Monday, February 29, 2016

ဘာသာပေါင်းစုံ အလုပ်ရုံဆွေးနွေးပွဲ ပြည်မြို့တွင်ကျင်းပပြုလုပ်ခဲ့

Leave a Comment




ဘာသာပေါင်းစုံ အလုပ်ရုံဆွေးနွေးပွဲ ပြည်မြို့တွင်ကျင်းပပြုလုပ်ခဲ့



ပြည်၊ဖေဖော်ဝါရီ၊၂၉





ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဆန်ဖရန်စစ္စကို စားသောက်ဆိုင်တွင် National Identity and Imagine Myanmar မှကြီးမှု၍ ဘာသာကြီးလေးဘာသာဖြစ်သည့် ဗုဒ္ဓ္ဓဘာသာ၊ခရစ်ယာဉ်ဘာသာ၊ဟိန္ဒူဘာသာ၊မွတ်စလင်ဘာသာ စသည့် ဘာသာပေါင်းစုံမှ စိတ်ပါဝင်စားသူများတက်ရောက်၍ အလုပ်ရုံဆွေးနွေးပွဲတစ်ခုအား ဖေဖော်ဝါရီ ၂၉-ရက်နေ့ နံနက်မှ စတင်ကာ ညနေ ၅-နာရီအထိကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။



အဆိုပါ ဘာသာကြီးလေးဘာသာအလုပ်ရုံဆွေးနွေးပွဲတွင် လူမျိုးမတူ၊ကိုးကွယ်ရာမတူ၊အတွေးအခေါ်မတူ စသည့်ကွဲပြားစုံလင်မှုများစွာထဲမှ မိမိတို့နိုင်ငံ၏ အင်အားတစ်ရပ်အဖြစ်ပြောင်းလဲနိုင်စေရန်ရည်ရွယ်၍ အမျိုးသားရေးသရုပ်လက္ခဏာနှင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုအားကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရသည်။



အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အခြေခံလူမှုဗေဒမိတ်ဆက်ခြင်း၊အမျိုးသားနိုင်ငံတော်တည်ဆောက်ခြင်း၊ပဋိပက္ခဖြေရှင်းရေးနည်းနားများ၊ စသည့်ဘာသာရပ်များကို အဓိကဆွေးနွေးသွားခဲ့တာဖြစ်ကြောင်းသိရသည်။



အဆိုပါ ဘာသာကြီးလေးဘာသာ၏ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၉-ရက်နေ့မှစတင်ကာ ၃.၃.၂၀၁၆ ရက်နေ့အထိ လေးရက်တာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပြည်ခရိုင်အတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် စိတ်ပါဝင်စာသူပေါင်း ၅၀-ခန့်ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။



K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်
09253311019

Read More...

ပြည်မြို.၊မြို.မဈေးကြီးတွင်အကြိုအခြေခံမီးသတ်သင်တန်းနှင့်မီးသတ်ဝတ်စုံးပေးအပ်ပွဲကျင်းပ

Leave a Comment

ပြည်မြို.၊မြို.မဈေးကြီးတွင်အကြိုအခြေခံမီးသတ်သင်တန်းနှင့်မီးသတ်ဝတ်စုံးပေးအပ်ပွဲကျင်းပ

 ပြည် -  ဖေဖော်ဝါရီ ( ၁၉ )ရက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ မြို့
မဈေးကြီးရှိ အရံမီးသတ်တပ်ဖွဲ့ဝင်များအား
အကြိုအခြေခံမီးသတ်သင်တန်းနှင့်မီးသတ်
ဝတ်စုံပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ
(၂၈)ရက်နေ့ည(၇း၀၀)နာရီအချိန်ခနေ့်ကျာ
င်းကြီးအိုးတန်းနယ်မြေ၊ ပြည်မြို့မဈေးကြီး၌
ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင်မီးသတ်တပ်ဖွဲ့
မှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေး
ကျော်မှ အဖွင့်အမှာစကားပြောကြားခြင်း၊
ပြည်မြို့နယ်၊ အရံမီးသတ်တပ်ဖွဲ့ဒုတပ်ရင်း
မှူးဦးအုန်းလွင်မှ သင်တန်းနှင့်ပတ်သက်သ
ည်များအား ရှင်းလင်းပြောကြားခြင်း၊ပြည်မြို့
နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မ ဈေး
ကြီး အရံမီးသတ်တပ်စု(၃၁) အား မီးသတ်
တပ်ရင်းရုံး ဒုတပ်ရင်းမှူး ဦးအုန်းလွင်မှ မီးသ
တ်ဝတ်စုံများပေး အပ်ရာဈေးအကျိုးတော်ေ
ဆာင်အဖွဲ့ဝင် ဦးနိုင်ဝင်းဌေးမှလက်ခံခြင်းနှင့်
ဈေးသူ / ဈေးသားများကိုယ်စားဈေး အကျိုး
တော်ဆောင်နှင့် ဈေးမိဈေးဖ ဥက္ကဋ္ဌဦးစော
မြင့်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြား
ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အကြိုအခြေခံမီးသတ်သင်တန်းဖွင့်
ပွဲနှင့် မီးသတ်ဝတ်စုံပေးအပ်ခြင်း အခမ်းအ
နားအားပြည်မြို့နယ်စည်ပင်သာယာရေးအ
မှုဆောင်အရာရှိနှင့် အဖွဲ့ဝင်များ၊ ပြည်မြို့
နယ်စည်ပင်သာယာရေးကော်မတီဝင်များ
ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဈေးမိ
ဈေးဖများ၊ ဈေးသူဈေးသားများ၊သန္ဓေတပ်ဖွဲ့
ဝင်များ။ပြည်မြို့မဈေးကြီး အရံမီးသတ်တပ်
စု(၃၁)မှမီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်
ခဲ့ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

စတုတ္ထအကြိမ်မြောက် ICT & MOBILE EXHIBITON PYAY 2016

Leave a Comment


စတုတ္ထအကြိမ်မြောက် ICT & MOBILE EXHIBITON PYAY 2016



နည်းပညာပြပွဲနှင့် ဈေးရောင်းပွဲတော်ကြီးကို
၎.၃.၂၀၁၆ မှ ၆.၃.၂၀၁၆ ရက်နေ့အထိ
ယဉ်ကျေးမှုရုံခန်းမ ၊ ပြည်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
Short message ပြို်င်ပွဲများ၊ ကွန်ပျူတာ ဖြုတ်/တပ် အမြန်ပြိုင်ပွဲများလည်း ပါဝင်ပါသည်။
နံမည်ကြီး အဆိုတော်များ၊ dancerများဖြင့် တေးသံသာများ၊ အက၊အလှများ
၊ Product shows များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသည်။
Mobile phone ၀ယ်ယူသူများနှင့် ကွန်ပျူတာ Computer, Laptop များ၊ နောက်ဆုံးပေါ် smart phone များ၊ လုံခြုံေ၇းအသိပေး ကုန်ပစ္စည်းသစ်များလည်း ပါဝင်ပါသည်။
မော်ဒယ်မြင့်branded ကုန်ပစ္စည်းများကိုလည်း မိတ်ဆက်ပြသပေးသွားမည်ဖြစ်ပြီး
ပြပွဲရက်အတွင်း ၀ယ်ယူကြသော မိဘပြည်သူများအားနှင့် ပွဲကြီး၏ အထူးအစီအစဉ်ဖြင့် လာရောက်ကြည့်ရှုသူ (မည်သူမဆို ) ကံစမ်းမဲလက်မှတ် (၁)စောင် ရရှိမည်ဖြစ်ပြီး အထူးဈေးနှုန်းလျှော့-- ရောင်းချပေးသွားမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည် ။
ဒုတိယအစီအစဉ်အနေဖြင့်
Short Message ပြိုင်ပွဲကြီး ကို ကျင်းပမည်။
(Short Message ပြိုင်ပွဲဆိုသည်မှာ သတ်မှတ်ထားသော ဖုန်းနံပါတ်သို့ သတ်မှတ်ထားသော စာသားများအား အမှန်ဆုံးနှင့် အမြန်ဆုံးပို့နိုင်သူကို ဆုချီးမြင့်မည့် ပွဲဖြစ်ပါသည်။)
ပွဲစဉ် (၅)ပွဲသတ်မှတ်ထားပြီး ပွဲစဉ်တိုင်းတွင် အနိုင်ရရှိသူများအား တစ်သိန်းထက်မနည်းသော Hand Set များ ချီးမြင့်သွားမည်။ ဖိုင်နယ်တွင်အနိုင်ရသူအား ၂သိန်း ထက်မနည်းသော ပစ္စည်းထပ်မံ ဆုချပေးသွားပါမည်။
မတ်လ ၄.၃.၂၀၁၆ မှ ၆ . ၃.၂၀၁၆ အထိ ကျင်းပသွားမည် ဖြစ်ပါသည် ။


#နေရာ - ယဉ်ကျေးမှုရုံ ပြည်မြို့ ။
ပြိုင်ပွဲဝင်လိုသူအားလုံး ၂.၃ .၂၀၁၆ ရက်နေ့နောက်ဆုံးထားပြီးစာရင်းပေးရပါမည်။
နာမည် နှင့် ပါဝင်မည့် ဖုန်းနံပတ် များအား
စာရင်းပေးသွင်းနိုင်ပါသည်။
(#မည်သည့်ဝင်ကြေးမျှ ပေးစရာမလိုပါ။)
#ဘယ်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်
အသက်ကန့်သတ်ချက်မရှိပါ
ပြိုင်ပွဲအစီအစဉ်များကို အသေးစိတ်သိရှိလိုပါက


ဦးကျော်မိုးခိုင် - 095310587
ဦးရဲမြင့်အောင် - 095311085
ဦးစည်သူ - 09788888465/09976883888
ဒေါ်ဇင်သူထက် - 097940949881
တို့အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။
 





 
Read More...

ဘာသာပေါင်းစုံ အလုပ်ရုံဆွေးနွေးပွဲ ပြည်မြို့တွင်ကျင်းပပြုလုပ်ခဲ့

Leave a Comment


သတင်းအတို....

