Wednesday, August 3, 2016

တိုးလို့သာ တက်နေတဲ့ပြည်မြို့မြစ်ရေတိုင်းတာချက် ပြည့်သဲမောင်(ပြည်)09-4236 71883


တိုးလို့သာ တက်နေတဲ့ပြည်မြို့မြစ်ရေတိုင်းတာချက်

ပြည် အထူးသတင်း သြဂုတ်(၄)ရက်နေ့
ပြည်မြို့မိုးလေဝသနှင့် ဇလဗေဒရုံး၏ သြဂုတ်လ(၃)ရက်နေ့
ဧရာဝတီမြစ်ရေတိုင်းတာချက်မှာ(၂၉၄၅) စင်တီမီတာအထိ
မြင့်တက်နေကြောင်းသိရှိရပြီး၊ စိုးရိမ်ရေအမှတ်သတ်မှတ်
(၂၉၀၀) စင်တီမီတာအထက်(၄၅)စင်တီမီတာ ကျော်လွန်
သွားပြီဖြစ်ကြောင်း ယမာန်နေ့ကဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ယနေ့ သြဂုတ်(၄)ရက်နေ့ နံနက်(၆)နာရီ(၃၀)မိနစ်လက်
ရှိတိုင်းတာချက်အရဧရာဝမြစ်ရေသည်(၂၉၅၈)စင်တီမီတာ
ဖြစ်ပြီးသြဂုတ်(၃)ရက်နေ့နှင့်သြဂုတ်(၄)ရက်နေ့နံနက်အထိ
ယခင်ရက်(၁၃)စင်တီမီတာ တက်ခဲ့ကြောင်း ယခင်နှစ်၂၀၁၅
ခုနှစ်ရေအမြင့်ရောက်ရန်(၉)စင်တီမီတာသာလိုကြောင်းသိရပြီး
အဆိုပါဧရာဝတီမြစ်ရေတိုင်းတာချက်ကို နံနက်(၆း၃၀)အချိန်
နေ့လည်(၁၂း၃၀)အချိန်နှင့် ညနေ(၆း၃၀)အချိန် ပုံမှန်တိုင်းတာ
လျှက်ရှိကြောင်းနှင့်လိုအပ်ချက်ရှိလျှင် အခြားအချိန်များတွင်လဲ
တိုင်းတာစစ်ဆေးလျှက်ရှိကြောင်း မိုးလေဝသနှဇလဗေဒဦးစီးဌာ
နမှသိရသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





No comments:

Post a Comment