဲ့ရာ ပေါင်းတည်မြို့၊ အနောက်ပိုင်းရပ်ကွက်၊ဈေး
ပတ်လမ်းနေ ကိုမျိုးဇံဝင်း(၄၀)နှစ်၊အရောင်းအ၀ယ်လုပ်ကိုင်သူ ၏နေအိမ်တွင်တွေ့ရှိရသည်ဆို၏။

ထို့ကြောင့် ကိုမျိုးဇံဝင်း အား မော်တော်ယာဉ်လိုင်စင်နှင့် ပတ်
သတ်၍မေးမြန်းရာ အထောက်အထားတစ်စုံတစ်ရာပြသနိုင်
ခြင်းအရှိသဖြင့် ကညနတွင်တရားဝင်မှတ်ပုံတင်ထားခြင်းမရှိ
သောယာဉ်ဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရသည်ဟုရဲမှတ်တမ်း
အရသိရပြီး တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော မော်တော်
ယာဉ်အားလက်ဝယ်ထားသူ ကိုမျိုးဇံဝင်း အား  အရေးယူပေး
ပါရန် ရဲအုပ်အောင်မျိုးဦးမှတရားလိုပြုလုပ်တိုင်တန်းချက်အရ ပေါင်းတလည်နယ်မြေရဲစခန်း(ပ)၉၅/၂၀၁၆၊ ပို့/သွင်း ၈ဖြင့်
အမှုဖွင့် တို်င်ကာ အမှုအား ဒုရဲအုပ်ထွန်းထွန်းဦး မှလက်ခံစစ်
ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

ထပ်မံဖမ်းဆီးလိုက်တဲ့လိုင်စင်မဲ့ကား ပြည့်သဲမောင်(ပြ)09-4236 71883

Leave a Comment

ထပ်မံဖမ်းဆီးလိုက်တဲ့လိုင်စင်မဲ့ကား

ပြည် စက်တင်ဘာ  (၂၃)  ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ အမှတ်(၁၃)၊
ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှထပ်မံ၍လိုင်စင်ယာဉ်အား
ယမာန်နေ့က ဖမ်းဆီးလိုက်ကြောင်းသိရသည်။
စက်တင်ဘာလ(၁၈)ရက်နေ့ နေ့လည်(၃)နာရီအချိန်
ခန့် ပြည်မြို့၊ ပြည်-အောင်လံကားလမ်းတွင် ယာဉ်စစ်
ဆေးရေး တာဝန်ဆောင်ရွက် နေစဉ် ပြည်မြို့ဘက်မှ
အောင်လံဘက်သို့ ကိုအောင်နိုင်ဦး မောင်းနှင်လာေ
သာ ကိုကျော်ထူး ပိုင်ဆိုင်သည့် MDY 4D/9333
နံပါတ်တပ်ဆင်လျက် Ford  Focus  အမျိုးအစား၊
(အနက်ရောင်) ကာလတန်ဘိုး (၈)သိန်းကျပ်ခန့်အား
ရပ်တန့်စစ်ဆေးခဲ့သည်ဆို၏။

ထိုသို့ရပ်တန့်စစ်ဆေးရာယာဉ်နှင့် ပတ်သက်သည့် တ
ရားဝင်မှတ်ပုံတင် စာရွက်စာတမ်းများတင်ပြနိုင်ခြင်းမ
ရှိသဖြင့် သက်သေများနှင့်အတူ ပြည်မြို့၊ ပြည်-အောင်
လံကားလမ်း မှ အမှတ်(၁၃)၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး
သို့ ခေါ်ဆောင်၍ ဒုရဲအုပ် ၀င်းမင်းစိုး အဖွဲ့နှင့်အတူ သ
က်သေ ဦးအောင်ကျော်ဝင်း၊ ဦးသက်နိုင်ဦးတို့ရှေ့တွင်
စစ်ဆေးခဲ့ရာ ယာဉ်မောင်း ကိုအောင်နိုင်ဦး နှင့် ယာဉ်ပိုင်
ရှင် ကိုကျော်ထူး တို့မှာ ယာဉ်နှင့်ပတ်သက်သည့် တရား
ဝင်နိုင်ငံတော်သို့ အခွန်အခပေးဆောင် မှတ်ပုံတင်ထား
သော စာရွက်တစ်စုံတစ်ရာ ပြသနိုင်ခဲ့ခြင်းမရှိကြောင်း စိ
စစ်တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမ၀င် တင်သွင်း
ထားသော ယာဉ်အား လက်ဝယ်တွေ့ရှိသူ ကိုအောင်နိုင်ဦး
(၃၄)နှစ်၊ ကားရေဆေးလုပ်ငန်း၊ အမှတ်(၉၅၉) အင်ဂျင်နီယာ
တပ်ဝန်း၊ ပြည်မြို့နေသူနှင့် ကိုကျော်ထူး(၃၅)နှစ်၊ရောင်း/၀ယ်၊
သရဖီလမ်း၊ ရတနာပုံရပ်ကွက်၊ ဥသျှစ်ပင်မြို့နေသူတို့အား ဥပ
ဒေအရ အရေးယူ ပေးပါရန် ရဲအုပ် အောင်မျိုးဦး(ယာဉ်ထိန်း)မှ
တရားလိုပြုလုပ် တိုင်တန်းသဖြင့် ပြည်(၃)နယ်မြေရဲစခန်း(ပ)
၁၂၉၀/၂၀၁၆၊ ပို့ကုန်/ သွင်းကုန်ဥပဒေပုဒ်မ-၈ ဖြင့် အမှုရေးဖွင့်
ဆောင်ရွက် ထားရှိကြောင်းနှင့်အမှုအား ရဲအုပ် ဟိန်းဝဏ မှလ
က်ခံစစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်းသတင်းရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