ဘာသာပေါင်းစုံ အလုပ်ရုံဆွေးနွေးပွဲ ပြည်မြို့တွင်ကျင်းပပြုလုပ်ခဲ့

ပြည်၊ဖေဖော်ဝါရီ၊၂၉


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဆန်ဖရန်စစ္စကို စားသောက်ဆိုင်တွင် ဘာသာကြီးလေးဘာသာဖြစ်သည့် ဗုဒ္ဓ္ဓဘာသာ၊ခရစ်ယာဉ်ဘာသာ၊ဟိန္ဒူဘာသာ၊မွတ်စလင်ဘာသာ စသည့် ဘာသာပေါင်းစုံမှ စိတ်ပါဝင်စားသူများတက်ရောက်၍ အလုပ်ရုံဆွေးနွေးပွဲတစ်ခုအား ဖေဖော်ဝါရီ ၂၉-ရက်နေ့ နံနက်မှ စတင်ကာ ညနေ ၅-နာရီအထိကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဘာသာကြီးလေးဘာသာအလုပ်ရုံဆွေးနွေးပွဲတွင် လူမျိုးမတူ၊ကိုးကွယ်ရာမတူ၊အတွေးအခေါ်မတူ စသည့်ကွဲပြားစုံလင်မှုများစွာထဲမှ မိမိတို့နိုင်ငံ၏ အင်အားတစ်ရပ်အဖြစ်ပြောင်းလဲနိုင်စေရန်ရည်ရွယ်၍ အမျိုးသားရေးသရုပ်လက္ခဏာနှင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုအားကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရသည်။


သတင်းအပြည့်အစုံဆက်လက်ဖော်ပြပေးပါမည်။
ပြည်သတင်းလူငယ်
09253311019
Read More...

Saturday, February 27, 2016

ေ ပါင်းတလည်မြို့တွင်သိမ်းဆည်းခံလယ်မြေနှင့်ပတ်သက်ပြီး လယ်ယာမြေသိမ်းဆည်းခံရသူများက ဆန္ဒထုတ်ဖော် ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ေ ပါင်းတလည်မြို့တွင်သိမ်းဆည်းခံလယ်မြေနှင့်ပတ်သက်ပြီး 
လယ်ယာမြေသိမ်းဆည်းခံရသူများက ဆန္ဒထုတ်ဖော်
သတင်းတို ပေါင်းတလည် ဖေဖော်ဝါရီ ၂၈ ရက်
ပြည်မြို့နယ် ပေါင်းတလည်မြို့တွင်ဓါးမဦးချခုတ်ထွင်ရှင်းလင်းပြီး
ေ မြလုပ်ကိုင်သူ မြေခွန်ပြေစာရှိသည့် ဦးမြစိုး မြေအား ၁၈၉၄ ခုနှစ်
 မြေသိမ်းဆည်းရေးအက်ဥပဒေနှင့်အညီ မသိမ်းဆည်းဘဲ တရားမဝင်
သိမ်းဆည်းခြင်း၊ ဥပဒေမဲ့သိမ်းဆည်းခဲ့ပြီး ပုံစံ (၇) ထုတ်ယူသည့် ပြည်မြို့
နယ်အုပ်ချုပ်ရေးအား အရေးယူပေးပါရန်ေ ဖဖော်ဝါရီ (၂၈)ရက်နေ့ နံနက်(၉)
နာရီအချိန်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်း စုံ
Read More...

သတင်းအတို.. သိမ်းဆည်းခံလယ်မြေ ၈-ဧကနှင့်ပတ်သက်ပြီးဒေသခံ ၅၀-ခန့်ဆန္ဒထုတ်ဖော်

Leave a Comment


သတင်းအတို..
သိမ်းဆည်းခံလယ်မြေ ၈-ဧကနှင့်ပတ်သက်ပြီးဒေသခံ ၅၀-ခန့်ဆန္ဒထုတ်ဖော်
ပေါင်းတလည်၊ဖေဖော်ဝါရီ၊၂၈
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတလည်မြို့တွင် ပုဒ်မ ၄၄၇(ပိုင်နက်ကျူးလွန်မှုဖြင့်)တရားရင်ဆဲဖြစ်သည့် လယ်မြေ ၈-ဧကနှင့်ပတ်သက်ပြီး ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးအား တည်ဆဲဥပဒေဖြစ်သည့် ၁၈၉၄ ခုနှစ်မြေသိမ်းဆည်းရေးအက်ဥပဒေကို နိုင်ငံဝန်ထမ်းများမှ ဥပဒေ နှင့်အညီ တာဝန်သိမှု၊တာဝန်ယူမှုရှိစေရန် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
အဆိုပါဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉-နာရီအချိန်ခန့်မှာ ပြည်ခရိုင် ပေါင်းတလည်မြို့ အရှေ့ပိုင်းရပ်ကွက်မှစတင်ခဲ့တာဖြစ်ပြီး ထိုမှတဆင့် ပြည်/ပေါက်ခေါင်းလမ်းမကြီး၊ထို့နောက် သိမ်းဆည်းထားသည့် လယ်မြေရှိရာ ပြည်/ပေါက်ခေါင်းလမ်းမကြီးအနီးအထိဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ကြောင်းသိရသည်။
သတင်းအပြည့်အစုံဆက်လက်ဖော်ပြပါမည်။
ပြည်သတင်းလူငယ်
09253311019


Read More...

အွန်လိုင်းအသုံးပြုသူများ နှင့် နည်ပညာရှင်များစုပေါင်း၍ အွန်လိုင်းငြိမ်းချမ်းသောလူမှုရပ်ဝန်းတည်ဆောက်ခြင်းပွဲများကျင်းပ

Leave a Comment


အွန်လိုင်းအသုံးပြုသူများ နှင့် နည်ပညာရှင်များစုပေါင်း၍ အွန်လိုင်းငြိမ်းချမ်းသောလူမှုရပ်ဝန်းတည်ဆောက်ခြင်းပွဲများကျင်းပ


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက် ၉-နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည့် အွန်လိုင်းပေါ်တွင်ငြိမ်းချမ်းသော လူမှုရပ်ဝန်းတည်ဆောက်ခြင်းအခမ်းအနားအား တရုတ်စုရပ်ကွက် ဝါရုံလမ်း အမှတ် ၁၇၅၄ (Telenor Light House Pyay) မှာကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရပြီး ပြည်ခရိုင်အတွင်းရှိ အွန်လိုင်းအသုံးပြုသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါအွန်လိုင်းအသုံးပြုသူများ နှင့် နည်ပညာရှင်များစုပေါင်း၍ အွန်လိုင်းငြိမ်းချမ်းသောလူမှုရပ်ဝန်းတည်ဆောက်ခြင်းပွဲများအား ဖေဖော်ဝါရီ၂၇-ရက်နေ့တွင် ရန်ကုန်၊နေပြည်တော်၊မန္တလေး၊ကျောက်ပန်းတောင်း၊ပခုက္ကူ၊ရေနံချောင်း၊ပြည် စသည့်မြို့ကြီးများတွင် အဆိုပါ အလားတူးပွဲများအား ပွဲပေါင်း ၅၀-ခန့်ကျင်းပပြုလုပ်သွားခဲ့တာဖြစ်ကြောင်းသိရသည်။
အခုလို အွန်လိုင်းပေါ်မှာ ငြိမ်းချမ်းသောလူမှုရပ်ဝန်းတည်ဆောက်ရန်အတွက် တစ်ဦးချင်းဖြစ်စေ၊အခြားသူများနှင့်အတူ ကွန်ရက်(Network)ချိတ်ဆက် ပှုးပေါင်း၍ဖြစ်စေပါဝင်ခြင်းကြောင့် ငြိမ်းချမ်းရေးကို မြှင့်တင်အားပေးသော သတင်းစကားများအား ရေးသားတင်ပြပေးနေမှုကြောင့် အစိုးရကိုဖြစ်စေ၊ပုဂ္ဂလိက နှင့် သတင်းမီဒီယာများထံသို့ တွန်းအားပေးရာရောက်ပါတယ်။ဒီပွဲတက်ရောက်ရခြင်းကြောင့် မမှန်မကန် ၀ါဒဖြန့်နေတဲ့ ဘာသာရေးကိစ္စတွေ၊လူမျိုးရေးကိစ္စတွေ၊နိုင်ငံရေးကိစ္စတွေနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်တက်လာတဲ့ post တစ်ခုကို ပြီးစလွယ် ကူးယူတာတွေ၊အလွယ်တကူ ပြီးစလွယ် LIKE နှိပ်ထောက်ခံတာတွေမလုပ်ဖြစ်တော့ဘူးပေါ့။အွန်လိုင်းကို အကျိုးရှိစွာအသုံးချတတ်လာတယ်။ဒီလိုပွဲတွေမကြာခနလုပ်ပေးပါလို့တောင်းဆိုပါတယ်။” ဟု အဆိုပါအခမ်းအနားသို့တက်ရောက်လာသူ ကိုသန်းထိုက်အောင်က သမဂ္ဂဂျာနယ်သို့ ပြောသည်။

အဆိုပါ အွန်လိုင်းပေါ်တွင် ငြိမ်းချမ်းသော လူမှုရပ်ဝန်းတည်ဆောက်ခြင်းအဖွဲ့သည် အနယ်နယ်အရပ်ရပ်တွင်းယခုလိုပွဲများတစ်ရက်တည်းမှာပြိုင်တူကျင်းပပြုလုပ်သွားခဲ့တာဖြစ်ပြီး အဆိုပါအခမ်းအနားတွင် အွန်လိုင်းပေါ်မှာ ငြိမ်းချမ်းရေးကိုပျက်ပြားစေနိုင်သော Posts များအား Like လုပ်ပေးခြင်း၊ပြန်လည်ဖြန့်ဝေ Share ခြင်းများကိုရှောင်ရှားစေနိုင်ရန် အဓိကထား ဆွေးနွေးသွားခဲ့ကြောင်းသိရသည်။
“ယနေ့ပွင့်လင်းတိုးတက်လာတဲ့ ခေတ်နှင့်အညီ အွန်လိုင်းပေါ်မှာ လူမှုကွန်ယက်စာမျက်နှာအတုများပြုလုပ်သုံးစွဲနေကြတာအရမ်းများလာတယ်။ တိုင်းရင်းသား၊ပြည်တွင်းပြည်ပ၊ဘာသာရေးကိစ္စ မငြိမ်းချမ်းခြင်းများကိုသွေးထိုးလှို့ဆော်နေမှုတွေရှိလာသောကြောင့် မလိုလားအပ်သည့် ပဋိပက္ခများမဖြစ်ပေါ်လာစေရအောင် ငြိမ်းချမ်းရေးအမှန်တကယ်လိုလားတဲ့သူတွေ စုပေါင်းပြီး အွန်လိုင်းပေါ်မှ ငြိမ်းချမ်းရေးသတင်းစကားများကို ရေးသားတင်နိုင်ကြစေရန်အခုလိုဒီပွဲကိုလုပ်ရတာပါ။ အွန်လိုင်းပေါ်မှာ တင်နေကြတဲ့ ဘာသာရေးကိစ္စတွေ လူမျိုးရေးကိစ္စတွေ နိုင်ငံရေးကိစ္စတွေမဟုတ်မမှန်သွေးထိုးပြီး post တင်နေတာတွေကို ကိုယ့်အကောင့်မှာ ကူးယူရှယ်ယူခြင်းတွေမလုပ်ကြဖို့နဲ့ ကိုယ်ကိုတိုင်လည်း ဒီလိုတင်လာတဲ့ဝါဒဖြန့် Post တွေကို Like နှိပ်ထောက်ခံခြင်းတွေမပြုလုပ်ကြဖို့နဲ့ ကိုယ်မသိနားမလည်နိုင်တဲ့ ဘာသာရေးကိစ္စ လူမျိုးရေးကိစ္စ နိုင်ငံရေးကိစ္စတွေကို ၀ါဒဖြန့်ဝေခြင်းတွေမပြုလုပ်မိစေရန်အတွက် ပြည်မြို့ပေါ်က နည်းပညာတတ်ကျွမ်းနားလည်သူတွေအပါဝင် မြန်မာနိုင်ငံအတွင်းမှာ ရှိသည့် နည်းပညာတတ်ကျွမ်းနားလည်သူတွေ ဦးဆောင်ပြီး ဒီပွဲကိုကျင်းပခဲ့ရတာ။ အဓိကတော့ ဒီပွဲပြုလုပ်သူတွေရော ဒီပွဲကိုတက်ရောက်လာတဲ့သူတွေအကုန်လုံး အွန်လိုင်းပေါ်တွင် ငြိမ်းချမ်းသောလူမှုရပ်ဝန်းတည်ဆောက်လာစေနိုင်ရန် ယခုလိုကျင်းပပြုလုပ်ခဲ့ရတာပါ။”ဟု အဆိုပါပွဲအား ဦးဆောင်ကျင်းပသူ ကိုအောင်မြင့်သန်း(Telenor Light House Pyay) က သမဂ္ဂဂျာနယ်သို့ ပြောသည်။
ပြည်မြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားပွဲတွင် ပန်းစကားမှ လက်ဆောင်ပစ္စည်းများ မိတ်ဆက်ပေးခြင်း၊kiss emoticon အမုန်စကား animation ပုံများအား စုပေါင်းကြည့်ရှုခြင်း၊ငြိမ်းချမ်းရေး နှင့် online ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် online အသုံးပြုသူများ အချင်းချင်း စကားဝိုင်း ဆွေးနွေးခြင်း၊
kiss emoticon ဆွေးနွေးပွဲ အပြီးတွင် online ငြိမ်းချမ်းရေးအတွက် ပြုမူသင့်သည့် အမူအကျင့်များအား အကြံပေးခြင်းများကိုကျင်းပပြုလုပ်သွားခဲ့ပြီး အခမ်းအနားအပြီးတွင် ပြည်မြို့နယ်အတွင်းရှိ မိဘမဲ့ကျောင်းတစ်ချို့တွင် ပန်းစကားမှ ပုံဆွဲစာအုပ်များဝေငှခြင်း၊လူစည်ကားရာနေရာတွေမှာ ယခုကျင်းပပြုလုပ်ခဲ့သည့်အခမ်းအနားအကြောင်းအရာပါရှိသည့် လက်ကမ်းစာစောင်များဝေငှခြင်း ကမ်ပိန်းများပြုလုပ်ခဲ့ကြကြောင်းသိရသည်။
မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်
ပြည်သတင်းလူငယ်
09253311019

Read More...

ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော် နှစ်တစ်ရာပြည်အခမ်းအနား ပြည်မြို့တွင်ကျင်းပပြုလုပ်

Leave a Comment


ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော် နှစ်တစ်ရာပြည်အခမ်းအနား ပြည်မြို့တွင်ကျင်းပပြုလုပ်





ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဒက္ခိဏာရုံဘုန်းတော်ကြီးကျောင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ပြည်ခရိုင်)မှ နယ်ချဲ့ဆန့်ကျင်ရေး နှင့် အမျိုးသားလွတ်မြောက်ရေးကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် နှစ်တစ်ရာပြည့်အခမ်းအနားအား ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက် ၉-နာရီအချိန်ခန့်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။



အဆိုပါ ကျောင်းသားခေါင်ဆောင်တစ်ဦးဖြစ်သည့် ဗိုလ်အေင်ကျော် နှစ်တစ်ရာပြည်အခမ်းအနားအား အစီစဉ် ၁၀-ခုဖြင့်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားတွင် ဗကသများအဖွဲ့ချုပ် ပြည်ခရိုင် ဥက္ကဌ မှအဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။



“ဒီမိုကရေစီနိုင်ငံရေးလမ်းအတိုင်းအမှန်တစ်ကယ် သွားမယ်ဆိုရင်လက်ရှိဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားအားလုံးချွင်းချက်မရှိလွှတ်ပေးရမယ်။အမှုပေါင်းတစ်ရာလောက်နဲ့ ကျောင်းသားတွေကိုတရားစွဲဆိုထားတာဟာ အစိုးရတစ်ခုရဲ့ သရုပ်အမှန်ကိုပြနေတာပဲ။ နောက်တက်မည့် အစိုးရမဖြစ်မနေလုပ်ပေးရမှာက နိုင်ငံရေးအကျဉ်းသားတွေနဲ့ဆိုင်တဲ့ ဥပဒေတွေရေးဆွဲပေးရမယ်။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးရမယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းဆက်သွယ်နေမယ်ဆိုရင် ဒီနိုင်ငံဘာမှဖြစ်လာမှာမဟုတ်ဘူး။” ဟု ပြည်ခရိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးကျော်ဆန်း က သမဂ္ဂဂျာနယ်သို့ ပြောသည်။



အဆိုပါ ကျောင်းသားခေါင်ဆောင် ဗိုလ်အောင်ကျော် ကျဆုံးခြင်း နှစ်တစ်ရာပြည့်အခမ်းအနားတွင် နိုင်ငံရေးအဖွဲ့အစည်းအသီးသီး သ၀ဏ်လွှာများဖတ်ကြားခြင်း၊ကဗျာများရွတ်ဖတ်ခြင်း၊ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် နှင့်သက်ဆိုင်သော သမိုင်းများ၊အမှတ်တရစကားများအား တက်ရောက်လာသည့်အဖွဲ့အစည်းအသီးသီးမှ ပြောကြားခဲ့ကြောင်းသိရသည်။



“ဗိုလ်အောင်ကျော် ဘာ့ကြောင့် ကျဆုံးသွားတယ်ဆိုတာ ကျောင်းသားတော်တော်များများမသိကြဘူး။မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ခုလိုကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော် နှစ်တစ်ရာပြည့်ပွဲကို သုံးနေရာလောက်ပဲလုပ်ခဲ့တယ်။ ပြည်ခရိုင်၊ရန်ကုန်၊မုံရွာ အဲဒိသုံးမြို့မှာပဲလုပ်ဖြစ်တယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ထွက်တက်လာတဲ့အစိုးရကို အယုံကြည်မရှိဘူး။အခုတက်လာမဲ့ အစိုးရကလည်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကပဲ တက်လာတဲ့အစိုးရဖြစ်လို့ အယုံအကြည်မရှိဘူး။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးစေလိုတာမဟုတ်ဘူး။ဖျက်သိမ်းပေးစေလိုတာပါ။အခုလက်ရှိ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကျောင်းက ကျောင်းသားကျောင်းသူတွေကို အမှုပေါင်းတစ်ရာလောက်နဲ့တရားစွဲဆိုထားတယ်။မောက်တက်မဲ့ အစိုးရကလည်း ဒီကျောင်းသားကိစ္စတွေကို မဆိုင်သလိုနေ နေတယ်။ကျောင်းသားတွေတောင်းဆိုထားတဲ့အချက်ပေါင်း ၁၁-ချက်ကို ပြည့်ပြည့်၀၀အခုအချိန်အထိမရသေးဘူး။” ဟုဗကသများအဖွဲ့ချုပ်(ပြည်ခရိုင်)အတွင်းရေးမှူး ကိုစိုးမြတ်မင်း က သမဂ္ဂဂျာနယ်သို့ ပြောသည်။



အဆိုပါ ကျောင်းသားခေါင်ဆောင် ဗိုလ်အောင်ကျော် ကျဆုံးခြင်းနှစ်တစ်ရာပြည့်အခမ်းအနားအား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ပြည်ခရိုင်)၊နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(ပြည်ခရိုင်)၊မှိုင်းကွန်ရက်အဖွဲ့၊DPNS(ပြည်ခရိုင်)၊HRDP လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၊၈၈-ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့၊တို့မှ အင်အား ၅၀-ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။



မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်
ပြည်သတင်းလူငယ်
09253311019


Read More...

လူပျောက်အကြောင်းကြားခြင်း

Leave a Comment

လူပျောက်အကြောင်းကြားခြင်း 
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊နဝဒေးရပ်တွင်
နေထိုင်သော မတင်ဇာလွင်(၁၉)နှစ်(ဘ)ဦးတင်ဇော်
သည် ဖေဖော်ဝါရီ(၂၆)ရက်နေ့ ည(၇း၀၀)နာရီအချိန်
ခန့်တွင် မိခင်ဖြစ်သူနှင့်စကားများစိတ်ဆိုးကာ နေအိမ်
မှထွက်ခွာသွားပါသဖြင့် မတင်ဇာလွင်အား သိရှိသူများ
နှင့်လက်ခံထားသူများ ဆက်သွယ်အကြောင်းကြားအကူ
ညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။အကယ်၍များ(၃)
ရက်အတွင်း လက်ခံထားသူမှအကြောင်းဆက်သွယ်ခြင်း
မရှိပါက  ဥပဒေအရဆက်လက်ဆောင်ရွက်သွားမည်ဖြစ်
ပါကြောင်း။
အုပ်ထိန်းသူ 09-252845684


Read More...

Friday, February 26, 2016

သတင်းအတို... ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော် နှစ်တစ်ရာပြည်အခမ်းအနား ပြည်မြို့တွင်ကျင်းပပြုလုပ်

Leave a Comment


သတင်းအတို...

ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော် နှစ်တစ်ရာပြည်အခမ်းအနား ပြည်မြို့တွင်ကျင်းပပြုလုပ်

ပြည်၊ဖေဖော်ဝါရီ၊၂၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဒက္ခိဏာရုံဘုန်းတော်ကြီးကျောင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ပြည်ခရိုင်)မှ နယ်ချဲ့ဆန့်ကျင်ရေး နှင့် အမျိုးသားလွတ်မြောက်ရေးကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် နှစ်တစ်ရာပြည့်အခမ်းအနားအား ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက် ၉-နာရီအချိန်ခန့်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကျောင်းသားခေါင်ဆောင်တစ်ဦးဖြစ်သည့် ဗိုလ်အေင်ကျော် နှစ်တစ်ရာပြည်အခမ်းအနားအား အစီစဉ် ၁၀-ခုဖြင့်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားတွင် ဗကသများအဖွဲ့ချုပ် ပြည်ခရိုင် ဥက္ကဌ မှအဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

သတင်းအပြည့်အစုံဆက်လက်ဖော်ပြပါမည်။
ပြည်သတင်းလူငယ်
09253311019


Read More...

ပြည် သတင်းတို ဖေဖော်ဝါရီ ၂၇ ရက်

Leave a Comment


ပြည် သတင်းတို ဖေဖော်ဝါရီ ၂၇ ရက်

ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ဗကသများအဖွဲ့ချုပ်(မြေလတ်ဒေသ)၏
ဖွဲ့စည်းခြင်း (၁)နှစ်ပြည့် နှစ်ပတ်လည်အ ခမ်းအနားကိုသံလွင်ခက်(Olive Branch)
၌ဖေဖော်ဝါရီ(၂၇)ရက်နေ့  နံနက် (၉)နာရီ
အချိန်တွင်ကျင်းပပြုလုပ်ခဲ့သည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

သတင်းအတို... အွန်လိုင်းအသုံးပြုသူများ နှင့် နည်ပညာရှင်များစုပေါင်း၍ အွန်လိုင်းငြိမ်းချမ်းသောလူမှုရပ်ဝန်းတည်ဆောက်ခြင်းပွဲများကျင်းပ

Leave a Comment


သတင်းအတို...

အွန်လိုင်းအသုံးပြုသူများ နှင့် နည်ပညာရှင်များစုပေါင်း၍ အွန်လိုင်းငြိမ်းချမ်းသောလူမှုရပ်ဝန်းတည်ဆောက်ခြင်းပွဲများကျင်းပ



ပြည်၊ဖေဖော်ဝါရီ၊၂၇



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက် ၉-နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည့် အွန်လိုင်းပေါ်တွင်ငြိမ်းချမ်းသော လူမှုရပ်ဝန်းတည်ဆောက်ခြင်းအခမ်းအနားအား တရုတ်စုရပ်ကွက် ဝါရုံလမ်း အမှတ် ၁၇၅၄ (Telenor Light House Pyay) မှာကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရပြီး  ပြည်ခရိုင်အတွင်းရှိ အွန်လိုင်းအသုံးပြုသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။



 အဆိုပါအွန်လိုင်းအသုံးပြုသူများ နှင့် နည်ပညာရှင်များစုပေါင်း၍ အွန်လိုင်းငြိမ်းချမ်းသောလူမှုရပ်ဝန်းတည်ဆောက်ခြင်းပွဲများအား ဖေဖော်ဝါရီ၂၇-ရက်နေ့တွင် ရန်ကုန်၊နေပြည်တော်၊မန္တလေး၊ကျောက်ပန်းတောင်း၊ပခုက္ကူ၊ရေနံချောင်း၊ပြည် စသည့်မြို့ကြီးများတွင် အဆိုပါ အလားတူးပွဲများအား ပွဲပေါင်း ၅၀-ခန့်ကျင်းပပြုလုပ်သွားခဲ့တာဖြစ်ကြောင်းသိရသည်။

 သတင်းအပြည့်အစုံဆက်လက်ဖော်ပြပါမည်။
ပြည်သတင်းလူငယ်
09253311019


Read More...

၂၀၁၆ ခုနှစ်၊တက္ကသိုလ်ဝင်တန်း(၁၀)တန်းဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအတွက်အထူးယတြာ

Leave a Comment

၂၀၁၆ ခုနှစ်၊တက္ကသိုလ်ဝင်တန်း(၁၀)တန်းဖြေဆိုမည့်
ကျောင်းသား/ကျောင်းသူများအတွက်အထူးယတြာ

တက္ကသိုလ်ဝင်တန်း(၁၀)တန်းဖြေဆိုကြမည့် ကျောင်းတော်သား/
ကျောင်းတော်သူများအနေဖြင့် မိမိတို့၏ကံ၊ဥာဏ်၊ဝိရိယတို့သည်
သာ အဓိကဖြစ်ပါသည်။သို့ပါသော်လည်း ယတြာဆိုသည်မှာ
မိမိတို့ဖြေဆိုမည့်ကာလအတွင်း ကံဇာတာနိမ့်ကျလျှင် ကံဇာ
တာမြင့်မားစေခြင်း မကောင်းသော ဥပါဒ်ဘေးတို့မှ လွတ်မြောက်
ခြင်း၊လွတ်ကင်းခြင်းနှင့်မိမိတို့ကျက်မှတ်ထားသော စာများမေ့
လျော့ခြင်းတို့ကို အထူးအောင်းမေ့စေသည့် အကျိုးကျေးဇူးများ
ရရှိစေမှာဖြစ်ပါသည်။

ထို့ကြောင့်ကျောင်းသား/ကျောင်းသူများ အနေဖြင့် ဖြေဆိုမည့်
နေ့ အချိန် အခါတွင် ကျောင်းသား/ကျောင်းသူများ၏ မွေးနေ့
အလိုက် မိမိတို့သက်ဆိုင်ရာ ဂြိုလ်ခွင်များတွင် နံနက်(၆း၀၀)
နာရီမှ(၇း၀၀)အတွင်း ယတြာပြုလုပ်ရပါမည်။

ကျောင်းသား/ကျောင်းသူများကိုယ်စား ယတြာပြုလုပ်ပေးမည်
ဆိုပါက မိမိတို့နှင့်နီးဆက်ရာဘုရားတစ်ဆူ၏ ဂြိုလ်နံထောင့်တို့
တွင် ငါးပါးသီလခံယူစောင့်တည်၍ ယတြာလှူဖွယ်ပစ္စည်း ပန်း
များကိုမြတ်စွာဘုရားအားလှူဒါန်းဆပ်ကပ် မေတ္တာပို့အမျှဝေ ဆု
တောင်းမှသာလျှင် ယတြာကိစ္စအဝဝ အောင်မြင်ပါမည်။

၁။မြန်မာစာဖြေဆိုမည့်နေ့ …..ထီးဖြူ(၈)လက်၊ဖယောင်းတိုင်(၃)
တိုင်၊အမွှေးတိုင်(၃)၊ဂန္ဓမာပန်း(၈)ပွင့်။
၂။အင်္ဂလိပ်စာဖြေဆိုမည့်နေ့….ယပ်အဖြူ(၄)ချောင်း၊ဖယောင်းတိုင်
(၅)တိုင်၊အမွှေးတိုင်(၅)တိုင်၊နှင်းဆီ(၃)ပွင့်။
၃။သင်္ချာဖြေဆိုမည့်နေ့….ထီးအနီ(၃)လက်၊ဖယောင်းတိုင်(၁)တိုင်၊
အမွှေးတိုင်(၁)တိုင်၊အုန်းညွန့်(၆)ညွန့်။
၎။ဓာတုဗေဒဖြေဆိုမည့်နေ့….ယပ်အနီ(၃)ချောင်း၊ဖယောင်းတိုင်
(၂)တိုင်၊အမွှေးတိုင်(၂)တိုင်၊မေမြို့(၅)ပွင့်။
၅။ရူပဗေဒဖြေဆိုမည့်နေ့….ထီးအဝါ(၂)လက်၊ဖယောင်းတိုင်(၄)
တိုင်၊အမွှေးတိုင်(၄)တိုင်၊ဇီး(၃)ညွန့်။
၆။ဇီဝဗေဒ/ဘောဂဖြေဆိုမည့်နေ့….ယပ်အဝါ(၂)ချောင်း၊ဖယောင်း
တိုင်(၆)တိုင်၊အမွှေးတိုင်(၆)တိုင်၊ကံ့ကော်ညွန့်(၈)ညွန့်။

ရှောင်ရန်။ ။ဖြေဆိုမည့်ကာလအတွင်း ကြက်ဥ၊ဘဲဥ၊ငုံးဥ၊ချော
ကလပ်၊မုန့်ဟင်းခါး၊ခေါက်ဆွဲ၊ကြာဇံ၊အနက်ရောင်၊အနီရောင်၊စံ
ပယ်ပန်း တို့ကိုရှောင်ရန်ဖြစ်ပါသည်။

ဆောင်ရန်။ ။ဖြေဆိုပြီး အပြန်အိမ်ရောက်ပါက ကြံရည်(သို့)
ရွှေရင်အေးသောက်သုံးပါ။အဝါရောင်၊လိမ္မော်ရောင်၊နံ့သာရောင်
တို့ကိုဆောင်ရန်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက ဝင်ခွင့်ခုံနံပါတ် ကဒ်ပြားနှင့်အတူ အဘ
အောင်မင်းခေါင်(မြေး)တပည့် ကိုအာကာလင်း သင်္ဘောဆိပ်လမ်း၊
ပုထိးကြီးရပ်ကွက်၊နေအိမ် အဘဓါတ်နန်းသို့ လာရောက်မေးမြန်း
နိုင်ပါသည်။

ဆက်သွယ်ရန်….ဖုန်း ၀၉-၃၁၂၁၆၀၈၉ ဖြစ်ပြီး မေတ္တာတရားရှေ့
ထားကာဟောပြောပေးမည်ဖြစ်ကြောင်းသိရသည်။

မှတ်ချက်။ ။မြန်မာရှေးဆိုရိုးစကားအတိုင်း ယတြာကောင်းရင်
မင်းလောင်းဖြစ်သလို မိမိတို့ကလဲ ကံကိုယုံပြီးဆူးပုံကိုမနင်းရန်လို
အပ်ပါသည်။ကံရယ်၊ဥာဏ်ရယ်၊လုံးလရယ်၊ဝိရိယရယ် ပေါင်းဆပ်
ကာ ကြိုးစားသွားကျပါလို့ဖြေဆိုသူ ကျောင်းသား/ကျောင်းသူများ
အား အပြုသဘောဆောင်၍တင်ပြလိုက်ခြင်း ဖြစ်ပါသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Read More...