Wednesday, September 21, 2016

လိုင်စင်မဲ့ကားတစ်စီးဖမ်းဆီးရမိ ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

လိုင်စင်မဲ့ကားတစ်စီးဖမ်းဆီးရမိ

ပြည် စက်တင်ဘာလ(၁၈)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင်စက်
တင်ဘာ(၁၈)ရက်နေ့ နေ့လည်(၁၁)နာရီအချိန်
ခန့် ပေါက်ခေါင်းမြို့မှ လိုင်စဉ်မဲ့မော်တော်ယာဉ်
အားဖမ်းဆီးအရေးယူခဲ့ကြောင်းသတင်းရရှိသည်။

ပြည်မြို့ ဘုရင့်နောင်လမ်းမကြီး ၊အ.ထ.က(၅)
ကျောင်းမီးပွိုင့်အနီး၌ယာဉ်စစ်ဆေးရေးတာဝန်
ဆောင်ရွက်နေစဉ် ကိုတင်မျိုးအောင် မောင်းနှင်
လာသော YGN-5J/7563 နံပါတ်တပ်ဆင်လျှက်
Honda ODYSSEY အမျိုးအစား၊ (အနက် ရော
င်)ကာလတန်ဖိုးသိန်း(၂၀)ကျပ်ခန့် အားရပ်တန့်စ
စ်ဆေးခဲ့ရာယာဉ်နှင့်ပတ်သက်သည့်တရာဝင်မှတ်
ပုံတင်စာရွက်စာတမ်းများ တင်ပြနိုင်ခြင်းမရှိသဖြင့်
သက်သေများနှင့်အတူ ပြည်မြို့၊ရွှေကူ၇ပ်ကွက် ၊ရဲ
စခန်းအ နောက်(၂)ဖာလုံခန့်အ မှတ်(၁၃)၊ယာဉ်
ထိန်းတပ်ဖွဲ့စုမှူးရုံးသို့ခေါ်ဆောင်၍ ဒုရဲအုပ်ဝင်း
ဇော်ထိုက်အဖွဲ့နှင့် အတူသက်သေ ဦးအောင်ကျေ
ာ်ဝင်း၊မြို့သစ်(၇)လမ်း၊မြို့သစ်ရပ်ကွက်၊ပြည်မြိုနေ
သူနှင့်ဦးတင်အောင်သက် ဗီဒီယို လုပ်ငန်းရွှေကူရ
ပ်ကွက်၊ပြည်မြို့နေသူတို့ရှေ့တွင်စစ် ဆေးခဲ့ရာ
ကုန်း လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနတွင်
မှတ်ပုံတင်ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရ
သည်ဆို၏။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပက်သက်၍ တရားမဝင်တင်
သွင်းထားသောယာဉ်အားလက်ဝယ်တွေ့ရှိသူကို
တင်မျိုး အောင်(၃၃)နှစ်၊(တက်လမ်းကုမဏီ)ယာ
ဉ်မောင်း အမှတ်(၂)ရပ်ကွက်မဉ္ဖူလမ်း၊ပေါက်ခေါင်
းမြို့နေသူအား ဥ ပဒေအရအရေးယူပေးပါရန် ရဲ
အုပ်အောင်မျိုးဦးမှတရားလိုပြုလုပ်တိုင်တန်းသဖြင့် ပြည်အမှတ်(၁)နယ်မြေရဲ စခန်း (ပ)၁၄၈၃/
၂၀၁၆၊ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ-၈ ဖြင့်အမှုရေး
ဖွင့်ဆောင်ရွက်ထားရှိကာ အမှုအား ဒုရဲအုပ်ဝင်း
ဇော်ထိုက်မှလက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Read More...