ပျဉ်းမအိုင် အမက ကျောင်းအနီးကွေ့တွင် အရှိန်မထိမ်းနိုင်ဘဲ မော်တော်ဆိုင်ကယ်တိမ်းမှောက်

Leave a Comment


ပျဉ်းမအိုင် အမက ကျောင်းအနီးကွေ့တွင် အရှိန်မထိမ်းနိုင်ဘဲ မော်တော်ဆိုင်ကယ်တိမ်းမှောက်


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် တီတွတ်ဘက် မှ ဝက်ထီးကန်ဘက်သို့ သွားရာလမ်းမကြီး ပျဉ်းမအိုင် အမက ကျောင်းအနီးကွေ့တွင် အရှိန်မထိမ်းနိုင်ဘဲ မော်တော်ဆိုင်ကယ်တိမ်းမှောက်မူတစ်ခုဖြစ်ပွားသွားခဲ့ကြောင်းသိရသည်။

အဆိုပါ အမည်မသိအမျိုးသားတစ်ဦးမောင်းနှင်လာသည့် ပမ/၂၉၉၉၄ သည်ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၅-နာရီခွဲ အချိန်ခန့်မှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး အဆိုပါ မော်တော်ဆိုင်ကယ်တိမ်းမှောက်မူကြောင့် မော်တော်ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး၏ ညာဘက်မျက်လုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

သတင်းအပြည့်အစုံဆက်လက်စုံစမ်းလျှက်ရှိပါသည်။

ပြည်သတင်းလူငယ်
09253311019

Read More...

Future Access တွင် သင်တန်း တက်ရောက်သူတိုင်း အောင်မြင်အောင်သင်ကြားပေးနေသော သင်တန်းဖြစ်၍ ယခုပဲလာရောက်စာရင်းပေးသွင်းလိုက်ပါ

Leave a Comment


Summer Classes for Kids
*********************
( Computer and English )

မူလတန်း နှင့်အလယ်တန်းအရွယ်ကလေးများအတွက် သူ့အရွယ် နှင့် သူကိုက်ညီစေမည့် အင်္ဂလိပ်စကားပြော နှင့် ကွန်ပျူတာသင်တန်းများကို နွေရာသီအားလပ်ရက်များတွင် အကျိုးရှိရှိ အသုံးပြုနိုင်စေရန် ရည်ရွယ်ပြီး Computer and English for Kids Classes များကိုဖွင့်လှစ်သင်ကြားပေးထားပါသည်။

Elementory for Kids (Level-1)
*************************
*Windows 7
*Painting
*Typing Tutor
*Introduction to Word Processing
*Games for English Practice
*English Speaking (Oxford University Materials)
သင်တန်းအချိန် တနင်္လာနေ့ မှ ကြာသပတေးနေ့အထိ 8:30 am _ 10:00 pm (သို့မဟုတ်) 4:30 pm _6:00 pm သင်တန်းကာလ-(၃-လ) သင်တန်းကြေး ၄၅၀၀၀ိ/ကျပ်။

Pre-intermediate for Kids (Level-2)
******************************
*Windows 7
*Microsoft Word 2010
*Microsoft Excel 2010
* Painting
*Games for English Practice
*English Speaking (Oxford University Materials)
သင်တန်းအချိန် တနင်္လာနေ့ မှ ကြာသပတေးနေ့အထိ 10:00 am_11:30 am (သို့မဟုတ်) 3:00 pm_4:30 pm သင်တန်းကာလ-(၃-လ) သင်တန်းကြေး ၅၅၀၀၀ိ/ကျပ်။

Intermediate for Kids (Level-3)
**************************
*Microsoft Word 2010
*Microsoft PowerPoint 2010
*Adobe PageMaker 7.0
*Microsoft Excel 2010
*English Speaking (Oxford University Materials)
သင်တန်းအချိန် တနင်္လာနေ့ မှ ကြာသပတေးနေ့အထိ 6:00 pm_7:30 pm သင်တန်းကာလ-(၃-လ) သင်တန်းကြေး ၅၅၀၀၀ိ/ကျပ်။

*ယခုဖော်ပြပါ သင်တန်းအားလုံးကို *မတ်လ-၁ ရက်*နေ့တွင်စတင်ပါမည်။
*သတ်မှတ်ပေးထားသော အချိန်များတွင် တက်ရောက်ရန် အခက်အခဲများရှိပါက ညှိနှိုင်းနိုင်ပါသည်။
*(၂)ဦး နှင့်အထက် လာရောက်အပ်နှံပါက Special Discount အစီအစဉ်များပါရှိပါသည်။
*Future Access တွင် သင်တန်း တက်ရောက်သူတိုင်း အောင်မြင်အောင်သင်ကြားပေးနေသော သင်တန်းဖြစ်၍ ယခုပဲလာရောက်စာရင်းပေးသွင်းလိုက်ပါ။

Future Access LCCI,Computer and Language Training Centre
အမှတ် ၄/၅၊ကျောက်တော်ကြီးဘုရားတိုက်ခန်း၊ဗိုလ်ချုပ်လမ်း၊ရွာဘဲရပ်၊ပြည်မြို့(အောင်သရဖူဆေးရုံဘေး)
Ph;09-259269847 / 09-259269848
Email:dawchawsu.lcci.pyay@gmail.com

https://www.facebook.com/Future-Access-pyay-LCCI-Computer-and-Language-Training-Centre-907639552639796/?fref=ts
 




 
Read More...

Thursday, February 25, 2016

အခြေခိုင်ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းနှင့်အခြေခံအင်္ဂလိပ်စာ စကားပြောသင်တန်းဖွင့်လှစ်မည့်နှိုးဆော်လွှာ

Leave a Comment

အခြေခိုင်ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းနှင့်အခြေခံအင်္ဂလိပ်စာ စကားပြောသင်တန်းဖွင့်လှစ်မည့်နှိုးဆော်လွှာ

ပြည် ဖေဖော်ဝါရီ ၂၆ ရက်
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊နဝင်းရပ်ကွက်၊ရွှေလက်လှ
နယ်မြေရှိအောင်မင်္ဂလာတိုက်သစ်ကျောင်း ပဓာန နာယကဆရာ
တော် ဘဒ္ဒန္တဝီရိယ(သဒ္ဒမ္မဇောတိကဓဇ)ဦးစီး၍ ရွှေလက်လှရပ်ကွ
က်၊ ရပ်မိ/ရပ်ဖ၊လူငယ်များကြီးကြပ်ကာ အခြေခိုင်ဗုဒ္ဓဘာသာယဉ်
ကျေးမှု သင်တန်းနှင့်အခြေံအင်္ဂလိပ်စာ စကားပြောသင်တန်းအမှတ် စဉ်(၁၁/၂၀၁၆)အား(၁၉.၃.၂၀၁၆)ရက်မှ(၁၀.၄.၂၀၁၆)ရက်နေ့ အ
ထိ ဖွင့်လှစ်မည်ဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် အမိအဖတို့အနေဖြင့် မိမိတို့၏ရင်သွေး
ရတ နာ သားငယ်၊သမီးငယ်များ၊အမျိုးဘာသာသာသနာကို ချစ်မြ
တ်နိုးပြီး (ဝံသာနုရက္ခိတ)စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးနှင့် သိမ်မွေ့နူးညံ့လိမ္မာယဉ်ကျေးမှုရှိစေရန်၊နှလုံးသားဝယ်ဘာသာတ
ရား ခိုင်မာပြီး ထူးချွန်ထက်မြက်သော ရင်သွေးငယ်များအဖြစ် ပုံ
သွင်းလိုပါက မိမိတို့မိဘအုပ်ထိန်းသူများကိုယ်တိုင် သားငယ်၊သမီး
ငယ်များအား စာရင်းပေးသွင်းအပ်နိုင်ပြီဖြစ်ပါကြောင်း၊ဘာသာ သာ
သနာပြန့်ပွားရေးရည်မျှော်တွေးကာ အသိပေးနှိုးဆော်အပ်ပါသည်။

မှတ်ချက်။ ။ဘာသာ သာသနာကိုချစ်မြတ်နိုးသူတိုင်းမည်သူမဆို 
လာရောက်လေ့လာသင်ယူနိုင်ပါကြောင်း။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

ပည်မြို့နယ်လုံးဆိုင်ရာ မီးဘေး နှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး နှင့် ကူညီကယ်ဆယ်ရေးကွန်ယက်ဖွဲ့စည်း

Leave a Comment




ပြည်မြို့နယ်လုံးဆိုင်ရာ မီးဘေး နှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး နှင့် ကူညီကယ်ဆယ်ရေးကွန်ယက်ဖွဲ့စည်း



ပြည်၊ဖေဖော်ဝါရီ၊၂၅





ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နေ့လည် ၁-နာရီအချိန်မှ စတင်ကာ ပြည်မြို့နယ်လုံးဆိုင်ရာ မီးဘေး နှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး နှင့် ကူညီကယ်ဆယ်ရေးကွန်ယက် ဖွဲ့စည်းခြင်းအခမ်းအနားအား ပြည်မြို့ ဆံတော်ရပ် ရွှေသာလျောင်းဘုရားလမ်း အောင်ပွဲဝင်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။



အဆိုပါ လူမှုရေးအသင်းအဖွဲ့များ နှင့် နိုင်ငံရေးတက်ကြွစိတ်ပါဝင်စားသူများပါဝင်သည့် ကွန်ယက်ဖွဲ့စည်းခြင်းကိစ္စမှာ မြန်မာနိုင်ငံတစ်ဝှမ်းတွင် အယ်နီညိုရာသီဥတုကြောင့်ဖြစ်စေ၊သဘာဝအန္တရာယ်ကြောင့်ဖြစ်စေ၊လူတို့၏ ပယောဂဖန်တီးမှုကြောင့်ဖြစ်စေ၊မီးဘေးများမကြာမဏဆိုသလို ကျရောက်နေသဖြင့် ပြည်မြို့နယ်ကိုလည်း ဤသို့မီးဘေးအန္တရာယ်မကျရောက်စေရန် လူမှုရေးအသင်းအဖွဲ့များ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ စုပေါင်း၍ ယခုလိုကွန်ယက်ဖွဲ့စည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။



“ထူးထူးဆန်းဆန်းမီးဘေးအန္တရာယ်တွေမြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတယ်။ဖြစ်ပေါ်တဲ့နေရာတိုင်းက ဈေးကြီးတွေနဲ့ဈေးတွေအနီးမှာရှိနေတဲ့နေအိမ်တွေမှာမီးဘေးတွေကျရောက်နေတယ်။ကျွန်တော့တို့မိတ်ဆွေတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဒီမီးဘေးကိစ္စတွေပြောဖြစ်ရင်းနဲ့ ဒီလိုကွန်ယက်ဖွဲ့ဖို့ဆွေးနွေးခဲ့ကြတာပါ။သဘာဝဘေးအန္တရာယ်ကြောင့်ပဲဖြစ်ဖြစ်၊လူတွေဖန်တီးတဲ့ ပယောဂဖန်တီးမှုတစ်ခုဖြစ်ဖြစ် ကောလဟာလဖြစ်ဖြစ် အမှန်တစ်ကယ်ဖြစ်ဖြစ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်အသင်းအဖွဲ့ပေါင်းစုံပါဝင်ဖွဲ့စည်းပြီး ကွန်ယက်ဖွဲ့ခဲ့ကြပါတယ်။ကျန်နေသေးတဲ့မြို့ရွာတွေမှာလည်း ကျွန်တော်တို့လို ကွန်ယက်ဖွဲ့စည်းဖို့တိုက်တွန်းပေးခြင်ပါတယ်။” ဟုအဆိုပါအခမ်းအနားဖြစ်မြောက်အောင်ဆောင်ရွက်သူတစ်ဦးဖြစ်သည့် ဦးအေးလွင်ကပြောသည်။



အဆိုပါကွန်ယက်ဖွဲ့စည်းရခြင်းမှာ ပြည်မြို့သူ/သားများ၏ အသက်အိုးအိမ်စည်းစိမ်အား ထိခိုက်ဝါးမျိုမည့် မီးဘေးအန္တရာယ်အား စုပေါင်းကြိုတင်ကာကွယ်တားဆီးနိုင်ရေး၊ယခုကဲ့သို့လုပ်ဆောင်ချက်များအား မီဒီယာမှတဆင့် အများပြည်သူသိစေခြင်းဖြင့် ကိုယ်ပိုင်အသိစိတ်ဓာတ်များရှင်သန်လာပြီး မီးဘေးကာကွယ်မှုများ အိမ်တိုင်းပြုလုပ်လာစေရေး၊စိတ်ပိုင်းဆိုင်ရာ အသင့်ပြင်ဆင်မှုရရှိလာစေရေး၊မီဒီယာမှတဆင့် တစ်နိုင်ငံလုံးသိရှိပြီး အခြားမြို့ရွာများတွင်လည်း အလားတူအသင်းအဖွဲ့များပေါ်ပေါက်လာ၍ ပြည်သူ့အကျိုးများ ကာကွယ်စောင့်ရှောက်လာနိုင်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် ကွန်ယက်ဖွဲ့စည်းရခြင်းဖြစ်ကြောင်းသိရသည်။



“မီးဘေးအန္တရာယ်ကို ကာကွယ်ချင်တဲ့အထိမ်းအမှတ်အနေနဲ့ဖွဲ့စည်းခဲ့ကြတာ။အခုဖြစ်ပေါ်နေတဲ့ မီးလောင်မှုတော်တော်များများမှာ ဈေးကြီးတွေမှာ မီးလောင်မှုများပြားနေခဲ့တယ်။ ပြည်မြို့မဈေးကြီးမှာဆို ဈေးဆိုင်းခန်းပေါင်း ၁၈၀၀-ခန့်ရှိနေတယ်။ ဒီဈေးကြီးကို မှီခိုစားသောက်နေထိုင်နေမှုတွေအများကြီးပဲ။ကျန်တဲ့ဈေးလေးတွေလည်းရှိပါတယ်။ကောလဟာလတွေဆိုတာကလည်း တစ်ခါတလေမှန်နေတတ်တယ်။လုံခြုံရေးအရ ညစဉ်ညတိုင်းကင်းလှည့်တာတွေလုပ်သွားမယ်။ကင်းလှည့်ဖို့အတွက် ကျွန်တော်တို့ ဆီကကားတွေထုတ်သုံးပေးမယ်။မီးလောင်ခဲ့ရင် ကျွန်တော်တို့က ရေသယ်ပေးတဲ့အဆင့်လောက်ပဲရှိပါမယ်။မီးငြိမ်းသတ်ရမှာက မီးသတ်ဌာနတွေအဓိကလုပ်ဆောင်နေကြတယ်။ကျွန်တော်တို့က ကြိုတင်ကာကွယ်တားဆီးနိုင်အောင်ဆောင်ရွက်သွားကြမှာပါ။ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် မလိုလားအပ်တဲ့ ရှို့မီးတွေလျော့ကျသွားနိုင်တယ်။ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းကပိုမိုထိရောက်ပါတယ်။” ဟု မိုးမေတ္တာနာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးညီညီအောင် ကပြောသည်။



အဆိုပါကွန်ယက်သည် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စများအား ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများနှင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လူမှုရေးအသင်းအဖွဲ့များ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊မြို့မိမြို့ဖများ၊စေတနာ့ဝန်ထမ်းများ၊အစိုးရအဖွဲ့အစည်းများ၊သန္ဓေမီးသတ်များ၊အရံမီးသတ်များ စသည့်အဖွဲ့အစည်းများဖြင့် ပှုးပေါင်းပါဝင်ဆက်သွယ်၍ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စများအား ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများနှင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ပြီး အဆိုပါအခမ်းအနားကို ပြည်မြို့အတွင်းရှိ လူမှုရေးအသင်းဖွဲ့များ၊နိုင်ငံရေးတက်ကြွလှုပ်ရှားကြသူများ၊မြို့မိမြို့ဖများ စုစုပေါင်းအင်အား ၁၀၀-ခန့်တက်ရောက်ခန့်ကြောင်းသိရပြီး ကော်မတီအသီးသီးဖွဲ့စည်း၍ ပြည်မြို့နယ်လုံးဆိုင်ရာ မီးဘေး နှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး နှင့် ကူညီကယ်ဆယ်ရေးကွန်ယက်ဖွဲ့စည်းသွားခဲ့ကြောင်းသိရသည်။



K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်
09253311019


Read More...

မြန်မာမီးရထားဌာနပိုင် မြေနေရာရှိကျူးကျော်နေအိမ် နှင့် ဈေးဆိုင်ခန်း ၂၀၀-ခန့်အား ရက်ပေါင်း နှစ်ဆယ်ခန့်အတွင်းအပြီးသတ်ဖယ်ရှားခိုင်း

Leave a Comment




မြန်မာမီးရထားဌာနပိုင် မြေနေရာရှိကျူးကျော်နေအိမ် နှင့် ဈေးဆိုင်ခန်း ၂၀၀-ခန့်အား ရက်ပေါင်း နှစ်ဆယ်ခန့်အတွင်းအပြီးသတ်ဖယ်ရှားခိုင်း



ပြည်၊ဖေဖော်ဝါရီ၊၂၅





ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့မြန်မာ့မီးရထားဘူတာကြီးနယ်နိမိတ် နှင့် မီးရထားလမ်းဘေးမှာ နေထိုင်ကြသည့် ကျူးကျော်နေအိမ်တွေ နှင့် ဈေးဆိုင်များအားပြည်မြို့ မြန်မာ့မီးရထားဘူတာကြီး မှ တာဝန်ရှိသူများက ဖယ်ရှားပေးရန်အတွက် ပြောဆိုလာမှုကြောင့် နေရာဖယ်ပေးရမည်ကို ကျူးကျော်နေအိမ်များ နှင့် ဈေးဆိုင်ပိုင်ရှင်များမှ စိုးရိမ်လျှက်ရှိနေကြောင်းသိရသည်။



“ ဖယ်ရှားရမယ်ဆိုရင်လည်းမီးရထားလမ်းဘယ်ညာကိုဖယ်ရှားခိုင်းစေချင်တယ်။တစ်ဖက်ထဲကိုကွက်ပြီး ဖယ်ခိုင်းတာ ကိုတောင်မှမျက်နှာမရှိတဲ့ဆင်းရဲသားတွေကို ဖိနှိပ်ဖယ်ရှားခိုင်းသလိုဖြစ်နေတယ်။တစ်ချို့အုတ်နံရံတွေနဲ့  နေအိမ်တိုက်တွေ အခိုင်မာဆောက်နေတာတွေရှိတယ်။သူတို့တွေကိုကွတ်ချန်ခဲ့လို့ မရဘူးလေ။ အခုသူတို့ပြောတာကတော့
မီးရထားသံလမ်းကပေ ၅၀ အကွာမလွတ်တာမှန်သမျှဖယ်ရမယ် ပြောတယ်။
စားစရာမရှိမှာကိုမပူပါဘူး နေစရာမရှိမှာကိုပဲဆိုးတယ်။ ကျွန်တော်မှာ
အထက်တန်းကျောင်းသား သုံးယောက်တောင် ရှိတယ်ဘယ်မှာသွားနေကြမလဲ
ဒီနေရာမှာနေလာခဲ့တာ နှစ် ၆၀ လောက်ရှိပြီ” ဟု ဦးမော်စီ ကပြောသည်။



အဆိုပါ မီးရထားဘူတာကြီး နှင့် ရထားလမ်းဘေးတွင် ကျူးကျော်၍ နေအိမ်ဆောက်လုပ်နေထိုင်ကြသူများ နှင့် ဈေးဆိုင်ခန်းများအား ယခုကဲ့သို့ မြန်မာ့မီးရထားဘူတာကြီးမှ တာဝန်ရှိသူများ မကြာခနဆိုသလို လာရောက်တားမြစ်ခြင်း၊နို့တစ်စာများပေးပို့ခြင်းများပြုလုပ်လျှက်ရှိကြောင်းသိရပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ခန့်မှာ အပြီးသတ်ဖယ်ရှားပေးရန် အဆိုပါ ကျူးကျော်နေအိမ်များ နှင့် ဈေးဆိုင်များအား နို့တစ်စာပေးပို့ခဲ့ကြပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ထပ်မံလာရောက်တားမြစ်ခဲ့ကြပြီး လာမည့် ၁၀-၃-၂၀၁၆ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးရန် ပြည်မြို့ဘူတာကြီးမှ တာဝန်ရှိသူများက ပြောကြားသွားခဲ့ကြောင်းသိရသည်။