ပြည်မြို့ကမ်းနားလမ်းအနီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး(၄)ဦးအား အမှတ်(၁)နယ်မြေရဲစခန်းမှဖမ်းဆီးအရေးယူ

Leave a Comment

ပြည်မြို့ကမ်းနားလမ်းအနီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ 
အမျိုးသမီး(၄)ဦးအား အမှတ်(၁)နယ်မြေရဲစခန်းမှဖမ်းဆီးအရေးယူ    
   
ပြည် စက်တင်ဘာ (၂၂)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပြည်မြို့ ကမ်းနားလမ်း ပန်းခြံအနီး၊
ပလက်ဖောင်းလမ်းမပေါ်တွင် ပြည့်တန်ဆာကိစ္စအလို့ငှာ လမ်းသွား
လမ်းလာများကို ဟိရိသြတ္တပ္ပတရားကင်းမဲ့လျှက် အာရုံစွဲညှိ စေရန်
ကိုယ်အမူအရာ နှုတ်အမူအရာများဖြင့်မြူဆွယ်သွေးဆောင်ခြင်းများ
ပြုလုပ်နေသူ အမျိုးသမီး (၄)ဦးအား ပြည်အမှတ်(၁)ရဲစခန်းမှဖမ်းဆီး
အရေးယူခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပြည်အမှတ်(၁)ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကျော်
ဇင်ဦးနှင့်အဖွဲ့သည် အမျိုးသမီး ရဲမေ ရဲတပ်သားအေးမြတ်ဇော်၊သက်
သေ ကျောင်းကြီးအိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ေ မာင်ခင်
ရာအိမ်မှူး ဦးအောင်သူ တို့နှင့်အတူနယ်မြေသတင်းစုံစမ်းဆောင်ရွက်ေ
နစဉ် ကျောင်းကြီးအိုး တန်းရပ်ကွက်၊ကန်လမ်း၊ကြံ့ခိုင်ရေးရုံးအနီး၊လမ်း
ဘေးပလပ်ဖောင်ပေါ်တွင် ပြည့်တန်ဆာကိစ္စအလို့ငှာ လမ်းသွားလမ်းလာ
များကို ဟိရိသြတ္တပ္ပတရားကင်းမဲ့လျှက် အာရုံစွဲညှိ စေရန်ကိုယ်အမူအရာ
နှုတ်အမူ အ ရာများဖြင့်မြူဆွယ်သွေးဆောင်ခြင်းများပြုလုပ်နေသူ မဟေ
မာန်ဦး(၂၀)နှစ်၊ရှားရုံရပ်၊ဆံတော် ရပ် ကွက်၊ပြည်မြို့၊ဒေါ်မြခရေ(၄၈)နှစ်၊
ရတနာထီးဖြူလမ်း၊ရွာဘဲရပ်ကွက်၊ပြည်မြို့နေသူနှင့်ဒေါ်ဌေး(၅၁)နှစ် စံနန်း
ဦးဘုရားလမ်း၊ရွာဘဲရပ်ကွက်၊ပြည်မြို့နေသူနှင့် မမိုးမိုး(၂၉)နှစ်၊ရေဝန်းတောင်
ပေါ်ရပ်၊ဆင်စုရပ် ကွက်၊ပြည်မြို့နေသူတို့အားတွေ့ရှိရ၍အရေးယူပေးပါရန်ရဲ စခန်းပို့အပ်တိုင်တန်းခဲ့ကြောင်းသိရသည်။

အမှုနှင့်ပတ်သက်ပြီး ပြည့်တန်ဆာအဖြစ်လုပ်ကိုင်သူ အရေးယူပေးပါရန် ရဲအုပ်
ကျော်ဇင်ဦးမှ တရား လိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မဟေမာန်ဦး၊ဒေါ်မြခရေနှင့်ေ
ဒ်ါဌေးအား ပြည်အမှတ်(၁)နယ်မြေရဲစခန်း (ပ)၁၄၁၄/၂၀၁၆၊ပြည့်တန်ဆာပေ
ပျာက်ရေး အက်ဥပဒေပုဒ်မ၃(က)ဖြင့်လည်း ကောင်း၊ မမိုးမိုး အား ပြည်အမှတ်
(၁)နယ်မြေရဲစခန်း (ပ)၁၄၁၅/၂၀၁၆ ၊ ပြည့်တန်ဆာပပျောက်ရေး အက်ဥပဒေ
ပုဒ်မ ၃(က) အရ  အရေးယူခဲ့ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

Facebook Like Page