“အခုနေတဲ့နေရာကို သုံးလပိုင်း ဆယ်ရက်နေ့နောက်ဆုံးထားရွေ့ပေးရမယ်တဲ့။ဖယ်မပေးရင် ဘတ်ဖိုးနဲ့ထုတ်မယ်လို့ ဘူတာကြီးကတာဝန်ရှိသူတွေကျိန်းမောင်းပြောဆိုသွားကြတယ်။ဒီနေရာမှာဆက်လက်အလုပ်တွေလုပ်ကိုင်ပြီးနေထိုင်နိုင်ဖို့ မီးရထားမြေနေရာ အမည်ပေါက်လုပ်ပေးမယ်ဆိုလို့ ဘူတာကြီးက ၀န်ထမ်းတစ်ချို့ကို ပိုက်ဆံပေးထားရတာတွေလည်းရှိတယ်။ကျွန်မက မီးရထားဝန်ထမ်းငယ်ပါ။စီးပွားရေးအဆင်မပြေလို့အခုလိုဈေးရောင်းရတာပါရှင်းပြလည်းမရဘူး အခုလာမဲ့ ၁၀-၃-၂၀၁၆ ရက်နေ့နောက်ဆုံးထားဖယ်ပေးခိုင်းတယ်။ပြီးတော့လက်မှတ်တွေလည်းထိုးခိုင်းတယ်။ကျွန်မလက်မှတ်တွေထိုးမပေးလိုက်ပါဘူး။လက်မှတ်ထိုးမပေးလို့ ကျွန်မကို ဘူတာကတာဝန်ရှိသူတွေက ဒီကောင်မကိုဖမ်း ရဲသွားခေါ် အဲဒါတွေကအစပြောဆိုသွားကြတယ်။ ၀န်ထမ်းငယ်တွေဖြစ်လို့ ဒီနေရာကပြောင်းရွေ့ပေးရမယ်ဆိုရင် အခက်အခဲတွေအများကြီးရှိပါတယ်။ကျွန်မတို့ကတော့ ဒီနေရာလေးကဖျက်မပေးနိုင်ဘူး။စီးပွားရေးမပြေလည်လို့ဖရဲသီးလေးရောင်းစားချင်သေးတယ်။” ဟုဒေါ်လှလှဌေး ကပြောသည်။



အဆိုပါ ပြည်မြို့တွင်  မြန်မာ့မီးရထားဝန်ကြီးဌာနအနေနဲ့ အကောင်ထည်ဖော်ဆောင်ရွက်သွားမည့်
လုပ်ငန်းစဉ်များဖြစ်သည့် ပြည်မြို့ ရွာဘဲရပ်ကွက်၊ ပြည်ရတနာလမ်း မှ စတင်၍
ဆံတော်ရပ်ကွက်၊ မြောက်စောင်းတန်းလမ်းထိ မီးရထားသံလမ်းတစ်လျှောက်၊
ညာဘက်ခြမ်းတွင်ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းတူးဖော်ခြင်းနှင့်
ပြည်မြို့မှပြန်လည်ထွက်ခွာမည့် ရထားတွဲဆိုင်းများစစ်ဆေးခြင်း၊
သန့်ရှင်းရေးလုပ်ငန်းများလုပ်ဆောင်ခြင်း များပြုလုပ်မည့်နေရာများကို
ဦးစွာဖယ်ရှားပေးရမည်ဖြစ်ကြောင်း အထူးတန်းရုံပိုင် ရုံးကတဆင့်သိရသည်။



“ကျူးကျော်တွေကို နေရာဖယ်ပေးဖို့ ဖျက်သိမ်းပေးဖို့လိုက်လံအသိပေးတာပါ။သုံးလပိုင်း ဆယ်ရက်နေ့ကို အပြီးဖယ်ရှားပေးဖို့သွားရောက်အသိပေးပြောဆိုခဲ့တာပါ။သူတို့မဖယ်ရှားမပေးမခြင်း ကျွန်တော်တို့ဘက်က လုပ်စရာရှိတာတွေလုပ်ဆောင်သွားရမှာပဲ။မီးရထားက လုပ်ငန်းလိုအပ်ချက်အရ လိုအပ်လာရင် မဖြစ်မနေ ဥပဒေအတိုင်းဖျက်သိမ်းသွားမှာပါ။မီးရထားဌာနရဲ့ အထက်အရာရှိတွေက မီးရထားလိုအပ်ချက်အရ ရှင်းလင်းပေးဖို့ ကျွန်တော်တို့ကို ပြောထားပြီးပါပြီ။ဒီမြေက ကျွန်တော်တို့မြေမဟုတ်ဘူး ဌာနမြေဖြစ်တဲ့အတွက် ဥပဒေအတိုင်း ဌာနအတွက်ကျွန်တော်လည်းအလုပ် လုပ်နေတာပါ။အခွန်အခပေးနေတဲ့ မီးရထားကခွင့်ပြုပေးထားတဲ့ ဆိုင်ခန်းတွေက သီးသန့်ပါ။အခု ဘူတာကြီးသံလမ်းဘေးတွေမှာရှိတဲ့ ကျူးကျော်နေကြတဲ့ နေအိမ် နဲ့ ဆိုင်ခန်းတွေက နှစ်ရာလောက်ရှိနေတယ်။ခုလိုသတိပေးမှုတွေက ကျွန်တော်ဒီရောက်တဲ့ နှစ်နှစ်ကာလမှာ လေးကြိမ်လောက်ရှိနေပါပြီ။အခုဟာက စာပေးတဲ့အဆင့်တောင်မဟုတ်ပါဘူး။ပါးစပ်နဲ့ပြောပြီးလက်မှတ်ထိုးခိုင်းတာပါ။မြို့ကောင်းစားရေ၊မြို့သန့်ရှင်းရေး၊တိုင်ပြည်ကောင်းစားရေးအတွက် ပြည်သူတွေ ဥပဒေလိုက်နာသင့်ပါတယ်။”ဟု ပြည်မြို့မြန်မာ့မီးရထား ဘူတာကြီး အထူးတန်းရုံပိုင်ကြီး ဦးခင်မောင်အေး ကပြောသည်။



အဆိုပါ ပြည်မြို့မီးရထားဝန်ကြီးဌာနပိုင်
ဧရိယာအတွင်းရှိကျုးကျော်နေအိမ်များကို ရွှေ့ပြောင်းပေးရန်
အကြောင်းကြားစာများပေးပို့ထားပြီး ရထားသံလမ်းအနီးရေစီးရေလာကောင်းမွန်ရေး
လုပ်ငန်းပိုင်းနှင့်
မီးရထားကြံ့ခိုင်ရေးပြန်လည်ပြုလုပ်မည့်နေရာများမှ ကျူးကျော်
နေအိမ်များဦးစားပေးဖယ်ရှားပေးရမှာဖြစ်ပြီး
လက်ရှိပြည်မြို့မြန်မာ့မီးရထားဌာနပိုင် စက်ခေါင်းရုံမြေနေရာ၊
ဘူတာရုံဧရိယာနှင့် အင်ဂျင်နီယာဌာနမြေများ အတွင်း ကျုးကျော်နေအိမ် ၂၀၀
ကျော်တို့အား လာမည့် ၁၀-၃-၂၀၁၆ ရက်နေ့တွင်နောက်ဆုံးထားဖယ်ရှားခိုင်းထားသော်လည်း ကျူးကျော်နေအိမ်များ နှင့် ဈေးဆိုင်များကတော့ ဆယ်စုနှစ်များစွာ(၁၀-နှစ် မှ နှစ်-၆၀)အထိနေထိုင်လာကြသည့်နေရာများဖြစ်နေမှုနှင့် စားရေးထက် နေထိုင်ရေးခက်ခဲနေမှုများကြောင့် လက်ရှိနေရာများမှဖယ်ရှားပေးသွားမည်မဟုတ်ကြောင်းသိရသည်။



K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်
09253311019







Read More...

ပြည်မြို့နယ်လုံးဆိုင်ရာ မီးဘေး နှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး နှင့် ကူညီကယ်ဆယ်ရေးကွန်ယက်ဖွဲ့စည်း

Leave a Comment

ပြည်မြို့နယ်လုံးဆိုင်ရာ မီးဘေး နှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး နှင့် ကူညီကယ်ဆယ်ရေးကွန်ယက်ဖွဲ့စည်း

သတင်းအတို..........

ပြည်၊ဖေဖော်ဝါရီ၊၂၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နေ့လည် ၁-နာရီအချိန်မှ စတင်ကာ ပြည်မြို့နယ်လုံးဆိုင်ရာ မီးဘေး နှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး နှင့် ကူညီကယ်ဆယ်ရေးကွန်ယက် ဖွဲ့စည်းခြင်းအခမ်းအနားအား ပြည်မြို့ ဆံတော်ရပ် ရွှေသာလျောင်းဘုရားလမ်း အောင်ပွဲဝင်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ လူမှုရေးအသင်းအဖွဲ့များ နှင့် နိုင်ငံရေးတက်ကြွစိတ်ပါဝင်စားသူများပါဝင်သည့် ကွန်ယက်ဖွဲ့စည်းခြင်းကိစ္စမှာ မြန်မာနိုင်ငံတစ်ဝှမ်းတွင် အယ်နီညိုရာသီဥတုကြောင့်ဖြစ်စေ၊သဘာဝအန္တရာယ်ကြောင့်ဖြစ်စေ၊လူတို့၏ ပယောဂဖန်တီးမှုကြောင့်ဖြစ်စေ၊မီးဘေးများမကြာမဏဆိုသလို ကျရောက်နေသဖြင့် ပြည်မြို့နယ်ကိုလည်း ဤသို့မီးဘေးအန္တရာယ်မကျရောက်စေရန် လူမှုရေးအသင်းအဖွဲ့များ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ စုပေါင်း၍ ယခုလိုကွန်ယက်ဖွဲ့စည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖော်ပြပေးပါမည်။

ပြည်သတင်းလူငယ်
09253311019


Read More...

Wednesday, February 24, 2016

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ ဖိုးဦးတောင်စေတီတော်မြတ်ကြီး တောင်တော်မြတ်ပေါ်တွင် ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မှ မှော်ဘီအဘဖြူ ဦးစီး၍ ရန်ကုန်မြို့။မှော်ဘီမြို့။ပြည်မြို့တို့မှ ၇-ရက်သားသမီးများ နှင့် မှော်ဘီအဘဖြူ၏ သားသမီးမြေးတပည့်များမှ ထမင်းနဲအလှူဒါနအား ဖိုးဦးတောင်စေတီတော်မြတ်ကြီးသို့ လာရောက်ကြသော ဘုရားဖူးလာပြည်သူများထံသို့ ထမင်းနဲဒယ်ပေါင်း ၂၃-ဒယ်အား ဝေငှလှူဒါန်းခဲ့ပါကြောင်း ယခုကဲ့သို့လှူဒါန်းမှူ အစုစုအား ၇-ရက်သားသမီးအများပြည်သူများနှင့် မှော်ဘီအဘဖြူ ၏ သားသမီးမြေးတပည့်များ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုတော်မှုနိုင်ကြပါစေ။ မှော်ဘီအဘဖြူ

Leave a Comment


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ ဖိုးဦးတောင်စေတီတော်မြတ်ကြီး တောင်တော်မြတ်ပေါ်တွင် ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မှ မှော်ဘီအဘဖြူ ဦးစီး၍ ရန်ကုန်မြို့။မှော်ဘီမြို့။ပြည်မြို့တို့မှ ၇-ရက်သားသမီးများ နှင့် မှော်ဘီအဘဖြူ၏ သားသမီးမြေးတပည့်များမှ ထမင်းနဲအလှူဒါနအား ဖိုးဦးတောင်စေတီတော်မြတ်ကြီးသို့ လာရောက်ကြသော ဘုရားဖူးလာပြည်သူများထံသို့ ထမင်းနဲဒယ်ပေါင်း ၂၃-ဒယ်အား ဝေငှလှူဒါန်းခဲ့ပါကြောင်း ယခုကဲ့သို့လှူဒါန်းမှူ အစုစုအား ၇-ရက်သားသမီးအများပြည်သူများနှင့် မှော်ဘီအဘဖြူ ၏ သားသမီးမြေးတပည့်များ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုတော်မှုနိုင်ကြပါစေ။

မှော်ဘီအဘဖြူ  





Read More...

ဖိုးဦးတောင်စေတီသို့ အလှူလာလုပ်သည့် မှန်လုံယာဉ်တစ်စီး ချောက်ထဲထိုးကျ တစ်ဦးသေဆုံး ကျန်လူများ ဒဏ်ရာအသီးသီးရရှိခဲ့

Leave a Comment




ဖိုးဦးတောင်စေတီသို့ အလှူလာလုပ်သည့် မှန်လုံယာဉ်တစ်စီး ချောက်ထဲထိုးကျ တစ်ဦးသေဆုံး ကျန်လူများ ဒဏ်ရာအသီးသီးရရှိခဲ့



ပြည်၊ဖေဖော်ဝါရီ၊၂၄





ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွာသာယာအုပ်စုအတွင်းရှိ ဖိုးဦတောင်စေတီတော်မြတ်ကြီးသို့ ရန်ကုန်မြို့မှာနေထိုင်သည့် ဘိုးတော်အောင်မောင်း ဦးစီးလိုက်ပါလာသော HYUNDAR COUNTY MINI BUS အမျိုးအစား အစိမ်းရောင်  မှန်လုံယာဉ်တစ်စီးသည် ဖေဖော်ဝါရီ ၂၄-ရက်နေ့ နံနက်စောစော ၁၂း၃၀ ချိန်ခန့်က ဖိုးဦးတောင်မှ အလှူလုပ်ပြီးအပြန် ချောက်ထဲသို့ထိုးကျသွားခဲ့ကြောင်းသိရသည်။



အဆိုပါ ဘိုးတော်အောင်မောင်း ဦးစီးလိုက်ပါလာသည့် ဖိုးဦးတောင်စေတီတော်မြတ်ကြီးသို့ နှစ်စဉ်နှစ်တိုင်း တပို့တွဲလပြည့်နေ့တွေမှာ လာရောက်၍ ဘုရားဖူးလာပြည်သူများအား ထမင်းဟင်းကြွေးခြင်းများပြုလုပ်ခဲ့ကြတာဖြစ်ပြီး တပို့တွဲလပြည့်ည ဖေဖော်ဝါရီ ၂၃ ရက်နေ့ ည ၁၁း၃၀ အချိန်ခန့်မှ ဖိုးဦးတောင်ပေါ်မှ အဆိုပါကားဖြင့် ပြန်လည်ဆင်းသွားရာ ကားဘရိတ်ပေါက်၍ ထိုနေ့ည  ၁၂-ကျော်အချိန်ခန့်မှာ ယခုလိုချောက်ထဲထိုးကျခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ဦးသေးဆုံး၍ ကျန်လူများဒဏ်ရာအသီးသီးရရှိခဲ့ကြောင်းသိရသည်။



“  ကျွန်တော်တို့ကတပို့တွဲလပြည့်နေ့ ဖိုးဦးတောင်ပေါ်မှာ  မှော်ဘီအဘဖြူနဲ့ထမင်းနဲလှူပြီး ညပိုင်းပုတီးစိတ်ဗေဒင်တွက်နေတုန်း ကျွန်တော်တို့နားက အဲဒိအဖွဲ့တောင်အောက်ဆင်းသွားတာ။အချိန်က ည ၁၁း၃၀လောက်ရှိပြီး နာရီဝက်လောက်ကြာတော့ တောင်ပေါ်ကိုဖုန်းဝင်လာတယ်။ဘိုးတော်အောင်မောင်းဦးစီးပါလာတဲ့ ကားချောက်ထဲကျတယ်။ကယ်မယ့်သူမရှိဘူးလို့ ချောက်ထဲထိုးကျသွားတဲ့ ကားပေါ်ပါသွားပြီးနည်းနည်းသက်သာတဲ့သူက ဖုန်းလှမ်းဆက်တာနဲ့ ကျွန်တော်တို့တောင်အောက်ကိုအပြေးအလွှားဆင်းသွားတယ်။ တောင်အောက်ရောက်တော့ ဖိုးဦးတောင်အကွေ့မှာ ကားကြီးက ချောက်ထဲထိုးကျနေတာတွေ့ရတယ်။ကယ်ပါ။ကယ်ကြပါနဲ့အားလုံးအော်ဟစ်အကူအညီတောင်းနေသံကြားရတယ်။ကားချောက်ထဲထိုးကျသွားတဲ့နေရာအနီးမှာရှိတဲ့ ရွာသစ်ကရွာသားတွေနဲ့ကျွန်တော်တို့တွေ လူတွေကယ်ထုတ်ကြတယ်။ခြေကွဲဒူးပြဲ လက်ကွဲတွေအများကြီးဖြစ်နေတာတွေလည်းရှိတယ်။ အမျိုးသမီးနှစ်ယောက်လောက်က သတိလစ်သလိုဖြစ်နေတယ်။ဆယ်မိနစ်လောက်အကြာမှာ ရွာသစ်ကလူတွေရယ်၊ရွာသာယာနဲ့ စစ်တ၀င်းကဒေသခံတွေလာလို့ ပိုမိုမြန်ဆန်စွာ ကယ်ထုတ်နိုင်တယ်။နောက်ဆုံးဆံတော်မီးသတ်ရဲဘော်တွေနဲ့ မီးသတ်ကားရောက်လာတယ်။ ရဲတပ်သားနှစ်ယောက်လောက်ထပ်ရောက်လာတယ်။အဲဒိချောက်ထဲကနေ ကယ်တင်ပြီး သရက်တောဘုန်းကြီးကျောင်းနားကို သယ်ယူနေချိန်မှာ အမျိုးသမီးတစ်ဦးဆုံးသွားတာသိလိုက်ရတယ်။” ဟု ကားပေါ်မှလူနာများအား ကူညီကယ်တင်ပေးခဲ့သူ ကိုမျိုးကြည် ကပြောသည်။



အဆိုပါ ချောက်ထဲထိုးကျသည့် မှန်လုံယဉ်ပေါ်တွင် လိုက်ပါစီးနှင်းလာသူ ၃၀-ခန့်ပါရှိခဲ့ပြီး ချောက်ထဲထိုးကျမှုကြောင့် ဦးခေါင်း၊ခြေ၊လက်တို့တွင် ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့ကြကာ မဥမ္မာနိုင် ဆိုသည့်အမျိုးသမီးတစ်ဦးမှာ သရက်တောဘုန်းတော်ကြီးကျောင်းအနီးတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။



“ကားက ဖိုးဦးတောင်ကွေ့မှာချောက်ထဲကျခဲ့တာ။ ဘရိတ်ပေါက်တယ်လို့တော့ပြောသံကြားတယ်။အမျိုးသမီးတစ်ဦး တောင်ခြေကိုပြန်သယ်ယူအပြီးမှာဆုံးသွားတယ်လို့သိရတယ်။ကားအောက်မှာရောက်နေတဲ့ လူသုံးဦးလောက်ကိုတော့ မနည်းကယ်တင်ခဲ့ရတယ်။ကျွန်တော်တို့လည်း ကားမှောက်လို့ ကယ်ပါလို့အော်သံတွေကြားတာနဲ့အပြေးအလွှားသွားကယ်ကြတာ။ကလေးတွေလည်းပါတယ်။ ကလေးတွေကတော့ ဘာမှထိခိုက်ဒဏ်ရာမတွေ့ရဘူး။တော်တော်များများကားပေါ်ပါလာသူတွေကတော့ ထိခိုက်ဒဏ်ရာပေါက်ပြဲတာတွေမြင်ခဲ့ရတယ်။ကံကောင်းတာက ချောက်ထဲက ကုန်းအပုလေးပေါ်မှာကားထိုးကျပြီးတင်နေခဲ့တာ။နည်းနည်းလေးဒီထက်အရှိန်ပြင်းတာနဲ့ မြစ်ထဲအထိချောက်ကတန်းနေအောင်ကျသွားနိုင်တယ်။” ရွာသစ်ဒေသခံ လူနာများအားသွားရောက်ကယ်တင်ခဲ့သူ တစ်ဦးကပြောသည်။



အဆိုပါ ယာဉ်ပေါ်တွင်ပါရှိလာသူသည့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား ပြည်မြို့ဆေးရုံးကြီးသို့ အရေးပေါ်လူနာယဉ်များဖြင့်ပို့ဆောင်လာခဲ့ကြပြီး အဆိုပါယာဉ်ချောက်ထဲထိုးကျမှုနှင့်ပတ်သက်ပြီး HYUNDAR COUNTY MINI BUS အမျိုးအစား အစိမ်းရောင်   YGN-5K/7453 မှန်လုံယာဉ်ကား ယဉ်မောင်း ကိုမောင်ဇော် လူသေဆုံး၊ဒဏ်ရာရရှိခဲ့ကြသဖြင့် ယာဉ်မအားမဆင်မခြင်မောင်းနှင်ပြီးခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးတိမ်းရှောင်နေမှုများကြောင့် ဥပဒေအရအရေးယူရန် အမှတ်(၁၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲအုပ်ကျော်စိုးဦး က တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်းသိရပြီး ယာဉ်မောင်း မောင်ဇော်အား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများ ဆက်လက်စုံစမ်းရှာဖွေစစ်ဆေးလျှက်ရှိနေပြီး အဆိုပါယာဉ်မောင်းအား ယာဉ်(ပ) ၉/၂၀၁၆၊ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ တို့ဖြင့် ပန်းတောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပန်းတောင်းမြို့မရဲစခန်း တာဝန်ရှိသူများထံကသိရသည်။



K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်
09253311019





Read More...

Facebook Like Page